( 1 ) Games ဆော့တယ်။ Fb သုံးတယ်။ YouTube ကြည့်တယ်။ ၄ - ၅ ရက် ရှိချင်လည်းရှိမယ်။ မရှိရင်လည်း မရှိဘူး။ ဒါပေမယ့် ကျနော့ဖုန်းက နည်းနည်းတော့ တမျိုးပဲ။ Lag တယ်လို့ပြောရမလား။ ကပ်တယ်လို့ပြောရမလား။ Touch ပွတ်ရတာ ထစ်ထစ်နဲ့။ အရင်လို ရွှေ့လို့မကောင်းဘူး ခံစားရတယ်။ Answers : Restart ချလိုက်ပါ။ ( AssistiveTouch မှာထည့်ထားတဲ့ Restart လေးလေ။ )
( 2 ) အပေါ်ကမေးခွန်းလိုပဲ ကျနော့ဖုန်းမှာဖြစ်နေတာ။ ကြာပြီဗျ။ Restart လည်း ချကြည့်ပြီးပြီ။ ဒါပေမယ့် အဆင်မပြေသေးဘူး။ စိတ်ထဲ စိတ်တိုင်းမကျသေးဘူး။
Answers : Hard Reset ချပါ။ ( Force Restart ကို ပြောတာ။ )
( 4 ) Games ဆော့ရင်းဗျာ ကျနော့ဖုန်းက မှောင်မှောင်သွားလို့။
Answers : Settings >> Accessibility >> Display & Text Size >> Auto-Brightness ကို ပိတ်သားထားလိုက်။
( 5 ) ကျနော့ဖုန်း မြန်မာစာတွေ မမှန်လို့ဗျာ။ Fb မှာရော Messenger မှာရော မမှန်တာဗျ။
Answers : ခင်ဗျားက Unicode ကို သုံးမှာလား။ Zawgyi ကို သုံးမှာလား။ ခင်ဗျားဘာကိုပဲသုံးသုံး Myanmar နိုင်ငံမှာ နေနေရင်တော့ ( ၂ ) မျိုးလုံးနဲ့ ရေးထားတွေကို Fb မှာရော Messenger မှာရော အမှန်တိုင်း မြင်နိုင်ဖတ်နိုင်တယ်။ ဒီတော့ ဖုန်းကို Restart လုပ်ပေးကြည့်လိုက်။
( 6 ) နံပါတ် ( 5 ) ကအတိုင်း ဖြစ်နေတာဗျာ။ Restart လုပ် လုပ်ပြီးပြီ။ Fb မှာ ( သို့မဟုတ် ) Messenger မှာ မမှန်သေးဘူးဗျ။ မြန်မာစာက။
Answers : Fb အကောင့်ကို Log Out လုပ်လိုက်။ ပြီးရင် ပြန်ဝင်။ ( Messenger မမှန်ရင်လည်း Switch Account မှာ အခြားအကောင့်နဲ့ ချိန်းပြီး ပြန်ဝင်။ )
( 7 ) ကျနော်က အခုမှ ဖုန်းဝယ်လာတာ။ မြန်မာစာထည့်ချင်လို့။ မြန်မာကီးဘုတ်ရောပေါ့။
Answers ( 1 ): Settings >> General >> Language & Region >> Other Language >> မြန်မာစာ ( Burmese ) ကို နှိပ်။ Prefer English ကို ရွေး။
Answers ( 2 ): Settings >> General >> Keyboard >> Keyboards >> Add New Keyboard >> TTKeyboard ( or ) Other Keyboards။
( 8 ) ကျနော်ဗျာ အပေါ်က နံပါတ် ( 7 ) အတိုင်း လုပ်ထားတာ။ အဲဒါ Unicode ကို သုံးနေတာလား။ Zawgyi ကို သုံးနေတာလား။ မသိလို့။
Answers : Settings >> General >> Language & Region >> မြန်မာစာ ( Burmese ) ကို နှိပ်။ Standard ( Recommended ) ကို အမှန်ခြစ်ထားရင် အဲဒါ Unicode ကို သုံးနေတာ။ အောက်က Zawgyi ကို အမှတ်ခြစ်ထားရင် ဇော်ဂျီပေါ့။
( 9 ) WiFi Hotspot ဖွင့်ချင်လို့။ မပါဘူးဖြစ်နေတယ်။ ပါတော့ပါတယ်။ နှိပ်လိုက်ရင် Carrier ကိုပဲ ဆက်သွယ်ခိုင်းနေတယ်။
Answers : Settings >> Cellular Data >> APN Settings >> Personal Hotspot >> APN မှာ internet လို့ ရိုက်ထည့်ပေး။
( 10 ) Control Center ကနေ WiFi အိုင်ကွန်ကို နှိပ်တာ။ မရလို့။ မှိန်နေတယ်။
Answers : Settings >> Screen Time >> Turn Off Screen Time ကို နှိပ်ပေးလိုက်။
( 11 ) ကျနော့ဖုန်း ဘာမှ နှိပ်မရပဲ လေးဒေါင့်အကွက်လေးပေါ်နေလို့။ Touch လည်း ရွှေ့မရဘူး။
Answers : အဲဒါ VoiceOver ဝင်နေတာ။ ဘာကိုပဲ လုပ်ချင်လုပ်ချင် ( ၂ ) ခါနှိပ်ပေးမှ အလုပ်ဖြစ်တာ။ Settings >> Accessibility ( တစ်ချက်နှိပ်ရင် ရွေးတာ။ ပြီးရင် နှစ်ချက်ဆက်နှိပ်။ ) >> VoiceOver ( တစ်ချက်နှိပ်ရင် ရွေးတာ။ ပြီးရင် နှစ်ချက်ဆက်နှိပ်။ ) >> VoiceOver ဘေးက Disable ခလုတ်ကို နှစ်ချက်နှိပ်။
( 12 ) ကျနော့ဖုန်းကို Lock ပိတ်ထားတာတောင် Screen ပေါ်ကနေ Control Center ကို ဖော်လို့ရနေတယ်။ Missed Calls တွေကနေလည်း ဖုန်းတွေ ပြန်ခေါ်လို့ရနေတယ်။ ဒါတွေ ပိတ်ထားလို့ရလားဗျ။
Answers : Settings >> Touch ID ( Face ID ) & Passcode >> Allow Access When Locked >> Control Center ကို ပိတ်။ Return Missed Calls ကိုပါ ပိတ်။
( 13 ) ဖုန်းကို အားသွင်းတာ Not Supported ပေါ်ပြီး အားမဝင်တော့လို့ဗျ။
Answers : အားသွင်းကြိုး ( or ) အားသွင်းခေါင်း ပျက်တာ။ သေချာတာကတော့ အားသွင်းကြိုးဖြစ်တဲ့ Lightning Cable ပျက်တာ။
( 14 ) နံပါတ် ( 13 ) လိုဖြစ်နေလို့ Original ကြိုး ဝယ်ချင်လို့။ အားသွင်းခေါင်း Adapter ဝယ်ချင်လို့။
Answers : Original ဆိုတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းခေါင်းတွေ ဝယ်ရတာ ခက်တယ်။ Apple က အသိအမှတ်ပြုထားတဲ့ Third-Party Brand တွေကိုသာ ဝယ်သုံး။ ( ဥပမာ-Aukey တို့၊ Anker တို့။ ( ၁၈ ) လ Warranty တောင် ပါသေးတယ်။ )
( 15 ) ကျနော့ဖုန်း No Service ဖြစ်သွားလို့။
Answers : အခြား Operators ရဲ့ SIM Cards နဲ့ ချိန်းကြည့်လိုက်။
( 16 ) နံပါတ် ( 15 ) ကအတိုင်း လုပ်တာ မရဘူး။ No Service ပဲ ဖြစ်နေတယ်။
Answers : Settings >> General >> Reset >> Reset Network Setting ကို ချကြည့်လိုက်။
( 17 ) iOS Update ပေးလို့ တင်လိုက်တာဗျာ။ No Service ဖြစ်သွားတယ်။ အပေါ်က ( 15 ) နဲ့ ( 16 ) အတိုင်း လုပ်ကြည့်တာလည်း မရဘူးဗျ။
Answers : Settings >> General >> About >> Modem Firmware ကိုကြည့်။ ဘာစာမှ မပေါ်တော့ဘူးဆိုရင် ဖုန်းတွေကို ကျွမ်းကျင်စွာ ပြုပြင်ပေးနိုင်တဲ့ Service ဆိုင်ကိုသာ ပြေးပေတော့။
( 18 ) ကျနော့ဖုန်းထဲက App Store ပေါ်ကနေ Apps တွေ Games တွေကို ဒေါင်းတာ။ Sizes ကြီးရင် ခဏခဏ ဒေါင်းမလား ဒေါင်းမလားနဲ့ မေးလွန်းလို့။
Answers : Settings >> App Store >> App Downloads >> Always Allow ကို ရွေးပေးထားလိုက်။
( 19 ) ကျနော့ဖုန်း iOS Update ပေးလို့ Software Update ထဲဝင်တာ Download & Install က နှိပ်မရဘူး။ မှိန်နေတယ်ဗျ။
Answers : ဖုန်းကို အခြား Andriod ဖုန်း Hotspot ( or ) WiFi နဲ့ ချိတ်ပြီး ဝင်မှ Download & Install ကို နှိပ်လို့ ရမှာပါ။
( 20 ) Cellular Data နဲ့ iOS ကို Update လုပ်လို့မရဘူးလား။
Answers : ရပါတယ်။ Software Update ကို ဝင်ကြည့်ပြီး Back Key လေးနဲ့ ပြန်ထွက်ပါ။ Date & Time ကို ဝင်ပြီး လက်ရှိရက်ထက် ရှေ့ကို ( ၁၀ ) ရက် တိုးပေးပါ။ ပြီးရင် Back Key နဲ့ပဲ ထွက်ပြီး Software Update ကို ပြန်ဝင်ပါ။ Download & Install ကို နှိပ်လို့ ရပါပြီ။ ( Video လေးနဲ့ ရှင်းပြထားတယ်နော်။ ဒီမှာ https://www.facebook.com/1292870577393028/posts/4001491803197545/ )
( 21 ) iOS Update လုပ်နေတာ Requesting .... မှာပဲ ရပ်နေလို့။ ၄-၅ နာရီ ကြာနေပြီ။ ဘာလို့လဲ။
Answers : Server ကြောင့်လား၊ Internet လိုင်းကြောင့်လား အသေအချာတော့ မပြောနိုင်ပါ။
- ဒါကြောင့် ဖုန်းကို Restart ချကြည့်ပါ။
- Reset Network Setting ချကြည့်ပါ။
- Internet လိုင်းကောင်းလိုင်းညိမ်တတ်တဲ့ မနက်စောစောတွေမှာ တင်ကြည့်ပါ။
( 21 ) WiFi လည်း ကောင်းတယ်ဗျ။ Cellular Internet လိုင်းကလည်း ကောင်းတယ်ဗျ။ အဲဒါကိုပဲ iOS Update က Requesting ... မှာပဲ ရပ်နေတာ။
Answers : လက်ရှိ ခင်ဗျားသုံးနေတဲ့ iOS Version က ဘယ်လောက်လဲ။ Latest iOS Update နဲ့ ခင်ဗျားရဲ့ လက်ရှိ iOS Version က မဟားတရား အရမ်းကြီး ကွာနေရင်တော့ Software Update ကနေ တိုက်ရိုက်တင်ရင် အာ့လိုပဲ ဖြစ်တတ်ပါတယ်။ Computer ပေါ်က iTunes Software နဲ့ ချိတ်ပြီး တင်လိုက်တာက ပို Error ကင်းပါတယ်။
( 22 ) WiFi လိုင်းလည်း ကောင်းတယ်။ Cellular Internet လိုင်းကလည်း ကောင်းတယ်။ Software Update လုပ်တော့ တဝက်ကနေ မတက်လို့။ ( ၁ ) နာရီလောက် ရှိပြီ။
Answers : ကြာပါတယ်။ ထိုင်စောင့်မနေပါနဲ့။ လုပ်စရာရှိတာကို သွားလုပ်နေပါ။ ဖုန်းကို ထိုက်ကြည့်မနေပါနဲ့။ လိုင်းကောင်းရိုး မှန်ရင် အချိန်တန်ပြီးသွားပါလိမ့်မယ်။
( 23 ) App Store ပေါ်က Apps တွေ Games တွေ ဝယ်ချင်လို့။
Answers : လွယ်လွယ်ကူကူနဲ့ ခေါင်းစားစရာ မလိုတာက iTunes Gift Cards နဲ့ ဝယ်လိုက်တာပါပဲ။
( 24 ) iTunes Gift Cards တွေကို ဘယ်ဆိုင် ဘယ်နေရာက ဝယ်ရမလဲ။ စိတ်ချရမယ့်ဟာလေး ညွှန်းပေးပါဗျ။
Answers ( 1 ) : Yangon ကသူတွေက G & G လိုမျိုး ဆိုင်တွေကနေ iTunes Gift Cards ကို ဝယ်လို့ရပါတယ်။
Answers ( 2 ) : အခြားမြို့ကသူတွေကတော့ ကိုယ့်မြို့ရဲ့ နာမည်ကြီးဖုန်းဆိုင်တွေကနေ ဝယ်လို့ရပါတယ်။
Answers ( 3 ) : KBZ Pay လိုမျိုးကနေလည်း iTunes Gift Cards ကို ဝယ်ယူလို့ရပါတယ်။
( 25 ) iTunes Gift Cards ကို ဝယ်လာပြီးပြီ။ မထည့်တတ်လို့ဗျ။
Answers : App Store ထဲ ဝင်ပြီး ညာဖက်အပေါ်က Account ပုံလေးကို နှိပ်ပါ။ Redeem Gift Card or Code ကို ထပ်နှိပ်။ Enter Code Manually ကို နှိပ်ပြီး iTunes Gift Cards or စာရွက်လေးထဲက Code နံပါတ်လေးတွေကို ရိုက်ထည့်ပေး။ ပြီးရင် ညာဖက်အပေါ်က Redeem ကိုနှိပ်။
( 26 ) Apps တွေ Games တွေကို Download ဆွဲဖို့ Get ကို နှိပ်တဲ့အခါ Double Click Install ပေါ်နေလို့။ ဒေါင်းလို့လည်း မရဘူး။
Answers : အဲဒါ iPhone X ကနေအထက် ဖုန်းတွေမှာပဲ ဖြစ်တာပါ။ Power Button ကို ခပ်မြန်မြန် ( ၂ ) ချက်နှိပ်လိုက်ရုံပါပဲ။
( 27 ) ကျနော့ဖုန်းက နံပါတ် ( 26 ) ကလိုပဲ ဖြစ်နေလို့။ နောက်ကို အဲလို မဖြစ်ချင်ဘူး။
Answers : Settings >> Face ID & Passcode >> iTunes & App Store နဲ့ Password Auto Fill တွေကို On ပေးထား။
( 28 ) ကျနော့ဖုန်းက ဖုန်းလာရင် Ringtones က ကျယ်ပြီး ကိုင်လိုက်ရင် အသံက တိုးတိုးသွားလို့။
Answers : Settings >> Face ID & Passcode >> Attention Aware Features ကို ပိတ်ထားပေးလိုက်။
( 29 ) ကျနော့ဖုန်းရဲ့ Calendar မှာ BE 2500 ကျော်တွေဖြစ်နေလို့။
Answers : Settings >> General >> Language & Region >> Calendar >> Gregorian ကို ရွေးပေးထားလိုက်။
( 30 ) Fb ပေါ်က Videos တွေ ဒေါင်းချင်လို့ပါဗျ။
Answers : ဒီမှာသာ သွားဖတ်ကြည့်တော့ဗျာ။ ( https://www.iosbankermyanmar.com/3508/ )
( 31 ) ကျနော့ဖုန်းထဲက Apps တွေကို ပြန်ပြန်ဒေါင်းနေရတယ်။ ပြီးတော့ Apps တွေရဲ့ ဘေးမှာ တိမ်ပုံလေးတွေနဲ့။
Answers : Settings >> App Store >> Offload Unused Apps ကို ပိတ်ပေးထားလိုက်။
( 32 ) ဖုန်းထဲက Photos တွေကလေ Cellular Data ဖွင့်မှ ကြည့်လို့ရတယ်။ ပုံတွေရဲ့ဘေးမှာလည်း ( ! ) အာ့လိုလေး ပေါ်နေလို့။
Answers : Settings >> Photos >> iCloud Photos ကို ပိတ်။ Download & Keep Original ကို ရွေးပေးလိုက်။ ( ပုံများရင် များသလောက် ပြန်ပေါ်လာဖို့ ကြာမယ်။ Cellular Data ကို ဖွင့်သာထားပြီး အိပ်နေလိုက်။ သွသူ ဒေါင်းပြီး ပေါ်လာလိမ့်မယ်။ )
( 33 ) ကျနော့ဖုန်းရဲ့ Battery Health က ဘလာ ဘလာ % ဖြစ်သွားလို့။
Answers : Admin မှာသာ Target Choose ပြီး ပစ်လို့ရတဲ့ စကာဒ်ဒုံးကျည်ရှိရင် အာ့ Battery Health ထည့်ပေးလိုက်တဲ့ Apple ရဲ့ iOS Developer အိမ်ကို ပစ်ထည့်လိုက်တယ်🥴
( 34 ) ဟုတ်ကဲ့ ... အပေါ်က Battery Health မေးခွန်းကို ဖြေပေးပါခင်ဗျ။
Answers : အိုခေပါဗျာ ... ကျနော်တို့ သိထားသလောက်ကတော့ Battery Health မှာ 80% အောက်ရောက်နေတဲ့ ဖုန်းများမှသာ Apple ၏ Battery Replacement Program မှာ အကျုံးဝင်တာပါ။ ဆိုလိုတာက 80% အောက်ရောက်နေမှသာ ဖုန်းရဲ့ အားနေမှုတွေ အတော်အတန် ကျဆင်းသွားမယ်ပေါ့။ ဒီတော့ ခင်ဗျားကလည်း တတ်နိုင်တယ်။ ဒါကြီးကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်ဆိုရင်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လဲတာပဲ။ လဲပါ။ မဟုတ်ဘူး ... ချွေတာရမယ့်သူဆိုရင်တော့ ကိုယ်သုံးနေတာပဲဗျာ။ 80% အောက်ရောက်နေပေမယ့် အဆင်ပြေနေတုန်းပဲဆိုရင် မလဲနဲ့ပေါ့။ တန်အောင်လို့ သုံးနေပေါ့။ မဟားတရား ဆိုးလာပြီဆိုရင်တော့ လဲရတော့မှာပေါ့။
( 35 ) ဖုန်းပြောရင် သူ့ဖက်က အသံကကျယ်ပြီး ကျနော့အသံကျ တိုးလို့တဲ့။
Answers ( 1 ) : ဖုန်းကို Restart ချကြည့်ပါ။
Answers ( 2 ) : ဒီပို့စ်လေးကို အချိန်လေး နည်းနည်းပေးပြီး ဖတ်ကြည့်လိုက်ဗျာ။ ရေးတဲ့ ကျနော်တောင်မှ အချိန်တွေပေးပြီး ရေထားသေးတာပဲဟာ။ ( https://www.facebook.com/1292870577393028/posts/3761908223822572/ )
( 36 ) ကျနော့ဖုန်းက Musics တွေ Videos တွေ နားထောင်ရင် ကြည့်ရင် အသံထွက်ပြီး ဖုန်းလာတော့မှ Ringtones သံက မကြားရတာ။
Answers ( 1 ) : ဖုန်းရဲ့ ဘေးမှာ Silent ခလုတ်လေးပါတယ်။ မေ့နေမှာစိုးလို့။ ပိတ်ဖွင့်လေး လုပ်ကြည့်အူး။
Answers ( 2 ) : ဖုန်းကို Restart လေး ချကြည့်။
( 37 ) ကျနော့ဖုန်းထဲ Musics တွေ ထည့်ချင်လို့။
Answers : Computer လိုတယ်။ ပြီးရင် Computer ထဲမှာ iTunes Software ( or ) 3uTools ထည့်ထားရမယ်။ လွယ်လွယ်ကူကူနဲ့ သုံးချင်တာဆိုရင် 3uTools ကိုသုံး။ Musics တွေတင်မဟုတ် Videos တွေပါ အထုတ် ( Export )၊ အသွင်း ( Import ) အကုန် လုပ်လို့ရတယ်။ ( Applications နဲ့ တန်းထည့်ချင်တာ။ ) ဘယ်တုန်းကမှ မရဘူး။ Computer လိုကို လိုပါတယ်။
( 38 ) ကျနော် iPhone ဝယ်မလို့။ ကျမ iPad ဝယ်မလို့။ ဘယ်ဆိုင်က ဝယ်ရမလဲ။
Answers ( 1 ) : ခင်ဗျားက အခု Myanmar မှာ နေနေတာလား။ Myanmar မှာနေတယ်။ နိုင်ငံခြားနဲ့လည်း အဆက်မသွယ် မရှိဘူး။ တစုံတခုဖြစ်ခဲ့ရင် ဝယ်ခဲ့တဲ့ဆိုင်နဲ့ သူတပြန်ငါတပြန် အငြင်းအခုန်လည်း မလုပ်ချင်ဘူးဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ ပြန်လည်ဖြေရှင်းပေမယ့် Myanmar Region ဝင်တဲ့ အလုံးတွေရောင်းတဲ့ ဆိုင်တွေမှာ ဝယ်ပါ။ နောက်ပြီး ဟို Program ဒီ Program တွေနဲ့လည်း အခွင့်အရေးရချင်ရင်တော့ ဒီဆိုင်တွေက အလုံးတွေကပဲ သေချာမှာ။
Answers ( 2 ) : Myanmar မှာတော့ နေတယ်။ အဆက်အသွယ်လည်း ရှိတယ်။ ပြန်ပို့ရလည်း ပြဿနာမရှိ ဆိုတဲ့သူတွေကတော့ ဘာအရေးလဲ။ မေးမနေနဲ့။ အသစ်လည်း ဟုတ်တယ်။ Warranty လည်း မှန်တယ်။ အာမခံလည်းကောင်းတဲ့ ဆိုင်ကြီးတွေမှာ ဝယ်ပေါ့။
( 39 ) 13 Pro ဝယ်ရမလား။ 14 Pro Max ဝယ်ရမလား။
Answers : မိတ်ဆွေ ... ခင်ဗျားတတ်နိုင်တဲ့ ငွေအမောင့်ကို ခင်ဗျားသာ အသိဆုံးပါ။ 14 Pro Max အထိ ခင်ဗျားတတ်နိုင်နေမှတော့ သူ့ထက် တနှစ်အောက်နေတဲ့ 13 Pro ကို စဥ်းစားမနေသင့်ပါ။ ( ခင်ဗျားနေရာမှာ ကျနော်သာဆို 14 Pro Max ကိုပဲ ဝယ်ပြီး Cover မတပ်ပဲ ကိုယ်လုံးပေါ်မှန်ရှေ့ Selfie ဆွဲလိုက်မှာ။ Caption အလန်းလေးနဲ့ပေါ့😌 )
( 40 ) ကျနော့ဖုန်းရဲ့ Calendar မှာ Virus ဝင်နေလို့ခင်ဗျ။ အစ်ကိုတို့ အစ်မတို့ရေ ဒီလို Noti တွေ ( ၁ ) နာရီတစ်ခါလောက် လာနေလို့။
Answers ( 1 ) : Latest iOS Version ကို သုံးနေတဲ့သူဆိုရင် Settings >> Mail >> Accounts ထဲက Subscribed လုပ်ထားခဲ့တဲ့ဟာတွေကို ဝင်ပြီး Delete လုပ်ပစ်လိုက်ပါ။
Answers ( 2 ) : iOS Version အနိမ့်သမားတွေဆိုရင်တော့ Settings >> Passwords & Accounts >> Subscribed Calendars ထဲကို ဝင်ပြီး Delete လုပ်ရပါမယ်။
( 41 ) Safari ထဲက ဒေါင်းထားတဲ့ Movies တွေ Photos App ထဲကို ရွှေ့ပြီးကြည့်ရင် တဝက်လောက်ဆို ရပ်သွားပြီး ဆက်ကြည့်လို့မရတော့လို့ဗျ။
Answers : ဒီပို့စ်လေးကိုသာ ဖတ်ကြည့်လိုက်ပါဗျာ။ ( https://www.facebook.com/1292870577393028/posts/4145012755512115/ )
#အမေးအများဆုံးQuestionsများထပ်တွေ့ရင်ဖြည့်ပေးသွားပါမယ်
ဖြေကြားသူ =
No comments:
Post a Comment
မင်္ဂလာပါ..