menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

SD card နှင့်လုပ်ဆောင်နိုင်သောအချက်များ

Memory Card (or) SD Card Memory Card လို့ခေါ်တဲ့ Secure Digital Card အရင်ဆုံး ကျွန်တော်တို့သိထားရမှာက SD Card အပိုင်းကို ပြုပြင်တော့မယ်ဆိုရင် သူ့ရဲ့ လမ်းကြောင်းအလုပ်လုပ်ပုံတွေကို သေချ ာနားလည်ထားမှသာ လမ်းကြောင်းလိုက်လို့ရမှာပါ ။ အောက်က ပုံမှာ SD Card ပေါ်က လမ်းကြောင်းလေးတွေကို ဆွဲပြထားပါတယ် ။ သေချ ာနားလည်သဘောပေါက်အောင် မှတ်သားထားပါ ။ Pin 1 - Data 2 Pin 2 - Data 3 Pin 3 - Commend Pin 4 - VDD 2.8V Pin 5 - Clock Pin 6 - VSS ( Ground ) Pin 7 - Data 0 Pin 8 - Data 1 ဒါကတော့ SD Card အပေါ်က လမ်းကြောင်းတွေပါပဲ ။
တစ်ခုသတိထားရမှာက SD Card ကို ကဒ်အိမ်ထဲထည့်တဲ့အခါမှာ မှောက်ပြီး ထည့်သွင်းရတာဖြစ်တဲ့အတွက် Circuit အပေါ်မှာ လမ်းကြောင်းလိုက်မယ်ဆိုရင်တော့ လမ်းကြောင်းအလုပ်လုပ်ပုံပြောင်းပြန် ဖြစ်သွားတာကို သတိပြုရမှာပါ ။ အဲ့ဒီအတွက်လည်း အောက်မှာ Huawei G730-C00 ရဲ့ SD Card လမ်းကြောင်း အလုပ်လုပ်ပုံ Block map လေးဆွဲပြထားပါတယ် ။
အဲ့ဒီပုံကတော့ Circuit ပေါ်မှာ SD Card လမ်းကြောင်း အလုပ်လုပ်မယ့် ပုံစံလေးပါ ။ ဒီပုံစံကို သေချ ာနားလည်သဘောပေါက်ပြီဆိုရင် SD Card error ဖြေရှင်းရမယ့်နည်းလမ်းတွေဆီ ဆက်သွားရအောင် SD Card မဖတ်တဲ့ ဖုန်းတစ်လုံးလာပြီဆိုပါစို့ ။ ဘယ်ကနေ စစစ်ဆေးမလဲ ………… အရင်ဆုံး Customer ရဲ့ SD Card ကို ကွန်ပျူတာမှာ ထိုးကြည့်လိုက်ပါ ။ SD Card မှာ Virus ကိုက်နေတာမျိုး SD card မကောင်းတာမျိုးဖြစ်နေရင် SD Card မဖတ်တဲ့ error / Logo လည် တဲ့ error တွေဖြစ်တတ်ပါတယ် ။ Virus ကိုက်နေရင်တော့ Format ချပေးလိုက်ပါ ။ SD Card မကောင်းရင်တော့ အသစ်ရောင်းလိုက်ပေါ့ဗျာ။ OK ……SD Card ကောင်းနေတယ်ဗျ …… ဒါဆိုရင် SD Card ထိုးထည့်လိုက်တဲ့အချိန်မှာ Detect ပင်မှာ CPU ကနေ R လေးတလုံးခံထားပြီးလာမယ့် 1.8 V ရှိ/မရှိစစ်ဆေးရပါမယ် ။ Detect ပင်မှာ 1.8V ပျောက်ဆုံးနေရင် သူ့လမ်းကြောင်းအတိုင်း 1.8 V ရှိနေမယ့် R လေးကနေ jumber ကျော် Detect ပင်မှာ 1.8V ရှိနေရင် SD Card ထည့်ပြီး Detect သိမသိစစ်ဆေးရပါမယ် ။ တကယ်လို့ Detect မသိခဲ့ရင် Detect ပင်ကို Ground နဲ့ပူး(သို့) Ground ချပေးလိုက်ပါ ။ Ground ဘယ်လိုချရမလဲဆရာ…………? ဒါကလွယ်ပါတယ် အဆင်ပြေတဲ့နေရာက Ground ကိုယူပြီး Detect ပင်ကို Jumper ကျော်ပေးလိုက်ပေါ့ဗျာ ။ Detect ပင် ground ကျပြီဆိုရင် VDD 2.8 Volt ရှိ/မရှိ ဆက်လက် စစ်ဆေးရပါမယ် ။ တကယ်လို့ VDD 2.8V မရှိရင် VDD ငုတ်နဲ့ Connection ရှိမယ့် C လေးတွေမှာ 2.8V တွေ့ရင် jumper ကျော်ပေးလိုက်ပါခင်ဗျ ။ VDD 2.8V လည်းရှိမယ် Detect လည်းသိရဲ့သားနဲ့ SD Card မဖတ်သေးရင် EMI Filter IC လေးကို Rebell လုပ်ပြီးပြန်ထိုင်ကြည့် မရရင် အသစ်လဲပေါ့ဗျာ။ တကယ်လို့ VDD နဲ့ SD Card အိမ်အနားက C လေးတွေမှာ 2.8V ပျောက်ဆုံးနေရင် PMU ကို Reball ရိုက် မရရင် အသစ်လဲ ကြည့်ဗျာ ။ VDD လမ်းကြောင်းလည်းကောင်းနေမယ် EMI Filter IC လည်းကောင်းနေရဲ့သားနဲ့ SD Card မဖတ်ခဲ့ရင် SD Card ထည့်သွင်းထားကြောင်း CPU က သိစေမယ့်လမ်းကြောင်းမကောင်းတာမျိုး ဖြစ်နိုင်တဲ့အတွက် CPU ကို စစ်ဆေးပေးရမှာပါ ။ တစ်ခုရှိတာက Phone model အမျိုးအစားပေါ်မူတည် ပြီး VDD volt ကွာခြားနိုင်တာပါပဲ ။ ပုံတွေကိုတော့ နားလည်သလိုကြည့်ပါခင်ဗျာ ။ Credit…..Hardware Sky

No comments:

Post a Comment

မင်္ဂလာပါ..