Programming ကို စိတ်ဝင်စားပေမယ့် ဘယ်ကနေ စလို့ ဘယ်လို လေ့လာ ရမှန်း မသိသူများ အတွက် wikihow က ဆောင်းပါးကိုပဲ ဆီလျော်သလို ဘာသာပြန်ပေး လိုက်ရ ပါတယ်။
Decide your goal
Programmer လို့သာ ခေါင်းစဉ်တပ်လိုက်တာ။ ရွေးစရာလိုင်းတွေက အများကြီးပဲ။
- Web လား၊
- Software လား၊
- Desktop Application လား၊
- System လား အစရှိသဖြင့် ရွေးစရာတွေ အများကြီးပဲ။
- ကိုယ်က စက်ရုပ် ( robot ) တီထွင်တဲ့ ပညာရှင်ဖြစ်ချင်တာလား၊
- OS လုပ်ချင်တာလား၊
- ဖုန်း Application လုပ်ချင်တာလား၊
- Web application လုပ်ချင်တာလား အစရှိသဖြင့် သီးသန့်လမ်းကြောင်းတစ်ခုကို အရင်ဆုံး Choice လုပ်ရပါအုံးမယ်။
အဲဒါလုပ်ပြီး ပန်းတိုင်ကို သေချာ ချထားမှ အကောင်းဆုံး လုပ်နိုင်မှာ ဖြစ်ပါတယ်။
Choose a programming language
အကယ်၍ ကိုယ်က Web Programming ကိုလေ့လာမယ်ဆိုရင်တောင် PHP, Java, C++, .Net အစရှိသဖြင့် ပြောမကုန်အောင် များပြားလှတဲ့ Language တွေ ရှိနေပါသေးတယ်။ တစ်ခုတည်းကို အရင်ဆုံး Specialized လုပ်မှ အောင်မြင်မှာလေ။ နေရာတစ်ခုရောက်မှာလေ။ ဒီတော့ ကိုယ်သွားချင်တဲ့ လမ်းကို ရွေးပြီး ပန်းတိုင်ကို သေ သေချာချာ သတ်မှတ်ထားဖို့ လိုပါတယ်။
Fall in Love in mathematics
ကွန်ပြူတာနဲ့ ပက်သက်တဲ့ အလုပ်လုပ်ပြီဆိုရင် သင်္ချာကို မချစ်လို့ မရတော့ဘူး။ Fibonacci, Floyd triangle, Fourier Series အစရှိသဖြင့် Mathematical series များကို ထိတွေ့ထားဖို့လိုအပ်ပါတယ်။ သင်္ချာဉာဏ်စမ်း လေးတွေကိုလည်း အားတဲ့အချိန်တိုင်း လေ့ကျင့်ပြီးဖြေဖြစ် ရင်တော့ အကောင်းဆုံးပေါ့။ Programmer ဖြစ်ဖို့ ဆုံးဖြတ် လိုက်သူက သင်္ချာနဲ့ ချစ်သူ ဖြစ်ဖို့ ခံယူလိုက်သလိုပါပဲ။
Be self-motivated
Rome was not built in a day တဲ့။
ဒီနေ့မှ စလုပ်ပြီး မနက်ဖန် အကုန်တတ်ပြီလို့ ဘယ်ပြောလို့ရမလဲ။ ဒါကို သိထားပြီး အမြဲတမ်း ကိုယ့်ကိုယ်ကို Motivate လုပ်နေရ မယ်။ စိတ်အားတက်ကြွမှု ရှိနေရမယ်။ ယုံကြည်ချက် လည်း ရှိနေရပါမယ်။
Take your time
မအောင်မြင်တဲ့ ပရိုဂမ်မာတွေရဲ့ အားနည်းချက်က အချိန်မပေးတာပါပဲ။ Error တွေ့နေပေမယ့် ဒီ Error ကို အဖြေရှာဖို့အတွက် ကောင်းကောင်း အချိန်မပေးပြီး Project ပြီးဖို့သာ ခေါင်းခဲပြီး လုပ်တော့၊ အိုင်ဒီယာ ကောင်း မထွက်တဲ့အပြင် အမှားလည်းများပါတယ်။ Problem Solving ဆိုတာ Programming မှာ ဘာသာရပ်တစ်ခုလိုပါပဲ။ Programmer တစ်ယောက်ဟာ code ရေးတဲ့အခါမှာတင်မကပဲ တကယ့် လက်တွေ့ ဘဝမှာပါ ပြဿနာကို ခေါင်းအေးအေးထား ဖြေရှင်းတတ်သူ တစ်ယောက် ဖြစ်လာပါတယ်။ ဒီတော့ အချိန်ပေးပြီး လုပ်ဖို့တော့ လိုအပ်ပါတယ်။
Never Back Down
Programming ဆိုတာ မခက်ဘူး။
သို့ပေမယ့် စိတ်ရှုပ်ဖို့ကောင်းတယ်။ စိတ်မရှည်တဲ့ သူတွေနဲ့ သင့်တော် တဲ့ အလုပ်မဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာကလည်း လူတိုင်းလေ့ကျင့်လုပ်ယူလို့ရတဲ့အကျင့်စရိုက် တစ်ခု။ ဒါကို ငါနဲ့တော့ အဆင်မပြေပါဘူးလေ ဆိုပြီး ရပ်လိုက်ရင်၊ နောက်ဆုပ်လိုက်ရင်တော့ သွားပါပြီ။ ရှေ့မရေက်၊ နောက်မရောက် အလယ်မှာ ကိုးရိုးကားရားဖြစ်တဲ့ ဘဝက ပိုဆိုးပါတယ်။ ဒီတော့ မလျော့သောဇွဲနဲ့ နောက်မလှည့်တမ်း ကြိုးစားရမှာက Programmer တစ်ယောက်ရဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။
Become a master
Programming Language တစ်ခုမှာ ဆရာကျသွားသူ တစ်ယောက်ဖြစ်ဖို့ဆို တာ အဲဒါကို အနည်းဆုံး ၂ နှစ်လောက်တော့ အချိန်ပေးရသေးတယ်။ ၁ နှစ်ပဲ ကြိုးစားထားတဲ့ ရလဒ်က လုပ်ငန်းခွင်ဝင်နိုင်တဲ့ level တစ်မခုသာ ရှိသေးပြီး expert မဖြစ်နိုင်ပါဘူး။ ၂ နှစ်နဲ့ကော် ဆရာကျပြီလို့ ကြိမ်းသေပြောလို့ရပါ့မလား။ ၄ နှစ်သာကြာသွားမယ်။ သူများခိုင်းတဲ့ ပရိုဂရမ်တွေ၊ ကုဒ်တွေပဲ ရေးပြီး ကိုယ်ပိုင် ပရောဂျက်၊ application များ မလုပ်နိုင်သေးရင် Master တစ်ယောက်ဖြစ်တဲ့ ပရိုဂမ်မာလို့ မဆိုနိုင်ပါဘူး။
Be a bookworm
ပရိုဂမ်မာကောင်း တစ်ယောက်ကလည်း စာဂျပိုးပါပဲ။ စားဖတ်အား အမြဲသန်နေရမယ်။ စာမှာတောင်မှ Programming တစ်ခုတည်းတင်မကပဲ သုတ၊ ရသ၊ သတင်း အစုံအလင် အမြဲ စိတ်ဝင်တစား ဖတ်ချင်နေသူ ဖြစ်ရပါမယ်။ ဒါက a must တော့မဟုတ်ပါဘူး။ Optional ပါ။ သို့ပေမယ့် ပရိုဂမ်မာကောင်းတစ်ယောက် ဖြစ်ဖို့ စာဖတ်အားကောင်းဖို့တောင် recommend ပေးထား ကြပါတယ်။
Invest on Training Centers
ကိုယ်တစ်ယောက်တည်း လေ့လာနေတာ အဆင်မပြေတော့ဘူး။
အချို့အချက်တွေ နည်းပညာ ကျကျ သိဖို့ ကျတော့ မလွယ်တော့ဘူးဆိုရင် သင်တန်းတက်ဖို့ အကြံပေးချင်ပါတယ်။
တစ်ယောက်တည်း Self Study လုပ်တယ် ဆိုတာ သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။ သင်တန်းတက်တယ် ဆိုတာ ပညာတစ်ခုတည်း သင်တာ မဟုတ်ပါဘူး။ စီနီယာ ပရိုဂမ်မာများရဲ့ ပရောဂျက်များ၊ လုပ်ဆောင်ချက်များ၊ အရည်အချင်းများကို လေ့လာခြင်း လည်း ပါဝင်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း လေ့လာလို့ နေရာတစ် ခုမှာ တစ်နေရင် training center ကောင်းကောင်းတစ်ခု ရွေးချယ်လို့ Invest လုပ်ဖို့ Recommend ပေးပါတယ်။
Programmer တစ်ဦး ဖြစ်ဖို့အတွက်၊ အတန်းပညာ၊ ဘွဲ့ပညာ တတ်နေမှ မဟုတ်ပါဘူး။ သင်္ချာတွက်ချက်ဉာဏ် ရှိပြီး Programmer ဖြစ်ချင်စိတ် ရှိနေရင် Programmer တစ်ဦး ဖြစ်နိုင်ပါပြီ။
Credit….Original writer
#KING_IRF
No comments:
Post a Comment
မင်္ဂလာပါ..