Laptop ကို ဘယ်အချိန်မှာ ဘာမြင့်ရမလဲ
======================
ကွန်ပျူတာတွေ PC တွေကိုပဲ Upgrade မြှင့်နေကြပြီး.. Laptop တွေကိုရော ဘယ်အချိန်တွေမှာ ဘာတွေမြှင့်ရမလဲ.. မြှင့်သင့်လဲ..
မြှင့်တယ်ဆိုတဲ့နေရာမှာ Laptop တွေအတွက် Mother board, CPU, GPU စတဲ့အရာတွေကို ကျော်ပြီးမှ SSD, RAM တို့ကိုပဲ စဉ်းစားရပါလိမ့်မယ်..
ဥပမာ.. ဝယ်ထားတာကြာပြီ အစက ရုပ်ရှင်ကြည့် အသေးသုံးနဲ့ အခု့ သင်တန်း တစ်ခု့တက်ဖို့ စက်က မလိုက်နိုင်ဘူး..
I3 8th gen ဆို အသင့်အတင့် ကောင်းပါသေးတယ်။ ဒါပေမဲ့အရမ်းနှေးနေတယ်။ .
SSD အရင်တိုးကြည့်ပါ -----------------------
စက်ဖွင့်လိုက်တာနဲ့ ၅မိနစ်လောက်စောင့်ပြီးမှ တက်လာတယ်။ ဒါက Drive က SSD မဟုတ်လို့ နှေးတာပါ။ Window ပြန်မတင်ပါနဲ့ မောသွားမယ်။ speed မြန်တဲ့ SSD Drive အသစ်တစ်ခု့ကို အရင်စိုက် upgrade လုပ်ပြီးမှ Window ပြန်တင်ပါ။
မဟုတ်ရင် HDD က မပြောင်းမလဲရှိနေမှာဖြစ်လို့ အရင်လို software တွေပြန်ထည့်ရင် ပြန်လေး ပြန်နှေးမှာပါပဲ။ .
RAM လိုအပ်ရင်တိုးပါ ---------------------
Task Manager ဖွင့်လိုက်ရင် မြင်ရပါလိမ့်မယ်။ ကိုယ် ဘာ software မှမဖွင့်ရသေးဖူး RAM 70% လောက်စားနေပြီ။ အဲ့ဒါက Ram 4GB ပဲရှိလို့ပါ။ RAM 4GB ကအရမ်းနည်းလို့ Browsing နဲ့ software အသေးလေးတွေပဲသုံးလို့ရပါမယ်။ RAM 8GB မြင့်လိုက်မှ 70% စားနေရာကနေ 30% ကျော် စားတာလောက်ဖြစ်သွားမှာပါ။ အဲ့ဒီလို အလွတ်ရှိမှ ကိုယ် ဘာမဆို စိတ်ချလက်ချသုံးလို့ရမှာပါ။
ဒီနေရာမှာလည်း Ram အစားများတဲ့ Chrome browser, Virus သက် Software တွေနဲ့ အခြား မလိုအပ်ပဲ နောက်မှာ Run နေတဲ့ Software များကို ရှာပြီး ဖယ်ရှားသင့်ပါတယ်....
. ZMC Technology
cpuမြှင့်မယ်ဆိုရင် boardမှာဘာကြည့်ဖို့လိုလဲ
ReplyDelete..............
ReplyDelete