menu
- Home
- Computer ဆိုင်ရာ
- MacBook ဆိုင်ရာ
- Printer ဆိုင်ရာ
- Camera ဆိုင်ရာ
- IOS ဆိုင်ရာ
- Android ဆိုင်ရာ
- Graphic Card ဆိုင်ရာ
- USB ဆိုင်ရာ
- PC-Software ဆိုင်ရာ
- Virus ဆိုင်ရာ
- FaceBook ဆိုင်ရာ
- Blogger ဆိုင်ရာ
- AirCon ဆိုင်ရာ
- အိမ်ခြံမြေ ဆိုင်ရာ
- နည်းပညာဆိုင်ရာစာအုပ်
- Knowledge ဆိုင်ရာ
- Technology ဆိုင်ရာ
- မော်တော်ကားဆိုင်ရာ
Laptop Adapter (Watt) တွက်နည်း
Laptop Adapter (Watt) အလွယ်တကူတွက်နည်း
++++++++++++++++++++++++++++++++++++
🎯 တခါတလေမှာ Laptop Adapter သွားဝယ်ကြတဲ့အခါ. ကိုယ်ကတော့ ပြောလိုက်တယ်.. ကိုယ့် Adapter အကြောင်းလေးသိနေတော့... 65 Watt Acer Aspire A515-54G...ဘာညာပေါ့.. သို့သော်. ရောင်းတဲ့လူဘက်ကပေးတဲ့ Adapter မှာ တစ်ချို့ဟာတွေက Watt ကို မဖော်ပြထားဘူး.. တချို့ဟာတွေကတော့ ပါတယ်.. ဒီလိုအခါမျိုးမှာ Watt မှန်၊ မမှန်သိချင်ရင် .. ကိုယ့်ဘာသာ တွက်ကြည့်လို့ရတယ်... တကယ်တော့ Watt ကိုလိုချင်တယ်ဆိုတာ တစ်နည်းအားဖြင့် ကျွန်တော်တို့ Power ဆိုတဲ့ P ကိုရှာရတာပါပဲ..
Formula
+++++++
Power = Voltage x Current (P = VI)
🎯 ကျွန်တော်တို့ များသောအားဖြင့် Adapter ပေါ်မှာ output - 19 Volt ဆိုပြီးရေးထားတယ် ..ပြီးတော့ ဘေးမှာ Solid လိုင်းလေးနဲ့ သူ့ရဲ့အောက်မှာ အစက်လေး သုံးစက်ပါတာလေးကို တွေ့ရတယ်.. သူကဘာကို ကိုယ်စားပြုလဲဆိုတော့ DC (Direct Current) ကို ကိုယ်စားပြုတယ်.. သူ့တန်ဖိုးက 3.42A လို့ရေးထားတယ်... ဆိုတော့ တကယ်လို့ ကိုယ်က Watt ကိုသိချင်တယ်ဆိုရင် P (Power) = VI ဖြစ်တဲ့အတွက် Voltage နဲ့ Current ကို မြှောက်ပေးလိုက်ယုံပဲ..
P = 19V x 3.42A = 64.98 Watt (65 Watt)
🎯 တကယ်လို့ 90 Watt ဆိုရင် တော့ 19 Volt နဲ့ 4.74A လို့တွေ့ရပါလိမ့်မယ်..
P = 19V x 4.74 A = 90.06Watt တကယ်လို့.. 4.7A သာ ပါမယ်ဆိုရင် 89.3 ဆိုတော့ .. 90 Watt မပြည့် တပည့်လေးပေါ့.. သို့သော်.. 90 Watt လို့ပဲ ယူကြတာပါပဲ..
🎯 ဒီတော့ ဆိုင်မှာ ကိုယ်သွားဝယ်တယ်.. ကိုယ်လိုချင်တဲ့ Watt နဲ့ တူလားဆိုတာကို ဒီနည်းလေးနဲ့ အလွယ်တကူစစ်ဆေးလို့ရတယ်.. အကယ်၍ Adapter ပေါ်မှာ ဘယ်လောက် Watt ဆိုတာ မဖော်ပြထားရင်ပေါ့... ဆိုတော့.. မေးထားတဲ့ ညီကိုမောင်နှမတွေလည်း သိပြီလို့ထင်ပါတယ်... အားလုံးပဲသာယာသော ညချမ်းပါ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မင်္ဂလာပါ..