iPhone Second ဝယ်မည့်သူများ သတိပြုရန်**
အခုနောက်ပိုင်း Second စျေးကွက်ထဲမှာ iPhone တွေ Face ID fail တွေ အရမ်းရောင်းလာကြပါတယ်။
FaceID fail တဲ့ iPhone တွေကို ဝယ်သင့်လား၊ မသင့်ဘူးလားဆိုတာထက် ဘာတွေဖြစ်လာနိုင်လဲ၊ ဘလိုဆိုးကျိုးရှိလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ပထမဆုံး သိထားရမှာကတော့ iPhone တွေရဲ့ Touch ID /Face ID တွေဟာ သူ့ဘာသာ၊ နေရင်းထိုင်ရင်း ပျက်တယ်ဆိုတာ အရမ်းကိုမှ ရှားပါတယ်။ FaceID/TouchID fail ခြင်းအကြောင်းအရာတွေထဲမှာမှ ရေဝင်ထားခြင်း၊ ပြုတ်ကျခြင်းတို့က အဓိကအကြောင်းအရင်းတွေထဲက အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဝယ်မယ့် iPhone Sec က Face/Touch fail ရုံတင် fail တာ၊ ကျန်တာ All သန့်ပဲဆိုပြီး ၅,၆ သိန်းကျော်ပေးဝယ်လိုက်ရုံနဲ့ အရာရာအဆင်ပြေသွားမှာမဟုတ်ပါဘူး။
FaceID / TouchID fail တဲ့ဖုန်းတွေဟာ နောက်ပိုင်းကြာလာရင်
•Screen က ပုံမှန်မဟုတ်ပဲ ထစ်လာတာ
•Battery Health က 90 အထက်ဆိုပေမယ့် ပုံမှန်ထက်အားမခံလာတော့တာ
•ဖုန်းက ပူသင့်တာထက် ပိုပူတာ
•Body က သာမာန်မဟုတ်ပဲ ကြံ့ခိုင်မှုမရှိတာ
•iPhone ရဲ့ original Accessories တွေနဲ့တွဲသုံးတဲ့အခါ
သိပ်ပီး အဆင်မပြေတာ
•Screen ရဲ့ Color က မွဲခြောက်သလိုဖြစ်တာ
•Screen Bun လာတာ စတဲ့ပြဿနာတွေ ကြုံလာရပါလိမ့်မယ်
ဒါကြောင့် iPhone Sec ပဲဖြစ်ဖြစ်၊ Brand New ပဲဖြစ်ဖြစ် ဝယ်တော့မယ်ဆိုရင် Tech နဲ့အကျွမ်းတဝင်ရှိတဲ့သူတွေကို ခေါ်သွးတာပဲဖြစ်ဖြစ်၊ လိုင်းပေါ်မှာ အရင်မေးမြန်းတာပဲဖြစ်ဖြစ် လုပ်သင့်ကြောင်း တိုက်တွန်းရင်း အားလုံး အလိမ်အညာပြဿနာအဆင်မပြေမှုများမှ ကင်ဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Video ဖြင့်လေ့လာချင်ပါက..
No comments:
Post a Comment
မင်္ဂလာပါ..