“Camera တစ်လုံးရဲ့ အရေးကြီးဆုံးက ဘာဖြစ်မလဲ?”
Camera တစ်လုံးရွေးချယ်ဖို့စဉ်းစားလိုက်ပြီဆိုတာနဲ့ ပထမဆုံး ဦးစားပေးစဉ်းစားရွေးချယ်ရမှာကတော့ Camera ရဲ့ Sensor size (အရွယ်အစား) ဘဲဖြစ်ပါတယ်။
Camera ရဲ့ sensor size ပေါ်မူတည်ပြီး ဓာတ်ပုံအရည်သွေးတွေ၊ ဓာတ်ပုံတစ်ပုံရိုက်တဲ့အခါ မြင်ရမယ့် မြင်ကွင်းအကျယ်၊ Camera တန်ဖိုးတွေ ကွာခြားသွားမှာဘဲဖြစ်ပါတယ်။
ယေဘုယျအားဖြင့် Sensor size ပေါ်မူတည်ပြီး Camera အမျိုးအစား ၅ မျိုးခွဲလို့ရပါတယ်။
၁. Medium Format Camera
Medium format camera ကတော့ စျေးအကြီးဆုံး၊ ဓာတ်ပုံ Quality အကောင်းဆုံး၊ Sensor size အကြီးဆုံး Camera အမျိုးအစားဘဲဖြစ်ပါတယ်။ Sensor အရွယ်အစားအနေနဲ့ကတော့ 53mm, 43.8mm အစရှိသဖြင့် ရှိပါတယ်။
Product shoot ရိုက်တဲ့သူတွေ၊ ကိုယ်ရိုက်တဲ့ subject ရဲ့ detail တွေ ကောင်းကောင်းလိုချင်တဲ့သူတွေအတွက် အသင့်တော်ဆုံး sensor အမျိုးအစားပါတဲ့ camera တစ်လုံးဘဲဖြစ်ပါတယ်။
Subject ရဲ့ detail တွေကို ကောင်းကောင်းရိုက်နိုင်တာဖြစ်တဲ့အတွက် ချွေးပေါက်တွေကအစ မြင်ရပါတယ်။ Skin မကောင်းတဲ့ model ကို ရိုက်မယ်ဆိုရင်တော့ retouch တော်တော်ကိုပြန်လိုက်ရမှာပါ။
၂. Full-frame Camera
Full-frame ကတော့ အားလုံးလည်းသိပြီးသားပါ။ 35 mm sensor size ရှိပြီး standard sensor size အဖြစ် သတ်မှတ်ထားပါတယ်။ Landscape photographer တွေအတွက်သင့်တော်ပါတယ်၊ protrait သမားတွေအတွက်ဆိုရင်လည်း Bokeh ကောင်းကောင်း၊ dynamic range (မြင်ကွင်း) ကျယ်ကျယ်တွေရိုက်လို့ရမယ့် sensor အမျိုးစားပါ။ကျန်ပါသေးတယ် low light performance ကလည်း တကယ်ကောင်းပါတယ်။
၃. APS-C Camera
APS-C Camera တွေကို တစ်နည်းအားဖြင့် crop frame လို့လည်းခေါ်ပါတယ်။ Sensor size အားဖြင့် 24 mm ရှိပါတယ်။ Canon ရဲ့ APS-C sensor size တွေကတော့ ပိုသေးပါတယ်၊ အရွယ်အစားအနေနဲ့ကတော့ 22 mm ဝန်းကျင်ရှိတတ်ပါတယ်။
Full-frame လောက်လည်း camera အပေါ်မှာ ငွေအများကြီးမသုံးချင်သူတွေ၊ ပေါ့ပေါ့ပါးပါး vlog လုပ်မယ့်သူတွေ၊ portrait photopher တွေအတွက် သင့်တော်ပါတယ်။ Landscape လည်း ရိုက်လို့မရတာမဟုတ်ပါဘူး၊ ရပါတယ် ဒါပေမယ့် မြင်ကွင်းကတော့ နည်းနည်းပိုကျင်းသွားမှာဖြစ်တဲ့အတွက် wide ဖြစ်တဲ့ lens တွေနဲ့ တွဲသုံးသင့်ပါတယ်။
၄. Micro 4/3 (Four Third) Camera
Crop frame (APS-C) sensor size ထက် ပိုမိုသေးမှာဖြစ်ပြီး အရွယ်အစားအနေနဲ့ကတော့ 17mm လောက်ဘဲရှိပါတယ်။ ပေါ့ပေါ့ပါးပါး အပျော်တမ်းရိုက်မယ့် သူတွေအတွက် သင့်တော်ပါတယ်။ Sensor size သေးတာဖြစ်တဲ့အတွက် low light performance မှာတော့ အပေါ်က Camera တွေလောက်ကောင်းမှာမဟုတ်ပါဘူးခင်ဗျာ။
၅. Point and shoot Camera
Sensor size အသေးဆုံးဖြစ်ပြီး lensတွေဘာတွေ လဲတပ်လို့မရပါဘူး။ 6mm/ 7mm ဝန်းကျင် sensor size ပါတဲ့ camera အမျိုးစားတွေဘဲ ဖြစ်ပါတယ်ခင်ဗျာ။ အရွယ်စားသေးပြီး ဘောင်းဘီအိပ်ကပ်ထဲမှာတောင် ဆန့်တာဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ camera အမျိုးစားပါ။
Sensor size ပိုကြီးရင်...
Depth of Field (ရှေ့ကြည်နောက်ဝါး) Bokeh တွေ ပိုကောင်းမယ်။
low light performace တွေ ပိုကောင်းမယ်၊ ညဘက်တွေရိုက်တဲ့အခါ noise တွေပိုနည်းမယ်။
မြင်ကွင်းပိုကျယ်မယ်။
စျေးပိုကြီးမယ်။
Camera အရွယ်စားနဲ့ အလေးချိန်တွေပိုများမယ်။
အားလုံးဘဲ ဓာတ်ပုံလှလှလေးတွေရကြပါစေ။
Credit..
T-Progress Photography
Have a lovely day
No comments:
Post a Comment
မင်္ဂလာပါ..