menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Camera ၂-၃ သိန်းဝန်းကျင် ဝယ်မယ်ဆိုရင်

Camera ၂-၃ သိန်းဝန်းကျင် ဝယ်မယ်ဆိုရင် အ၀ယ်မမှားစေဖို့ ဒီ Post ကို မဖြစ်မနေဖတ်ပါ ❤️ ================= " Hello အကို ရေ ကျွန်တော် ၃သိန်းကျော်ကျော်လောက် သုံးမယ်ဗျာ ဘာ Camera လေး ရနိုင်မလဲ ? " Camera For You ကို လာမေးကြတဲ့ လူ၁၀ ယောက်မှာ ၈ ယောက်လောက် က အထက်ပါ မေးခွန်း ကို မေးကြပါတယ် ... ဒီလို မေးခွန်း မျိုးက ဖြေရခက်ပါတယ် တစ်ယောက် နဲ့ တစ်ယောက်က အကြိုက်ချင်း မတူကြပါဘူး ... ဥပမာ - Mary နဲ့ ခင့်၀င့်၀ါ က မင်မင့်ကို ကြိုက်ပေမယ့် အိချောပို ကတော့ ကြိုက်ချင်မှ ကြိုက်မှပါ ( ဟယ် ... ဥပမာ ကြီးက ဆာလိုက်တာ :3 ) မိန်းကလေး တွေက သေးသေးကွေးကွေး ပုံထွက်လှတဲ့ LUMIX GF9 ကို ကြိုက်ပေမယ့် ယောက်ျားလေးတွေကျတော့ အမည်း လုံးကြီးကြီး အားရပါးရကိုင်လို့ရမယ် အကြမ်းခံမယ့် Canon 550D လိုမျိူး DSLR ကိုကြိုက်ကြပါတယ် ... တချို့ ယောက်ျားလေးတွေကျတော့လည်း ပုံထွက်လှရင်ပြီးရော Sony A5100 , Canon M10 လိုမျိုးကို ရွေးချယ်တတ်ကြပါတယ် ... ကိုယ့်ဘာကြိုက်လဲ ကိုယ်အသိဆုံးဖြစ်တဲ့အတွက် ရောင်းမှား ၀ယ်မှား မဖြစ်ရအောင် မင်မင် ကိုယ်တိုင်မေးမြန်းလေ့ရှိပါတယ် ဘယ်လို ပုံမျိုးတွေ ရိုက်ဖြစ်တာလဲ ? Vlog ရိုက်ချင်တာလား? အပျော်တမ်းလား ? ခရီးသွားလေ့ရှိလား ? Video သီးသန့်လိုချင်တာလား ? စတာတွေ မေးမြန်းပြီးမှ အသင့်တော်ဆုံး Camera ကို အကြံပေးလေ့ရှိပါတယ် ... ကိုယ့်ပစ္စည်းရောင်းရပြီးရော Camera ကို အတင်းထိုးရောင်းတဲ့ အလုပ်မျိုး ဘယ်တော့မှ မလုပ်တဲ့အတွက် မင်မင် နဲ့ စကားပြောချင်သူတွေ Camera အကြောင်းဆွေးနွေးချင်သူတွေ အလုပ်ကိစ္စ တိုင်ပင်ချင်သူတွေ ဟာ အမြဲ ပြည့်နေလေ့ရှိပါတယ် ဒါကြောင့်မို့ Idea အသစ်လေးတစ်ခု ရတာနဲ့ Midrange စျေးထဲက ၀ယ်လို့အသင့်ဆုံး Camera လေးတွေကို ဆွဲထုတ် ဖော်ပြပေးထားပါတယ် .... Midrange ကို ၅သိန်းအထိသာ သတ်မှတ်ထားတဲ့အတွက် ၅သိန်း အထက်စျေးရှိတဲ့ Camera များကို ဖော်ပြမပေးထားပါဘူး ... Photo တွေမှာ ဖော်ပြထားတဲ့ Camera စျေးတွေကလည်း Camera For You မှာ ရောင်းတဲ့ စျေး၀န်းကျင်ပဲ ဖြစ်ပါတယ် .. Seller တစ်ယောက်နဲ့ တစ်ယောက် စျေးမတူပါဘူးခင်ဗျာ C4U က စျေးကို Reference ယူပြီး တခြား ဆိုင်တွေ Reseller တွေမှာ သွားငြင်းနေရင်တော့ ဟိုက " ဖုန်ရှူလိုက် " လို့ပြောရင် စိတ်မဆိုးပါနဲ့ 😛 Camera တစ်လုံးချင်းစီရဲ့ အကြောင်းကို သိချင်ရင်တော့ Facebook Search Bar မှာ Camera Name #Camera4U လို့ ရိုက်ရှာကြည့်ပါ ကျလာပါိလိမ့်မယ် .... ဥပမာ - ကိုယ်က Canon M3 ရဲ့ အကြောင်းကို သိချင်တယ် ဆိုရင် Search box မှာ " Canon M3 #Camera4U " လို့ ရိုက်ရှာကြည့်ပါ ... အသေးစိတ် ကျလာပါလိမ့်မယ်... ကိုယ်သုံးချင်တဲ့ စျေးတန်းကို ကိုက်ပြီး Photo လေးတွေ မှာ ရှာကြည့်နိုင်ပါတယ် .... အခု မ၀ယ်ဖြစ်သေးဘူးဆိုရင်တောင် ဒီ Post ကို Share ပြီး သိမ်းထားပါ ခေါင်း ၃လုံးပါတဲ့ မြွေကြီး ပုံ မဟုတ်ပေမယ့် Camera ၀ယ်ဖို့ ရည်မှန်းထားရင် ကိုယ့်အတွက် တစ်ချိန်ချိန်မှာ အသုံး၀င်လာနိုင်ပါတယ် .. နောက် Page CB မှာ လာမေးတဲ့ သူတွေကိုလည်း ဒီ post ရဲ့ Link ကိုပဲ ပေးတော့မှာပါခင်ဗျ ... သိပ်မကြာခင်တော့ အရောင်း Post တွေနဲ့ အတူ ပြန်တွေ့ကြပါမယ် ရွေးချယ်မှုတွေ အများကြီးရှိတဲ့အထဲက Camera For You လေးကို ရွေးချယ်ပေးတဲ့အတွက်လည်း ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျ ☺️😍 မူရင်းပေ့ချ်ပါ... https://www.facebook.com/camera4u/

No comments:

Post a Comment

မင်္ဂလာပါ..