menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Windows Block Hosts လုပ်နည်း

🚫Windows Block Hosts လုပ်နည်း နှင့် အကျိုးသက်ရောက်မှူ့🚫 ~Block Host လုပ်နည်း =================== BH လုပ်ခြင်းဟာ မိမိတင်ထားသော ခရက်ဆော့ဝဲ လိုင်စင်ခရက်ထားသည်ကို မူရင်းဝက်ဆိုက် ၏ လိုင်စင်အက်တီဗိတ် ဆာဗာကိုသာ Block လုပ်ထားခြင်းဖြစ်သည်.... ဥပမာ... 127.0.0.1 activation.cyberlink.com ...စသည်ဖြင့်ရွေးချယ်ကာ Block လုပ်ထားခြင်းဖြစ်ပြီး CyberLink မှအခြားဒေါင်းလုတ်ဆွဲရန်ဆာဗာများကို အင်တာနက်ဖွင့်၍ ဆော့ဝဲအတွင်းမှ၎င်း ၊ သီးသန့်ဘရောက်စာ များမှ၎င်း ဝင်ရောက်အသုံးပြုဒေါင်းလုပ် ဆွဲနိုင်သည်.. ပြုလုပ်နည်းမှာ- ~C:\ ~Windows\ ~Systemtem32\ ~drivers\ ~etc တစ်ဆင့်ချင်းဝင်ပါ... ~hosts ဖိုင်ကို ညာကလစ် > Open With > Notepad >OK ဖြင့်ဖွင့်ထားပါ ~ဝင်းဒိုး Search 🔎မှာ Notepad ဟုရိုက်ထည့်၍ ပေါ်လာသော Notepad icon ပေါ်မှာ ညာကလစ် > Run as administrator ဖြင့်ဖွင့်ပါ... အဘယ့်ကြောင့်ဆိုသော် မူရင်းဖွင့်ထားသော Host ဖိုင်သည် System ဖိုင်ဖြစ်နေခြင်းကြောင့် ၎င်းအထဲတွင်ပြုပြင်ရေးသားပြီး Save လုပ်သည့်အခါ Save မပေးသောကြောင့် administrator ဖြင့်ဖွင့်ထားသော Notepad မှာ မူရင်း Host ဖိုင်ထဲမှစာသားအားလုံးကူးထည့်ပါ... မူရင်း Hosts ဖိုင်ကိုပိတ်ပါ... Administrator ဖြင့်ဖွင့်ထားသော Notepad ၏ နောက်ဆုံးတွင် ကလစ်တစ်ချက်ချ၍ Enter ခေါက်ပါ... အောက်ဆုံးစာကြောင်းမှာ မိမိ block hosts လုပ်လိုသော ဆော့ဝဲမှာပေးထားသည့် လိပ်စာကိုကူးပါ... ပုံသေအားဖြင့် အရှေ့မှဂဏန်းတွဲသည် မည်သည့်ဆော့ဝဲတွင်မဆို 127.0.0.1 ဖြစ်နေရမည်.... Space bar ခြား၍ မိမိ bloclk လိုသော ဆော့ဝဲ၏ အက်တီဗေးရှင်းဆာဗာအမည်ဖြစ်နေရမည်....ဥပမာ အထက်မှာပြထားသကဲ့သို့ CyberLink မှာ ဆော့ဝဲတင်စဉ်က Read me text ဖိုင်မှာပေးထားသော... 127.0.0.1 cap.cyberlink.com 127.0.0.1 activation.cyberlink.com စသည်ဖြင့်ဆော့ဝဲအလိုက် သူပေးထားသလောက် Hosts name များကိုတစ်ကြောင်းစီကူးထည့်၍ Notepad > File > Save as ကိုကလစ်ပါ... မူလဖိုင် တည်နေရာ C:\ Windows\ System32\ drivers\ etc ကိုသွားပါ... ဖိုင်များတစ်ခုမျှမြင်ရမည်မဟုတ်၍ etc ဝင်းဒိုး၏ အောက်ဖက် Save as types: တွင် Text Documents (*.txt) နေရာတွင် Drop down မျှားအောက်စိုက်လေးအားကလစ်ပြီး All Files ကိုပြောင်းပေးမှသာ ဖိုင်များကိုမြင်ရမည်ဖြစ်သည်... hosts ဖိုင်ကိုစလက်မှတ်ပြီး Save ကို ကလစ်ပါ.. Yes ကိုပေးပါ... မိမိလုပ်လိုသောဆော့ဝဲအား block hosts လုပ်၍ပြီးသွားပြီဖြစ်သည်.... ခရက်လိုင်စင်အား အင်တာနက်သုံးသည်ဖြစ်စေ ထိခိုက်မည်မဟုတ်တော့ပါ... မူရင်း ဆရာ #ဦးကောင်းမြင့်🖥

No comments:

Post a Comment

မင်္ဂလာပါ..