menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

LiDAR scanner ဆိုတာ

LiDAR scanner ဆိုတာ 
************************ 
iPhone 12 pro series မှာပါဝင်လာခဲ့တဲ့ LiDAR scanner ကို Apple က 5m အကွာအဝေးမှာရှိတဲ့ object တွေကို scan ဖတ်ဖို့အတွက်အသုံးပြုခဲ့ပါတယ်။ညဘက်ပဲဖြစ်ဖြစ်နေ့ဘက်ပဲဖြစ်ဖြစ်အလုပ်လုပ်ပြီးဓာတ်ပုံရိုက်တဲ့အခါနဲ့အရာဝတ္ထူတွေကို 3D model ထုတ်ဖို့အတွက်ထည့်ပေးခဲ့ပါတယ်။အဓိကကတော့ AR အတွက်ဖြစ်ပြီး LiDAR နဲ့တွဲဖက်အလုပ်လုပ်ဖို့အတွက် Application တွေထွက်လာဦးမှာပါ။ LiDAR ဆိုတာဘာလဲ LiDAR ဆိုတာ light နဲ့ radar နဲ့‌ပေါင်းစပ်ထားတာဖြစ်ပြီး အကွာအဝေးတိုင်းတာပါ။ Sensor က Pulse light wave လေးတွေပတ်ဝန်းကျင်ကိုပစ်လွှတ်လိုက်ပြီး Sensor ကိုပြန်လာပါတယ်။ Sensor က Pulse တစ်ခုချင်းဆီကနေပြန်လာတဲ့ အချိန်ကိုသုံးပြီးအကွာအဝေးကိုပြန်တွက်ပါတယ်။ ဒီဟာကိုပဲခဏခဏပြန်တွက်ပြီး တိကျတဲ့ Real time 3D မြေပုံတွေဖန်တီးနိုင်ပါတယ်။ LiDAR က ultraviolet , infrared light ကိုသုံးပါတယ်။ ဧရိယာအကျယ်ကြီးကိုပစ်လွှတ်နိုင်ပြီး မိုးရေ,တိမ်တိုက်,ဓာတုပစ္စည်းတွေနဲ့ မော်လီကျူးလေးတွေကိုတောင်အာရုံခံနိုင်ပါတယ်။ LiDAR ကိုပထမဆုံး National Center for Atmospheric Research ကနေအသုံးချခဲ့တာဖြစ်ပြီးတိမ်တိုက်နဲ့လေထုညစ်ညမ်းမှုကိုတိုင်းတာဖို့ပါ။ LiDAR ရဲ့တိကျမှုနဲ့အသုံးဝင်မှုကိုသတိထားမိခဲ့ကြပြီး အာကာသယဉ်မှုးတွေက Laser altimeter နဲ့ လရဲမျက်နှာပြင်ကိုတိုင်းတာဖို့အတွက် Apollo 15 mission မှာသုံးခဲ့ကြပါတယ်။ LiDAR ရဲ့မူလအစကတော့လင်းနို့တွေဖြစ်ပြီးပဲ့တင်သံကိုအသုံးပြုပြီးတည်နေရာရှာဖွေတဲ့ပုံစံ SONAR ကနေစခဲ့တာပါ။လင်းနို့တွေဟာ ကျယ်လောင်စူးရှတဲ့အသံကိုနှာခေါင်းကနေထုတ်လွှတ်ပြီးပဲ့တင်သံကိုအင်တာနာလိုနားရွက်ကနေပြန်နားထောင်ပြီးတည်နေရာကိုအတည်ပြုပါတယ်။လင်းနို့ကိုသားကောင်ရဲ့တည်နေရာနဲ့ပတ်ဝန်းကျင်ကိုသုံးဖက်မြင်ပုံရိပ်ထောက်ပံ့ပေးပြီး ဒါဟာ LiDAR sensor ရဲ့အလုပ်လုပ်ပုံနဲ့ပုံစံတူတဲ့သဘောတရားပဲဖြစ်ပါတယ်။ လူတွေဟာဒီသဘောတရားကိုအခြေခံပြီးတူညီတဲ့ Radar ကို ၂၀ ရာစုနှစ်မှာတည်ဆောက်ခဲ့ကြပါတယ်။ Christian Huelsmeyer’s က 1904 ခုနှစ်မှာ “Telemobilescope” ကိုတီထွင်ခဲ့ပါတယ်။ပထမဆုံး Radar sensor ဖြစ်ပြီးမီတာ 3000 အထိပစ်လွှတ်နိုင်ပါတယ်။ သင်္ဘောတွေအတွက်ပထမဆုံးရေဒါဖြစ်ပြီး‌သင်္ဘောတွေတစ်စီးနဲ့တစ်စီးမတိုက်မိအောင်သုံးပါတယ်။ အရာဝတ္တုတစ်ခုကိုအာရုံခံမိတာနဲ့အချက်ပေးခေါင်းလောင်းကအဲ့အရာဝတ္ထုထွက်မသွားမချင်းမြည်နေမှာပါ။ LiDAR (Light Detection And Ranging) sensors ဆိုတာလည်း Radar နဲ့အလုပ်လုပ်ပုံခြင်းတူပါတယ်။အလင်းလှိုင်းကိုအရာဝတ္ထုထံပစ်လွှတ်လိုက်ပြီးကြာချိန်ကိုအသုံးပြုကာအရာဝတ္ထူနှစ်ခုရဲ့အကွာအဝေးကိုတွက်ပါတယ်။ Laser က wavelength ပိုတိုတဲ့အတွက်အလွန်သေးငယ်တဲ့အရာဝတ္ထုတွေကိုပါတိုင်းတာနိုင်ပါတယ်။ LiDAR ကို GPS နဲ့တွဲပြီး 1980မှာလေထဲမှာပျံဝဲနေတဲ့လေယဉ်ပျံတွေရဲ့တည်နေရာကိုအတိအကျသိဖို့သုံးခဲ့ပါတယ်။ ************************************************* Author : Hein Htet Credit - Akhayar -Tech ၏ facebook စာမျက်နှာမှ

No comments:

Post a Comment

မင်္ဂလာပါ..