Graphic Card တစ်ခု့ရဲ့ Performance ကိုဘယ်လိုခွဲမလဲ
=====================
Graphic card တစ်ခု့ကလဲ သူ့ဟာနဲ့သူ Computer တစ်လုံးလိုပြေးနေတယ်လို့ပြောလို့ရတယ်။ သူ့မှာလဲ Vrm တွေ Core တွေနဲ့ဆိုတော့လေ။ GPU ကတော့ အထဲကပါတဲ့ Chipset လေးပါ။ Graphic card ဆိုတာ အဲ့ chipset လေးကို ဗဟိုပြု့ပြီး ပြု့လုပ်ထားတဲ့ Heat sink, Heat pipe, Memory တွေကို Circuit board တစ်ခု့ပေါ်မှာတပ်ထားပြီး Cooling FAN, RGB တွေထပ်တပ်ကြပါတယ်။ သူတို့ရဲ့ Spec တွေကိုဘယ်လိုကြည့်လဲ???
CUDA cores ဆိုတာ က Graphic card processor လေးတွေကို Nvidia ကခေါ် လိုက်တဲ့ အခေါ်အဝေါ်ပါ။ AMD ကတော့ Stream Processors လို့ခေါ်ပါတယ်။ အဲ့ကောင်လေးတွေက ပိုများလေ ကောင်းလေပါ။ Base Clock ကတော့ သာမန်အချိန်တွေမှာပြေးတဲ့ GPU speed ဖြစ်ပြီးတော့ Boost clock က GPU အများကြီးလိုအပ်နေတဲ့အချိန်မှာပြေးနိုင်တဲ့ speed ပါ။ Graphic card တွေမှာပါတဲ့ Memory က System Memory နဲ့အလုပ်လုပ်ပုံချင်းတူတူပါပဲ။ လက်ရှိမှာတော့ System Memory က DDR4 ဖြစ်ပြီး CPU နဲ့တိုက်ရိုက်အလုပ်လုပ်တယ်။ GPU memory က DDR5/6 အထိရှိပြီးတော့ GPU နဲ့တိုက်ရိုက်အလုပ်လုပ်ပါတယ်။ Texture တွေ Ambients တွေအရမ်းများတဲ့ Open World ကျယ်ကျယ်ကစားရတဲ့ ဂိမ်းမျိုးတွေမှာ GPU memory များလေ ပိုကောင်းလေပါ။
Memory Interface ကလဲ 128bit, 192bit ကနေ 352bit အထိရှိပါတယ်။ Bit များလေ connection ပိုမြန်လေဖြစ်ပြီးတော့ Memory Speed ပိုမြန်လေပါ။ Memory configure ဆိုတာကတော့ Capacity ကိုပြောတာပါ။ 1650 super ကနေ 1660 super မှာ ဘယ်လောက်အထိ Upgrade ဖြစ်သွားသလဲဆိုတာကိုယှဉ်ကြည့်လို့ရအောင် အောက်မှာပြပေးထားပါတယ်။
1650 super vs 1660 super -----------------------------
GPU ENGINE: NVIDIA CUDA Cores – 1280 vs 1408 Boost Clock – 1725 vs 1785 Base Clock – 1530 vs 1530 MEMORY SPECS: Memory Speed - 12Gbps vs 14Gbps Standard Memory Config – 4GB vs 6GB Memory Interface Width – 128bit vs 192bit Memory Bandwidth (GB/sec) – 192 vs 336 …. Eastern iT and Mobile
No comments:
Post a Comment
မင်္ဂလာပါ..