menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Bluetooth 5 နည်းပညာ

Bluetooth ဆိုတာကတော့ ဒီနေ့ခေတ်မှာ လူတိုင်းအကျွမ်းဝင်ကြတဲ့ ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာတွေထဲက တစ်ခုဖြစ်ပါတယ်။ Bluetooth နည်းပညာကို ၁၉၉၄ ခုနှစ်ကနေစတင်ပြီး တီထွင်အသုံး ပြုခဲ့ကြတာ အခုဆိုရင် သူ့ရဲ့မျိုးဆက်များစွာ ရှိလာပြီဖြစ်ပါတယ်။ အခုနောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Bluetooth 5 မှာဆိုရင်တော့ ပိုမိုမြန်ဆန်တဲ့ အချက်အလက် ပေးပို့လက်ခံနှုန်းနဲ့ ပိုမိုကျယ်ပြန့်တဲ့ ပမာဏကို ရရှိနိုင်ပြီဖြစ်ပါတယ်။ အချက်အလက်ပမာဏကို 1MBps ကနေ 2MBps အထိ ပေးပို့နိုင်ပြီဖြစ်ပါတယ်။ ဒီပမာဏက ယခင် Bluetooth 4.2 ထက် ရာခိုင်နှုန်းအားဖြင့် ၈ဝဝ ရာခိုင်နှုန်းပိုပါတယ်။ ပေးပို့နိုင်တဲ့ အကွာအဝေးကလည်း Bluetooth 4.2 ထက် လေးဆပိုမိုပြီး ကျယ်ပြန့်တဲ့ အကွာအဝေးကို ဖုန်းကနေ ပေးပို့နိုင်မှာဖြစ်ပါတယ်။ Bluetooth 4.0 က ပေ ၂ဝဝ (မီတာ ၆ဝ) အကွာအဝေးအထိ အသုံးပြုနိုင်ပြီး Bluetooth 5 ကတော့ ပေ ၈ဝဝ (၂၄ဝ မီတာ) အကွာအဝေးအထိ ရရှိနိုင်မှာဖြစ်ပါတယ်။ ဖုန်းမှာ ပုံမှန်သီချင်း နားထောင်ရင်း အသုံးပြုပေးပို့နိုင်မှာ ဖြစ်ပါတယ်။ Bluetooh SIG ရဲ့ ဒါရိုက်တာ Mark Powell ရဲ့အဆိုအရ Blue-tooth 5 ရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်က အချက်အလက်ပေးပို့ လက်ခံနိုင်တဲ့ အကွာအဝေးကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်တဲ့အပြင် အိမ်တွင်းမှာဆိုရင်တော့ ပေးပို့လက်ခံတဲ့ Device နှစ်ခုကြားမှာ နံရံလိုမျိုးခြားနေရင်တောင် အချက်အလက်တွေကို ကောင်းစွာပေးပို့နိုင်တယ်လို့ ဆိုပါတယ်။ Bluetooth 4.2 မှာ ထပ်မံ ဖြည့်စွက်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ IoT (Inter-net of Things) လို့ခေါ်တဲ့ အိမ်သုံး စမတ်ထုတ်ကုန်ပစ္စည်းတွေနဲ့ ချိတ်ဆက် အသုံးပြုတာကိုတော့ Bluetooth 5 မှာ အလွယ်တကူနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ နောက်ပိုင်း Bluetooth 5 နည်းပညာမှာ တည်နေရာပြ Location စနစ်နှင့် လမ်းညွှန် Navigation စနစ်တွေ ထောက်ပံ့ပါဝင်လာမှာဖြစ်တဲ့အတွက် ကြားခံ App တွေ မလိုဘဲနဲ့ တည်နေရာအခြေပြု Bluetooth စနစ်ကနေ အချက်အလက်တွေကို ပေးပို့နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 
ရေးသားသူ ICT

1 comment:

  1. Jami ကို ဘလူတွတ်ဆက်သွယ်မှု ရှိနေလျက်နှင့် သုံးမရပါ။ သင်ကော စမ်းဘူးသလား။

    ReplyDelete

မင်္ဂလာပါ..