menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone အတု အစစ်




iPhone အတု အစစ်
+++++++++++++++++
Crd=Jay

iphone ဝယ်ဖို့ စဉ်းစားနေသူများ China Refur မမိအောင် ဘယ်လိုအချက်တွေသိထားသင့်လဲ 

ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာရယ် 

China Refur မှန်းမသိဘဲ ဝယ်မိပြီး error ပေါင်းသောင်းခြောက်ထောင်ကြုံနေသူများလဲ နောက်အဝယ်မမှားရအောင် သိထားသင့်တဲ့ အချက်တွေရယ်ကို ပြောပြမှာ ဖြစ်ပါတယ်။


မှတ်ချက်-(China Refur မှန်းသိရက်နဲ့ ပေါချောင်ကောင်း လိုက်ဝယ်ထားပြီးမှ iphone မကောင်းဘူး သောက်ဖောင်းထိုင်ထုနေသူများအတွက်တော့ ကိုယ်စရိတ်နဲ့ကိုယ်ပါ)

iphone Refur နှစ်မျိုးရှိပါတယ်။

Apple Certified Refurbished ရယ် 

မြန်မာပြည်မှာရောင်းနေတဲ့ China Refur ပါ။

အဲနှစ်မျိုးဘာကွာလဲ မရှင်းပြခင်မှာ

Refur အကြောင်းပြောတဲ့ ပိုစ့်တွေ cmt တွေမှာ လူတော်တော်များများ အမှတ်မှားနေတာကို ပြောပြချင်ပါတယ်။

ဖုန်းရဲ့ About > Model Number မှာ 

M နဲ့စရင် Brand New Packing 

N နဲ့စရင် Factory Error ပါလို့ Apple ကပြန်လဲပေးထားတဲ့ Replacement အလုံး

F နဲ့ စရင် Apple Certified Refurbished ဆိုပြီးပြောနေတာတွေက Official အလုံးတွေအတွက်တော့ မှန်ပါတယ်။ 

Apple က Official ထုတ်တဲ့ဖုန်းတွေမှာ Category အလွယ်တကူခွဲခြားလို့ရအောင် သတ်မှတ်ထားတဲ့ Format တစ်ခုပါ။

Board အဟောင်းတွေကိုပြန်သုံးပြီး Body အညံ့တွေ Display အညံ့တွေ 

တစ်ခြား Quality မမှီတဲ့အပေါစား Parts တွေနဲ့ပြန်ဆင်ပြီး

ဘူးအတုတွေ(သို့)ဘူးအဟောင်းတွေမှာ Imei အပေါ်ကပြန်ကပ်ပြီး ထုတ်တဲ့ China Refur ဖုန်းတွေအတွက်တော့ 

Mနဲ့စရင် Brand New 

N နဲ့စရင် Replacement 

F နဲ့စရင် Apple Certified Refurbished ဆိုတာမမှန်ပါဘူး ခင်ဗျ

သူတို့ပြန်သုံးထားတဲ့ Board အဟောင်းက M နဲ့ စရင် အဲ China Refur က M စမှာဖြစ်ပြီး 

N စတဲ့ဘုတ်အဟောင်းကိုသုံးရင် အဲ China Refur က Nနဲ့စမှာ ဖြစ်တယ်

အဲ Facts ကို တစ်ချို့သေချာနားမလည်းတဲ့သူတွေက 

China Refur မိထားလဲ ကိုယ့်ဖုန်းက Mနဲ့စလို့

Nနဲ့စလို့  Refur မဟုတ်ဘူးဆိုတာ အမှတ်မှားနေတာတွေတော်တော်တွေ့နေရပါတယ်

China Refur အများစုက M နဲ့စပြီ LL/A နဲ့လာပါတယ်ဗျာ။

ဆိုလိုချင်တာက ကိုယ့်ဖုန်းက M နဲ့စလို့ Refur မဟုတ်ဘူးအတပ်ပြောလို့မရပါဘူး။

ဒါဆို Apple Certified Refurbished နဲ့ China Refur ဘာကွာလဲပြောပြပါမယ် 

Apple Certified Refurbished ဆိုတာ Factory Error ကြောင့် စက်ရုံပြန်ရောက်လာတဲ့အလုံးတွေ 

Apple Store တွေမှာ အဟောင်းပေး အသစ်ယူ Trade In လုပ်ထားတဲ့ အလုံးတွေကို Apple က 

လိုအပ်တာတွေပြန်ပြင် စျေးလျှော့ပြီး ထုတ်ရောင်းတဲ့အလုံးတွေပါ။ 

စျေးလျှော့တယ်ဆိုပေမဲ့ အများကြီးမဟုတ်ပါဘူး။ ဥပမာ Brand New ဖုန်းက ဒေါ်လာ 800 ဆိုရင် Certified Refurbished ကို ဒေါ်လာ 700 နဲ့ရောင်းပါတယ်။

Brand New တွေနည်းတူ

တရားဝင် Apple Official 1 Year Warranty ပါသလို QC Test တွေအထပ်ထပ်လုပ်ပြီးမှ ပြန်ထုတ်တဲ့အတွက် Quality ပိုင်းကလဲ အကုန်တူတူပါပဲ။ 

Brand New ဖုန်းတွေလို ဘူးအပေါ်အဖုံးမှာ ဖုန်းပုံမပါဘဲ ဘူးတစ်ခုလုံးအဖြူနဲ့လာပါတယ်။

Brand New တွေနဲ့ စျေးသိပ်မကွာတဲ့အတွက် မြန်မာက Authorized Dealers တွေလဲသွင်းလာပြီးရောင်းတာမတွေ့မိပါဘူး။

တစ်ချို့ပြန်သွင်းတဲ့လူအနည်းအကျင်းလောက်သာရှိပါတယ်။

အရှင်းဆုံးပြောရရင် မြန်မာပြည်မှာ Apple Certified Refurbished က တော်တော်ကိုရှားတယ်ပြောရမယ်။ 

မြန်မာပြည်မှာ လက်ရှိ သုံးနေ ရောင်းနေတဲ့ Refur 99% လောက်က China Refur တွေပါ။

China Refur ဆိုတာကတော့ iphone အဟောင်းတွေ အစုတ်တွေရှိက Board အဟောင်းကိုယူ 

သူတို့ဘာသာသူတို့ ဖန်တီးထားတဲ့ Quality အနိမ့် Parts တွေနဲ့ ပြန်ဆင် အသစ်ဆိုပြီး ပြန်ရောင်းတဲ့ဖုန်းတွေကိုခေါ်ပါတယ်။

အသစ်ဝယ်ဖို့စဉ်းစားနေသူများအတွက် China Refur မမိအောင်ဘာတွေပြင်ဆင်သင့်လဲ ?

No.1- iphone က  high end phone  တစ်ခုဖြစ်တဲ့အတွက် စျေးကြီးပါတယ်။ကိုယ်က ပိုက်ဆံမတတ်နိုင်ဘူး iphone လဲကိုင်ချင်တယ်ဆိုပြီး စျေးသက်သာတဲ့နောက်လိုက်ရင်တော့ Refur မိဖို့ ရာခိုင်နှုန်းတော်တော်များနေပါပြီ။ပစ္စည်းတိုင်းမှာ တန်ရာတန်ကြေးရှိပါတယ်။တန်ရာတန်ကြေးပေးမှ ကိုယ်လိုချင်တဲ့ ပစ္စည်းကိုရမှာဖြစ်ပါတယ်။

ဥပမာ ကိုယ် budget က သုံးလေးသိန်းလောက်ပဲကိုင်ထားပြီး iphone ဝယ်ဖို့ လိုက်ရှာနေမဲ့အစား price to performance ကောင်းကောင်းနဲ့ ရနိုင်မဲ့ တစ်ခြား Brand တစ်မျိုးကိုပဲပြောင်းဝယ်ဖို့စဉ်းစားသင့်ပါတယ်။

No.2-ကိုယ်ဝယ်မဲ့ဆိုင်ကို အရင်ဆုံးလေ့လာပါ။

ဖြစ်နိုင်ရင် Apple က တရားဝင်သတ်မှတ်ပေးထားတဲ့ Authorized ဆိုင်တွေမှာပဲ ဝယ်သင့်ပါတယ်။

ကိုယ်က နားမလည်လို့ Online ပေါ်ကဆိုင်တွေရဲ့ Post တွေကြည့် ထင်ယောင်ထင်မှားဖြစ်ပြီး သွားဝယ်မိပြီဆိုလဲ အရင်ဆုံး သူတို့အနေနဲ့ Warranty ပိုင်းဘယ်လိုတာဝန်ယူပေးနိုင်လဲ သေချာမေးပါ။ 

ကိုယ်အခုဝယ်မဲ့ဖုန်းက Apple Official Warranty ရမှာလား 

ဆိုင်က ဘာအာမခံချက်မရှိဘဲ  သူတို့ဘာသာသူတို့ ပါးစပ်ကပေးတဲ့ဆိုင် Warrantyလား ကွဲပြားအောင်သေချာမေးပါ။

Apple ကတရားဝင်ထုတ်တဲ့ iphone 

အသစ်ပါကင်တိုင်းမှာ Official 1 Year Warranty ပါပြီးသာပါ။

Iphone တစ်လုံးက အသစ်ပါကင်ဖြစ်ပြီး Apple Official Warranty မပါဘူး မရဘူး

ဆိုင်က Warranty ပဲရမယ်ဆိုရင် အဲဖုန်းက 100% China refur ပါ။

ဝယ်သူ ကိုယ်တိုင်က Warranty ပိုင်းကို သေချာကွဲပြားအောင်မေးနေသော်လဲ ရောင်းတဲ့ဆိုင်ဘက် က Official Warranty လိုလို ဆိုင်ကပေးတဲ့ Warranty လိုလိုရောချပြီး ပြောနေတယ်ဆိုရင် 

ကိုယ်ဝယ်မဲ့ဖုန်းကို ပါကင်မဖွင့်သေးဘဲ  Apple ရဲ့ Authentication စစ်တဲ့  https://checkcoverage.apple.com/ ထဲသွားပြီး ဖုန်းဘူးရဲ့အနောက် အောက်ခြေမှာပါတဲ့ Serial နံပါတ်ကို  ရိုက်ကြည့်လိုက်ပါ 

Official iphone brand new မှန်ရင် ကိုယ်အခုဝယ်မဲ့ဖုန်းရဲ့ Model ရယ် Warranty ပိုင်းကြည့်တဲ့နေရာမှာ Please Activate Your Device ဖြစ်နေရပါမယ်။

(Server error ကြောင့် တစ်ချို့ဖုန်းတွေမှာ Warranty Date ထွက်နေတာတွေရှိတတ်ပါတယ်။

ကိုယ်လက်ရှိဝယ်မဲ့ဒိတ်နဲ့ မဝေးရင်တော့ ကိစ္စမရှိပါဘူး။

အရမ်းဝေးနေရင်တော့ ရှောင်လိုက်ပါ Refur မဟုတ်သော်များလဲ Activated Demo Unit  ဖုန်းတွေဖြစ်နေတတ်ပါတယ်။)

ဖုန်းက အသစ်ပါကင်ဖြစ်ပြီး အဲလို စစ်ကြည့်လို့မှ အပေါ်မှာပြောခဲ့သလို အချက်တွေမပြတော့ဘူး Out Of Warranty ဖြစ်နေပြီးဆို 100% China Refur ပါပဲ။

No.3-ပွင့်ပွင့်လင်းလင်းထပ်ပြောရရင်  Old Model(4s to X) အသစ်ပါကင်ဆိုတာမျိုးတွေကို မဝယ်သင့်တော့ပါဘူး။ Apple က ဖုန်းမော်ဒယ်အသစ်ကို မိတ်ဆက်ထုတ်လုပ်ပြီးတာနဲ့ အရင်မော်ဒယ်အဟောင်းတွေကိုထုတ်တာရပ်လိုက်ပါတယ်။

ဆိုလိုချင်တာက 11 series တွေလက်ရှိထုတ်နေတဲ့ အချိန်မှာ 2018 စတင်မိတ်ဆက်ခဲ့တဲ့ 

XS,XSMax တွေတောင် အသစ်မထုတ်တော့ပါဘူး။

ဒါက်ို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မော်ဒယ်အဟောင်းတွေကို စျေးကွက်ထဲမှာ အလုံးရေပေါင်းမြောက်စွာအသစ်ပါကင်ဆိုပြီးရောင်းချနေတာက အဓိပ္ပာယ်လုံးဝမရှိပါဘူး။

Authorized ဆိုင်တွေမှာတောင် လက်ကျန်နည်းနည်းပါးပါးပဲကျန်တော့မှာပါ။

China Refur ရောင်းတဲ့ဆိုင်တွေမှာတော့ 4s လောက်ကနေစပြီး X လောက်ထိကို လိုအပ်သလောက်ရနိုင်နေတုန်းပါ။

No.4- ဒီဂရုမှာတော်တော်များများလာမေးနေတာတွေ့ရပါတယ်။

Refur မိတဲ့ 80% လောက်အကြောင်းအရင်းကလဲ ဒါပါပဲ။

^^5s လေး ဝယ်သင့်သေးလာတို့^^

^^6splus ပါကင်ဆို ဒီအချိန်သုံးလို့အဆင်ပြေသေးလားတို့^^ 

အဲလိုမျိုးမေးခွန်းတွေအတွက် No ပါ။ မဝယ်သင့်ပါဘူး။

No.3 မှာပြောထားတဲ့အတိုင်းပါပဲ အဲမော်ဒယ်တွေမှာ အသစ်ပါကင်ဆိုရင် 98% လောက်က China Refur။

Official အလုံးကို သုံးပြီးသား Second ဆိုလဲ နှစ်တော်တော်ကြာသုံးပြီးသာလဲဖြစ်

မော်ဒယ်လဲအရမ်းနိမ့်နေပြီးဖြစ်တဲ့အတွက် မဝယ်သင့်။

China Refur ကိုမှ Second ဆိုရင် ပိုလို့တောင်ရှောင်သင့်နေပြီ။

လက်ရှိ China Refur ရောင်းနေတဲ့ဆိုင်တွေမှာ 

5s(64)=180000 ဝန်ကျင်

SE(64)=240000 ဝန်ကျင်

6s(128)=300000 ဝန်ကျင် 

6s plus(128)=380000 ဝန်ကျင်

7 plus(256)=580000 ဝန်ကျင်

8 plus(256)=900000 ဝန်ကျင်

X (256)= 10 သိန်းအထက် ရောင်းနေတာတွေ့ရတယ် 

Board ကလွဲပြီး  china home made သာသာ parts တွေနဲ့ ဖွဲ့စည်းထားတဲ့ China Refur iphone ကို ပန်သီးLogo လေးအတွက်

အဲစျေးပေးကိုင်မဲ့အစား တစ်ခြား Brand တွေမှာ Flagship level ဖုန်းတစ်လုံးဝယ်လိုက်တာက သင့်အတွက်ပိုအကျိုးထူးမှာပါ။

အပေါ်ဆုံးမှာ ပြောခဲ့သလိုပါပဲ iphone ကိုင်မယ်ဆိုရင် သက်သာရာ သက်သာကြောင်း ပေါချောင်ကောင်းမရှာဘဲ ထိုက်သင့်တဲ့စျေးပေးပြီး စိတ်ချရတဲ့နေရာမှာ ဝယ်တာအကောင်းဆုံးပါပဲ။ 

No.5- Refur ရောင်းတဲ့ဆိုင်တော်တော်များများက China Refur တွေကို Apple Certified Refurbished လို့ပြောပြီး ပုံမှားရိုက် နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ရောင်းတာကိုလဲသတိထားသေချာမေးမြန်းပါ

အသစ်ဝယ်မဲ့လူတွေအတွက် 

အနှစ်ချုပ်ပြောရရင်   

Apple logo ပါရင်ပြီးရော Old Model တွေကိုအသစ်ပါကင်ဆိုတာမျိုးဝယ်တာတွေရှောင်ပါ။

ဝယ်တဲ့ဆိုင်ရောက်ရင် Warranty ပိုင်းကို သေချာပွင့်ပွင့်လင်းလင်းမေးပါ ကိုယ်တိုင်စစ်ပါ။

iphone မှ iphone ဖြစ်ရင်ပြီးရော Refur လဲကိုင်မယ်ဆိုတဲ့သူတွေအတွက်တော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ဖြစ်ပါတယ်။

ကျွန်တော်ဆို iphone 5 ကနေအသစ်ထွက်တိုင်းကိုင်လာတာ အခု 11 Series အထိပါပဲ။ မိသားစုထဲမှာရော အပေါင်းအသင်းတွေ တော်တော်များများကလဲ ios user တွေကြီးပဲ။

ဒီ Group မှာလာမေးတဲ့ Error တွေလိုမျိုး

ဥပမာ-ဖုန်းကဝယ်တာမကြာသေးဘဲ စပီကာမလာတော့တာ

Display အကွက်တွေထကုန်တာ Touch မမိတော့တာ

Buttonတွေ နှိပ်မရတော့တာ

Battery အရမ်းဆင်းတာ

Camera,Face ID တွေ Fail တာမျိုးကို User Fault ကလွဲပြီး တကယ်မတွေ့ဘူးတာပါ။

Apple Official iphone သာမှန်ရင် အဲလိုမျိုး Error တွေက မတက်သလောက်ရှားပါတယ်။

အလုံးတစ်သောင်းမှာတစ်လုံး error တက်ဖို့တောင်မလွယ်ပါဘူး။

(Error ပါခဲ့ရင်လဲ Apple Official ဖုန်းသာမှန်ရင် ဘာမှစိတ်ပူစရာမရှိပါဘူး Warranty ကာလအတွင်းမှာ အသစ်တစ်လုံးပြန်ရမှာပါ)

ဒါဆို ခင်ဗျာတို့ဖုန်းတွေကဘာလို့ error တွေအဲလောက်တက်နေလဲ ? 

အဖြေကရှင်းရှင်းလေးပါ China Refur တွေဝယ်မိထားလို့ပါ

ကိုယ်အခုလက်ရှိကိုင်ထားတဲ့ဖုန်း China Refur ဟုတ်မဟုတ် ဘယ်လိုစစ်မလဲ ? 

(Model Number မှာ M နဲစလဲ China Refur ဖြစ်နိုင်ကြောင်း အပေါ်မှာ ရှင်းပြပြီးသားပါ)

No.1 - Display Quality 

ကိုယ်ကအခုမှ iphone စသုံးဘူးတဲ့သူဆိုရင် ခွဲတတ်မှာမဟုတ်တဲ့အတွက် နားလည်သူတစ်ယောက်ယောက်ကိုပြကြည့်ပါ။

ဒါမှမဟုတ် အဲဖုန်းနဲ့မော်ဒယ်တူ Original အလုံးကိုကိုင်ထားသူကို ကြည့်ခိုင်းပါ 

သူဖုန်းနဲ့လဲယှဉ်ကြည့်ပါ 

ကွာခြားမှုကို တွေ့ရမှာပါ 

ဥပမာ-iphone X Original ကိုင်နေတဲ့သူ 

ကိုင်ခဲ့တဲ့သူဆိုရင် 

China Refur  iphone X ရဲ့ Display ကို ကြည့်လိုက်တာနဲ့ အနည်းအများ ကွာခြားမှုကိုသိမှာပါ။

Display အရောင်က ဖျော့နေတာ

Color Situation မမှန်တာတွေက သိသာပါတယ်။

No.2- Body နှင့် Button 

China Refur ဖုန်းတွေရဲ့ Body တွေဟာ Original လို Frame တွေ Back Glass တွေက Premium မဆန်ဘဲ လက်ထဲကိုင်ရတာအပေါစားဆန်ပါတယ် 

Button တွေကလဲနှိပ်လိုက်ရင် ထိထိမိမိမရှိဘဲ ချောင်နေတာတွေ ကို သတိထားမိမှာပါ။

No.3-Camera Quality 

ရုပ်ထွက်တွေအရမ်းညံံ့နေတာတွေ 

Video ရိုက်တဲ့အခါ ဖုန်းကထစ်နေတာတွေ 

အသံနောက်ကျနေတာတွေ 

No.4- ပါကင်းဘူး နှင့် Accessories Quality

ပါကင်ဘူးအသားညံ့တာ 

ဘူးမှာပါတဲ့ စားလုံးပေါင်းတွေမှာနေတာ 

ဖုန်းကအသစ်ဆိုပြီး ဘူးကဟောင်းနေတာတွေ

Accessories တွေက အညံ့စားဖြစ်နေတာတွေ

No.5-Sim Tray တွေအထုတ်အသွင်းလုပ်တဲ့အခါ အံဝင်ခွင်ကျမဖြစ်တာမျိုး 

No.6- Computer မှာ 3utools ဖြင့်ထိုးစစ်ပါ

Computer မှာ 3utools ဖြင့် ထိုးစစ်လိုက်လို့

ကိုယ့်ဖုန်းနဲ့အရောင်ကာလာလွဲနေတာတွေ 

Storage လွဲနေတာတွေ 

ပြီးတော့ 3utools ရဲ့ Vertifacation Report မှာ စစ်ကြည့်ပါ။ factory ကထုတ်တုန်းက Parts တွေရဲ့ Serial နံပါတ်နဲ့ လက်ရှိဖုန်းက Parts တွေရဲ့ Serial တူမတူ 

တူတယ်ဆိုရင် Normal ပြပြီး ချိန်းထားတယ်ဆိုရင် may be changed ဆိုပြီးပြပါတယ် 

Refur စစ်တာတင်မဟုတ်ဘဲ official အလုံးကိုလဲ unauthorized service တွေမှာ parts တွေအစားထိုးပြီး ပြင်ထားလား ဆိုတာကိုပါစစ်လို့ရပါတယ်။

Testing Score မှာ 99 or 100 ပြည့်မှ ဒီဖုန်းက 

China Refur မဟုတ်တဲ့ 

Unauthorized Service တွေမှာ Major Parts တွေမလဲဘူးတဲ့ 

100% Official ဖုန်းဖြစ်မှာပါ။

3utools ကApple တရားဝင် Service သမားတွေသီးသန့်သုံးတဲ့ diagnostic server လောက် detail မပြနိုင်ပေးမဲ့ user တွေအတွက်က Refur ဟုတ်မဟုတ် 

Official ဖုန်းဆိုသော်လဲ Parts တွေလဲထားလာစစ်ဖို့အတွက် အထောက်အကူပြုပါတယ်။

(အမှန်တရားမို့ တစ်ချို့လူတွေအတွက်ခါးချင်လည်းခါးပါလိမ့်မည်။ မည်သူ့ကိုမှ နှစ်နာစေလိုသောစိတ်မရှိပါ။

သုံးစွဲသူများ ပစ္စည်းအစစ်အမှန်ကိုသုံးစွဲရစေရန်သာ ရည်ရွယ်ပါသည်။)
Videos link

No comments:

Post a Comment

မင်္ဂလာပါ..