menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Gaming Mouse ကိုဘာကြောင့်သုံးသင့်လဲ



ဘာတွေက အားသာနေတာလဲ။ Gaming Mouse အချင်းချင်းရောဘာတွေကွာတတ်လဲ။ ရိုးရိုး Mouse နဲ့ရောဂိမ်းဆော့လို့မဖြစ်ဖူးလား???? ဟုတ်ကဲ့ပါ ဂိမ်းဆော့လို့ဖြစ်ပါတယ်။ ဒါပေမဲ့ပေါ့ ရိုးရိုး ၁သောင်းဝန်းကျင် mouse က response time 4-6 ms နဲ့ အထက်မှာပဲရှိပါတယ်။ Online FPS game တစ်ခု့ဆော့မယ်ဗျာ CSGO ပဲထားပါတော့။ သင့်ရဲ့ Monitor ကလဲ ရိုးရိုး ရုံးသုံး Monitor လောက်ပဲဖြစ်မယ် ဆို input lag က 16.67 ms ရှိမယ် အင်တာနက်လိုင်းရဲ့ Lag က 40ms (ping) ပဲထားပါတော့၊ ingame မှာမြန်မြန်ဆန်ဆန် ပစ်ရ ယှဉ်ရမဲ့အချိန်မှာ ကိုယ်က စု့စု့ ပေါင်း 60ms ကျော်နောက်ကျနေပြီ။ တကယ်လို့ ကိုယ့်ရဲ့လက်က reaction time မြန်လို့မြန်မြန်လှည့်ပစ်လိုက်ရင်တောင် Delay ရှိနေရင် ကိုယ်အရင်သေပြီး PUBG မှာဆို Better Luck Next Time လေးပေါ်လာတာပေါ့လေ။ CSGO professional ထဲက ထိပ်တန်း Player တစ်ယောက် က reaction time 4-6 ms ကြားမှာရှိပါတယ်။ SHROUD ဆိုရင် 6ms ပါ။ Shroud လို reaction time မြန်တဲ့လူတောင်မှ Mouse 6ms delay ရှိနေမယ်ဆိုရင် သူ့ reaction time နှောင့်နှေးပြီးတော့ သူ့ထက်နှေးတဲ့ လူသတ်တာခံရမှာပါ။


Gaming Mouse တစ်လုံးက ဘာတွေအားသာနေတာလဲ။



1. Adjust လုပ်လို့ရမဲ့ Sensitivity ရှိတယ်။


2. ကီးပေးလို့ရမဲ့ အပိုခလုတ်တွေပါမယ်


3. သက်တောင့်သက်သာနဲ့ efficient ဖြစ်မယ်။


4. Sensor တိတိကျကျရှိမယ်။




#1 adjust လုပ်လို့ရမဲ့ sensitivity –


Sensitivity ကို ကိုယ်သုံးနေကျ speed အထိ သက်တောင့်သက်သာဖြစ်တဲ့အထိညှိလို့ရပါတယ်။


အမြန်နဲ့အနှေးပေါ့။ DPI 10000 ကျော်တွေက အမှန်ဆိုမလိုပါဖူး။ သေချာတဲ့ တိကျမဲ့ muscle memory နဲ့


DPI 400 မှာ FPS pro အများစု့ဆော့ကြသလို။ 800 မှာလဲဆော့တဲ့လူရှိပါတယ်။သာမန်လူကတော့ ရိုးရိုးသုံးရင် 1000 နဲ့အထက်ကိုပဲသုံးတာပါ။ adjust လုပ်လို့ရတော့ Esport သမားပဲဖြစ်ဖြစ် Gamer တစ်ယောက်ပဲဖြစ်ဖြစ် ကိုယ်သုံးနေကျ Sensitivity ကို မှတ်ထားပြီးတော့ Mouse အသစ်ဝယ်ဖြစ်တာပဲဖြစ်ဖြစ် တစ်ခု့ခု့ကြောင့် သူများ mouse သုံးရတာပဲဖြစ်ဖြစ် ချိန်ပြီးတော့ သုံးလို့ရပါတယ်။ ကိုယ်ပိုင် Gaming Mouse နဲ့ ကိုယ့် DPI နဲ့ကိုယ်


နေရာတကာယူသွားပြီးသုံးတာကပိုကောင်းပါတယ်။ လက်က ဒီလောက် sensitivity ကိုအသုံးများလို့ မှတ်မိနေရင် Game ဆိုင်လျှောက်သွားတာပဲဖြစ်ဖြစ် mouse sensitivity မျိုးစုံကိုင်နေရတာထက် သာကိုသာပါတယ်။ CSGO player တစ်ယောက် ဆိုင်တစ်ဆိုင်မှာဆော့နေကျဗျာ တစ်ရက်မှာနောက်ဆိုင်တစ်ဆိုင်ပြောင်းလိုက်တော့ mouse မတူတော့တာနဲ့ ဆော့ရခက်တာတို့ ပစ်တိုင်းမထိတာတို့ဖြစ်တတ်ပါတယ်။ လူရဲ့ Muscle memory က သင် တစ်ယောက်ယောက်ကို ပုံစံတစ်မျိုးနဲ့


Kill လိုက်ပြီဆိုသူက မှတ်ထားပါတယ်။ သတ်တာများလေများလေ muscle memory က တိကျသေချာလာပြီးတော့ Skill တွေတက်လာပါလိမ့်မယ်။ Mouse က မကောင်းရင်တော့ အပေါ်မှာပြောခဲ့သလို ကိုယ်ပဲခံရပြီး ဒေါသထွက်ရမှာပေါ့။




#2 key ပေးလို့ရမဲ့ အပိုခလုတ်တွေပါမယ်။


Mouse တစ်ခု့မှာတော့အများဆုံး ၆ခု့ဆိုတော်ပါပြီ။ အဲ့ထက်များရင် အာရုံနောက်တတ်တယ်။


ဘယ်မှာသွားအသုံးဝင်လဲဆိုတော့ Fortnite gamer တွေမှာအသုံးဝင်ပါလိမ့်မယ်။ Macros တွေပေးထားပြီးတော့ building တွေပိုမြန်မြန်မြန်ဆန်ဆန်နဲ့ လက်တစ်ဖက်ထဲဆောက်နိုင်


ပါလိမ့်မယ်။ ဘယ်ဘက်လက်ကတော့ keyboard မှာ Weapon ရွေးဖို့ ခုန်ဖို့ပေါ့။ player က ညာသန်ဆို


ကိုယ်နဲ့ကိုက်တဲ့ Key mapping သာ အသေအချာပေးမိပြီဆိုရင် Mouse တစ်လုံးထဲနဲ့တော်တော်ကြမ်းလို့ရပါပြီ။ အလေ့အကျင့်လေး ရသွားရင် ဇိမ်ပါပဲ။




#3 သက်တောင့်သက်သာနဲ့ Efficient ဖြစ်မယ်


ဆိုတာက ရိုးရိုး Mouse ကိုင်ပြီးအလုပ်တစ်နေကုန်လုပ်ဖူးတဲ့လူဆိုပိုနားလည်လွယ်ပါလိမ့်မယ်။


လက်မတွေ လက်ညိုးတွေက နာလာပါတယ် ထိပ်လေးတွေ ထုံပြီး ကျင်ပြီး ကိုင်ရတာ ခက်ခဲလာပါတယ်။


ကျွန်တော်ဆိုလဲ လက်မ က နှိပ်နေတာမဟုတ်တာတောင် လက်မထိပ်တွေက ကိုင်ထားရတာနဲ့ကိုနာလာပါတယ်။ အဲ့လိုတွေက Gaming Mouse မှာမရှိအောင် လုပ်ပေးထားပါ။




#4 sensor တိတိကျကျ ရှိမယ်


ဒါကတော့ ရိုးရိုး Mouse နဲ့ သုံးတဲ့လူတွေက အခု့နောက်ပိုင်း Recoil အဆင့်မြင့်ထားပြီးတော့ game ထဲက Character အသက်ရှူနေတဲ့ နှလုံးခုန်နှုန်းအလိုက် သေနတ်က အပေါ်တက်လိုက် အောက်ဆင်းလိုက် အလိုလိုလုပ်နေတဲ့ Game မျိုးတွေမှာ တိကျတဲ့ Shot တစ်ခု့ရဖို့လုံးဝမလွယ်ပါဖူး။


Mouse ကို Mouse pad အလယ်မှာထားထားပြီးတော့ Cursor ကိုလဲ Monitor Screen အလယ်မှာထားထားပါ။ ၁လက်မ ရွှေ့လိုက်လို့ Cursor က Screen ဒေါင့်ကိုသွားကပ်နေတယ် ဒါပေမဲ့အလယ်ကို ၁လက်မပြန်ရွှေ့လိုက်တော့ Cursor က အလယ်ပြန်မရောက်ဖူး။ဒါဆိုရင်


Sensor မတိကျလို့ပါ။ Gaming Mouse သွားဝယ်လို့စမ်းရင်အဲ့လိုစမ်းနိုင်ပါတယ်။


ဒီလောက်ဆို gaming mouse လိုအပ်လားမလိုအပ်ဖူးလားဆိုတာကတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်နိုင်သွားလိမ့်မယ်


ထင်ပါတယ်။








Zawgyi
Gaming Mouse တစ္လုံးကိုဘာေၾကာင့္သုံးသင့္လဲ
ဘာေတြက အားသာေနတာလဲ။ Gaming Mouse အခ်င္းခ်င္းေရာဘာေတြကြာတတ္လဲ။
႐ိုး႐ိုး Mouse နဲ႔ေရာဂိမ္းေဆာ့လို႔မျဖစ္ဖူးလား????
ဟုတ္ကဲ့ပါ ဂိမ္းေဆာ့လို႔ျဖစ္ပါတယ္။ ဒါေပမဲ့ေပါ့ ႐ိုး႐ိုး ၁ေသာင္းဝန္းက်င္ mouse က response time 4-6 ms နဲ႔ အထက္မွာပဲရွိပါတယ္။ Online FPS game တစ္ခု႔ေဆာ့မယ္ဗ်ာ CSGO ပဲထားပါေတာ့။
သင့္ရဲ႕ Monitor ကလဲ ႐ိုး႐ိုး ႐ုံးသုံး Monitor ေလာက္ပဲျဖစ္မယ္ ဆို input lag က 16.67 ms ရွိမယ္
အင္တာနက္လိုင္းရဲ႕ Lag က 40ms (ping) ပဲထားပါေတာ့၊ ingame မွာျမန္ျမန္ဆန္ဆန္ ပစ္ရ ယွဥ္ရမဲ့အခ်ိန္မွာ
ကိုယ္က စု႔စု႔ ေပါင္း 60ms ေက်ာ္ေနာက္က်ေနၿပီ။ တကယ္လို႔ ကိုယ့္ရဲ႕လက္က reaction time ျမန္လို႔ျမန္ျမန္လွည့္ပစ္လိုက္ရင္ေတာင္ Delay ရွိေနရင္ ကိုယ္အရင္ေသၿပီး PUBG မွာဆို Better Luck Next Time ေလးေပၚလာတာေပါ့ေလ။ CSGO professional ထဲက ထိပ္တန္း Player တစ္ေယာက္ က reaction time 4-6 ms ၾကားမွာရွိပါတယ္။ SHROUD ဆိုရင္ 6ms ပါ။ Shroud လို reaction time ျမန္တဲ့လူေတာင္မွ Mouse 6ms delay ရွိေနမယ္ဆိုရင္ သူ႔ reaction time ေႏွာင့္ေႏွးၿပီးေတာ့ သူ႔ထက္ေႏွးတဲ့ လူသတ္တာခံရမွာပါ။

Gaming Mouse တစ္လုံးက ဘာေတြအားသာေနတာလဲ။
---------------------------------------------
1. Adjust လုပ္လို႔ရမဲ့ Sensitivity ရွိတယ္။
2. ကီးေပးလို႔ရမဲ့ အပိုခလုတ္ေတြပါမယ္
3. သက္ေတာင့္သက္သာနဲ႔ efficient ျဖစ္မယ္။
4. Sensor တိတိက်က်ရွိမယ္။


#1 adjust လုပ္လို႔ရမဲ့ sensitivity –
Sensitivity ကို ကိုယ္သုံးေနက် speed အထိ သက္ေတာင့္သက္သာျဖစ္တဲ့အထိညႇိလို႔ရပါတယ္။
အျမန္နဲ႔အေႏွးေပါ့။ DPI 10000 ေက်ာ္ေတြက အမွန္ဆိုမလိုပါဖူး။ ေသခ်ာတဲ့ တိက်မဲ့ muscle memory နဲ႔
DPI 400 မွာ FPS pro အမ်ားစု႔ေဆာ့ၾကသလို။ 800 မွာလဲေဆာ့တဲ့လူရွိပါတယ္။သာမန္လူကေတာ့ ႐ိုး႐ိုးသုံးရင္ 1000 နဲ႔အထက္ကိုပဲသုံးတာပါ။ adjust လုပ္လို႔ရေတာ့ Esport သမားပဲျဖစ္ျဖစ္ Gamer တစ္ေယာက္ပဲျဖစ္ျဖစ္ ကိုယ္သုံးေနက် Sensitivity ကို မွတ္ထားၿပီးေတာ့ Mouse အသစ္ဝယ္ျဖစ္တာပဲျဖစ္ျဖစ္ တစ္ခု႔ခု႔ေၾကာင့္ သူမ်ား mouse သုံးရတာပဲျဖစ္ျဖစ္ ခ်ိန္ၿပီးေတာ့ သုံးလို႔ရပါတယ္။ ကိုယ္ပိုင္ Gaming Mouse နဲ႔ ကိုယ့္ DPI နဲ႔ကိုယ္
ေနရာတကာယူသြားၿပီးသုံးတာကပိုေကာင္းပါတယ္။ လက္က ဒီေလာက္ sensitivity ကိုအသုံးမ်ားလို႔ မွတ္မိေနရင္ Game ဆိုင္ေလွ်ာက္သြားတာပဲျဖစ္ျဖစ္ mouse sensitivity မ်ိဳးစုံကိုင္ေနရတာထက္ သာကိုသာပါတယ္။ CSGO player တစ္ေယာက္ ဆိုင္တစ္ဆိုင္မွာေဆာ့ေနက်ဗ်ာ တစ္ရက္မွာေနာက္ဆိုင္တစ္ဆိုင္ေျပာင္းလိုက္ေတာ့ mouse မတူေတာ့တာနဲ႔ ေဆာ့ရခက္တာတို႔ ပစ္တိုင္းမထိတာတို႔ျဖစ္တတ္ပါတယ္။ လူရဲ႕ Muscle memory က သင္ တစ္ေယာက္ေယာက္ကို ပုံစံတစ္မ်ိဳးနဲ႔
Kill လိုက္ၿပီဆိုသူက မွတ္ထားပါတယ္။ သတ္တာမ်ားေလမ်ားေလ muscle memory က တိက်ေသခ်ာလာၿပီးေတာ့ Skill ေတြတက္လာပါလိမ့္မယ္။ Mouse က မေကာင္းရင္ေတာ့ အေပၚမွာေျပာခဲ့သလို ကိုယ္ပဲခံရၿပီး ေဒါသထြက္ရမွာေပါ့။


#2 key ေပးလို႔ရမဲ့ အပိုခလုတ္ေတြပါမယ္။
Mouse တစ္ခု႔မွာေတာ့အမ်ားဆုံး ၆ခု႔ဆိုေတာ္ပါၿပီ။ အဲ့ထက္မ်ားရင္ အာ႐ုံေနာက္တတ္တယ္။
ဘယ္မွာသြားအသုံးဝင္လဲဆိုေတာ့ Fortnite gamer ေတြမွာအသုံးဝင္ပါလိမ့္မယ္။ Macros ေတြေပးထားၿပီးေတာ့ building ေတြပိုျမန္ျမန္ျမန္ဆန္ဆန္နဲ႔ လက္တစ္ဖက္ထဲေဆာက္ႏိုင္
ပါလိမ့္မယ္။ ဘယ္ဘက္လက္ကေတာ့ keyboard မွာ Weapon ေ႐ြးဖို႔ ခုန္ဖို႔ေပါ့။ player က ညာသန္ဆို
ကိုယ္နဲ႔ကိုက္တဲ့ Key mapping သာ အေသအခ်ာေပးမိၿပီဆိုရင္ Mouse တစ္လုံးထဲနဲ႔ေတာ္ေတာ္ၾကမ္းလို႔ရပါၿပီ။ အေလ့အက်င့္ေလး ရသြားရင္ ဇိမ္ပါပဲ။


#3 သက္ေတာင့္သက္သာနဲ႔ Efficient ျဖစ္မယ္
ဆိုတာက ႐ိုး႐ိုး Mouse ကိုင္ၿပီးအလုပ္တစ္ေနကုန္လုပ္ဖူးတဲ့လူဆိုပိုနားလည္လြယ္ပါလိမ့္မယ္။
လက္မေတြ လက္ညိဳးေတြက နာလာပါတယ္ ထိပ္ေလးေတြ ထုံၿပီး က်င္ၿပီး ကိုင္ရတာ ခက္ခဲလာပါတယ္။
ကြၽန္ေတာ္ဆိုလဲ လက္မ က ႏွိပ္ေနတာမဟုတ္တာေတာင္ လက္မထိပ္ေတြက ကိုင္ထားရတာနဲ႔ကိုနာလာပါတယ္။ အဲ့လိုေတြက Gaming Mouse မွာမရွိေအာင္ လုပ္ေပးထားပါ။


#4 sensor တိတိက်က် ရွိမယ္
ဒါကေတာ့ ႐ိုး႐ိုး Mouse နဲ႔ သုံးတဲ့လူေတြက အခု႔ေနာက္ပိုင္း Recoil အဆင့္ျမင့္ထားၿပီးေတာ့ game ထဲက Character အသက္ရႉေနတဲ့ ႏွလုံးခုန္ႏႈန္းအလိုက္ ေသနတ္က အေပၚတက္လိုက္ ေအာက္ဆင္းလိုက္ အလိုလိုလုပ္ေနတဲ့ Game မ်ိဳးေတြမွာ တိက်တဲ့ Shot တစ္ခု႔ရဖို႔လုံးဝမလြယ္ပါဖူး။
Mouse ကို Mouse pad အလယ္မွာထားထားၿပီးေတာ့ Cursor ကိုလဲ Monitor Screen အလယ္မွာထားထားပါ။ ၁လက္မ ေ႐ႊ႕လိုက္လို႔ Cursor က Screen ေဒါင့္ကိုသြားကပ္ေနတယ္ ဒါေပမဲ့အလယ္ကို ၁လက္မျပန္ေ႐ႊ႕လိုက္ေတာ့ Cursor က အလယ္ျပန္မေရာက္ဖူး။ဒါဆိုရင္
Sensor မတိက်လို႔ပါ။ Gaming Mouse သြားဝယ္လို႔စမ္းရင္အဲ့လိုစမ္းႏိုင္ပါတယ္။
ဒီေလာက္ဆို gaming mouse လိုအပ္လားမလိုအပ္ဖူးလားဆိုတာကေတာ့ ကိုယ့္ဟာကိုယ္ ဆုံးျဖတ္ႏိုင္သြားလိမ့္မယ္
ထင္ပါတယ္။

No comments:

Post a Comment

မင်္ဂလာပါ..