💢 iPhone Refur ဆိုတာဘာလဲ/ ဘယ်လိုလဲ ❓
ပထမဆုံး ပြောချင်တာက Refur လို့ခေါ်နေကြတဲ့ (Refurbish - ပြင်ဆင်မွမ်းမံခြင်း) ဆိုတာမှာ
iDevice တွေကို Apple ကိုယ်တိုင်ပြင်ဆင်းပြီးရောင်းချတာဖြစ်ပြီး Apple Certified Refurbished လို့ ခေါ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက Apple က တရားဝင်ပြင်ဆင်ပြီး ရောင်းချတာရှိသလို ဆင်တူရိုးမှားနဲ့ တရားမဝင်ပြင်ဆင်ပြီး Apple Refur လို့ပြောရောင်းနေတာတွေလည်း ရှိပါတယ်။
ကဲ ဆက်ပြီးတော့ Apple Certified Refurbished အကြောင်းကို လေ့လာကြရအောင်နော်။
🍏 What is Apple Certified Refurbished ?
Apple က သူ့ရောင်းကုန်တွေကို ၁ နှစ် Warranty ပေးပါတယ်။ Warranty ၁ နှစ်အတွင်း Factory fault ကြောင့် တစ်စုံတစ်ရာဖြစ်ခဲ့ရင် အသစ်တစ်လုံး အစားထိုးပြန်ပေးပါတယ်။ ဒီလိုနဲ့ Error ဖြစ်တဲ့အလုံးတွေကို သူတို့ စက်ရုံစီပြန်ပို့ပါတယ်။ စက်ရုံမှာ Refurbishment process နဲ့
လိုအပ်တာတွေကို လဲလှယ်အစားထိုးပြီး အသစ်တိုင်းဖြစ်အောင်မွမ်းမံပါတယ်။ ဒီလို Apple က ပြင်ဆင်မွမ်းမံပြီး သေချာ Testing လုပ်ပြီးမှ Store တွေကို ပြန်လည်ပို့ပြီး ရောင်းချတဲ့အလုံးတေကို Apple Certified Refurbished လို့ ခေါ်တာဖြစ်ပါတယ်။
🍏 Apple Certified Refurbished တွေက အသစ်အတိုင်းကောင်းပါ့မလား?
Apple က သေချာစမ်းသပ်ပြီး 100% tested, QC pass ဖြစ်မှသာ ဈေးကွက်ထဲကို ပို့တာပါ။
ဒါကြောင့် အသစ်လုံးတွေအတိုင်း ယုံကြည်စိတ်ချစွာ အသုံးပြုလို့ရပါတယ်။ နောက်ပြီးတော့ ဘူးခွံမှာလည်း Apple Certified Refurbished ဆိုပြီး ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် Apple Policy အတိုင်း Official Warranty 1year ပေးထားလို့ Factory Fault ဖြစ်ပါကလဲ မူလအတိုင်း အသစ်တစ်လုံးလဲပေးဦးမှာ။
Apple Certified Refurbished ကိုဝယ်တာမှာ ထူးခြားတာက ပုံမှန်ထက် ဈေးသက်သာခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Refursihed တွေဟာ အကန့်အသတ်နဲ့သာလာတာဖြစ်လို့ အများကြီးတော့ ရှိမနေတတ်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင်လည်း တရားဝင် Apple Certified Refurbished တွေဟာ ဝယ်ယူဖို့ ရှားပါးပါတယ်။ ဒါကလဲ ဒီမှာက Official Store ကြီးတွေ မရှိတာကြောင့်လည်း ပါပါတယ်။ တချို့တွေကလည်း Apple Refur ဆိုပြီး တရားမဝင်ပြင်ဆင်ထားတာတွေ Apple က ပစ္စည်းမထုတ်တဲ့ Device model တွေကို အသစ်ဆိုပြီး ပြောဆိုရောင်းချနေတာတွေ ရှိပါတယ်။ ဒါကြောင့် Apple Device တွေကို ဝယ်မယ်ဆိုရင် ယုံကြည်စိတ်ချရပြီး အာမခံအပြည့်အဝရှိတဲ့ Apple Official Warranty ပေးတဲ့ ဆိုင်တွေကိုပဲ ရွေးချယ်ဝယ်ယူသင့်ကြောင်း တိုက်တွန်းအကြံပြုလိုက်ပါနော်။
zawgyi
💢 iPhone Refur ဆိုတာဘာလဲ/ ဘယ္လိုလဲ ❓
ပထမဆုံး ေျပာခ်င္တာက Refur လို႕ေခၚေနျကတဲ့ (Refurbish - ျပင္ဆင္မြမ္းမံျခင္း) ဆိုတာမွာ
iDevice ေတြကို Apple ကိုယ္တိုင္ျပင္ဆင္းၿပီးေရာင္းခ်တာျဖစ္ၿပီး Apple Certified Refurbished လို႕ ေခၚပါတယ္။ ဒီေနရာမွာ တစ္ခုေျပာခ်င္တာက Apple က တရား၀င္ျပင္ဆင္ၿပီး ေရာင္းခ်တာရွိသလို ဆင္တူရိုးမွားနဲ႕ တရားမ၀င္ျပင္ဆင္ၿပီး Apple Refur လို႕ေျပာေရာင္းေနတာေတြလည္း ရွိပါတယ္။
ကဲ ဆက္ၿပီးေတာ့ Apple Certified Refurbished အေၾကာင္းကို ေလ့လာၾကရေအာင္ေနာ္။
🍏 What is Apple Certified Refurbished ?
Apple က သူ႕ေရာင္းကုန္ေတြကို ၁ နွစ္ Warranty ေပးပါတယ္။ Warranty ၁ နွစ္အတြင္း Factory fault ေၾကာင့္ တစ္စုံတစ္ရာျဖစ္ခဲ့ရင္ အသစ္တစ္လုံး အစားထိုးျပန္ေပးပါတယ္။ ဒီလိုနဲ႕ Error ျဖစ္တဲ့အလုံးေတြကို သူတို႕ စက္ရုံစီျပန္ပို႕ပါတယ္။ စက္ရုံမွာ Refurbishment process နဲ႕
လိုအပ္တာေတြကို လဲလွယ္အစားထိုးၿပီး အသစ္တိုင္းျဖစ္ေအာင္မြမ္းမံပါတယ္။ ဒီလို Apple က ျပင္ဆင္မြမ္းမံၿပီး ေသခ်ာ Testing လုပ္ၿပီးမွ Store ေတြကို ျပန္လည္ပို႕ၿပီး ေရာင္းခ်တဲ့အလုံးေတကို Apple Certified Refurbished လို႕ ေခၚတာျဖစ္ပါတယ္။
🍏 Apple Certified Refurbished ေတြက အသစ္အတိုင္းေကာင္းပါ့မလား?
Apple က ေသခ်ာစမ္းသပ္ၿပီး 100% tested, QC pass ျဖစ္မွသာ ေစ်းကြက္ထဲကို ပို႕တာပါ။
ဒါေၾကာင့္ အသစ္လုံးေတြအတိုင္း ယုံၾကည္စိတ္ခ်စြာ အသုံးျပဳလို႕ရပါတယ္။ ေနာက္ၿပီးေတာ့ ဘူးခြံမွာလည္း Apple Certified Refurbished ဆိုၿပီး ေဖာ္ျပေပးထားပါတယ္။ ဒါ့အျပင္ Apple Policy အတိုင္း Official Warranty 1year ေပးထားလို႕ Factory Fault ျဖစ္ပါကလဲ မူလအတိုင္း အသစ္တစ္လုံးလဲေပးဦးမွာ။
Apple Certified Refurbished ကို၀ယ္တာမွာ ထူးျခားတာက ပုံမွန္ထက္ ေစ်းသက္သာျခင္းပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ Refursihed ေတြဟာ အကန္႕အသတ္နဲ႕သာလာတာျဖစ္လို႕ အမ်ားၾကီးေတာ့ ရွိမေနတတ္ပါဘူး။ ျမန္မာနိုင္ငံမွာဆိုရင္လည္း တရား၀င္ Apple Certified Refurbished ေတြဟာ ၀ယ္ယူဖို႕ ရွားပါးပါတယ္။ ဒါကလဲ ဒီမွာက Official Store ၾကီးေတြ မရွိတာေၾကာင့္လည္း ပါပါတယ္။ တခ်ိဳ႕ေတြကလည္း Apple Refur ဆိုၿပီး တရားမ၀င္ျပင္ဆင္ထားတာေတြ Apple က ပစၥည္းမထုတ္တဲ့ Device model ေတြကို အသစ္ဆိုၿပီး ေျပာဆိုေရာင္းခ်ေနတာေတြ ရွိပါတယ္။ ဒါေၾကာင့္ Apple Device ေတြကို ၀ယ္မယ္ဆိုရင္ ယုံၾကည္စိတ္ခ်ရၿပီး အာမခံအျပည့္အ၀ရွိတဲ့ Apple Official Warranty ေပးတဲ့ ဆိုင္ေတြကိုပဲ ေရြးခ်ယ္၀ယ္ယူသင့္ေၾကာင္း တိုက္တြန္းအၾကံျပဳလိုက္ပါေနာ္။
No comments:
Post a Comment
မင်္ဂလာပါ..