Core ဆိုတာဘာလဲ ? Core i3, i5, i7 ဘာတွေ ကွာခြားလဲ? CPU ဘယ်လိုအလုပ်လုပ်လဲ? Cache အကြောင်း၊ Hyper - Threading နဲ့ Overclocking ဆိုတာ ဘာလဲ ??
++++++++++++++++++++++
မင်္ဂလာပါဗျ..
ဒီနေ့မှာတော့ ကျွန်တော် ယနေ့ခေတ်အခါမှာ အရမ်းကို သိချင်သူတွေများနေတဲ့ Core i3, i5 နဲ့ i7 တွေကဘာတွေကွာလဲ? CPU က ဘယ်လို အလုပ်လုပ်လဲ၊ မသိမဖြစ်သိထားသင့်တဲ့ Cache အကြောင်း၊ Hyper Thrading အကြောင်းနဲ့ စာသိပ်မရှည်ဘူးဆိုရင် Overclocking ပေါ့ အစရှိတဲ့ CPU နဲ့ သက်ဆိုင်တဲ့ အကြောင်းလေးတွေကို အနည်းငယ်ဝေမျှပေးချင်ပါတယ်..
အိုကေဗျာ. .ကျွန်တော်တို့ အရင်ဆုံး CPU တွေမှာ ပါဝင်တဲ့ Core ဆိုတာ ဘာလဲဆိုတာလေးနဲ့ စလိုက်ကြရအောင်ဗျာ.. ဟုတ်တယ်ဗျ.. ကျွန်တော်အခုပြောပြမယ့် Core ဆိုတာ မိတ်ဆွေတို့ အမြဲလိုလို ကြားနေတဲ့ Core i3 , corei5 , core i7 အစရှိတဲ့ CPU တွေမှာ ပါဝင်တဲ့ Core အကြောင်းပါ။ ဒီလိုဗျ .. ကျွန်တော်တို့ သုံစွဲနေတဲ့ CPU တွေမှာ Core ဆိုတာပါတယ်။ မိတ်ဆွေတို့ ပြောကြပါတယ် CPU က Computer ရဲ့ Brain ဆိုတာလေ.. ဟုတ်ပါတယ်.. သိပ်ကိုဟုတ်တာပေါ့.. ဒီတော့ CPU ကို ဒီလိုဂုဏ်သတင်းကျော်ဇောအောင် နောက်ကွယ်မှာ ထောက်ပံ့ပေးနေတာကို ပြောပါဆိုရင်တော့ Core ပေါ့.. ဟုတ်သဗျ.. ကျွန်တေ်ာတို့ သုံးစွဲနေတဲ့ CPU တွေမှာ Core ဆိုတာကြီးပါနေလို့သာညွှန်ကြားချက်တွေကိုလက်ခံနိုင်ပြီး မြန်မြန်ဆန်ဆန် တွက်ချက်နိုင်တာ၊ Performance ကောင်းကောင်းလုပ်နေနိုင်တာပါ.. ထားပါတော့ မိတ်ဆွေတို့ ဒီနေရာမှာ တစ်ခုသိရမှာ CPU က ကွန်ပျူတာရဲ့ Brain မဟုတ်တော့ဘူး.. Core ကသာ ကွန်ပျူတာရဲ့ Brain ပေါ့ဗျာ.. အိုကေ ဒီလောက်ဆို မိတ်ဆွေတို့ Core ဆိုတာ အကြောင်းသိကြပြီပေါ့.. ဆိုတော့ ကျွန်တော် ထပ်ပြီးတော့ CPU က ဘယ်လို အလုပ်လုပ်လဲဆိုတာလေး မြင်အောင် ထပ်ပြောပြချင်ပါတယ်..
ဒီလိုဗျ အပေါ်မှာ ကျွန်တော် CPU က Instructions ( ညွှန်ကြားချက်) တွေကို လက်ခံတယ်လို့ ပြောခဲ့တယ်နော်.. အဲ့တော့ CPU က ဝမ်းသာအားရ တွေ့သမျှ Device ဆီက ညွှန်ကြားချက်တွေကို လက်ခံတာလားဆိုတော့ No ပါ။ CPU က ညွှန်ကြားချက်တွေကို ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး RAM ဆီကသာ လက်ခံတာဖြစ်ပါတယ်.. ကျွန်တော်တို့ Run သမျှ ဒေတာတွေဟာ RAM ဆီကို အရင်ရောက်တာပါ.. RAM ကမှ တစ်ဆင့် CPU ကို ပေးပို့ ၊ CPU က တွက်ထုတ်ပေးမှ Output ပြန်လည်ရရှိတာဖြစ်ပါတယ်။ အရင်ဆုံးသူက RAM ဆီမှာ ရှိသမျှ Instructions တွေကို Synchronize လုပ်တယ်.. အချိန်နဲတပြေးညီယူတယ်ပေါ့ဗျာ.. ပြီးတော့ ဒါတွေကို လူတွေနားလည်တဲ့ ပုံစံတွေနဲ့ ပြန်လည်တွက်ချက်ပြီး Output Device တွေမှာ ပြန်ပြပေးတာဖြစ်ပါတယ်.. ဒါ့ကြောင့် မိတ်ဆွေတို့ နည်းနည်းလေး မဆိုသလောက်လေး သတိလေးထားကြည့်.. ဟုတ်သဗျာ.. ဒီမှာလာပြီ North bridge Chip ဆိုတာလေး .. ဘယ်သူတွေနဲ့ တိုက်ရိုက်ချိတ်ထားလည်းလို့လေ့လာကြည့်.. CPU , RAM နဲ့ Motherboard အဟောင်းတွေဆိုရင် AGP ( Accelerated Graphic Port) တွေနဲ့ ချိတ်တယ်။ဘာလို့လည်းဆိုတော့ သူတို့က ကွန်ပျူတာမှာ အဓိက အလုပ်လုပ်ရမယ့် အစိတ်အပိုင်းတွေဖြစ်လို့ပါ.. သူတို့မြန်မြန်ဆန်ဆန် ဆက်သွယ်မှုတွေမလုပ်နိုင်ရင်
ကွန်ပျူတာက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့ကို ကောင်းမွန်တဲ့ အလုပ်တွေလုပ်ဆောင်နိုင်အောင် North Bridge နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်..
ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကျွန်တော်တို့တွေ North Bridge ကို မြင်တွေ့ရဖို့မလွယ်တော့ပါ ဘာဖြစ်လို့လည်းဆိုတော့ ကိုရွှေ Intel က ၂၀၀၃ ခုနှစ်တည်းက North Bridge ကို CPU ထဲမှာ ထည့်သွင်းတဲ့ AMD ရဲ့ လမ်းစဉ်ကို ကြိုက်လို့တဲ့ဗျာ.. ၂၀၁၁ ခုနှစ်မှာသူလည်း North Bridge ကို CPU မှာ အသေတွဲလိုက်ပါပြီ။ ကိုယ်ဝယ်တဲ့ Motherboard မှာ Northbridge မတွေ့လို့ အရမ်းကြီးလိုက်ရှာမနေနဲ့ဦး ကျွန်တော့်လို .. ကျွန်တော်ဆို မတွေ့လို့ စိတ်ဓာတ်တွေ ကျဖူးတယ်.. ထားပါတော့... ဒါလေးကိုတော့ မိတ်ဆွေတွေကို သိစေချင်ပါတယ်.. ဘာလဲဆိုတော့ ကျွန်တော် အပေါ်မှာ တိုက်ရိုက် ချိတ်ဆက်တယ်.. ချိတ်ဆက်တယ်။ ဆက်သွယ်တယ်ဆိုတာတွေ သုံးခဲ့ပါတယ်။ ဒီတော့ မိတ်ဆွေတို့ Mother Board မှာ ပါဝင်တဲ့ Component တွေ ဘယ်လို ချိတ်ဆက်ထားလဲဆိုတာ မသိချင်ကြဘူးလား ?? ဟုတ်ကဲ့ ကျွန်တော်က မမေးလည်းပြောပါတယ်.. သူတို့တွေကို Bus Communication System သုံးပြီး ချိတ်ဆက်ထားတာဖြစ်ပါတယ်။ Bus မှာတောင် Parallel Communication နဲ့ Serial Communication ဆိုတာကရှိသေး အဲလေ.. ရှိစေတော့ Bus ဘာညာတွေက သိချင်ရင် ကျွန်တော့်သင်တန်းတက်.. ဟီးး စတာပါဗျာ.. တကယ်တက်တော့လည်း ကျွန်တော်ပျော်မိမှာပါ..
အိုကေ.. ဆိုတော့ မိတ်ဆွေတို့ အခုဆို CPU Core အကြောင်း နဲ့ CPU ကြီးအလုပ်လုပ်ပုံ ကြားထဲက မဆီမဆိုင် ပါဝင်လာတဲ့ ကို ရွှေ North Bridge အကြောင်းနဲ့ Bus ဆိုတာလေးတွေ သိခဲ့ပြီပေါ့... နားလည်လည် မလည်လည်ဗျာ.. လည်တယ်လို့ ယူဆမယ်နော်.. အိုကေ ဒါဆို ကျွန်တေ်ာတို့ ဆက်ဆွဲမယ်..
ကျွန်တော် Core ဆိုတာကြီးက ကွန်ပျူတာရဲ့ Brain ဖြစ်ကြောင်းနဲ့ ၊ Instruction တွေလက်ခံနိုင်ကြောင်း၊ မြန်မြန်ဆန်ဆန် တွက်ချက်ဘာညာ လုပ်ပြီး Output ပြန်ပြပေးကြောင်းပြောကြားပြီးပါပေါ့.. ဆိုတော့ ကျွန်တော်တို့ 1 Core CPU မသုံးဘဲ 2 Core CPU ကို သုံးရင် ဘာတွေဖြစ်လာနိုင်မလဲ .. အာ..မိတ်ဆွေလုံး၀ ရှင်းပါတယ်..
လုပ်ဆောင်နိုင်ချက်တွေ ပိုမိုမြန်ဆန်လာမှာပေါ့ဗျာ.. အရင်ထပ် ၂ ဆ တိုးပြီး လုပ်နိုင်မယ်။ ပိုပြီး Performance ကောင်းလာတာပေါ့ဗျာ.. ဆိုတော့ မိတ်ဆွေတို့ ကြားဖူးလိမ့်မယ်.. Dual Core ဘာညာ.. ..အဲ...သိပ်ဟုတ်တာပေါ့ဗျာ.. အဲ့ဒါက Physical Chip (CPU) လေးတစ်ခုမှာ Core ၂ လုံးတပ်ဆင်ထားတယ်လို့ ပြောတာနဲ့ အတူတူပါပဲ..
Core များလာလေ.. အမေးဇင်း Speed တွေရလေ.. မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်လေ.. တွက်ချက်နိုင်လေ.. Performance ကောင်းလာလေလေပေါ့ဗျာ.. .ဒီလောက် ဆို ကိုရွှေ Core တွေအကြောင်း မိတ်ဆွေတို့ နားလည်ပြီထင်ပါတယ်.... ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ.. ကိုရွှေ Core တွေအကြောင်း ပြောပြီးပြီဆိုတော့ Hyper-Threading အကြောင်း ဆက်ပြောမယ်နော်..
ဒီလိုဗျာ.. ကျွန်တော် အပေါ်မှာ ပြောခဲ့ပါပေါ့.. Core များလေ.. Performance ကောင်းကောင်းလုပ်ဆောင်နိုင်လေလေဆိုတာကိုလေ.. ဟုတ်သဗျာ.. ဒီတော့ Hyper-Threading Technology ပါဝင်လာတဲ့ CPU ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတော့ ဆိုပါတော့ ကျွန်တော် တို့ 2 core ပါတဲ့ CPU ကို သုံးနေတယ်ပေါ့ဗျာ.. ဒါဆိုရင် Hyper Threading Technology က တကယ်ရှိနေတဲ့ Physical core နဲ့ စွမ်းဆောင်ရည်တူတဲ့ နောက်ထပ် Virtual (or) Logical core ၂ လုံးကိုဖန်တီးလိုက်တယ်.. တကယ့်အစစ်တွေမဟုတ်ဘူးနော်.. အတုအယောင် core တွေပါ.. ဆိုတော့ ကျွန်တော်တို့ Performance ကတော့ အရင် ရှိပြီးသား ၂ လုံးထပ်စာရင် ရှယ် Good ပေါ့ဗျာ..ဒီလိုပဲ 1 Core CPU ဆိုရင်လည်း သူက အတုအယောင် core ၁ လုံးကို ဖန်တီးပေးတယ်ပေါ့.. ထားပါတော့ ကျွန်တော်တို့ 4 Core သုံးမယ်ဆိုရင်ရော.. နောက်ထပ် Virtual Core ၄ လုံးကို ဖန်တီးပေးမှာပါ.. ဆိုတော့ ကျွန်တော်တို့က ငွေကုန်ကျေးကျသက်သာစွာနဲ့ Core ၄ လုံးလောက်သာ သုံးထားပေမယ့် တကယ်ရနေတာက ၈ လုံးစာပေါ့ဗျာ.. ဒီလောက်ဆို မိတ်ဆွေတို့ Hyper Thread ဆိုတာကို နားလည်မယ်လို့ ထင်ပါတယ်ခင်ဗျာ.. ဆိုတော့ Hyper Thread ရဲ့ ကောင်းကျိုးကို ပြောပါဆိုရင်.. သူက User တွေအသုံးပြုနေတဲ့ Multi task တွေပေါ့ဗျာ.. သေးသေးလေးတွေတောင်မဟုတ်ဘူး.. အကြီးကြီးတွေ. ဥပမာ Video Editing လုပ်တာတို့
Graphic Design တွေဖန်တီးတာမျိုး Rendering လုပ်နေတဲ့ အခါမျိုးတွေပေါ့.. ဒီလို CPU ရဲ့ စွမ်းဆောင်ရည်ကို သုံးပြီး အလုပ်လုပ်ရတဲ့ Software အကြီးတွေအတွက် အရမ်းကို အသုံးဝင်ပါတယ်.. လုံး၀ ကြန့်ကြာမှုမရှိဘဲနဲ့ မြန်မြန်ဆန်ဆန် Performance ကောင်းကောင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်..
အိုးစ်.. ရေးတာတော့ များနေပြီ.. ဆက်ဆွဲကြဦးမလား .. အိုကေ.. ကောင်းပြီဗျာ.. ဆွဲကြတာပေါ့.. ဒီ တစ်ခါကျတော့ ကျွန်တော် Cache အကြောင်းလေးပြောမယ်.. အိုကေဗျာ.. မိတ်ဆွေတို့ ဟိုးအပေါ်လောက်ကို ပြန်လည်သတိရပေး ကျွန်တော် CPU အလုပ်လုပ်ပုံအကြောင်းပြောခဲ့တုန်းက CPU က Memory ဆီက ညွှန်ကြားချက်တွေ ကို လက်ခံရယူတယ်လို့ ပြောခဲ့တယ်နော်.. ဟုတ်ကဲ့ .. အခု Cache က အဲ့ဒါလေးနဲ့ ချိတ်ဆက်ပြီးပြောရမှာမို့လို့ပါခင်ဗျာ... ဆိုတော့ CPU က processing ကို အမြန်ဆုံး လုပ်နိုင်တဲ့ Device မဟုတ်လားဗျ.. ဟုတ်တာပေါ့ဗျာ.. CPU မြန်နှုန်းကို ကိုရွှေ RAM ဘယ်မှီမတုန်း အဲ့တော့ RAM ဆီက ညွှန်ကြားချက်ကို ရဖို့ CPU က အိပ်ပြီးစောင့်နေရတယ်.. ရက်စ်.. Right! ဒါအမှန်တရားပဲ.. ဘာ့ကြောင့်လည်း ပြောရင် RAM နဲ့ CPU က Speed မှမတူတာ.. အိုကေ ဒီတော့ Memory (RAM) ဆီကနေ Instruction တွေလက်ခံနိုင်ဖို့ ကိုရွှေ Cache ဆိုတာပေါ်လာတယ်.. Cache ဆိုတာ CPU နဲ့ RAM အကြားမှာ မြန်ဆန်တဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ပေးနိုင်တဲ့ အရာပေါ့ဗျာ... ဘာကြောင့် Cache က ကြားက ဝင်လာတာလဲ.. အိုကေဗျာ... ရှင်းပြပေးပါ့မယ်.. မိတ်ဆွေတို့ ကြားဖူးလား.. SRAM ဆိုတာ.. ဟုတ်ပါတယ်.. Dynamic RAM လုံးဝမဟုတ်ပါဘူး။ သြော်.. ဒါတွေအကြောင်းလည်း ကျွန်တော် ရှင်းပြထားတယ်.. သင်တန်းမှာ.. စတာပါ..
ဆိုတော့ SRAM က ကျွန်တော်တို့ လက်ရှိသုံးနေကြတဲ့ DRAM တွေထပ် အစပေါင်းများစွာ မြန်တယ်... ပြီးတော့ သူက ဒေတာတွေကို ထိန်းသိမ်းဖို့ Refresh လုပ်နေစရာမလိုဘူး.. Refresh ဆိုလို့ ကွန်ပျူတာမှာ F5 ကီး နှိပ်ပြီး ဖလက်ဖလက် လုပ်တဲ့ Refresh ကို ပြောတာမဟုတ်ဘူးနော်.. မှားနေကြမဆိုးလို့.. Refresh ဆိုတာ Electric Charge ကို Refresh လုပ်စရာမလိုတာ.. အဲ့မှာ စတာပဲ DRAM တွေဘာကြောင့် ဈေးသက်သာနေရသလဲဆိုတာ.. ဆိုတော့ ကိုရွှေ Cache က SRAM အမျိုးအစားလေ..
သူက DRAM ထပ်တော့ မြန်တယ်.. ဒါပေမယ့် CPU လောက်တော့ မမြန်ဘူး .. အဲ့တော့ သူက RAM ဆီကနေ ဒေတာတွေကို လက်ခံပေးတယ်.. ပြီးရင် CPU ဆီကို ပို့တယ်.. ဆိုတော့ CPU က အိပ်နေလို့မရတော့ဘူး.. သူ့ကို မမီပေမယ့် သူနဲ့ တန်းတူ လုပ်နိုင်တဲ့ Cache ကြားမှာရောက်လာလို့လေ.... အမယ်.. Cache က လူလယ်ဗျ.. သူ CPU ကို ပို့လိုက်တယ်နော်.. အမ်း CPU ကနေ Output ပြန်ထုတ်ပေးရင် သူက ဒေတာတွေကို ပို့လည်းပို့တယ် သိမ်းလဲထားတယ်.. တကယ်လို့ RAM က ထပ်ပြီး တောင်းတဲ့ ဒေတာက ပုံစံတူ ဖြစ်နေရင်
သူက CPU ဆီကို ထပ်မပို့တော့ဘူး.. သူ့မှာရှိပြီးသားကိုပဲ Output အတွက် ပို့ပေးတယ်..
ဆိုတော့ .. CPU လည်း သက်သာတယ်.. သူ့ရှိတဲ့ အလုပ်ပုံမှန်လုပ်၊ အဲ.. User အနေနဲ့ ပြန်ကြည့်မယ်ဆိုရင်လည်း ကိုယ် ၁ ကြိမ်သုံးထားတဲ့ Program ကို CPU ဆီက ထပ်စောင့်နေစရာမလိုတော့ဘူးပေါ့.. အိုကေဗျာ.. Cache ရဲ့ အလုပ်လုပ်ပုံကို ဥပမာ အနေနဲ့ ပေးရရင် ကျွန်တော် တို့ ကွန်ပျူတာမှာ Firefox ပေါ့ဗျာ. .Browser တစ်ခု စဖွင့်တယ်ဆိုပါတော့ ကျွန်တော်တို့ မစောင့်ရဘူးလား.. စောင့်ရတယ်လေ.. အဝိုင်းလေးလည်ပြီး.. အဲ... ပိတ်လိုက်ဗျာ.. နောက်တစ်ခါ ထပ်ဖွင့်ကြည့်လိုက် ရွှိဆိုပြီး တန်းပြတာ.. ဟုတ်သဗျာ. အဲ့ဒါ Cache ရဲ့ အစွမ်းပါပဲ.. အခြားသော Software တွေ၊ program တွေလည်း တူတူပါပဲ.. ဥပမာ Microsoft word စဖွင့်ဖွင့်ချင်း နဲနဲကြာတယ်.. ဟုတ်သဗျာ.. cache မရှိသေးလို့ပါ.. ပိတ်လိုက်ပြီး ပြန်ဖွင့်ကြည့် ရွှိဆိုပြီးတက်လာပြီ.. အဲ့ဒါ Cache ရဲ့ အစွမ်းပါပဲ.. ဟူးဗျာ.. မောလိုက်ထှာ.. သြော်..နေဦးဗျ သူ့မှာ L1, L2, L3 ဆိုပြီးတော့ရှိသေးတယ်.. ထားတော့ဗျာ... နောက်မှဆက်မယ်...
မောလဲ မတက်နိုင်ဘူးဗျာ.. Overclocking အကြောင်းဆက်ပြောဦးမယ်. .. ဒီလိုဗျ Overclock လုပ်တယ်ဆိုတာ သတ်မှတ်ထားတဲ့ စွမ်းရည်ပမာဏ၊ လုပ်ဆောင်နိုင်ချက်ထပ် ကျော်လွန်သုံးစွဲတာကို ဆိုလိုတာ.. Overclock က CPU ကိုလည်း လုပ်လို့ရတယ်.. GPU (Graphical Processing Unit) ကိုလည်း လုပ်လို့ရတယ်.. ဆိုပါတော့ CPU တစ်ခုက ဘယ်လောက် GHz နဲ့ သွားတယ်.. ဆိုတာ သတ်မှတ် ထားတဲ့ Limit ပါကျော်ပြီး စွမ်းဆောင်နိုင်တယ်.. GPU လည်း ထိုနည်း ၎င်းပေါ့ဗျာ.. ထားပါတော့.. Limit ကျော်ပြီး စွမ်းဆောင်နိုင်တော့ Performance တွေကလည်း မြန်မှာပေါ့ဗျာ... နောက်တစ်ခုက ပိုက်ဆံ၊ ကျွန်တော်တို့က ပိုက်ဆံ အကုန်အကျမခံရဘဲ ရှိပြီးသား Resource တစ်ခုကို မဟားဒယား သုံးတာလေ. သိပ်ကြိုက်တာပေါ့ ဘယ်လိုလူမျိုးတွေအတွက်လည်းဆိုရင် Game သမားဆရာကြီးတွေ၊ Video Edit, Graphic Design , 3D ဘာညာ လုပ်တဲ့ ဆရာကြီးတွေပေါ့ဗျာ.. သူတို့အတွက ရှယ်ပေါ့.. ဘယ်အရာမဆို ကောင်းတာ ရှိရင် ဆိုးတာ ရှိတယ်ဆိုတာ မိတ်ဆွေတို့ သိထားရမယ်.. ဆိုတော့ ဆိုးတဲ့အချက်လာပြီပေါ့. Overclock လုပ်လိုက်ပြီဆိုရင် စက်က အရမ်းပူပါတယ်.. အရင်ထပ် အစပေါင်းများစွာ Heat ထုတ်ပေးပါတယ်.. ဆိုတော့ အရမ်းကောင်းတဲ့ အအေးဓာတ်ပေးဖို့လိုပါတယ်.. တော်ယုံအေးယုံနဲ့တောင် မရလောက်ပါဘူး။ နောက်တစ်ခုက ပစ္စည်းသက်တမ်း အာမခံ မရနိုင်တော့ပါဘူး။ ပစ္စည်းကလည်း သက်တမ်းတိုပါမယ်။ ထားပါတော့ ၁ နှစ် ခံတဲ့ ပစ္စည်းဟာ ၆ လသာခံတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်.. ဆိုတော့ သုံးသင့် မသုံးသင့် ကတော့ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်သဗျာ.. High Level CPU တွေမှာပဲရမှာပါ.. CPU တိုင်းမဟုတ်ပါဘူး.. ကျွန်တော်က Knowledge Sharing သပ်သပ်ရယ်ပါ... တကယ်လို့ Overclocking လုပ်ချင်တယ်ဆိုရင်တော့ Bios ထဲမှာ ဝင်လုပ်ရမှာဖြစ်ပါတယ်..
အာ... ရေးကောင်းနေတာနဲ့ .. Core i3, i5, i7 ဘာတွေကွာလည်း ဆိုတာလေး ပြောဖို့မေ့တော့မယ်.. မေ့လိုက်ရတော့မလား .. ?? ဟဟ မလုပ်ပါနဲ့ ဗျာ.. ဒါလေးကို လည်း သိစေချင်ပါတယ်... ဆိုတော့
Core i3 မှာ ဘာပါလဲဆိုတော့ 2 core + Hyper-Threading Technology ပါတယ်ဗျ. ဆိုတော့ core ၄ လုံးနဲ့ ငြိမ့်နိုင်တာပေါ့... .. အဲ... ဒါဆို Core i5 ကရော.. သူကတော့ 4 core ပဲပါပါတယ်.. ဒါပေမယ့် No Hyper-Threading ပါ ဆိုလိုတာက i3 နဲ့ သူမသာ ကိုယ်... ဘာညာပေါ့.. နောက်ထပ်တစ်ခုက Core i7 ၊ သူက ကျတော့ 4 core ပါတာလည်းရှိတယ်။ 8 core ပါတာလည်းရှိတယ်ပေါ့.. ဆိုပါစို့ 4 or more core သူ့မှာက Hyper-Threading Technology ပါဝင်ကြောင်းပါဗျာ.. ဒီလောက်ဆို မိတ်ဆွေတို့ရဲ့ Motherboard တွေဟာ CPU core ဘာညာတွေအလိုက် ဘာကြောင့် ဈေးကြီးနေရတာလည်း ဆိုတာ မိတ်ဆွေတို့ ကောင်းကောင်းသိလောက်ပြီလို့ ကျွန်တော်ထင်ပါတယ်ခင်ဗျာ... .. စာလေးကို ဆုံးခန်းတိုင်အောင် ဖတ်ရှုပေးကြတဲ့ မိတ်ဆွေ အယောက်ချင်းစီတိုင်းကို ကျေးဇူးအတူးပင်တင်ရှိပါတယ်ခင်ဗျာ...
မူရင်းးးးလင်ခ့်
No comments:
Post a Comment
မင်္ဂလာပါ..