menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

YouTube ရဲ့ စိတ်ဝင်စားစရာအချက်များ

YouTube ရဲ့ စိတ်ဝင်စားစရာအချက်များ
*************************
YouTube ဟာ ကမ္ဘာမှာရေပန်းအစားဆုံး ဗီဒီယိုဝက်ဘ်ဆိုက်ဖြစ်သလို ဒုတိယလူသုံးအများဆုံး ဝက်ဘ်ဆိုက်လည်းဖြစ်ပါတယ်။
Youtube ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
လစဉ်သုံးစွဲသူသန်းနှစ်ထောင်
ဒီနှစ်ထဲမှာ လစဉ်ဝင်ကြည့်သူသန်းနှစ်ထောင် အထိရှိခဲ့ပြီး ဒါဟာကမ္ဘာ့လူဦးရေရဲ့ (၂၅) ရာခိုင်နှုန်း ဖြစ်ပါတယ်။ လေ့လာမှုတွေရဲ့ ခန့်မှန်းချက်အရ အတိအကျမဟုတ်ပေမယ့် သုံးသူ (၆၈) ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ပြီး
(၃၈) ရာခိုင်နှုန်းကသာ အမျိုးသမီးတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကလည်း ထူးဆန်းပါတယ်။
မိနစ်တိုင်းမှာ ကြည့်စရာ နာရီ (၅၀ဝ) စာ အသစ်တိုးနေ
တစ်မိနစ်တိုင်းမှာ ကြည့်စရာဗီဒီယို မိနစ် (၅၀ဝ) စာလောက် YouTube ပေါ်ကိုတင်နေကြတယ်လို့ You Tube ကိုပိုင်တဲ့ Google က ထုတ်ပြန်ပါတယ်။ ဒါဟာ တစ်ရက်ကို နာရီ ခုနစ်သိန်း နှစ်သောင်းစာအသစ်တိုးနေတယ်ဆိုတဲ့ သဘောပါ။ နောက်တစ်နည်းပြောရရင် YouTube မှာ တစ်နေ့တင်တဲ့ ဗီဒီယိုအားလုံးကို ကြည့်ဖို့ဆိုရင် မနားတမ်းကြည့်မယ်ဆိုရင်တောင် ကိုယ့်တစ်သက် ၈၂ နှစ်တိတိ ကြာမှာဖြစ်ပါတယ်။
၂၀၁၆ မှာ ဂူးဂဲလ်က ဒေါ်လာသန်း (၁၆၅၀) နဲ့ဝယ်ယူခဲ့
YouTube ကို တကယ်တမ်းစတင်ထူထောင်ခဲ့တာက အွန်လိုင်းငွေချေမှုစနစ် PayPal ကုမ္ပဏီက ဝန်ထမ်းဟောင်းသုံးဦးဖြစ်တဲ့ ဂျဝါ့ဒ်ကာရင်၊ ချော့ဒ်ဟာဒလေနဲ့ စတိဗ်ချန်တို့ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပေမယ့် အဲဒီနှစ်ဧပြီလ (၂၃)ရက်နေ့မှာမှ ပထမဆုံးဗီဒီယို က်ဘ်ဆိုက်ပေါ်လွှင့်တင်မှု စခဲ့တာဖြစ်ပါတယ်။ တစ်ဟုန်ထိုးအောင်မြင်ခဲ့တဲ့ ဒီဝက်ဘ်ဆိုက်ကို ၂၀၁၆ နိုဝင်ဘာမှာ ဂူးဂဲလ်က ဒေါ်လာ သန်း ၁၆၅၀ (၁.၆၅ ဘီလီယံ) နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ဈေးကွက်တန်ကြေး ဒေါ်လာ သန်း ၁၄ဝဝဝဝ ရှိ
ဝက်ဘ်ဆိုက်တစ်ခုကို ဒေါ်လာသန်းထောင်ချီ ပေးဝယ်တာဟာ ကြောက်စရာဈေးနှန်းဆိုပေမယ့် တကယ်တမ်းဈေးကွက်တန်ကြေးအရ ဒေါ်လာသန်းတစ်သိန်းလေးသောင်းကျော် (၁၄ဝ ဘီလီယံ)အထိ တန်တယ်လို့ဆိုပါတယ်။ နှစ်မှာဝင်ငွေတင် ဒေါ်လာ သန်း (၂၀ဝဝ) ရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်နေပါပြီ။
ကြည့်ရှုမှုအကြိမ်ရေ သန်း ၆၃ဝဝ ရှိတဲ့ ဗီဒီယို
YouTube မှာ လူကြည့်အများဆုံးဗီဒီယိုက လတ်တလောမှာ Despacito သီချင်းဗီဒီယိုဖြစ်ပါတယ်။ လက်ရှိကြည့်ရှု့မှုအကြိမ်ရေသန်း(၆၃၀၀)နဲ့အများဆုံးဖြစ်နေပြီး Ed Sheeran နဲ့ Shape of You က သန်း(၄၃၀၀)နဲ့ ဒုတိယ၊ Wiz Khalifa ရဲ့ See You Again က သန်း (၄၁ဝဝ) နဲ့ တတိယနေရာမှာရှိပါတယ်။ လူကြည့်အများဆုံး ဗီဒီယိုဆယ်ခုမှာ (၉)ခုက သီချင်းဗီဒီယိုတွေချည်းဖြစ်ပြီး တစ်ခုတည်းသော သီချင်းဗီဒီယိုမဟုတ်တဲ့ ဗီဒီယိုကတော့ နံပါတ် (၄) နေရာမှာ ကြည့်ရှုမှုအကြိမ်ရေသန်း (၄ဝဝဝ) နဲ့ ရပ်တည်နေတဲ့ Masha and the Bear - Recipe for Disaster (ဒီမှာ အမွှေစိန်လို့ နာမည်ကြီးတဲ့ ကာတွန်း ဇာတ်လမ်းတွဲထဲက တစ်ပိုင်း) ဖြစ်ပါတယ်။
တစ်နေ့ကိုဗီဒီယိုသန်း ၅ဝဝဝ ကြည့်ရှုမှုရှိနေ
စစ်တမ်းတွေအရ တစ်နေ့ကို YouTube က ဗီဒီယိုဖိုင် သန်း(၅ဝဝဝ) အထိ ကြည့်ရှုမှုရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအချက်အလက်က မနှစ်တုန်းကဟာဖြစ်တဲ့အတွက် ဒီနှစ်မှာ ဒီထက်ပိုများချင်လည်း များလာနိုင်ပါတယ်။ YouTube က ဒီအချက်အလက်ကိုတော့ တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။
ဝင်ငွေအကောင်းဆုံး YouTuber ဟာ ကလေးတစ်ယောက်
YouTube မှာ ဗီဒီယိုတွေတင်ပြီး ကြော်ငြာဝင်ငွေတွေနဲ့ချမ်းသာလာတာ၊ နာမည်ကြီးအဆိုတော် ဖြစ်သွားတာတွေ အများကြီးရှိနေပါတယ်။ ၂၀၁၈ အထိ နောက်ဆုံးစစ်တမ်းအရ ဝင်ငွေအများဆုံး YouTuber က ရိုင်ယန်ကာဂျီဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ကာဂျီဟာ အသက် (၇) နှစ်သာ ရှိသေးပြီး သူ့ YouTube Channel မှာ ကစားစရာအရုပ်တွေအကြောင်း သုံးသပ်တဲ့ အစီအစဉ်ကို တင်ဆက်တာဖြစ်ပါတယ်။ သူ့ Channel ကို Subscribe လုပ်ထားသူ (၂၁) သန်းရှိပြီး သူ့ဗီဒီယိုတွေကိုကြည့်ရှုမှု အကြိမ်ရေစုစုပေါင်း သန်း (၃) သောင်းကျော်ရှိပြီဖြစ်ပါတယ်။
Subscriber အများဆုံး YouTube Channel
PewDiePie လို့အမည်ပေးထားတဲ့ ဆွီဒင် YouTuber တစ်ယောက်ရဲ့ချန်နယ်က နှစ်အတန်ကြာ Subscriber အများဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးမီကမှ အိန္ဒိယတေးထုတ်လုပ်ရေး လုပ်ငန်းတစ်ခုကပိုင်တဲ့ T Series ဆိုတဲ့ ချန်နယ်က နံပါတ်တစ်နေရာကို လုယူလိုက်နိုင်ပါတယ်။ T-Series ရဲ့ Subscriber အရေအတွက်ဟာ (၁၀၇) သန်းရှိပြီး အိန္ဒိယပရိသတ်ကြောင့် အားကောင်းနေတာဖြစ်ပါတယ်။ PewDiePie က ၉၈ သန်းနဲ့ ဒုတိယနေရာမှာပါ။
၇၀ ရာခိုင်နှုန်းက မိုဘိုင်းလ်ကနေပဲကြည့်
YouTube က ဗီဒီယိုအများစုကို မိုဘိုင်းလ်ဖုန်းတွေ၊ သင်ပုန်းကွန်ပျူတာတွေကနေပဲ ကြည့်ကြပါတယ်။ စမတ်ဖုန်းတွေနဲ့ အင်တာနက်ဆက်သွယ်မှုလူအများအကြား ပျံ့နှံ့ရောက်ရှိလာမှုကြောင့် အွန်လိုင်းဗီဒီယိုဝက်ဘ်ဆိုက်ဆိုတာလည်း အောင်မြင်လာတာဖြစ်တဲ့အတွက် ဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကွန်ပျူတာနဲ့ (အင်တာနက်ချိတ်ထားတဲ့) တီဗွီကနေ ကြည့်တဲ့အရေအတွက်က (၃ဝ) ရာခိုင်နှုန်းပဲရှိပါတယ်။
လူမကြိုက်ဆုံးဗီဒီယိုက Thumbs down ၁၆ သန်းရခဲ့
ယုံချင်ယုံမယုံချင်နေ YouTube မှာ လူမကြိုက်ဆုံး ဗီဒီယိုက ဂူးဂဲလ်က ဖန်တီးတဲ့ ဗီဒီယိုဖြစ်နေပါတယ်။ ၂၀၁၈ ခုနှစ် YouTube Rewind ဆိုပြီး တစ်နှစ်စာထင်ရှားတဲ့ ဗီဒီယိုတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ အဲဒီဗီဒီယိုဖိုင်ကို လက်မအောက်စိုက်သင်္ကေတ (Thumb Down) လုပ်ပြီး မကြိုက်ဘူးလို့ ပြသခဲ့သူ (၁၆) သန်းရှိခဲ့ပါတယ်။ ကြိုက်တယ်ဆိုပြီး Like လုပ်ခဲ့တဲ့ သူကလည်း ၂ ဒသမ ၅ သန်းတော့ရှိပါတယ်။
ဘာသာစကား ၈ဝ၊ နိုင်ငံ ၉၁ နိုင်ငံ
YouTube ဟာ ကမ္ဘာအနှံ့မှာ လူသုံးများတာဖြစ်တဲ့အတွက် နိုင်ငံအများစုမှာ သုံးရအဆင်ပြေအောင်လည်းဖန်တီးထားပါတယ်။ YouTube ကို အင်တာနက်သုံးစွဲသူ(၉၅)ရာခိုင်နှုန်း အသုံးပြုတဲ့ဘာသာစကားအမျိုး(၈၀)နဲ့ လွှင့်ထားပါတယ်။ ကမ္ဘာတစ်လွှားက နိုင်ငံပေါင်း (၉၁)နိုင်ငံမှာ ရရှိနိုင်တာလည်းဖြစ်ပါတယ်။ မြန်မာစကားနဲ့လည်းရရှိနိုင်ပြီး Setting ထဲက Account က Language မှာ ဗမာလို့ရွေးပေးရမှာဖြစ်ပါတယ်။

ကိုယ်ပိုင် Channel ထောင်ချင်ရင် အောက်ကလင့်မှာ သွားကြည့်ပါ.. 


No comments:

Post a Comment

မင်္ဂလာပါ..