MacBook Dock မှာ Software ထည့်နည်း၊ဖြုတ်နည်း👨💻
MacBook ကွန်ပျူတာမှာ ကိုယ်ဖွင့်သုံးလိုက်တဲ့
ဆော့ဝဲလ်၊Applications တွေက ဖွင့်လိုက်တာနဲ့
Dock (Windows မှာဆိုရင် Taskbar) ပေါ်ကို
ရောက်သွားပါတယ်။ Windows မှာတော့ အဲ့ဒီ
ဖွင့်လိုက်တဲ့ ဆော့ဝဲလ်၊ Apps တွေကို ပြန်ပိတ်
လိုက်ရင် Taskbar ပေါ်ကနေ ပြန်ပျောက်သွား
ဆော့ဝဲလ်၊ Apps ဖွင့်တာများတာနဲ့အမျှ Dock
ပေါ်မှာလည်း ဆော့ဝဲလ်၊ Apps တွေများလာရင်
မျက်စိနှောက်စရာဖြစ်နေတတ်ပါတယ်။ ဆော့ဝဲလ်၊
Apps တစ်ခုကို Dock ပေါ်ကို တင်ချင်ရင် တင်ချင်တဲ့
ဆော့ဝဲလ်၊ Apps ကို ဖွင့်သုံးနိုင်ပါတယ်။ Dock ပေါ်မှာ
ရှိနေတဲ့ အဲ့ဒီဆော့ဝဲလ်၊ App ကို အမြဲသုံးတဲ့ ဆော့ဝဲလ်
ဖြစ်လို့Dock ပေါ်မှာပဲထားချင်ရင် အဲ့ဒီဆော့ဝဲလ်ကို
Right Click> Options> Keep in Dock ကိုရွေး၊
Dock ကနေ ဖြုတ်ချင်ရင် Remove From Dock ကို
ရွေးထားနိုင်ပါတယ်။ အဲ့ဒီဆော့ဝဲလ်၊ App တွေကိုပဲ
ကွန်ပျူတာစဖွင့်ဖွင့်ချင်းမှာ ဖွင့်လာစေချင်ရင် Options>
Open at Login ကို ရွေးထားနိုင်ပါတယ်။
No comments:
Post a Comment
မင်္ဂလာပါ..