menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone, iPad တွေ မရောင်းချမှီ ဘာတွေလုပ်ထားရမလဲ


iPhone, iPad တွေ မရောင်းချမှီ ဘာတွေဆောင်ရွက်ရမလဲ
---------
အကြောင်းကြောင်းကြောင့် မိမိအသုံးပြုနေကြ iPhone, iPad များ တပါးသူကို ပြန်လည်ရောင်းချတော့မယ်ဆိုရင် ဆောင်ရွက်လိုက်သင့်တာတွေကတော့ မိမိရဲ့ Apple ID Accound ကို ထွက်ပြီး Device ကို Reset ချပေးလိုက်ရမှာပါ။ အခုလို ဆောင်ရွက်ပေးလိုက်ပါမှ မိမိရဲ့ Personal Data များ ဖျက်ပြီးသားဖြစ်မှာပါ။


Apple ID မထွက်မှီ Device ကို Reset မချမှီမှာ မိမိရဲ့ Data များကို Backup ပြုလုပ်ထားဖို့လည်းလိုပါတယ်။ iCloud မှာ Backup ပြုလုပ်ထားတာကတော့ အဆင်ပြေဆုံးပါ။
မိမိ iPhone, iPad ကို တပါးသူဆီမရောင်းချမှီမှာ အောက်ပါအဆင့်များ ဆောင်ရွက်ပါ။
(1) သင့် iPhone, iPad ဟာ Apple Watch နဲ့ချိတ်ဆက်ထားတယ်ဆိုရင် Unpair လုပ်ပေးပါ။
(2) Apple ID ကို Sign Lout ပြုလုပ်ပါ။ Setting > Apple ID ထဲမှာ Sign Out ဆိုတာရှိပါတယ်။ ၎င်းကို နှိပ်ပြီး Sign Out ပြုလုပ်နိုင်ပါတယ်။ သင့် Apple ID password ကိုဖြည့်သွင်းပေးလိုက်ပြီး Turn Off ကိုနှိပ်လိုက်မယ်ဆိုရင် Sign Out လုပ်ခြင်းပြီးပါပြီ။
(3) Reset ချပေးပါ။ Setting > General > Reset > Erase All Content and Settings ဆိုတာကိုနှိပ်ပါ။
(4) အကယ်၍ Restrictions passcode ပေးထားလို့ မေးလာခဲ့ရင်လည်း ၎င်း passcode ကိုထည့်သွင်းပေးပါ။ ပြီးရင်တော့ Erase[device] ကို ဆက်နှိပ်ပါ။
ဒါဆိုရင်တော့ ပြီးပါပြီ။
.

No comments:

Post a Comment

မင်္ဂလာပါ..