menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Windows XP wallpaper ‌အကြောင်း‌လေး

Photo for Friday - Windows XP's Bliss
2000 ခုနှစ်မှာ ကွန်ပျူတာ စသုံးရတဲ့ generation တွေ (ကျွန်တော်အပါအဝင်) အားလုံး Windows XP ရဲ့ လွင်ပြင် wallpaper ကို အီစိမ့်နေအောင် ကြည့်ဖူးမယ်ထင်ပါတယ်။ 2000 kids တွေရဲ့ အကြည့်အများဆုံးဓာတ်ပုံလို့တောင် ပြောလို့ရမယ်ထင်တယ်။ အဲဒီ လွင်ပြင်၊ တောင်ကုန်း နှင့်ကောင်းကင်ပြာ ဓာတ်ပုံလေးအကြောင်းကို ရောသိကြပါရဲ့လားဗျ။
.
ဒီတောင်ကုန်း ဓာတ်ပုံက တကယ်တော့ 3D graphic မဟုတ်ပါဘူး တကယ့်ဓာတ်ပုံပါ။ ဓာတ်ပုံဆရာ Chuck O’Rear က ရိုက်ကူးခဲ့တာ ဖြစ်ပြီး southern Sonoma County, north of San Fransico မှာ ရိုက်ယူခဲ့တာပါ။ သူရိုက်ခဲ့တာကတော့ Mamiya RZ67 လို့ခေါ်တဲ့ ဖလင် medium-format ကင်မရာနဲ့ ရိုက်ခဲ့တာဖြစ်ပြီး ထရိုင်ပေါ့သုံးပြီး ၁၉၉၆ တုန်းက ရိုက်ခဲ့တာပါ။ သုံးခဲ့တဲ့ဖလင်က Fuji Velvia positive ကာလာဖလင်ကို သုံးရိုက်ခဲ့တာဖြစ်ပါတယ်။
.
သူက သူရဲ့ ဒီ Windows XP wallpaper ဓာတ်ပုံ ‘Bliss’ လို့နာမည်ပေးထားတဲ့ပုံဟာ ဘာမှထူးဆန်းတာ မပါပါဘူးလို့ဆိုပါတယ်။ သုံးခဲ့တာကလဲ အရောင်ပိုစိုတဲ့ ဖလင်အမျိုးအစားသုံးခဲ့တာဖြစ်ပြီး သူက အဲဒီနေရာကို ကားနဲ့ ဖြတ်သွားတုန်းတွေ့မိပြီး ဆင်းပြီး ထရိုင်ပေါ့နဲ့ ရိုက်ခဲ့တာလို့ ပြောပါတယ်။ ဒီဓာတ်ပုံကို Corbis လို့ခေါ်တဲ့ Bill Gates ပိုင်တဲ့ stock photo site မှာတင်ရောင်းခဲ့တာဖြစ်ပြီး 2001 မှာ Microsoft က ဒီဓာတ်ပုံကို Windows XP အတွက် default wallpaper အနေနဲ့ သုံးဖို့ rights အားလုံးပါအပိုင် အပြီးဝယ်ယူဖို့ ကမ်းလှမ်းပြီးဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဝယ်ယူခဲ့တဲ့ဈေး အတိအကျကို ဘယ်သူမှမသိပေမယ့် ဒီပုံကို Microsoft က ဒေါ်လာ ၁ သိန်းကျော်ပေးဝယ်ယူခဲ့တယ်လို့ ပြောကြပါတယ်။
.
ဓာတ်ပုံဆရာ O’Rear က ပြောပါတယ် သူ့ရဲ့ဓာတ်ပုံကို White House ကအစ North Korea က ဓာတ်ပေါင်းဖိုက ကွန်ပျူတာအထိ ဒီပုံနဲ့ အလုပ်လုပ်နေကြတာတွေ့တယ်လို့ပြောပါတယ်။ ဒီဓာတ်ပုံဟာ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံးဓာတ်ပုံလို့လဲ ဆိုကြပါတယ်။ သူများတော့ မသိဘူး ကျွန်တော်တော့ ဒီ ဓာတ်ပုံကြည့်ရင် အသံပါကြားရတယ် သိတဲ့ 2000 gen တွေပြောပြပါလား ဘာသံလဲဆိုတာ 😃

//ZAWGYI

No comments:

Post a Comment

မင်္ဂလာပါ..