Xiaomi Global အကြောင်း
အခုနောက်ပိုင်းမှာ
ခေတ်စားနေတဲ့ Service တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။
တချို့တွေကလည်းသိပြီးသားတော့ဖြစ်ပါလိမ့်မယ်။ အဲ့ဒါလေးကတော့ China ဖုန်းလေးတွေကို Global ချိန်းတဲ့ service လေးပါ... အခုနောက်ပိုင်းမှာ စျေးနှုန်းသက်သာတာကြောင့်ရော အလွယ်တကူဝယ်ယူလို့ရနေတာရောကြောင့် China(Stable) အလုံးလေးတွေကိုဝယ်ယူဖြစ်နေကြပါတယ်။
တချို့တွေကလည်းသိပြီးသားတော့ဖြစ်ပါလိမ့်မယ်။ အဲ့ဒါလေးကတော့ China ဖုန်းလေးတွေကို Global ချိန်းတဲ့ service လေးပါ... အခုနောက်ပိုင်းမှာ စျေးနှုန်းသက်သာတာကြောင့်ရော အလွယ်တကူဝယ်ယူလို့ရနေတာရောကြောင့် China(Stable) အလုံးလေးတွေကိုဝယ်ယူဖြစ်နေကြပါတယ်။
ဒီနေရာမှာ
အရင်ဆုံး China ဆိုတာဘာလဲ Global ဆိုတာဘာလဲ
ဆိုတာကိုအရင်ဆုံးရှင်းပြလိုပါတယ်…
China ဆိုတာကတော့ Xiaomi ကုမ္ပဏီကနေပြီး
တရုတ်ပြည်တွင်းသုံးဖို့အတွက် ဦးစားပေး ထုတ်လုပ်ထားတဲ့ဖုန်းတွေဖြစ်ပြီး Global ဆိုတာကတော့ နိုင်ငံတကာကို
ဖြန့်ချိရောင်းချပေးဖို့ ထုတ်လုပ်ထားတဲ့ဖုန်းတွေဖြစ်ပါတယ်။ ဒါဆိုရင်
သူတို့မှာဘာတွေကွာခြားမှုတွေများရှိမလဲ အောက်မှာ တချက်လောက် ကြည့်ကြည့်ရအောင်ပါ။
များသောအားဖြင့်တော့
သူတို့မှာ Hardware ပိုင်းတွေအရ ဘာမှကွာခြားမှုမရှိပါဘူး…
China အလုံးမှာလဲ ဒီ Specifications တွေနဲ့ထုတ်ပေးထားတာဖြစ်ပြီး Global အတွက်ထုတ်တဲ့ကောင်လေးတွေမှာလည်း
ဒီအတိုင်းပါပဲ။ အဓိကကွာခြားသွားတာကတော့ China အတွက်ထုတ်ထားတဲ့ကောင်လေးတွေမှာ Google Service Framework တွေမပါပါဘူး။ နောက် China အလုံးမှာ တရုတ်စာတွေနဲ့ Apps တွေလဲများပြီး တရုတ်ပြည်တွင်းသုံး
အဆင်ပြေဖို့အတွက် ဦးစားပေးထုတ်လုပ်ထားတဲ့သဘောပါ။ နောက်ပြီး အဲ့ကောင်လေးတွေက
ဒီဘက်ကို Authorized Seller တွေ ဆီကနေဝင်လာတာမဟုတ်တာကြောင့် Official Warranty ဘာညာလဲမပါဘူးပေါ့နော်
Global Version လေးတွေကတော့ နိုင်ငံတကာမှာရောင်းဖို့ရည်ရွယ်ထားတာကြောင့် Google Play
Services Framework တွေဘာတွေလဲ
တခါတည်းပါလာပြီး ဒီကိုလဲ တရားဝင်ရောင်းပါတယ်။ အဲ့ဒါကြောင့်လဲ Official
Warranty တစ်နှစ်ပါပါဝင်ပါတယ်။ နောက်ပြီး
တရုတ်စာနဲ့ Apps တွေလဲ
မပါပါတာကြောင့် မျက်လုံးလဲရှင်းပါတယ်။
ဒီလောက်ဆိုရင် China Version နဲ့ Global Version ဆိုတာတွေကို
သိသွားလောက်ပြီထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာက တရုတ်ပြည်ကလိုမဟုတ်တော့
သိတဲ့အတိုင်း Google နဲ့ကင်းလို့မရနိုင်ပါဘူး…
ဒါက China Version ကိုဝယ်တဲ့သူတွေတိုင်းဆုံးဖြတ်ရခက်တဲ့အပိုင်းပါပဲ…
စျေးသက်သက်သာသာနဲ့ရတဲ့ China version ကိုဝယ်ကိုင်ပြီး Google Service Framework တွေကိုစွန့်လွှတ်မလား ? အဲ့ထက်ငွေပိုထည့်ပြီး Global ကိုပဲဝယ်ကိုင်မလား ? ဆိုတာကိုပါပဲ…
အများစုသောလူတွေက
China ကိုရွေးချယ်ရခြင်းဟာ
ငွေအများကြီးပိုမသုံးချင်တာကြောင့်ဖြစ်ပါတယ်… ဒါ့ကြောင့်ပဲ
“ငါကဘာမှသိပ်သုံးတဲ့သူမှမဟုတ်တာ Google မသုံးရလဲနေပါစေ… စျေးပိုသက်သာတာကိုပဲ ရွေးလိုက်မယ်”
ဆိုပြီးဖြစ်သွားကြတာများပါတယ်။ ဒါပေမယ့်လဲ လုံး၀ကြီးကင်းနိုင်သလားဆိုတော့
မဟုတ်ပြန်ပါဘူး… ဒါ့ကြောင့် Google Service Framework Third Party Installer တွေနဲ့ သွင်းကြပါတယ်… Google Services
တွေအားလုံးအတွက် အဆင်ပြေလားဆိုတော့လဲ
မပြေနိုင်ပါဘူး… ဒါ့ကြောင့် China အလုံးဝယ်ပြီး Global ချိန်းတဲ့ trend တစ်ခုရေပန်းစားလာတာဖြစ်ပါတယ်…
Global ချိန်းတယ်ဆိုတာဘာလဲ
အဲ့ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်
China အလုံးပေါ်မှာ Global အတွက်ထုတ်ထားတဲ့ Software ROM တင်လိုက်တာပဲဖြစ်ပါတယ်… ဒါဆိုရင် Global ချိန်းဖို့ဘာတွေလိုအပ်သလဲ ? Global ချိန်းဖို့လိုအပ်တာကတော့ ပထမဆုံး Bootloader
Unlock လုပ်ဖို့ Mi Account တစ်ခုရှိရပါမယ်… SIM ကတ်တစ်ခုလိုပါမယ်
ဒ့ါကြောင့်ဖုန်းနဲ့အတူ မိမိရဲ့ SIM Card ကိုခဏလောက်အသုံးပြုခွင့်ပေးရပါမယ်… နောက်ပြီးရင်တော့ Xiaomi ရဲ့ Policy အတိုင်း 2018 နောက်ပိုင်းထွက်လာခဲ့တဲ့ဖုန်းလေးတွေက
Bootloader
Unlock ဖြစ်ဖို့ 168 နာရီစောင့်ရပါမယ်။
အဲ့ရှေ့ကထွက်တဲ့ဖုန်းလေးတွေကတော့ Bootloader ချက်ခြင်း Unlocked ဖြစ်တာမို့
တစ်နာရီလောက်နဲ့ Global ချိန်းလို့ရတယ်ပေါ့နော်…
နောက်ပြီး
အဓိကသတိပြုသင့်တဲ့အချက်လေးတွေကိုဆက်ပြီးပြောပြပေးမယ်နော်…
Global ချိန်းတာဟာ Global ROM ပြောင်းတင်တာဖြစ်လို့ ဖုန်းထဲက Data တွေပျက်သွားမှာပါ…
ကျွန်တော်တို့ကလည်း အချိန်ကိုငဲ့ညှာသောအားဖြင့် Contacts တွေလောက်သာ Backup ယူပေးနိုင်မှာဖြစ်တာကြောင့် Global ချိန်းမယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ Personal Data တွေကို Backup လုပ်ထားကြဖို့ အကြံပေးပါရစေ။
Global ချိန်းလိုက်လို့
ဘာတွေပြောင်းလဲသွားမှာလဲ ?
Global ချိန်းလိုက်တာနဲ့
Global Device တွေမှာရနိုင်တဲ့ Features တွေမှန်သမျှရလာမှာပါ…
ချွင်းချက်အနေနဲ့ အခုနောက်ပိုင်းထွက်လာတဲ့ Global ဖုန်းလေးတွေမှာ Google ရဲ့ Policy ကြောင့် Call Recording ပြုလုပ်ခွင့်မပေးတော့တာကိုတွေ့ရပါတယ်…
ဒါ့ကြောင့် အခုနောက်ပိုင်းဖုန်လေးတွေကို Global ချိန်းပြီးတဲ့အခါ Call Recording Features သုံးလို့ ရတော့မဟုတ်ပါဘူး…
Global ချိန်းလိုက်လို့ဘာပြဿနာတွေဖြစ်လာနိုင်လဲ
?
Global ချိန်းလိုက်ရင်တက်လာနိုင်တဲ့
ပြဿနာလေးတွေကတော့
စက်ပူတာ၊
အားကုန်လွယ်တာ၊ လိုင်းကျတာ စတဲ့ ပြဿနာလေးတွေရှိနိုင်ပါတယ်။ ဒါပေမယ့် Global ချိန်းတဲ့ဖုန်းအားလုံးနီးပါး Error တက်တာတော့မဟုတ်ပါဘူး…
အချို့ဖုန်းလေးတွေမှာသာဖြစ်တတ်တာပါ။
Error တက်ဖို့ဖြစ်နိုင်ချေက
100 မှာ 10 လုံးတောင်မရှိပါဘူး။ ကျွန်တော်တို့ ချိန်းပေးလာတဲ့
ဖုန်းတွေထဲမှာလည်း error တက်တာမျိုး
မကြုံဖူးသေးပါဘူး။ ဒါ့ကြောင့် ချိန်းမယ်လို့စိတ်ကူးရှိတယ်ဆိုရင်
ချိန်းသာချိန်းကြည့်လိုက်ပါ။
Global ချိန်းခ
ဘယ်လောက်ကျ ?
Global ချိန်းခကတော့
ဖုန်းမော်ဒယ်အလိုက် အနည်းအများရှိပါမယ်။ နောက်ဆုံးထွက်ထားတဲ့ Redmi K30 EU
ROM ပြောင်းတင်ရင်တောင် 15,000 ပဲပေးရတာမို့လို့
တခြားမော်ဒယ်တွေအနေနဲ့ 10,000 ဝန်းကျင်လောက်ပဲကျမှာပါ။
ဒါပေမယ့် ကျွန်တော်တို့ Anycall Mobile ကဝယ်ထားတဲ့ဖုန်းတွေဆိုရင် ဝယ်တုန်းက ဘောက်ချာလေးယူလာတာနဲ့ Free ပါ။
ကဲ ဒီလောက်ဆိုရင်
Xiaomi ဖုန်းတွေ Global ချိန်းတယ်ဆိုတာဘာလဲ ? China အလုံးဆိုတာဘာလဲ ? Global အလုံးဆိုတာဘာလဲ ? စတာတွေအပြင် Global ချိန်းတာရဲ့ ကောင်းကျိုး၊
ဆိုးကျိုးတွေကိုပါသိရှိသွားပြီလို့ထင်မိပါတယ်။ သင့်ဆိုရင်ရော Xiaomi ဖုန်းလေးတွေဝယ်ရင် Global အလုံးလေးတွေကိုဝယ်ဖြစ်လား ? China အလုံးလေးတွေကိုပဲ Global ROM ချိန်းပြီးသုံးဖြစ်လား ? ဆိုတာကို အောက်က
ကွန်မန့်မှာပြောပေးသွားကြပါဦး။
.ခရတ်ဒစ်
#Anycall_Mobile #
not8pro globle ချိန်းရင် 256 gbကနေ 128ဖစ်သွားတာလား ပီးတော့ ram8ကနေ 6ဖစ်သွားတာလား plz ပြောပြပေးပါ
ReplyDelete