Laptop အဖုံးပိတ်ပြီး သီချင်းနားထောင်နည်း
ဒီနေ့ ကျနော် ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့ Laptop တွေမှာ အဖုံးပိတ်သွားပြီး ပြန်ဖွင့်တဲ့အခါ မှာလည်း နဂိုမူလအတိုင်း အလုပ်လုပ်နေအောင် ပြုလုပ်ရမယ့် နည်းလမ်းလေးကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
မိတ်ဆွေတို့သူများမသိတာတစ်ခုခုလုပ်နေတဲ့အချိန်မှာ😁တစ်ယောက်ယောက် ကကို့laptopကိုလာကြည့်လိုက်လို့အမြန်ပိတ်ချလိုက်တယ်ဆိုပါတော့ဗျာ အဲ့မှာကိုယ်လုပ်နေတာကပျက်သွားသည်ဖြစ်စေ အစကပြန်ရောက်သွားသည်ဖြစ်စေ မိတ်ဆွေတို့စိတ်အနည်းငယ်ညစ်သွားစေမှာပါ အဲ့လိုတွေမဖြစ်ရအောင်ကျနော်ခုလုပ်ပြထားတာလေးကိုလုပ်ထားကြည့်ပါဗျ ။လုပ်ရမှာလေးကတော့ရိုးရိုးရှင်းရှင်းလေးပါ။
Step 1 control panelထဲသွားပါ
Step 2 power optionsထဲဝင်ပါ
Step 3 power options ထဲက choose what closing the lid doesထဲဝင်ပါ
Step 4 အဲ့ထဲက when i close the lid
ဘေးမှာနှစ်ခုတွေ့ပါလိမ့်မယ် အဲ့နှစ်ခုလုံးကို donothingရွေးပေးပါဗျ ။ပြီးရင် save changeကိုလုပ်ပေးပါဗျ။
အဲ့လိုရွေးပြီးရင်အဖုန်းပိတ်ပြီးပြန်ဖွင့်လည်းနဂိုနောက်ဆုံးလုပ်နေတဲ့အလုပ်နေရာပဲပြန်ရောက်ပါတယ်။
တကယ်လို့ shut downကျချင်ရင် shut downကိုရွေးပေးပါဗျ။
မိတ်ဆွေတို့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။
ရေးသားသူ - Kaung Khant Moe
No comments:
Post a Comment
မင်္ဂလာပါ..