menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone Refur ဆိုတာဘာလဲ/ ဘယ်လိုလဲ ❓


iPhone Refur ဆိုတာဘာလဲ/ ဘယ်လိုလဲ ❓

ပထမဆုံး ပြောချင်တာက Refur လို့ခေါ်နေကြတဲ့ (Refurbish - ပြင်ဆင်မွမ်းမံခြင်း) ဆိုတာမှာ
iDevice တွေကို Apple ကိုယ်တိုင်ပြင်ဆင်းပြီးရောင်းချတာဖြစ်ပြီး Apple Certified Refurbished လို့ ခေါ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက Apple က တရားဝင်ပြင်ဆင်ပြီး ရောင်းချတာရှိသလို ဆင်တူရိုးမှားနဲ့ တရားမဝင်ပြင်ဆင်ပြီး Apple Refur လို့ပြောရောင်းနေတာတွေလည်း ရှိပါတယ်။

ကဲ ဆက်ပြီးတော့ Apple Certified Refurbished အကြောင်းကို လေ့လာကြရအောင်နော်။



🍏 What is Apple Certified Refurbished ?

Apple က သူ့ရောင်းကုန်တွေကို ၁ နှစ် Warranty ပေးပါတယ်။ Warranty ၁ နှစ်အတွင်း Factory fault ကြောင့် တစ်စုံတစ်ရာဖြစ်ခဲ့ရင် အသစ်တစ်လုံး အစားထိုးပြန်ပေးပါတယ်။ ဒီလိုနဲ့ Error ဖြစ်တဲ့အလုံးတွေကို သူတို့ စက်ရုံစီပြန်ပို့ပါတယ်။ စက်ရုံမှာ Refurbishment process နဲ့
လိုအပ်တာတွေကို လဲလှယ်အစားထိုးပြီး အသစ်တိုင်းဖြစ်အောင်မွမ်းမံပါတယ်။ ဒီလို Apple က ပြင်ဆင်မွမ်းမံပြီး သေချာ Testing လုပ်ပြီးမှ Store တွေကို ပြန်လည်ပို့ပြီး ရောင်းချတဲ့အလုံးတေကို Apple Certified Refurbished လို့ ခေါ်တာဖြစ်ပါတယ်။

🍏 Apple Certified Refurbished တွေက အသစ်အတိုင်းကောင်းပါ့မလား?

Apple က သေချာစမ်းသပ်ပြီး 100% tested, QC pass ဖြစ်မှသာ ဈေးကွက်ထဲကို ပို့တာပါ။
ဒါကြောင့် အသစ်လုံးတွေအတိုင်း ယုံကြည်စိတ်ချစွာ အသုံးပြုလို့ရပါတယ်။ နောက်ပြီးတော့ ဘူးခွံမှာလည်း Apple Certified Refurbished ဆိုပြီး ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် Apple Policy အတိုင်း Official Warranty 1year ပေးထားလို့ Factory Fault ဖြစ်ပါကလဲ မူလအတိုင်း အသစ်တစ်လုံးလဲပေးဦးမှာ။

Apple Certified Refurbished ကိုဝယ်တာမှာ ထူးခြားတာက ပုံမှန်ထက် ဈေးသက်သာခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Refursihed တွေဟာ အကန့်အသတ်နဲ့သာလာတာဖြစ်လို့ အများကြီးတော့ ရှိမနေတတ်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင်လည်း တရားဝင် Apple Certified Refurbished တွေဟာ ဝယ်ယူဖို့ ရှားပါးပါတယ်။ ဒါကလဲ ဒီမှာက Official Store ကြီးတွေ မရှိတာကြောင့်လည်း ပါပါတယ်။ တချို့တွေကလည်း Apple Refur ဆိုပြီး တရားမဝင်ပြင်ဆင်ထားတာတွေ Apple က ပစ္စည်းမထုတ်တဲ့ Device model တွေကို အသစ်ဆိုပြီး ပြောဆိုရောင်းချနေတာတွေ ရှိပါတယ်။ ဒါကြောင့် Apple Device တွေကို ဝယ်မယ်ဆိုရင် ယုံကြည်စိတ်ချရပြီး အာမခံအပြည့်အဝရှိတဲ့ Apple Official Warranty ပေးတဲ့ ဆိုင်တွေကိုပဲ ရွေးချယ်ဝယ်ယူသင့်ကြောင်း တိုက်တွန်းအကြံပြုလိုက်ပါနော်။


No comments:

Post a Comment

မင်္ဂလာပါ..