menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

External HDD ပြဿနာများ


External Hard Drives ပြဿနာများ ....
Windows က သင့်ရဲ့ external hard drive ကိုမမြင်ရခြင်း
======================================
အကယ်၍ သင့်ရဲ့ external hard drive ကို ပီစီမှာ plug ထိုးလိုက်တဲ့အခါ Windows Explorer မှာဖော်ပြနိုင်ခြင်းမရှိဘူးဆိုလျှင် အရှေ့ဖက်မှာရှိသော drive ရဲ့ အချက်ပြမီးရဲ့ activity ကို စစ်ဆေးပါ။ လမ်းညွှန်မှုများအတွက် ထုတ်လုပ်သူရဲ့ ဝက်ဘ်ဆိုက်မှာ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ပျက်ယွင်းနေသော drives များမှ ဖိုင်များကိုပြန်လည်ရယူနိုင်ရန်အတွက် အသုံးတည့်သော ဆွေးနွေးမှုများကို အွန်လိုင်းဖိုရမ်တစ်ခုဖြစ်တဲ့ Piriform(www.snipca.com/12806) မှာကြည့်ရှုလေ့လာနိုင်ပါတယ်။ Piriform ဟာ CCleaner,Recuva နှင့် Defraggler စတဲ့ဆော့ဖ်ဝဲများထုတ်လုပ်သော ဆော့ဖ်ဝဲ developer များပဲဖြစ်ကြပါတယ်။

အကယ်၍ drive ရဲ့ မီးလုံးက လင်းနေပေမယ့် Windows Explorer မှာမမြင်ရဘူးဆိုလျှင်တော့ အဲဒါက drive အတွက် letter စာလုံးကို သတ်မှတ်မထားတာကြောင့်ဖြစ်နိုင်ပါတယ်။ ယင်းအတွက် Start ကိုနှိပ်ပြီး disk management ဟုရိုက်ထည့်ကာ Enter ရိုက်ထည့်ပါ။ အဲဒိအခါမှာ Windows ကသိရှိနိုင်မယ့် drives တွေအားလုံးရဲ့စာရင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မည်သည့် အက္ခရာမှ မပါဝင်သော Volume column အလွတ်နဲ့ hard drive ကို ရှာဖွေပါ။ အဲဒါက သင့်ရဲ့ မသိရှိနိုင်တဲ့ hard drive ဖြစ်နိုင်ပါတယ်။ ယင်း drive မှာ right-click နှိပ်ပြီး ‘Change Drive Letter and Paths’ ကိုနှိပ်ပါ။ Add ကိုနှိပ်ပြီး ‘Assign the following drive letter’ ကို ရွေးချယ်ပါ။ Dropdown menu မှ အက္ခရာတစ်ခုကိုရွေးချယ်ပြီး OK ကိုနှိပ်လိုက်ပါ။
External drive မှာရှိသော files များနှင့် folders တွေကိုမမြင်ရခြင်း
============================================
အကယ်၍ သင့်ရဲ့ hard drive ပေါ်မှာရှိတဲ့ ဖိုင်တွေကိုမမြင်ရဘူးဆိုလျှင် အဲဒါက hidden ဖြစ်နေတာဖြစ်နိုင်ပါတယ်။ Hidden ဖြစ်နေတဲ့ဖိုင်တွေကို ကြည့်ရှုဖို့ Windows Explorer ကိုဖွင့်ပြီး Organize ကိုနှိပ်ပါ။ ‘Folder and Search options’ ->View-> ‘Show hidden files, folders,and drives’ ကိုနှိပ်ပြီး OK ကိုနှိပ်လိုက်ပါ။
ဒီအတိုင်းလုပ်ဆောင်တာတောင် သင့်ရဲ့ဖိုင်တွေ မပေါ်နိုင်သေးရင် Command Pormpt ကို သုံးပြီး သင့်ရဲ့ external hard drive ပေါ်မှာရှိနေတဲ့ ဖိုင်များကို ဖုံးကွယ်နေစေမယ့် attributes တွေဖြစ်တဲ့ ‘read-only’, ‘hidden’ နဲ့ ‘system file’ စတာတွေကို ဖယ်ရှားနိုင်ပါတယ်။ Start menu မှာ cmd ဟုရိုက်ထည့်ပြီးထွက်ပေါ်လာတဲ့ အထဲမှာ ‘cmd’ ကို right-click နှိပ်ပါ။ ထို့နောက် ‘Run as administarator’ ကိုနှိပ်ပါ။ attrib –h –r –s /s /d g:\*.* ကိုရိုက်ထည့်ပါ။ g ဆိုတဲ့နေရာမှာ သင် access လုပ်ချင်တဲ့ drive ရဲ့ letter ကို အစားထိုးပါ။ သင့်အနေဖြင့် အဆိုပါ hard drive ရဲ့ letter ကို ပြီးခဲ့တဲ့ tip မှာပြသခဲ့တဲ့အတိုင်း Disk Management မှာ စစ်ဆေးနိုင်ပါတယ်။ Command ကိုရိုက်ထည့်ပြီးတဲ့အခါ Enter ကိုနှိပ်လိုက်ပါ။
Windows က သင့်ရဲ့ drive ကို format ချဖို့ပြောနေခြင်း
=====================================
အကယ်၍ သင့်ရဲ့ hard drive က လုပ်ဆောင်မှုရပ်တန့်နေပြီး သင့်ကို ‘format the disk’ လို့ပြောဆိုနေတယ်ဆိုလျှင် အဲဒိအတိုင်းလိုက်မလုပ်ပါနဲ့ ။ Format ချလိုက်လျှင် သင့်ရဲ့ data တွေအားလုံးကိုဖျက်ပစ်ပါလိမ့်မယ်။ အဲဒိအစား အခမဲ့ရရှိနိုင်သော ပရိုဂရမ်တစ်ခုဖြစ်တဲ့ Partition Wizard(www.snipca.com/12795) ကို download ချပြီး install ပါ။ ပရိုဂရမ်ကိုဖွင့်ပြီး MiniTool Partition Wizard ကိုနှိပ်ပါ။ အကယ်၍ သင့်ရဲ့ external hard drive က ပရိုဂရမ်ရဲ့ File System column ထဲမှာ Unallocated ဟု အမှတ်အသားပြနေလျှင် Windows က အဲဒိ data တွေကို access လုပ်နိုင်မှာမဟုတ်ပါဘူး။ ဘယ်ဖက်ခြမ်းမှာရှိတဲ့ Partition Recovery Wizard ကိုနှိပ်ပါ။ ထို့နောက် Choose Searched Partitions option မရောက်မချင်း Next ကိုနှိပ်သွားပါ။ သင့်ရဲ့ပျောက်နေတဲ့ partition ကဒီနေရာမှာ Status column အဖြစ်( Lost/Deleted ဟုအမှတ်အသားပြထားကာ) ပေါ်လာမှာပါ။ အဲဒါကို double-click နှိပ်လိုက်တဲ့အခါ သင့်ရဲ့ပျောက်ဆုံးနေသောဖိုင်များကိုမြင်တွေ့ရမှာပါ။Close ကိုနှိပ်ပြီး Finish ကိုနှိပ်လိုက်ပါ။ သင့်အနေဖြင့်ယခုအခါ သင့်ရဲ့ hard drive ကို letter တစ်ခုနဲ့ သတ်မှတ်ဖို့လိုအပ်မှာဖြစ်ပြီး အဲဒါမှသာလျှင် Windows က ရှာဖွေနိုင်စေမှာဖြစ်ပါတယ်။ အဲဒါကို right-click နှိပ်ပြီး ‘Change letter’ ကိုနှိပ်လိုက်ပါ။ အက္ခရာတစ်လုံး ပေးပြီး Apply ကိုနှိပ်လိုက်ပါ။
External drive ကအလွန်နှေးကွေးနေခြင်း
============================
သင့်ရဲ့ external hard drive က အချိန်အတန်ကြာ နှေးကွေးနေနိုင်ပါတယ်။ အမြန်နှုန်းကိုမြှင့်တင်နိုင်စေဖို့ပထမဦးဆုံးအနေနဲ့ Windows ကိုအသုံးပြုကာ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင်ပြီး ထို့နောက် tools များကို သုံးနိုင်ပါတယ်။ Windows Explorer မှာ drive ကို right-click နှိပ်ပါ။ Properties ကို နှိပ်ပြီး Hardware ကို နှိပ်ကာ list ထဲမှာ သင့်ရဲ့ external drive ကိုရှာဖွေပါ။ ထို့နောက် Properties ကို ထပ်မံနှိပ်ပါ။ Window အသစ်မှာ ‘Change settings’ ကိုနှိပ်ပြီး Policies ထဲမှ ‘Better performance’ ကို ရွေးချယ်ကာ OK ကိုနှိပ်လိုက်ပါ။ သင့်အနေဖြင့် အခမဲ့ ပရိုဂရမ်တစ်ခုဖြစ်သော Glary Utilities(www.glarysoft.com) ကိုအသုံးပြုကာ သင့်ရဲ့ drive ကို defragment လုပ်ဖို့နဲ့ errors များကိုစစ်ဆေးဖို့အသုံးပြုနိုင်ပါတယ်။ Glary Utilities မှာ Advanced Tools ကို နှိပ်ပြီး ‘Hard disks’ အောက်က option တစ်ခုကို ရွေးချယ်ကာ အဆိုပါ list မှ သင့်ရဲ့ drive ကိုရွေးပါ။
External hard drive မှာ သင့်ရဲ့ဖိုင်များကို edit လုပ်လို့မရခြင်း
==========================================
အကယ်၍ သင့်ရဲ့ external hard drive ကို ပီစီအသစ်တစ်လုံးသို့ချိတ်ဆက်ပြီး အဆိုပါ drive ပေါ်မှာရှိသောဖိုင်များအားပြောင်းလဲမှုများပြုလုပ်ဖို့ကြိုးစားတဲ့အခါ သင့်အနေဖြင့် ‘You’ll need to provide administrator permission to (delete this folder/copy to this folder/delete this file)’ ဆိုတဲ့ message ကိုမြင်တွေ့ရနိုင်ပါတယ်။ ဆိုလိုတာက သင့်ရဲ့ပီစီဟာ default permissions ကို ကန့်သတ်ထားဖြစ်ပါတယ်။ အဆိုပါ permissions ကို ပြုပြင်ပြောင်းလဲရန် နှင့် သင့်ရဲ့ဖိုင်များကို ထိန်းချုပ်မှုများလုပ်ဆောင်နိုင်ရန် Windows Explorer ထဲမှ external hard drive ကို right-click နှိပ်ပြီး Properties ->Security->Edit ကိုနှိပ်ပါ။ ‘Group or user names’ အောက်မှ သင့်ရဲ့ Windows username ကိုနှိပ်ပါ။ ‘Full control’ ဘေးမှ Allow ကိုနှိပ်ပြီး OK ကိုနှိပ်လိုက်ပါ။
>> ကူးယူဖော်ပြပါသည် <<

No comments:

Post a Comment

မင်္ဂလာပါ..