menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ကွန်ပျူတာအခြေခံအချက်လက်‌တွေကို CMD နဲ့ စစ်ဆေးနည်းများ

 
ကွန်ပျူတာစလေ့လာနေသူတွေအနေဖြင့် မိမိအသုံးပြုမယ့် ကွန်ပျူတာက အတုလား၊ အစစ်လား သေသေချာချာကွဲပြားစွာ သိရှိဖို့လိုအပ်ပါတယ်။
ကွန်ပျူတာအသစ်၊ Second ဝယ်မယ့် သူတွေလည်း သူများအလိမ်မခံရအောင် ကွန်ပျူတာအခြေခံအကြောင်းတွေကို သိထားသင့်ပါတယ်။ ကွန်ပျူတာ System Information တွေကို အလွယ်တကူကြည့်လို့ရတဲ့ နည်းတွေများစွာရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလို အလွယ်တကူကြည့်လို့ရတဲ့နည်းတွေက Registry မှာ ပြင်ထားနိုင်လို့မမှန်နိုင်ပါဘူး။ Registry ထဲမှာ စက်မော်ဒယ်၊ BIOS စတာတွေကို ကြိုက်သလိုပြင်ဆင်ထားလို့ရတယ်။ အဲ့ဒီတော့ စက်ရဲ့မှုရင်း System Information တွေကို Cmd သုံးပြီး စစ်ကြည့်ရင် System Info အမှန်တွေကို သိရှိနိုင်ပါတယ်။ CPU-Z ဆိုတဲ့ ဆော့ဝဲလ်သုံးရင်လည်း အမှန်တွေ သိနိုင်ပါတယ်။ ကွန်ပျူတာ့ အခြေခံ System Information အကြောင်းတွေလေးကို သိရှိစေနိုင်ဖို့ Command Prompt (CMD) နဲ့စစ်ဆေးတဲ့ နည်းကို ဖော်ပြပေးလိုက်ပါတယ်။


Windows Search box မှာ Cmd လို့ရိုက်ရှာပြီး ပေါ်လာရင် cmd ကို Right Click နှိပ်၊ Run As Admin နဲ့ဖွင့်ပါ။ ပထမဆုံးအနေဖြင့် System Information အကုန်လုံးကို ကြည့်ဖို့ Prompt မှာ systeminfo ကိုရိုက်ထည့်ကြည့်လိုက်ပါ။ ကွန်ပျူတာ System Information အကုန်လုံးကို တွေ့ရပါမယ်။ ဒီနည်းနဲ့System Info တွေကို ကြည့်လို့ရတယ်ဆိုပေမယ့် Registry မှာ ပြင်ဆင်ထားတယ်ဆိုရင်တော့ ပြင်ဆင်ထားတဲ့အတိုင်းပဲ ပေါ်မှာပါ။ မယုံရင်တော့ Registry မှာ System Information တွေကို RAM 32 GB, i7th,8 Gen, HDD 2TB, Graphic 32 GB စသည်ဖြင့် ပြင်ဆင်ထားကြည့်ပြီး Cmd မှာ ပြန်စစ်ကြည့်ပါ။ အဲ့ဒါကြောင့် မိမိကွန်ပျူတာ System Information တွေကို အမှန်ကန်သိလို့ရအောင် အောက်ဖော်ပြပါနည်းတွေနဲ့ တစ်ခုချင်း ပြန်စစ်ဆေးကြည့်ရအောင်။

ကွန်ပျူတာ Operation System နဲ့ပတ်သက်တဲ့ အချက်လက်တွေကို စစ်ဆေးချင်တယ်ဆိုရင် အောက်ပါ Command ကို သေချာရိုက်ထည့်ပေးပါ။

systeminfo | findstr “OS Name”

Windows OS နဲ့ပတ်သက်တဲ့ အချက်လက်တွေကိုတွေ့ရပါမယ်။ နောက်ပြီးတော့ အသုံးပြုနေတဲ့ OS က တရားဝင်လိုင်စင်နဲ့သုံးတာလား၊ ခိုးသုံး(Crack)လုပ်ပြီး သုံးတာလား သိဖို့အောက်ပါ command ရိုက်ထည့်ပေးပါ။

slmgr -dli

တကယ်လို့ Windows Script ကို Disable လုပ်ထားတယ် ပြလာရင် Anti-Virus ဆော့ဝဲလ်မှာ Script ကို Enable ပေး၊ Services မှာလည်း Enable ပေးထားပြီး slmgr –dli ကို ပြန်ရိုက်ထည့်ကြည့်ပါ။ Windows OS Activation နဲ့ ပတ်သက်တာတွေ တွေ့ရပါမယ်။

Windows Operation System ကို စစ်ဆေးပြီးသွားပြီဆိုရင် CPU ကို စစ်ကြည့်ပါမယ်။ အောက်ပါ command ကို ရိုက်ထည့်ပါ။

wmic cpu list full | findstr “Name”

အဲ့ဒါဆိုရင် CPU ကို ဘယ်ကုမ္မဏီကထုတ်ထားတယ်။ဘယ်မော်ဒယ် ဖြစ်တယ်ဆိုတာတွေကို တွေ့ရပါမယ်။ အခုအသုံးပြုနေရင်း CPU ဘယ်လောက် အမြန်နှုန်းနဲ့ အလုပ်လုပ်နေသလဲကြည့်ဖို့အောက်ပါ command ကို ရိုက်ထည့်ပါ။

Wmic cpu get loadpercentage /format:value

Hard Disk ကို စစ်ဆေးချင်ရင် အောက်က command ကို ရိုက်ထည့်ပါ။

wmic diskdrive get size

ဒီ command က HDD ရဲ့ ပမာဏ GB ကို ဖော်ပြပါမယ်။ cmd မှာတော့ Size ကို Byte နဲ့ပဲပြပါတယ်။ Hard Disk မှာ Partition ဘယ်နှစ်ခုရှိလဲ စစ်ဆေးဖို့အောက်က command ကို ရိုက်ထည့်ပါ။

wmic diskdrive get Partitions

Partitions ဘယ်နှစ်ပိုင်း ရှိမှန်းတော့သိသွားပြီး ဒါပေမယ့် Drive Letter တွေကို မသိသေးဘူးဆိုရင် အောက်က command ရိုက်ထည့်ပါ။

fsutil fsinfo drives

အခု Partitions တွေ့ရဲ့ Drive Letter တွေကို သိသွားပြီဆိုတော့ ဒီ partitions တွေ ဘယ်လောက် Size လဲ၊ Free Space ဘယ်လောက်ကျန်သေးလဲ စတာတွေကို သိရှိဖို့အောက်က command ကိုရိုက်ထည့်ပါ။

Fsutil volume diskfree <Partition Drive Letter:>

Hard Disk ကို စစ်ဆေးပြီးသွားရင် RAM ကို စစ်ဆေးပါမယ်။ RAM အချက်လက်တွေအကြောင်းစုံကို သိချင်ရင် အောက်က Command တွေကို တစ်ခုပြီး တစ်ခုရိုက်ထည့်စစ်ကြည့်ပါ။

Wmic memorychip list full | findstr “Manufacture”

Wmic memorychip list full | findstr “Capacity”

Wmic memorychip list full | findstr “Speed”

Wmic os get freephysicalmemory /format:value

Graphic ကို စစ်ဆေးဖို့အောက်ပါ command တွေကို ရိုက်ထည့်ပါ။

Wmic PATH Win32_videocontroller GET description

Wmic PATH Win32_videocontroller GET adapterRAM

BIOS Info တွေကို စစ်ဆေးချင်ရင် အောက်ပါ command ကိုထည့်ပါ။

Systeminfo | findstr “BIOS”

Motherboard ကို စစ်ဆေးဖို့အောက်ပါ command ကို ရိုက်ထည့်ပါ။

Wmic baseboard list full | findstr “Manufacture”

Wmic baseboard list full | findstr “Product”

ကွန်ပျူတာမှာ Install လုပ်ထားတဲ့ Drive Drivers တွေ ဘယ်နှစ်ခုရှိလဲ၊ ဘာတွေလဲ၊ Update လုပ်ဖို့လိုအပ်သလား စတာတွေကို စစ်ဆေးဖို့ အောက်ပါ command ကို ရိုက်ထည့်ပါ။

driverquery /fo “table”

driverquery /fo “list”

driverquery /fo csv

အပေါ်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းတွေနဲ့ အခုလောက်ဆိုရင် System Information တွေကို သေချာစစ်ဆေးနိုင်ပါပြီ။

No comments:

Post a Comment

မင်္ဂလာပါ..