ဓါတ်ပုံစတင်ရိုက်ကူးမည့် သူများအတွက် မှတ်သားဖွယ်အချက် (25) ချက်
1) ဆိုလိုရင်းရှင်းလင်းပါစေ။
ကိုယ်ပေးချင်တဲ့ Message နဲ့ ရိုက်ချင်တဲ့ Subject ကဘာလဲ မြင်သာပါစေ။
2) ကြည့်သူက Subject ကိုမပြောဘဲသိပါစေ။
Subject ကိုမြင်သာအောင် ကွဲပြားတဲ့ အရောင်၊ အလင်းအမှောင်၊ အခွင့်သာရင် Framing လုပ်ပြီးတော့ ပေါ်လွင်အောင်ရိုက်ပေးပါ။
3) ရိုးရိုးရှင်းရိုက်ပါ။
ခေတ်တွေဘယ်လိုပြောင်းပြောင်း ရိုးရှင်းမှုက အလှဆုံးပါ။
4) မသေချာရင်ဖယ်ထုတ်လိုက်ပါ။
ရိုက်မယ့်မြင်ကွင်းထဲမှာ ပုံကိုအထောက်အပံ့မဖြစ်ဘူးထင်တာမှန်သမျှ ဖယ်ထုတ်လိုက်ပါ။ ဖယ်လို့မလွယ်ရင် Ponint of View ပြောင်းရိုက်ပါ။
တစ်ခါတလေ သစ်ရွက်လေးကျနေတာကို ကောက်ဖယ်လိုက်တာနဲ့ မြင်ကွင်းက ရုပ်လုံးကြွလာမှာပါ။
5) Negative Space အများကြီးမပါ၀င်ပါစေ။
ပုံအတွက်အထောက်အပံ့ဖြစ်မှ အကျိုးရှိစွာအသုံးချတတ်မှ Negative Space ကိုသုံးပါ။ မလိုအပ်ပဲများနေရင်မကောင်းပါဘူး။
6) Subject နဲ့ပုံကိုအပြည့်ဖြည့်ထားပါ။
7) ပုံရဲ့လေးဘက်လေးတန်ထောင့်တွေကိုစစ်ပါ။
ဓာတ်ပုံရိုက်ချင်ဇောနဲ့ Subject ကိုပဲအာရုံရောက်ပြီး ဘေးတွေမကြည့်မိဖြစ်တတ်ပါတယ်။
Crop လုပ်လို့ရတယ်ဆိုပေမယ့် Pixel တွေဆုံးရှုံးပါတယ်။
😎 မလိုတာတွေမပါပါစေနဲ့။
9) အမြင်အမျိုးမျိုးက ကြည့်ပါ။
အပေါ်ကိုမော့ရိုက်တာဟာ Subject ကိုကြီးကျယ်ခမ်းနားစေသလို၊ ငုံ့ရို်က်တာဟာ သေးသွားစေပါတယ်။
10) မဖြစ်မနေ Rule of Third။
ကင်မရာမှာ Grid Line ဖွင့်ရိုက်လိုက်ရင်ပေါ်လာတဲ့လိုင်းတွေအတွင်း Subject က One Third Area ထဲ၀င်နေဖို့လိုတာကိုပြောတာပါ။
11) မျက်လုံးနေရာအပေါ်ရောက်ပါစေ။
Portrait ရိုက်ပြီဆိုရင်အရေးကြီးတာ မျက်လုံးက Center Horizontal Line အပေါ်မှာပဲရှိနေဖို့လိုပါတယ်။ Subject ရဲ့ခေါင်းပေါ်မှာ နေရာတွေအများကြီးလွတ်နေတာကိုလဲဖြေရှင်းပြီးသားဖြစ်မှာပါ။
12) Balance ကိုမမေ့ပါနဲ့။
Subject ကိုအဓိကထားဖို့ပြောပေမယ့် အမြဲတမ်းသူ့ချည်းအဆင်မပြေတတ်ပါဘူး။ Main Subject ကိုအားဖြည့်ပေးဖို့လိုသလို ပုံတစ်ပုံ တစ်ဘက်စောင်းနင်းမဖြစ်စေဖို့ Balance လုပ်ပေးရပါတယ်။ တစ်ခါတစ်ရံ Secondary Subject နဲ့ တစ်ခါတစ်ရံ အလင်းအမှောင်နဲ့ ထိန်းပေးရပါတယ်။
13) မျက်လုံးသည်အလင်းကိုရှာသည်
လူတိုင်းရဲ့မျက်လုံးကအလင်းနဲ့အလုပ်လုပ်တာဆိုတော့ ပုံတစ်ပုံကြည့်ရင်လည်းအလင်းဆုံးနေရာကို ထားကြည့်တတ်ပါတယ်၊ ဒါကြောင့် Subject နဲ့ Message ကလင်းနေဖို့လိုမယ်ထင်ပါတယ်။
14) DOF ကိုများသင့်တဲ့အခါများပေးပါ။
15) ထောင်လိုက်၊ လှဲလိုက်။
တိုက်တွေ၊ အလံတွေ၊ ခဲတံတွေနဲ့ ဒေါင်လိုက်အရာတွေအတွက် Vertical Shot ၊ ကျယ်ပြန့်တဲ့ခံစား ချက်တွေအတွက် Horizontal Shot
16) Pattern တွေကိုအသုံးချပါ။
ဆင့်ကဲ ဆင့်ကဲ ပုံစံတွေ၊ အကွက်တွေ၊ လိုင်းအထပ်ထပ်တွေက ပုံတွေကိုပို ဆွဲဆောင်စေပါတယ်။
17) Leading Line ကိုလည်းမမေ့ပါနဲ့။
ပုံတစ်ပုံမှာပါတဲ့လိုင်းတွေဟာ မိမိ Subject ဆီကိုကြည့်သူရဲ့ မျက်စိအား အရောက်ပို့ပေးနိုင်ပါတယ်။
18) S ကွေ့မျဉ်းတွေကလဲအထောက်အပံ့ပါ။
ကားလမ်း၊ စမ်းချောင်း၊ မြစ်တွေလို အကွေ့အကောက်ကလေးတွေဟာ Composition မှာ နေရာတော် တော်များများအသုံး၀င်ပါတယ်။
19) မျက်လုံးချင်းဆုံပါစေ။
ကလေးတွေ၊ ခွေးတွေ၊ ကြောင်တွေကို ရိုက်မယ်ဆိုရင် သူတို့အရပ်အနိမ့်အမြင့်အတိုင်း ရိုက်သူက ထိုင်ပြီးဖြစ်ဖြစ်၊ လှဲပြီးဖြစ်ဖြစ်ရိုက်ပါ။ စီးမိုးပြီးရိုက်တဲ့ပုံမျိုးကို တတ်နိုင်သလောက်ရှောင်ပါ။
20) Subject များကွဲပြားရှင်းလင်းပါစေ။
21) အလယ်မကျ တကျ
အကြောင်းရင်း ခိုင်ခိုင်လုံလုံမရှိဘဲ (သို့) Symmetry ဖြစ်ဖို့မလိုဘဲ Subject ကိုအလယ်မှာ ဘယ်တော့မှမထားပါနဲ့။
22) နောက်ထပ်အလယ်တစ်ခု။
Subject ကိုမှမဟုတ်ပါဘူး၊ Reflection လိုမျိုးမဟုတ်ရင် (ဒါလည်း Symmetry တစ်မျိုးပါပဲ) Horizontal Line ကိုပုံရဲ့အလယ်ခေါင်မှာ ဖြတ်သွားတာမျိုးကိုရှောင်ပါ။
23) ခေါင်းမဖြတ်ပါနဲ့။
Horizontal Line ကသက်ရှိ Subject တွေရဲ့ ခေါင်းကနေဖြတ်သွားမျိုးကိုလည်း အထူးဂရုပြုရှောင်ပါ။
24) လိုင်းမပူးပါနဲ့။
တစ်ခါတလေ Horizontal Line နဲ့ပုံရဲ့အဓိကကျတဲ့ ပစ္စည်းတစ်ခုခုရဲ့ လိုင်းနဲ့တစ်ထပ်တည်းကျတာ မျိုးတွေရှိတတ်ပါတယ်။ အဲဒီ့အခါမှာ ပစ္စည်းရဲ့အရေးပါမှုပျောက်ကွယ်သွားစေတဲ့အတွက် Horizontal Line နဲ့ Subject တွေရဲ့လိုင်း တစ်ထပ်တည်းကျတာမျိုးကို ရှောင်ရှားသင့်ပါတယ်။
25) ရပ်၊ ကြည့်၊ ရိုက်။
မရိုက်ခင်က ဘက်ပေါင်းစုံကကြည့်ပါ။ ထက်အောက်စုံစေ့အောင်ကြည့်ပြီးမှပါစေချင်တာအကုန် ပါလာစေဖို့ မပါစေချင်တာတွေ ဘာမှမပါလာစေဖို့ပါ။
Credit to original writer
“Cropping ဆိုတာဘာလဲ?”
Cropping ဆိုတာကျနော်တို့ ဓာတ်ပုံတစ်ပုံပြီးရိုက်တဲ့အခါ မလိုအပ်တဲ့နေရာတွေကို ဖြတ်ထုတ်ပြီး လိုအပ်တဲ့နေရာတွေဘဲပါအောင် crop လုပ်တာကိုပြောတာပါ။
ဓာတ်ပုံတွေကို crop လုပ်တာက ကျနော်တို့နဲ့ရင်နှီးပြီးသားအရာတစ်ခုပါ။ အထူးသဖြင့် မိန်းကလေးတွေ ဓာတ်ပုံရိုက်ပြီးရင် အင်္ကျီလေးကတော့ လှတယ် ဝတ်ထားတဲ့ စကပ်၊ဘောင်းဘီက မလိုက်လို့ဆိုပြီး crop လေ့ရှိကြပါတယ်။
Cropping လုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်ရိုက်ထားတဲ့ပုံမှာ ကြည့်ရတာ မရှုပ်ထွေးစေဘဲ ကိုယ်ပြချင်တဲ့ subject ကို ကောင်းကောင်းပေါ်နေဖို့ဘဲဖြစ်ပါတယ်။
ဓာတ်ပုံတစ်ပုံရိုက်တဲ့အခါ crop လုပ်စရာမလိုအောင်ရိုက်နိုင်ရင်တော့အကောင်းဆုံးပါ။ ဒါပေမယ့် ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံမှာ distraction (ပုံထဲမှာ အမှိုက်ပုံတို့၊ခွေးဖြတ်ပြေးတာတို့၊အနောက်မှာ လူတွေပါတဲ့အခါတာမျိုး) အဲ့လို အချိန်မှာ crop လေ့ရှိကြပါတယ်။ တစ်ခါတစ်လေ crop လိုက်မှ ပိုဆိုးသွားတာမျိုးလည်းရှိတတ်ပါတယ်။
ဒီတော့ မလိုအပ်ရင် မ crop ပါနဲ့။
လိုအပ်လို့ crop တဲ့အခါမှာလည်း ဒီအချက်လေးတွေကို သိထားပေးပါခင်ဗျာ။
၁. Subject ကို အသားပေးပါ။
ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံမှာ အဓိကပြချင်တဲ့ subject မျိုးကို ပိုပြီး ရုပ်လုံးကြွအောင် crop ရမှာဘဲဖြစ်ပါတယ်။
၂. Composition
ရိုက်ထားတဲ့ပုံကို crop လုပ်တဲ့အခါမျိုးမှာလည်း compositon မအောက်သွားအောင်၊ မှန်အောင် crop လုပ်ဖို့ လိုပါတယ်ခင်ဗျာ။
၃. Quality
Crop လုပ်တာနဲ့အမျှ ပုံရဲ့ အရည်သွေး (quality) ကျပါတယ်။ Crop လုပ်ထားတဲ့ပုံတွေရဲ့ quality က crop မလုပ်ထားတဲ့ original ပုံတွေထက် quality ကျမှာဘဲဖြစ်ပါတယ်။
၄. Megapixels
Megapixels များတဲ့ camera တွေက ပ်ိုကောင်းတယ်ဆိုပြီးနှိုင်းယှဉ်လို့မရပါဘူး။ ဒါပေမယ့် sensor size လည်းတူမယ်ဆိုရင်တော့ megapixels များတဲ့ camera က crop လုပ်တဲ့အခါ quality သိပ်မကျဘူးပေါ့။
ကိုယ့် camera က megapixels လည်း မများဘူးဆိုရင်တော့ အစထဲက crop မလုပ်ရအောင်ရိုက်တာက ပိုပြီးအဆင်ပြေမှာဘဲဖြစ်ပါတယ်ခင်ဗျာ။
၅. Ratio
ပုံတစ်ပုံကို crop လုပ်တဲ့အခါမှာလည်း သင့်တော်တဲ့ ratio တစ်ခု၊ မှန်ကန်တဲ့ အချိုးအစားရှိရမှာဘဲဖြစ်ပါတယ်။
3:2 crop မှာလား၊ 16:9 လား အစရှိသဖြင့်ပေါ့။
Cropping အတွက် အမှားအမှန်နဲ့ ဥပမာလေးတွေအတွက် အောက်ကပုံလေးတွေမှာကြည့်ပေးပါခင်ဗျာ။
အားလုံးဘဲပုံလှလှလေးတွေရကြပါစေ။
Have a lovely day✌🏻
1) ဆိုလိုရင်းရှင်းလင်းပါစေ။
ကိုယ်ပေးချင်တဲ့ Message နဲ့ ရိုက်ချင်တဲ့ Subject ကဘာလဲ မြင်သာပါစေ။
2) ကြည့်သူက Subject ကိုမပြောဘဲသိပါစေ။
Subject ကိုမြင်သာအောင် ကွဲပြားတဲ့ အရောင်၊ အလင်းအမှောင်၊ အခွင့်သာရင် Framing လုပ်ပြီးတော့ ပေါ်လွင်အောင်ရိုက်ပေးပါ။
3) ရိုးရိုးရှင်းရိုက်ပါ။
ခေတ်တွေဘယ်လိုပြောင်းပြောင်း ရိုးရှင်းမှုက အလှဆုံးပါ။
4) မသေချာရင်ဖယ်ထုတ်လိုက်ပါ။
ရိုက်မယ့်မြင်ကွင်းထဲမှာ ပုံကိုအထောက်အပံ့မဖြစ်ဘူးထင်တာမှန်သမျှ ဖယ်ထုတ်လိုက်ပါ။ ဖယ်လို့မလွယ်ရင် Ponint of View ပြောင်းရိုက်ပါ။
တစ်ခါတလေ သစ်ရွက်လေးကျနေတာကို ကောက်ဖယ်လိုက်တာနဲ့ မြင်ကွင်းက ရုပ်လုံးကြွလာမှာပါ။
5) Negative Space အများကြီးမပါ၀င်ပါစေ။
ပုံအတွက်အထောက်အပံ့ဖြစ်မှ အကျိုးရှိစွာအသုံးချတတ်မှ Negative Space ကိုသုံးပါ။ မလိုအပ်ပဲများနေရင်မကောင်းပါဘူး။
6) Subject နဲ့ပုံကိုအပြည့်ဖြည့်ထားပါ။
7) ပုံရဲ့လေးဘက်လေးတန်ထောင့်တွေကိုစစ်ပါ။
ဓာတ်ပုံရိုက်ချင်ဇောနဲ့ Subject ကိုပဲအာရုံရောက်ပြီး ဘေးတွေမကြည့်မိဖြစ်တတ်ပါတယ်။
Crop လုပ်လို့ရတယ်ဆိုပေမယ့် Pixel တွေဆုံးရှုံးပါတယ်။
😎 မလိုတာတွေမပါပါစေနဲ့။
9) အမြင်အမျိုးမျိုးက ကြည့်ပါ။
အပေါ်ကိုမော့ရိုက်တာဟာ Subject ကိုကြီးကျယ်ခမ်းနားစေသလို၊ ငုံ့ရို်က်တာဟာ သေးသွားစေပါတယ်။
10) မဖြစ်မနေ Rule of Third။
ကင်မရာမှာ Grid Line ဖွင့်ရိုက်လိုက်ရင်ပေါ်လာတဲ့လိုင်းတွေအတွင်း Subject က One Third Area ထဲ၀င်နေဖို့လိုတာကိုပြောတာပါ။
11) မျက်လုံးနေရာအပေါ်ရောက်ပါစေ။
Portrait ရိုက်ပြီဆိုရင်အရေးကြီးတာ မျက်လုံးက Center Horizontal Line အပေါ်မှာပဲရှိနေဖို့လိုပါတယ်။ Subject ရဲ့ခေါင်းပေါ်မှာ နေရာတွေအများကြီးလွတ်နေတာကိုလဲဖြေရှင်းပြီးသားဖြစ်မှာပါ။
12) Balance ကိုမမေ့ပါနဲ့။
Subject ကိုအဓိကထားဖို့ပြောပေမယ့် အမြဲတမ်းသူ့ချည်းအဆင်မပြေတတ်ပါဘူး။ Main Subject ကိုအားဖြည့်ပေးဖို့လိုသလို ပုံတစ်ပုံ တစ်ဘက်စောင်းနင်းမဖြစ်စေဖို့ Balance လုပ်ပေးရပါတယ်။ တစ်ခါတစ်ရံ Secondary Subject နဲ့ တစ်ခါတစ်ရံ အလင်းအမှောင်နဲ့ ထိန်းပေးရပါတယ်။
13) မျက်လုံးသည်အလင်းကိုရှာသည်
လူတိုင်းရဲ့မျက်လုံးကအလင်းနဲ့အလုပ်လုပ်တာဆိုတော့ ပုံတစ်ပုံကြည့်ရင်လည်းအလင်းဆုံးနေရာကို ထားကြည့်တတ်ပါတယ်၊ ဒါကြောင့် Subject နဲ့ Message ကလင်းနေဖို့လိုမယ်ထင်ပါတယ်။
14) DOF ကိုများသင့်တဲ့အခါများပေးပါ။
15) ထောင်လိုက်၊ လှဲလိုက်။
တိုက်တွေ၊ အလံတွေ၊ ခဲတံတွေနဲ့ ဒေါင်လိုက်အရာတွေအတွက် Vertical Shot ၊ ကျယ်ပြန့်တဲ့ခံစား ချက်တွေအတွက် Horizontal Shot
16) Pattern တွေကိုအသုံးချပါ။
ဆင့်ကဲ ဆင့်ကဲ ပုံစံတွေ၊ အကွက်တွေ၊ လိုင်းအထပ်ထပ်တွေက ပုံတွေကိုပို ဆွဲဆောင်စေပါတယ်။
17) Leading Line ကိုလည်းမမေ့ပါနဲ့။
ပုံတစ်ပုံမှာပါတဲ့လိုင်းတွေဟာ မိမိ Subject ဆီကိုကြည့်သူရဲ့ မျက်စိအား အရောက်ပို့ပေးနိုင်ပါတယ်။
18) S ကွေ့မျဉ်းတွေကလဲအထောက်အပံ့ပါ။
ကားလမ်း၊ စမ်းချောင်း၊ မြစ်တွေလို အကွေ့အကောက်ကလေးတွေဟာ Composition မှာ နေရာတော် တော်များများအသုံး၀င်ပါတယ်။
19) မျက်လုံးချင်းဆုံပါစေ။
ကလေးတွေ၊ ခွေးတွေ၊ ကြောင်တွေကို ရိုက်မယ်ဆိုရင် သူတို့အရပ်အနိမ့်အမြင့်အတိုင်း ရိုက်သူက ထိုင်ပြီးဖြစ်ဖြစ်၊ လှဲပြီးဖြစ်ဖြစ်ရိုက်ပါ။ စီးမိုးပြီးရိုက်တဲ့ပုံမျိုးကို တတ်နိုင်သလောက်ရှောင်ပါ။
20) Subject များကွဲပြားရှင်းလင်းပါစေ။
21) အလယ်မကျ တကျ
အကြောင်းရင်း ခိုင်ခိုင်လုံလုံမရှိဘဲ (သို့) Symmetry ဖြစ်ဖို့မလိုဘဲ Subject ကိုအလယ်မှာ ဘယ်တော့မှမထားပါနဲ့။
22) နောက်ထပ်အလယ်တစ်ခု။
Subject ကိုမှမဟုတ်ပါဘူး၊ Reflection လိုမျိုးမဟုတ်ရင် (ဒါလည်း Symmetry တစ်မျိုးပါပဲ) Horizontal Line ကိုပုံရဲ့အလယ်ခေါင်မှာ ဖြတ်သွားတာမျိုးကိုရှောင်ပါ။
23) ခေါင်းမဖြတ်ပါနဲ့။
Horizontal Line ကသက်ရှိ Subject တွေရဲ့ ခေါင်းကနေဖြတ်သွားမျိုးကိုလည်း အထူးဂရုပြုရှောင်ပါ။
24) လိုင်းမပူးပါနဲ့။
တစ်ခါတလေ Horizontal Line နဲ့ပုံရဲ့အဓိကကျတဲ့ ပစ္စည်းတစ်ခုခုရဲ့ လိုင်းနဲ့တစ်ထပ်တည်းကျတာ မျိုးတွေရှိတတ်ပါတယ်။ အဲဒီ့အခါမှာ ပစ္စည်းရဲ့အရေးပါမှုပျောက်ကွယ်သွားစေတဲ့အတွက် Horizontal Line နဲ့ Subject တွေရဲ့လိုင်း တစ်ထပ်တည်းကျတာမျိုးကို ရှောင်ရှားသင့်ပါတယ်။
25) ရပ်၊ ကြည့်၊ ရိုက်။
မရိုက်ခင်က ဘက်ပေါင်းစုံကကြည့်ပါ။ ထက်အောက်စုံစေ့အောင်ကြည့်ပြီးမှပါစေချင်တာအကုန် ပါလာစေဖို့ မပါစေချင်တာတွေ ဘာမှမပါလာစေဖို့ပါ။
Credit to original writer
No comments:
Post a Comment
မင်္ဂလာပါ..