menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

camera ရိုက်တဲ့အခါ ဓာတ်ပုံကောင်းတစ်ပုံရဖို့



>>>>>ပုံကောင်း တစ်ပုံရရှိဖိုဆိုတာ ဘယ်လောက် ကြိုးစားသလဲ၊ ဘယ်လောက် ဂဂုစိုက်ပြီးရိုက် ကူးသလဲ၊ ဘယ်လောက် စည်းကမ်းတွေကို လိုက်နာ သလဲဆိုတာ မူတည်ပါတယ်..။ပိုမိုကောင်း မွန်တဲ. ဓာတ်ပုံ တွေရရှိဖို. ရိုးရှင်းတဲ. အချက်လေးတွေကို လေ.လာကြည်.ရအောင်...။။

#1Shutter Speed မြန်မြန်နဲ. ရိုက်မယ်
ဓာတ်ပုံတပုံရဲ. အသက်က ကြည်လင်ပြတ်သားခြင်း လို.ပြောနေကြတဲ.အချိန်မှာ သင်အကြိုက် ဆုံး ပုံတစ်ပုံမှာ လှုပ်ရှား မှုကြောင်. ဝါးနေတယ်ဆိုရင် စိတ်ညစ်နေရမှာလား။ လှုပ်ရှား မှုမှာ အရာဝတ္တုရဲ. လှုပ်ရှားမှုနဲ. ကင်မရာကိုင် လက်ရဲ. လှုပ်ရှားမှု နှစ်ခု ကြောင်.ဝါးနိုင်ပါတယ်။ လက်ရဲ. လှုပ်ရှားမှုကိုလျော.ချနိုင်ဖိုဆိုရင် အကြမ်းဖျင်းအားဖြင်. shutter speed က အနည်းဆုံး 1/focal length ရှိဖို.လိုအပ်ပါတယ်။ ဥပမာ focal length 50mmဆိုလျှင် shutter speed 1/50 sec လိုပါတယ်...။ ဒါက full frame ကင်မရာအတွက် ဆိုလိုတာပါ။ အကယ်လို. Crop frame ကင်မရာတွေ အတွက်ဆိုရင် 1/80 secလောက်လိုပါတယ်။ လက်ကိုငြိမ်ငြိမ် ကိုင်မနိုင်ရိုက်ဘူး ဆိုရင် brust mode နဲ.များများရိုက်ပြီး အပြတ်သားဆုံကိုပြန်ရွှေးလို.ရနိုင် ပါတယ်။
ရိုက်လိုတဲ. Subject က လှုပ်ရှားနေတာဆိုရင်တော. အဲဒီလှုပ်ရှားမှုနဲ. ကိုက်ညီအောင် shutter speed ကိုမြင်.တင်ပေးရပါမယ်။ ပျံသန်းနေတဲ. ဌက်တွေရဲ. လှုပ်ရှားမှု တောင်ပံခတ်တာကို အမအရ ရိုက်ချင်တယ်ဆိုရင် 1/500 ကနေ 1/1000 အထိ shutter speed ကိုမြှင်.တင်ပေးရမှာဖြစ်ပါတယ်။

#2Tripod ကို အသုံးပြုပါ။
Shutter speed ကိုလည် တင်ဖို. မဖြစ်နိုင်၊ ပုံရိပ်တွေလည်း ပြတ်သားဖိုလိုတယ် ဆိုရင် Tripod လို. ခေါ်တဲ. သုံးချောင်းထောက်ကို အသုံးပြုသင်.ပါတယ်။ ထရိုင်ပေါ. ကကင်မရာကိုတည်ငြိမ်စေ ရုံတင်မက မညီမညာဖြစ်တဲ. မြေပြင်တွေမှာပါ ကင်မရာကို ကိုယ်ကြိုက်တဲ. အနေအထားရအောင် ချိန်ညှိနိုင်ပါတယ်။ကင်မရာအလေးချိန်နဲ. အနေအထားပေါ်လိုက်လို. သင်.လျော်တဲ. ထရိုင်ပေါ. ကိုရွှေးချယ်တတ်ဖိုလိုပါတယ်။

#3ဆုံချက်ကိုပြတ်သားအောင်ချိန်ပါ။
ဆုံချက် ဒါမှမဟုတ် Focus ကိုပြတ်သားအောင်ချိန်ဖို.နည်းလမ်း၂မျိုါ်ရှိပါတယ်။ အလိုအလျောက် ချိန်ညှိခြင်းနှင်. ကိုယ်တိုင်ချိန်ညှိခြင်းတို.ဖြစ်ပါတယ်။ ကိုယ်တိုင်ချိန်ညှိခြင်း (manual focusing) မှာ ချောင်းကြည်ပေါက်ကနေ ကြည်.ပြီး ချိန်ညှိနိုင်သလို LCDမျက်နှာပြင်ကနေ Live view mode မှာ Zoomဆွဲပြီး ချိန်နိုင်ပါတယ်။ Focus points တွေကို တစ်ပွိုင်.ခြင် ရွှေးချယ်ခြင်း အားဖြင်. ကိုယ်လိုချင်တဲ. subject ကိုအပြတ်သားဆုံးဖြစ်စေသလို Depth of field ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ သက်ရှိတွေကိုရိုက်တဲ. အခါ မျက်လုံးကို အဓိကပြတ်သားအောင် ချိန်ညှိသင်. ပါတယ်။ မျက်လုံးက ပုံရဲ. အားကောင်းဆုံးနေရာဖြစ်ပြီး မျက်လုံးပြတ်သားခြင်းအားဖြင်. ကြည်.ပျော် ဖွယ် ဓာတ်ပုံလေးဖြစ်လာပါတယ်။

#4မှန်ဘီးလူးကောင်းပါစေ။
မှန်ဘီလူးကောင်းလေ ဓာတ်ပုံကောင်းလေဆိုတဲ. ဆိုရိုးစကားရှိပါတယ်။ Canon Cameras ရဲ. L Lens တွေ၊Nikon ရဲ. N Lens ၊ Zeiss ရဲ. T*Lens တွေက ဓာတ်ဆရာတွေရဲ. အိပ်မက်တွေ ပါ။ kit Lens နဲ. ကျင်.သားရလာပြီးဆိုရင် မှန်ဘီလူးကောင်းကောင်း တစ်လုံးလောက်တော. အဆင်.မြှင်.သင်.ပါတယ်။။ ဈေးကြီးလို.မဝယ်ချင်ဘူးလား။ဒါဆိုရင်တော. First Prime Lens လို.ခေါ်တဲ. Aperture ကျယ်ကျယ် ဆုံတာအသေ( fixed focal length) မှန်ဘီးလူးတွေကိုစဉ်းစားသင်.ပါတယ်။ $150 ပတ်ချာလည်လောက်ရှိတဲ. 50mm 1/1.8 လေးနဲ. ရိုက်လို. ထွက်လာတဲ. ပုံရဲ. အရည်အသွေးကို သင်သဘောကျမှာပါ။။

#5မှန်ဘီလူးကို သန်.ရှင်းအောင်ထားပါ။
ဘယ်လောက်ကောင်းတဲ. မှန်ဘီလူးဖြစ်ပါစေ ညစ်ပတ်နေရင်တော.ပုံကောင်းရမှာ မဟုတ်ပါဘူး။ မရိုက်ခင်နဲ. ရိုက်ပြီးသိမ်းတိုင်းမှာ သန်.ရှင်းရေးကို အမြဲလုပ်သင်.ပါတယ်။ Lens cloth, Lens Paper, Lens Pen တွေကို အမြဲဆောင်ထားသင်.ပါတယ်။ရေစက်ရေပေါက် တွေကလည်း focus ဖြတ်တဲ.အခါ အနှောက်အယှက်ဖြစ်စေပါတယ်။

##6imageStabilzation ကို အသုံးပြုပါ
အပေါ်မှာပြောခဲ.သလို ပုံရိပ်ပြတ်သားဖို. အနည်းဆုံး shutter speed က1/focal length ဖြစ်တဲ.အတွက် ၎င်းထက်လျှော.ရိုက်ဖို လိုအပ်တဲ.အခါ ပုံရိပ်တည်ငြိမ်မှုစနစ်(IS) ကိုအသုံးပြုဖို လိုအပ်ပါတယ်...။ပြောင်ပြန်အနေနဲ. ထရိုင်ပေါ်တင်ရိုက်ရင်တော. မလိုလားအပ်တဲ. အာနိသင် တွေဖြစ်မလာအောင် (IS) ကိုပိတ်ထားသင်.ပါတယ်။

#7ISO အနည်းဆုံး အသုံးပြုပါ။
ISO ကိုကင်မရာမှာ အနည်းဆုံး ပါတဲ. 100-200အတွင်းမှာ ထားရိုက်ခြင်းဖြင်.ပုံရိပ်ရဲ.ပြတ်သားမှုကို ပိုကောင်းစေမှာဖြစ်ပါတယ်။ကင်မရာတစ်လုံနဲ.တစ်လုံး ISO နိုင်နင်းပုံခြင်းမတူပါဘူး။မလိုလားအပ်ဘဲ ISOကိုတင်လိုက်ရင် Noise တွေဝင်လာနိုင်ပါတယ.်။။ ဒီနေရာမှာ တစ်ခုပြောလိုတာက Shutter speed လိုအပ်တဲ. အချိန်မျိုးဆိုရင် ISO ကိုတင်ရိုက်နိုင်ပါတယ်။။Noise တွေပုံနဲ.မပြတ်သားတဲ. ပုံထက်တော. ပိုပြီး အသုံးဝင်ပါတယ်။
#8-မှန်ဘီလူးရဲ. Sweet point ကိုရှာဖွေပါ
မှန်ဘီလူးတိုင်းမှာ အပြတ်သားဆုံး အနေအထားကို aperture တစ်ခုမှာရတတ်ပါတယ်။ မှန်ဘီလူး တစ်လုံးနဲ.တစ်လုံး မတူနိုင်ပေးမဲ. ယေဘုယျ အားဖြင်. F/8 ကနေ F/11 အတွင်းမှာဖြစ်နိုင် ပါတယ်။ ထရိုင်ပေါ.နဲ.ထောက်ပြီး မြင်ကွင်းတစ်ခုတည်းကို F တစ်ခုချင်းဆီ နဲ. ရိုက်ကြည်ပြီး နှိုင်းယှဉ်ကြည်.ပါ။ F ကိုမှတ်ထားပြီး တတ်နိုင်သမျှ ၎င်းနှင်.ရိုက်ပါ။

#9အလင်းရောင်ကိုအသုံးပြုပါ။
အလင်းရောင်ပိုရလေ ဖိုးကပ်စ် တိတိကျကျ ဖြတ်နိုင်လေ ပုံရိပ်ပြတ်သားဖို. လွယ်ကူလေ ဖြစ် ပါတယ်။နေ. အလင်းရောင် မရနိုင် ဘူးဆိုရင်တောင်မှ နံရံဒါမှမဟုတ် မျက်နှာကြက်ကနေ အလင်းရောင်ပြန်အောင် မီးပေးပြီး ကိယ်ရိုက်ချင်တဲ. Subjectအပါ်ကို သဘာဝကျကျ အလင်း သက်ရောက်စေပြီး ပုံရိပ်ကို ပိုမိုပြတ်သားစေနိုင်ပါတယ်။နေ ဒါမှမဟုတ် အလင်းပင်ရင်းနဲ.မျက်နှာချင်း ဆိုင် ရိုက်ရပြီ ဆိုလျှင်လည်း Subject ကို အလင်းဖြည်.(Fill Light ) ထည်.ဖို.လိုအပ်ပါတယ်။

#10RAW ဖိုင်ဖြင်.ရိုက်ပါ။
DSLRတွေ Mirrorless တွေရဲ. အားသာချက်ဖြစ်တဲ. RAW နဲ.ရိုက်ကူးနိုင်ခြင်း ကို အပြည်.အ၀ အသုံးချသင်.ပါတယ်။ RAW File တွေမှာ အချက်အလက်များစွာ ပါဝင်တာကြောင်. ပုံကို ထိန်းချူပ် မှု ပိုရတတ်ပါတယ်။အတိမ်းအစောင်းလည်းခံနိုင်ပါတယ်။ အနုစိတ် ပြုပြင်မှုက ပုံကိုလှပစေပေးမဲ. အလွန်အကျွံ ပြင်ရင်တော. မူရင်းအရသာကိုပျက်စီးနိုင် ပါတယ်............။။
မှ---------------လင်းရိပ်(We focus)
#Credit Zaw Min Latt 

No comments:

Post a Comment

မင်္ဂလာပါ..