menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Camera Setting ချိန်နည်း

အလွယ်ကူဆုံး Manual Exposure ချိန်နည်း
A. သင်က Sport ရိုက်တဲ့သူမဟုတ်ဘူး moving subject ကိုရိုက်သူမဟုတ်ဘူးဆိုရင် ဒီအစီအစဉ်အတိုင်းသွားမယ်
1 - ISO
2 - Aperture 3 - Shutter Speed
B. သင်က Sport ရိုက်တဲ့သူ moving subject ကို ရိုက်တဲ့သူဆိုရင် ဒီအစီအစဉ်တိုင်းသွားမယ်
1- ISO
2 - Shutter Speed
3- Aperture
ကဲစမယ် - ပထမအဆင့် ၄ချက်စဉ်းစား
အရမ်းအလင်းလား - ISO 100 or 200 ထား
ပုံမှန်အလင်းလား - ISO 400 or 800 ထား
ပုံမှန်အမှောင်လား - ISO 1600 or 3200 ထား
အရမ်းမှောင်နေလား - ISO 6400 အထက်ထားလို့ရမယ်
မှတ်ရန် - ISO များလေ လင်းလေ ဗြုတ်ထလေ
ISO နည်းလေ မှောင်လေ ကြည်လင်လေ
ဒုတိယအဆင်​့ Aperture စဉ်းစား
Background ဝါးချင်ရင် Aperture ချဲ့ f နံပါတ်သေး
မယ် (1.8 or lower )
Background ကြည်ချင်ရင် Aperture သေး f နံပါတကြီး (11 or higher )
မှတ်ရန် - f နံပါတ်သေးလေ နောက်ခံဝါးလေ ပို လင်းလေ
F နံပါတ်ကြီးလေ နောက်ခံမြင်ရလေ ပိုမှောင်လေ
တတိယအဆင်​့ shutter speed စဉ်းစားမယ်
အလင်းထဲဆို Shutter speed တင်ရိုက်လို့ရ
အမှောင်ထဲဆို shutter speed ချရိုက်လို့ရ
အငြိမ်ကိုရိုက်ရင် shutter speed ချရိုက်လို့ရ
အလှုပ်ကိုရိုက်ရင် shutter speed တင်ရိုက်လို့ရ
မှတ်ဖို့က shutter speed တင်လေလေ မှောင်လေလေ
Shutter speed နှေးလေလေ လင်းလေလေ
Handheld range ကျော်ရင် ဒါကြောင့် Tripod လိုမယ်

No comments:

Post a Comment

မင်္ဂလာပါ..