menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

AirCon နဲ့ ရေခဲသေတ္တာရဲ့ Working Principle အလုပ်လုပ်ပုံ

AirCon နဲ့ ရေခဲသေတ္တာရဲ့ Working Principle အလုပ်လုပ်ပုံ
အချက်အလက် အများစုက တူညီနေလို့ Air-Conditioning system ကို မျှဝေမယ်ဆိုရင် ရေခဲသေတ္တာ ကိုပါ မျှဝေလိုက်ရင် လူတိုင်းနားလည် လွယ်ကူလို့ပါ။
အဝတ်လျှော်စက်အကြောင်း သင်မယ်ဆိုရင် အခြောက်ခံစက်ကျတော့ ဘာလို့ထည့်မသင်တာလဲ ဆိုတဲ့ မေးခွန်းလေး ပြန်ပြီး အစစ်မေးချင်ပါတယ်။
ဒီခေတ်မှာ အဝတ်လျှော်စက်အပြင် အဝတ် အခြောက်ခံစက်လို့ခေါ်တဲ့ Tumbler Dryer လို့ခေါ်တဲ့စက်ကိုပါ တွဲဖက်အသုံးပြုလာတဲ့ခေတ်လေ။ ဟိုတယ်တွေရဲ့ Laundary ဝန်ဆောင်မှု စီးပွားရေးလုပ်ငန်း) သန့်ရှင်းရေးလုပ်ငန်းအဖြစ်နဲ့ ယနေ့ခေတ်မှာ တွင်တွင်ကျယ်ကျယ်
သုံးလာကြတာကို အားလုံးအသိပဲဖြစ်မှာပါ။
ဒီတော့ သဘောတရားကို နားလည်အောင် ကျွန်တော်ကြားဖူးနားဝ ရှိသလောက်နဲ့ တက်သလောက်မှတ်သလေုက်ပြင်ဖူးတာလေးတွေ
မျှဝေပေးပါ့မယ်။
အဝတ်လျှော်စက် စနစ်မှာ ပါတာလေးတွေက
Manual စနစ်မှာဆိုရင် Power Supply ရယ်၊ Timer Controller ပါမယ်၊ Wash Controller ပါမယ်၊ Fuse ပါမယ်။ Washing လုပ်မယ့် စနစ်မှာ Rinse and Spin Motor ပါမယ်။ Water level Controller ပါမယ်။ limit switch ပါမယ်၊ Drain Hose ပါမယ်။ Water Inlet / Outlet Hose ပါမယ်။ Water Filter ပါမယ်၊ Washing Drum နဲ့
Spin Drum ပါမယ်။ Capacitor ပါမယ်။ Pully Wheel နဲ့ Belt ကြိုးပါမယ်။ Water Pump ပါမယ်။ Motor နဲ့ Drum ကြားမှာရှိတဲ့ Echanical Shaft seal နဲ့ Universal Joint ပါမယ်။
အဆင့်မြင့်လာတဲ့ Automatic system ဆိုရင် Control Card ဆိုတာနဲ့ Fuse တွေ Relay တွေပါလာမယ်။ ဒီအပြင် System မြင့်ရင် မြင့်သလို 3 way solenoid valve တွေပါမယ်။ Drain Pump ပါမယ်။ Drain Sensor ပါမယ်။
ဒါကတော့ Electronic အပိုင်းများလို့ အခြေခံ အီလက်ထရောနစ် နားလည်သူတွေအတွက် ပြင်ဆင်ဖို့ အရမ်းလွယ်ကူပါတယ်။
မြန်မာနိုင်ငံလို အိမ်သုံးတွေအတွက်တော့ 220 VAC
Power supply သုံးလို့ Single Phase Motor တွေအသုံးများတယ်။ ထုတ်လုပ်တဲ့ နိုင်ငံတွေ မတူညီလို့ အသုံးပြုပုံတွေမတူသလို တပ်ဆင်ထားတဲ့ ပစ္စည်းတွေ အခေါ်အဝေါ်တွေကတော့ အနည်းငယ် ကွပြားမှာ ဖြစ်ပါတယ် ။
အပျက်များလေ့ရှိတာက ရိုးရှင်းပါတယ်။ တံခါးထဲကနေ ရေတွေထွက်ပြီးလျှံကြနေတာဆိုရင် တံခါးရဲ့ O.Ring Liner လေးမကောင်းတော့လို့ ရှာဝယ်လို့မရရင် Heavy Duty Red Silicon နဲ့ ပိတ်ပြီး ၃နာရီလောက် အခြောက်ခံ ပြန်သုံးလို့ရပါတယ်။ Door lock တွေရဲ့ Limit Switch တွေနဲ့ Magnet တွေ ထထဖောက်တာ၊ Drain Sensor တွေ ဂျေးပိတ်ပြီး မဆေးတာကြာလို့ System Error တက်တာ၊ Foundation အထိုင် Bolt & nut တွေ overload အဝတ်တွေများများထည့်လျှော်လို့ Drum nut တွေချောင်တာမျိုး၊ Water Inlet filter strainer ရေစစ်ဇကာလေးမှာ ဂျေးပိတ်နေလို့ သတ်မှတ်ထားတဲ့ Water Level အမှတ်ကိုမရောက်လို့ ခဏခဏပြန်လျှော်နေတာမျိုးတွေဖြစ်တက်တယ်။ အဝတ်လျှော်နေတုန်း အဖုံးဖွင့်လိုက်ရင်
အနောက်ကနေကြိုးလေးတစ်ကြိုးနဲ့ Interlock အဖြစ်ခံပြီးတော့ စက်ကိုမလည်အောင် တနည်းအားဖြင့် မော်တာကို မောင်းမရအောင်SAFETY DEVICE အဖြစ်သုံးထားတက်ပါတယ်။ အဲဒီ နောက်က ကြိုးလေးပြုတ်နေရင် (သို့မဟုတ်) ပြတ်နေခဲ့ရင် တံခါးဖွင့်ရင်တောင် စက်မောင်းနေတာကို တွေ့ရတက်ပါတယ်။ ဘာလို့ အဖုံးပိတ်မှ စက်မောင်းလို့ရတာလဲဆိုတာကတော့ စက်အဖုံးဖွင့်ပြီး မောင်းနေချိန်မှာ မော်တာလည်မိရင် စက်ရဲ့လည်ပတ်နှုန်း (R.P.M) လို့ခေါ်တဲ့ Revolution Per Minute တစ်မိနစ်မှာလည်ပတ်တဲ့ ကြိမ်နှုန်းက
50 Hertz (Hz) ဖြစ်တာကြောင့် တစ်မိနစ်မှာ အပတ်ရေ ၁၅၀၀ လည်ပါတယ်။ ဒီတော့ ပစ္စည်းတစ်ခုခု ညပ်မိလို့ ဒုက္ခမဖြစ်အောင်
Safety Interlock ခံထားတာပါ။

ဆိုလိုချင်တာက အဲ့ဒီကြိုးလေးပြတ်နေရင် ပြန်တပ်ဖို့လိုပါတယ်။ လသာကမ်းနားဘလောက်က ဗိုလ်ရွဲလမ်း သွားဝယ်လို့ရပါတယ်။ အဝတ်လျှော်စက် ပစ္စည်းအဟောင်းတွေ ရောင်းပါတယ်။ မော်တာရဲ့ Pully နဲ့ Washing Drum ကို ချိတ်ဆက်ထားတဲ့ Belt ကြိုးလေး ပြတ်နေရင် လသာအပေါ်ဆုံးဘလောက်က ယ္ခင် စာစစ်ရုံးအနားမှာရှိတဲ့ မော်တာ belt ကြိုးရောင်းတဲ့ ဆိုင်တွေရှိပါတယ်။ မေးဝယ်လုိ့ရပါတယ်။ မော်တာအလုံးလိုက် ပျက်သွားတာမျိုးတို့ Capacitor တွေ ပျက်ခဲ့ရင်တော့ ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း အလယ်ဘလောက်က Smile Electronic တို့ Five Star စတဲ့ ဆိုင်တွေမှာ အပိုပစ္စည်းတွေ ရောင်းပါတယ်။ တရုပ်ထုတ် မော်တာတွေဆို စျေးပေါပါတယ်။ Original ဆိုရင်တော့ တရုပ်ပစ္စည်းထက် စျေးက ၂ဆ ၃ဆ လောက်ရှိပါတယ်။
Tumbler Dryer မှာဆိုရင် အဝတ်တွေကို အခြောက်ခံဖို့ Heater ပါမယ်။ အပူချိန်ကို Control လုပ်မယ့် Thermostat လေးပါမယ်။ အပေါ်က အဝတ်လျှော်စက်မှာလိုပဲ Dry လုပ်မယ့် Drum ပါမယ်။ Electronic PCB card တစ်ကဒ်ပါမယ်။ Blower Motor ပါမယ်၊ Blower motor ရဲ့ Suction line choke ဖြစ်တာမျိုးတွေ Limit switch တွေက သေချာ မထိလို့ ပြဿ နာဖြစ်တာတွေ ကြုံရတက်တယ်။ Heater Coil အခြောက်ခံပေးမယ့် အပူချောင်းတွေ
ပျက်စီးနေတာမျိုးကြောင့်လည်း မပူဘူး။
စက်ရုံ အလုပ်ရုံသုံး Washing Machine မှာတော့ 3 Phase, 440 VAC power supply သုံးတာဖြစ်လို့ Motor Stater ကို STAR / DELTA နဲ့မောင်းပါတယ်။ စက်ရဲ့အနောက်ဘက်မှာ V.F.D လို့ခေါ်တဲ့ Variable Frequency Drive သုံးတဲ့ R.P.M (speed) ကို
လိုသလို ကစားနိုင်တဲ့ ပစ္စည်းတွေသုံးသလို
Inveter Module Card တွေလည်း သုံးလာပါပြီ။
စက်ရုံ အလုပ်ရုံသုံး Tumbler Dryer တွေမှာတော့
3 Phase, 440 VAC power supply သုံးတာဖြစ်လို့
Motor Stater ကို STAR / DELTA နဲ့ ဒါမှမဟုတ်
Forward Reverse နဲ့ မောင်းတက်ပါသေးတယ်။
===========================
စက်က Manual ဆိုတော့ သိပ်မခက်လိုက်ဘူး။ ရယ်တော့ရယ်ရရတယ်။ လျှော်တာရော ညှစ်တာရော ဘာမှမောင်းမရဘူးဆိုလို့ တစ်ခုချင်းစစ်ကြည့်တယ်။
 ပထမဆုံး Fuse က စ စစ်တာပေါ့။ ပြီးတော့ Wire ကြိုး Short ဖြစ်မဖြစ်၊ Capacitor ကောင်းမကောင်း၊ Washing Motor နဲ့ Spin Motor တွေစစ်၊ Water Filter strainer လေးကိုစစ်ပြီး အားလုံးကောင်းနေတော့ Multi meter လေးနဲ့ Power Supply Output တိုင်းကြည့်တာ မထွက်လို့ အကုန် တစ်စစစီဖြုတ်ထုတ်တော့မှ ဟောတွေ့ပါပြီ၊ ဟိုးအတွင်းပိုင်းထဲက Control Switch လေးတွေနောက်မှာ ကြွက်ကိုက်သရောင်ထင်ရတဲ့ အနေအထား ဒီဇိုင်းကာလာပေါ့ ကြိုးတစ်ချောင်းပြတ်နေတယ်။ ပြန်ဆက်ပြီး မီးတိပ်သေချာပတ်ပြီးတော့
Power On ကြည့်တော့ OKEY DOKEY ဖြစ်သွားတယ်။

Ohhhh Santamaria ဖြစ်မှဖြစ်ရလေ၊ ပြန်ကောင်းသွားချင်တော့လည်း လွယ်လွယ်ကူကူပါလားနော်၊
စာဆုံးအောင်ဖတ်သွားတဲ့ မိတ်ဆွေများ
ဗဟုသုတ ရတယ်ဆို ကျေနပ်ပါတယ်ခင်ဗျာ။
😇😇😇😇😇😇😇😇😇😇😇😇😇😇😇
မူရင်း - စာရေးသူ ဆရာသူရိန်မင်းမော်
ကျမ်းမာကြပါစေ

No comments:

Post a Comment

မင်္ဂလာပါ..