မိတ္တူ ကူးစက်နဲ့ပတ်သက်ပြီး အကြောင်းအရာလေးတွေမဝေမျှနိုင်တာလဲကြာပြီဖြစ်လို့ ဒီကနေ့အမျိုးတွေအခက်အခဲရှိနေတာလေး မေးမြန်းစုံစမ်းကြည့်တဲ့အခါ ထုံးစံအတိုင်း
၁။ စက္ကူ ညပ်တာရယ်
၂။ ပုံထွက်မကောင်းတာ
၁။ စက္ကူ ညပ်တဲ့အကြောင်းစဉ်းစားကြည့်ရအောင်ပါ
အခြေခံသဘောတရားအရ စာရွက်တရွက်တက်လာဘို့ စက်အသေးအုပ်စုမှာ pick up လခြမ်းနဲ့ကောက်ပါတယ် စက်အကြီးတွေက Rotatory စနစ် ရာဘာလုံးနဲ့ကောက်ပါတယ် စဆွဲပြီးရင် သဘောတရားအားလုံးတူဖြစ်တဲ့ feeder roller ရာဘာ၂လုံးနဲ့ ညှပ်ဆွဲယူသွားပါတယ်
စက္ကူ တရွက်ကောင်းကောင်းမွန်မွန်ကောက်ဘို့ ရာဘာခြမ်း၊အလုံးတေသန့်ရှင်းဘို့လိုပါတယ် အမျိုးတေမနက်ဆိုင်ဖွင့်ရင် ဘယ်နှစ်ယောက်လောက် ရာဘာလုံးတေကို အရက်ပျံ၊ ရေစိုဝတ်လေးနဲ့သန့်ရှင်းရေးလုပ်ကြပါသလဲ
စက်သေး၊ လတ်၊ ကြီးအားလုံး pick up ဗန်းယူနစ်တွေဟာ ဂီယာအထပ်ထပ် ကို ဆိုလိုနိုက်တွေနဲ့ထိမ်းချုပ်ထားတာမို့ သာမာန်ဆိုင်သမားများ ကျွမ်းကျင်စွာဖြုတ်ပြင်နိုင်ဘို့ ခက်ခဲပါတယ်
ဖုန်တေ၊ဆေးတေ သန့်ရှင်းဘို့လိုသလို သတ်မှတ်တဲ့ ချောဆီပြန်လည်ဖြည့်တင်းဘို့လိုပါတယ်
နောက်တစ်ဆင့် vertical roller က ထပ်ဆွဲယူသွားပြီး စတင်ပုံဖော်မဲ့ Registration sensor.ဆီဖြတ်ပါတယ် တက်လာတဲ့စက္ကူကို ဆင်ဆာရဲ့သတင်းပို့မှုကြောင့် နောက်ကအများခေါ်နေကြတဲ့ R clutch အလုပ်စတင်လုပ်လို့စက္ကူကို ထပ်ဆွဲပြီးစတင် ပုံဖော်ပါတယ်
အများဆုံးခက်ခဲကြုံတွေ့နေရတဲ့ Heater unit ဆီရောက်ပါတယ်
စက္ကူ ပေါ်ဆေးမှုန့်တင်ပေးလိုက်ရုံပါ Heater unitထဲကိုဖြတ်မှ စက္ကူပေါ်ဆေးသားခိုင်တာပါ
အမေးများတဲ့ကိစ္စကတော့ စာလုံးတေဖွာတယ်၊ အစွယ်ထွက်တယ်၊ပြန့်တယ် ဖလင်ဆီထည့်ထားတယ်ပြောကြပါတယ် စာလုံးကျစ်လစ်မှုမရှိ အစွယ်ထွက်တာဟာ ဖလင်နဲ့ ပရက်ရှာရိုလာစစ်ဆေးရပါမယ်
ဖလင်မပျက်စီးသေးပေမဲ့ သက်တမ်းကုန်ရင် မရပါဘူး ဖလင်ကတောင့်တင်းဘို့လိုပါတယ် ပျော့အိနေရင် စာလုံးမပြတ်သားသလို ညပ်လဲညပ်ပါတယ်
Pressure roller ကလည်း တောင့်တင်းကျစ်လစ်ဘို့လိုပါတယ်
စက်ရုံကထုတ်လိုက်တည်းက သုံးလာတဲ့ roller ကိုယ့်လက်ထဲရောက်လို့ ရေရှည်ခိုင်းမှ အပြစ်ရှိမရှိ ပေါ်လာတာပါ ပစ္စည်း တော်တော်များများကို တစ်ထစ်ချယုံကြည်လို့မရပါ
အမြဲပြင်နေတဲ့စက်ဆရာများကိုယ်တိုင် ပစ္စည်း ကိုယုံမိလို့တော်တော်နဲ့အပြစ်ရှာမရ လဲလိုက်မှကောင်းသွားတာမျိုး ကြုံတွေ့ရပါတယ် အကောင်းကြီးရှိသေးတယ် ထင်တောင်မထင်ဘူးကွာ သိမ်းထားရအခက် လွှင့်ပစ်ရအခက်ပါ
၂။ ပုံထွက်မကောင်းတာ
ပီးခဲ့တဲ့ဆောင်းပါးတေမှာလဲ နည်းမျိုးစုံရေးခဲ့ပီးပါပြီ
စက်ကိုင်တွယ်အသုံးပြုနေတဲ့အမျိုးများ drum , blade, charging roller တွေကို အသစ်နဲ့အဟောင်း မျက်လုံးထဲ စွဲနေအောင်လေ့လာထားဘို့လိုပါတယ်
Drum unit.စက်ထဲကဆွဲထုတ်ပီးတာနဲ့ ငါ့drum တော်တော်ရိုက်ထားပီးတာပဲ ၊ အစက်၊ အစင်းတေဖြစ်နေပါရောလား၊ ဘေးသား coating တေ လန်နေပါလား ၊ စသဖြင့်သုံးသပ်ဖို့လိုပါတယ်
မှတ်မှတ်ရရ လပြည့်ကျော်တစ်ရက်နေ့ကမှလဲထားတာမကြာသေးဘူး
အမဝမ်းကွဲ ကလေးမျက်နှာမြင်တုံးက လဲထားတာမှတ်မိတယ်မကြာသေးဘူး
Drumဖြုတ်ကြည့်တော့ အရောင်အဆင်းမရှိတော့ ဒဏ်ရာဗလပွနဲ့
ရွက်ရေ ကောင်တာမေးတော့ အင်းအဲ မမှတ်လိုက်ရဘူး drum တေဈေးပေါပါတယ် နှမြောမနေနဲ့လဲလိုက်ပါတော့
ပုံထွက်မကောင်းတဲ့ ဆေးကန်
Developer unit အကြောင်းလဲ iR နဲ့ developer ဆိုတဲ့ဆောင်းပါးရေးခဲ့ပီးပါပြီ ဆေးကန်မှာ toner ခေါ်ဆေးမှုန့်တေထိမ်းသိမ်းသိုလှောင်ထားပါတယ် သံလိုက်ချောင်းကို scapper ခေါ် doctor blade နဲ့ ဆေးတေ အပုံလိုက်မထွက်အောင် ထိန်းညှိပီးမှ ထုတ်ပေးထားပါတယ်
ဘေးမှာ ball bearing ၂ လုံးနဲ့ ဖရိမ်ထဲထိုင်ထားပါတယ်
မိတ္တူ ကူးနေစဉ် ဆေးကန်နဲ့ drum နီးကပ်နေမှ ပုံဖော်နိုင်မှာဖြစ်ပါတယ် ဆေးကန်နဲ့ drum ထိမှာစိုးလို့ space ခြားထားတဲ့ spacer roller နဲ့ထောက်ထားပါတယ်
ပုံထွက်မကောင်းဖြူလျော်လျော်ဖြစ်နေမယ်ဆိုရင် ဆေးကန်ဖြုတ်ဆေးရပါတော့မယ် ball.,spacer ၄ ခုလုံးထစ်နေလို့ ကြပ်နေလို့မရပါဘူး ဓာတ်ဆီစိမ်ပြီးဆေးပါ၊ မရရင်အသစ်လဲပါ
ပုံထွက်မကောင်းတဲ့ဆေးကန်ကို ဆေးတေသွန်ချပါ
နှမြောရင်အပေါ်တောင့်ထဲ ပြန်ထည့်ပါ
လက်ကျန်ဆေးတေ အကုန်မှုတ်ထုတ်ပါ ဆေးတေသန့်စဉ်သွားမှ သံလိုက်ကို ဓာတ်ဆီနဲ့တိုက်ပါ ၊ ခြောက်သွားတော့မှ ဆေးသစ်ထည့်ပါ
ဆေးထုပ်ကို ပုံမှန်တံဆိပ်သာထည့်ပါ တခါဝယ်တံဆိပ်တစ်မျိုး ထည့်ရင်ပုံထွက်မငြိမ်ပါဘူး
နောက်ဆုံးအဆင့်ကတော့ လေဆာယူနစ်သန့်ရှင်းရေးလုပ်ရပါမယ်
တခါမှမလုပ်ဘူးသူများ စက်ပြင်ဆရာပြပါ နောက်ဆက်တွဲကုန်သွားတာလေးတွေ ပေါ်လာမှာစိုးလို့ဖြစ်ကြောင်း ဝေမျှလိုက်ပါတယ်
ရဲမြင့်ဇော်
ပြည်
No comments:
Post a Comment
မင်္ဂလာပါ..