menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Pdf file များကို print ထုတ်နည်း

Pdf file များကို print ထုတ်တဲ့အခါ A4, Legal, A3... အစရှိသဖြင့် ထုတ်နိုင်သလို

စာအုပ်ချုပ်သလို A4 နှစ်ချိုး၊ Legal နှစ်ချိး ကို ထပ်ချုပ်၊ ခွချုပ် အမျိုးမျိုးလဲ ထုတ်နိုင်ပါသည်။

Pdf file အတွင်းရှိ စာရွက်အရေအတွက်သည် 4 နှင့်စား၍ မပျက်လျှင် နောက်ဆုံးစာမျက်နှာများတွင် အလွတ်စာရွက်နှင့် တွဲထုတ်ပေးမည်။

နမူနာဖိုင်တွင် ၃၁ရွက်ဖြစ်၍ ၄နှင့်စား မပျက်သောကြောင့် အလွတ်စာရွက် တစ်ရွက်ပိုပါလာမည်။

📒 Pdf File ကို ဖွင့်ပါ။
📒 Ctrl p နှိပ်ပါ။
📒 Printer name ရွေး
📒 Properties >A4 or Legal ရွေး

>>> ခွချုပ်အတွက်
📒 page to print > All ရွေး
📒 Page sizing & Handling> Booklet ရွေး
📒 Booklet subset> Both sidesရွေး
((Print ထုတ်သည့်စက်သည် auto ကျောကပ်မရလျှင်
Font side only ရွေးပြီး တစ်ခါထုတ်
Back side only ရွေးပြီး တစ်ခုထုတ်။
ရလာတဲ့ စာရွက်များကို နေရာတကျ စုံ၊ မ ကျောကပ်၍ မိတ္တူပြန်ကူးပါ))
📒 Binding > Left
📒 Orientation > Portrait
နှင့် ထုတ်ပါ။


>>> ထပ်ချုပ်အတွက်
📒 Page sizing & Handling> Booklet ရွေး
📒 Booklet subset> Both sidesရွေး
((Print ထုတ်သည့်စက်သည် auto ကျောကပ်မရလျှင်
Font side only ရွေးပြီး တစ်ခါထုတ်
Back side only ရွေးပြီး တစ်ခုထုတ်။
ရလာတဲ့ စာရွက်များကို နေရာတကျ စုံ၊ မ ကျောကပ်၍ မိတ္တူပြန်ကူးပါ))
📒 Binding > Left
📒 Orientation > Portrait
📒 Pages to print > Pages ကိုရွေး
1-4 တစ်ခါထုတ်။.(4-1, 2-3)
5-8 တစ်ခါထုတ်။ (8-5, 6-7)
9-12 တစ်ခုထုတ်။ (12-9, 10-11)
13-16တစ်ခုထုတ်။ (16-13,14-15) ကျောကပ်၍ ထွက်လာမည်။
......... Pdf file အတွင်းရှိသလောက် စာမျက်နှာကို 4ရွက်တစ်ခါ Print ထုတ်ပေးပါ။

>>> A4, Legal, A3 အပေါ် စာမျက်နှာ ၂ခု၊ ၄ခု၊ ...စသဖြင့် တင်၍လဲ ထုတ်နိုင်ပါသည်။
📒 Print sizing & Handling> Multiple ရွေး
📒 pages per sheet တွေ လိုသလိုချိန်ထား.
📒 Orientation > Landscape ရွေးထုတ်


+++A4 လေးချိုး တစ်ချိုး ခေါက်ချုပ် စာမျက်နှာ စီ print ထုတ်နည်း++++
လေးချိုးခေါက်ချုပ်က ထပ်ချုပ်လိုတော့ print ထုတ်ရတာ မလွယ်ဘူး
ဘာလို့လဲဆိုတော့ ထပ်ချုပ်မှာ စာမျက်နှာသီးသန့်ထုတ်၊ စုံစာမျက်နှာသီးသန့်ထုတ်ပြီး အဲဒါတွေကို
ကျောကပ်ပြန်ကူး။
လေးပိုင်း ပိုင်း။ နံပါတ်စဉ်ပြန်ကောက်ပြီး ဘေးကနေ ချုပ်လို့ရသွားပြီ။ print က နှစ်ခြပဲ ပေးရမယ်။
စုံ အတွက် တစ်ခါ
အတွက် တစ်ခါ
အခု ခေါက်ချုပ်မှာတော့ print ပေးရတာ နည်းနည်းခေါင်းရှုပ်ရမယ်
ခေါက်ချုပ်က ရှေ့ဆုံးစာမျက်နှာနဲ့ နောက်ဆုံးစာမျက်နှာတွဲပြီး ထုတ်ပေးရမှာမို့ပါ။
နောက်ပြီး ၅၁ မျက်နှာဆိုရင် မရပါဘူး။ နဲ့စားပြတ်မှ ဖြစ်မှာမို့ 52  ဖြစ်မှ ရပါမယ်။
၅၂ မှာ စာမရှိဘူးဆိုလဲ အလွတ်အနေနဲ့ တစ်ရွက်ရှိထားရပါမယ်
Word မှာ File, New ယူတဲ့အခါ 4.13 - 5.84 စာရွက်ဆိုဒ်တောင်းပြီး margin 0.5 ပတ်လည်ထားပြီး
စာ စီပါ။
စာမျက်နှာနံပါတ်ပါ။
File, Print
Printer အမည်ရွေး
Printer properties
Pagelayout မှာ 4 on 1
Page order မှာ Across from left ရွေးပါ
A4 တစ်ရွက်ပေါ်မှာ လေးရွက်တင်ထုတ်မှာမို့ လေးရွက်ကို ကော်မာခံပြီး ရိုက်ထည့်ရပါမယ်။
ဒီနေရာမှာ ရိုက်ထည့်တာ မှားရင် မရပါဘူး။
သေချာဂရုစိုက်ပြီး ရိုက်ထည့်ပြီး ထုတ်ရပါမယ်
52,1,50,3 တစ်ရွက်
48,5,46,7 တစ်ရွက်
စုစုပေါင်း 7 ရွက်ရပါမယ်
အဲဒီ 7နှစ်ရွက်ကို နောက်ထပ် ခုနှစ်ရွက်နဲ့ ကျောကပ်ပါမယ်။
2,51,4,49
6,47,8,45
စုစုပေါင်း 7 ရွက်ပါ
ကျောကပ်ပြီး ရလာတဲ့ 7ရွက်ကို အထက်အောက် အလယ်ကနေပိုင်းပြီး

စာမျက်နှာအစဉ်လိုက် ထပ်ပြီး အလယ်ကနေ ချုပ်ပေးလိုက်ပါ
အဆင်ပြေပါစေ။
Credit to Wai Wai Myint

No comments:

Post a Comment

မင်္ဂလာပါ..