menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Passport ပုံပြုလုပ်နည်း
<Unicode>
Passport ပုံပြုလုပ်နည်း
==========
မင်္ဂလာပါ
Graphic Design ဝါသနာပါ တဲ့ ညီ၊အကို၊မောင်နှများအတွက် AdobePhotoShop Cs6 ဖြင့် Passport Sizes မှတ်ပုံတင်ပုံပြုလုပ်နည်း လေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ ။
ကျွန်တော် တို့ မှတ်ပုံတင် အရွယ်အစားပုံပြုလုပ်မည် ဆိုလျှင် နောက်ခံအရောင်ကို အမည်ရောင်လေးထား ပေး ရပါသည် ။ ဓာတ်ပုံ အရွယ်အစားကိုတော့ Width & Hight ကို 0.8 လက်မယူပါသည် ။
Step (1) ။ PhotoShop ကိုဖွင့်ပါ ။ File > Open နှိပ်
ပြီး ပုံယူပါ ။
Step (2) ။ ပုံ၏ Background အရောင်တူပါက Magic Easier Tool နဲ့ယူပြီး တော့ Background ကိုဖျောက်လိုက်ပါ ။
Step ( 3) ။ Layerbox ကနေ Newlayer ခေါ် Gradient Tool ယူ Background အဖြူ အမည်း ထားပါ ။
Step (4) ။ + လေးပေါ်လာပါက Mouse နဲ့ဖိဆွဲလိုက်ပါ ။ ပီးရင် Layer 1 ကို အောက်သို့ဆွဲချပါ ။
Step (5) ။ Keyboard ကနေ Ctrl + Shift + E ကို တွဲနှိပ်ပြီ Layer ပေါင်းပါ ။
Step (6) ။ Crop Tool ယူ ၊ W= 0.8, H =0.8 ဓါတ်ပုံ ထုတ်မှာဖြစ်တဲ့အတွက် Resloution = 300 ထား ပြီး Crop နဲ့ ဖျက်လိုက်ပါ ။
Step (7) ။ Image > Canvas Sizes ကိုနှိပ် ၊ Relative ကိုအမှန်ချစ်ပေး ၊ Width & Hight ကို (.1 Centermetiers)ယူ Colour ကို White ရွေး Ok ပေး လိုက်ပါ ။
Step (8)။ Pattern ခွဲပါမည် ။ Edit > Define Pattern နှိပ် ပြီး Ok ပေးလိုက်ပါ ။
Step (9) ။ File > New နှိပ် ၊ 4 inches, 6 inches စာရွက်တစ်ရွက်ယူပါ ။ Resolution ကို 300 ထားပေးပါ ။
Step (10) ။ Edit > Fill နှိပ် ၊ Use မှာ Pattern ရွေးပါ ။ ပြီးလျှင် Pattern ထုတ်မည် Photo ရွေးပြီး Okပေးပါ ။
Step (11) ။ Crop Tool ယူပြီး ပိုနေသောအပိုင်းလေးတွေကို ဖြတ်ထုတ်လိုက်ပါ ။ Crop Tool မှာ UnconStrained ရွေးထားဖို့လိုမယ်နော် ။
Step (12) ။ File > Save ကို နှိပ်ပြီး Name ကိုပေးချင်သလိုပေး Format ကို Jpg ရွေးပေးလိုက်ပြီး Save ပေးလိုက်ပါ ။ ဒါဆိုရင် ပြီးပါပြီခင်ဗျာ
Photo လေးတွေကိုကြည့်ပြီး အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာ ။
# ကောင်းထက်စံ (ပုဂံသားလေး)
KHS Computer Knowledge Sharing
facebook.com/kaunghtetsancomputer
<Zawgyi>
==========================================
မင်္ဂလာပါခင်ဗျာ
Step (1) ။ PhotoShop ကိုဖွင့်ပါ ။ File > Open နှိပ်
ပြီး ပုံယူပါ ။
No comments:
Post a Comment
မင်္ဂလာပါ..