menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

MacBook အသုံးပြုသူများ ဆောင်ရန်ရှောင်ရန်

  
၁. Mac ကို နေပူထဲရပ်ထားတဲ့ ကားထဲမှာ အချိန်ကြာမထားခဲ့ပါနဲ့။ အပူရှိန်ကြောင့်ဘက်ထရီ error ဖြစ်ပေါ်စေတတ်ပါတယ်။
၂။ မလိုလားအပ်တဲ့ program တွေ၊ Extension တွေ ကိုဖြုတ်ထားလိုက်ပါ။ အထူးသဖြင့် App Store ထဲကလည်းမဟုတ်သလို well-trusted မဟုတ်တဲ့ App တွေပါ။
Malware တွေထည့်သွင်းမိမယ်ဆိုရင် System resources များစွာ အသုံးပြုပြီး စက်လေးတာ၊ hang တာ၊ စက်ပူတာတွေ နဲ့ OS ပိုင်း error တွေပါ ဖြစ်စေတတ်ပါတယ်။
၃။ Mac မှာ user name ကို အလွယ်တကူ ပြောင်း လို့မရပါဘူး။ error တက်တတ်ပါတယ်။ Change ဖို့လိုအပ်လာရင် https://support.apple.com/en-us/HT201548 မှာ ဖေါ်ပြထားတဲ့အတိုင်း ဆောင်ရွက်သင့်ပါတယ်။
၄။ Mac OS ကို upgrade လုပ်တော့မယ်ဆိုရင် Disk space အလွတ်ဘယ်လောက်ကျန်လည်းအရင်ကြည့်ပါ။ အနည်းဆုံး 15 GB ကျန်ရင်တော့အဆင်ပြေပါတယ်။ ပြီးရင် Disk Utility ထဲသွားပြီး First Aid အရင် Run ပေးမယ်ဆိုရင် OS upgrade ပြုလုပ်ချိန် အတွင်း error ဖြစ်နိုင်ခြေပိုနည်းစေပါတယ်။
၅။ စက်ကိုဘယ်ချိန် Restart လုပ်ပေးသင့်ပါသလဲ။
အတိအကျသတ်မှတ်ချက်မရှိပါဘူး။ သုံးရင်းစက်နှေးလာတဲ့အချိန်၊ Error တခုခုပြလာတဲ့အချိန်မှာ Restart လုပ်ပေးသင့်ပါတယ်။
ဖတ်ရှုသူအားလုံးကိုကျေးဇူးတင်ပါသည်။

No comments:

Post a Comment

မင်္ဂလာပါ..