menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Mac OS upgrade တင်မယ်ဆိုရင်


🖥👨‍💻👩🏻‍💻Mac OS ကို upgrade မလုပ်ခင်ဘာတွေပြင်ဆင်သင့်သလဲ။ 🤔

၁။ အမြဲတမ်းနံပါတ်မှာ တစ် အနေနဲ့လုပ်ဆောင်ရမှာက ဒေတာတွေကို backup ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ 👍
Upgrade လုပ်နေစဉ်အတွင်း အကြောင်းကြောင်းကြောင့် Internet ပြတ်တောက်မှုတွေ၊ File system errorတွေ ၊ HDD/SSD bad sector တွေကြောင့် Upgrade မအောင်မြင်ပဲရပ်သွားခဲ့ရင် data တွေ ဆုံးရှုံးသွားရတတ်သောကြောင့်ဖြစ်ပါတယ်။ 😮

၂။ အသစ် upgrade ပြုလုပ်မည့် OS ဟာ မိမိစက် နှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးပါ။👇
https://support.apple.com/en-us/HT201686 တွင် မိမိ upgrade ပြုလုပ်လိုတဲ့ OS X ကို နှိပ်ပြီး စစ်ဆေးကြည့်လို့ရပါတယ်။👍

၃။ HDD, SSD ကို First Aid လုပ်ပါ။ OS Upgrade မလုပ်ဆောင်မီ SSD, HDD ကို ဦးစွာ Verify and Repair permission (10.10.5 နှင့်အရင် version)၊ First Aid(10.11.0 နှင့်အထက် version) အရင်လုပ်ဆောင်ပေးသင့်ပါတယ်။ Verify and Repair Permission နဲ့ First Aid က File system issue နဲ့ Permission issue တွေ ကိုဖြေရှင်းပေးသွားမှာဖြစ်တဲ့ အတွက် OS upgrade လုပ်ဆောင်နေစဉ်အတွင်း error ဖြစ်မယ့် ရာခိုင်နှုန်းကို လျော့နည်းစေပါတယ်။👍

၄။ Internet ကောင်းကောင်းလိုပါတယ်။ Internet connection stable မဖြစ်ရင် Download ပြုလုပ်စဉ် error တက်တတ်ပါတယ်။ USB installer Disk ဖြင့် OS upgrade ပြုလုပ်မည်ဆိုပါက Internet မလိုအပ်ပါဘူး။

၅။ မိမိအမြဲ အသုံးပြုနေတဲ့ တစ်ချို့ Application တွေဟာ ကိုယ်အသစ်တင်မယ့် OS  နဲ့ ကိုက်ညီမှုရှိမရှိလည်း ကြိုတင်စစ်ဆေးသင့်ပါတယ်။ Upgrade လုပ်ပြီးမှကိုက်ညီမှုမရှိဘူးဆိုပါက App ကိုအသုံးပြု၍မရခြင်း၊ OS  ကို Downgrade ပြန်ပြုလုပ်ရခြင်း စသည်ဖြင့်အနောက်အယှက်တွေဖြစ်ပေါ်တတ်ပါတယ်။
Application ရဲ့ website သို့မဟုတ် ယုံကြည်ရတဲ့ သက်ဆိုင်ရာ Forum တွေမှာ စစ်ဆေးနိုင်ပါတယ်။

၆။ Storage Space လုံလောက်မှုရှိမရှိလည်းစစ်ဆေးသင့်ပါတယ်။ 😊

အထက်ပါအချက်တွေကို အကုန်စစ်ဆေးဆောင်ရွက်ပြီး OS ကို upgrade ပြုလုပ်နိုင်ပါပြီ..

No comments:

Post a Comment

မင်္ဂလာပါ..