menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone ကို Reset ချတော့မယ်ဆိုရင်

iPhone ကို Reset ချတော့မယ်ဆိုရင်
===================
သင့်ရဲ့ iPhone ဟာ performance ကျလာတဲ့အခါမျိုးမှာတို့၊ Software error တချို့ကြုံလာတဲ့အခါမျိုးတို့၊ ဒါမှမဟုတ် တခြားတစ်ဦးဦးကိုပြန်လည်ရောင်းချတော့မယ်အချိန်အခါမျိုးတွေမှာ Reset ချသင့်တဲ့အနေအထားမျိုးတွေ ကြုံလာပါမယ်။ ဒီတော့ iOS ရဲ့ Reset အကြောင်းကို ကျွန်တော်တို့ ကောင်းကောင်းနားလည်နေဖို့လည်းလိုတယ်မဟုတ်လား။

Setting > General > Reset ကိုသွားမယ်ဆိုရင် -
(1) Reset All Settings
(2) Erase All Content and Settings
(3) Reset Network Settings
(4) Reset Keyboard Dictionary
(5) Reset Home Screen Layout
(6) Reset Location & Privacy ဆိုတဲ့ Reset setting (၆)မျိုးတွေ့ရမှာပါ။

တစ်ခုခြင်းစီရဲ့ အသုံးပြုပုံကိုလေ့လာကြည့်ရအောင်။

(1) Reset All Settings
—————————
သူက system setting တွေသီးသန့်ကိုပဲ Reset ပြုလုပ်ပေးတာပါ။ photo, video အစရှိသည့် မည်သည့်ဒေတာမှ ပျောက်ဆုံးသွားမည်မဟုတ်ပါ။ (သို့သော် backup လုပ်ထားရင်တော့အကောင်းဆုံးပါ)

ဘယ်လိုအခြေအနေမျိုးတွေမှာ Reset All Setting ချသင့်သလဲဆိုရင် သင့် iPhone ဟာ Battery အားကုန်မြန်တာတို့၊ သုံးရတာနှေးကွေးလာတဲ့အခြေအနေမျိုးတို့၊ setting error တစ်ခုခုကြောင့် iPhone အသုံးပြုရတာ အဆင်မပြေမှူတစ်ခုခုကြုံလာတဲ့အခါမျိုးတွေမှာ ဒီ Setting ကိုသုံးသင့်ပါတယ်။

(2) Erase All Content and Settings
—————————
သူကတော့ Setting တင် reset လုပ်ရုံမဟုတ်ပဲ ရှိရှိသမျှဒေတာတွေပါအားလုံး ဖျက်ပစ်မှာဖြစ်ပြီး reset ချပြီးတဲ့အခါ သင့် iPhone ဟာ အသစ်တစ်လုံးလိုဖြစ်သွားပါလိမ့်မယ်။

ဘယ်လိုအခြေအနေမျိုးတွေမှာသုံးတာလည်းဆိုရင် iOS Error ဖြစ်တဲ့အခါမျိုးတို့၊ တခြားသူကို ပြန်လည်ရောင်းချတဲ့အခါမျိုးတွေမှာ သုံးလေ့ရှိပါတယ်။

(သတိထားသင့်တာလေးကတော့ iCloud ဝင်ထားမယ်ဆိုရင် Password သိနေဖို့လိုပါတယ်။ password မေ့နေတယ်ဆိုရင်တော့ ဒီ Reset ကို ယောင်လို့တောင် မချမိပါစေနဲ့)

(3) Reset Network Settings
—————————
သူကတော့ Network setting တစ်ခုတည်းကိုပဲ reset လုပ်ပေးပါတယ်။ WiFi တို့ Personal Hotspot တို့ စတဲ့ network နဲ့ပါတ်သက်တာတွေကိုပဲ အသစ်တိုင်းဖြစ်အောင် reset ပြုလုပ်ပေးပါတယ်။ သူ့ကို network ပိုင်းမှာ error ကြုံတွေ့လာတဲ့အခါမျိုးမှာသုံးပါတယ်။

(4) Reset Keyboard Dictionary
—————————
iPhone Keyboard များမှာ စကားလုံးတွေကို Auto ဖြည့်စွက်ပြီးသား စကားလုံးတွေရှိပါတယ်။ ဒါကို Autocorrect feature လို့ခေါ်ပါတယ်။ စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ်။ သူ့အလိုအလျှောက် အနီးစပ်ဆုံးစကားလုံးကို ရှာဖွေပြပေးပါတယ်။ သူပြသပေး၊ ဖြည့်စွက်ပေးတာကို အလိုမရှိရင်တော့ (x) လေးကို နှိပ်ပြီး ကိုယ်လိုသလိုရိုက်နိုင်ပါတယ်။

Autocorrect feature ဟာ သူ့ရဲ့ default စာကားလုံးတွေအမြောက်အများထည့်ပေးထားသလို မိမိတို့က အသစ်ရိုက်လိုက်တဲ့ သူမသိတဲ့စကားလုံးတွေကိုလည်း auto မှတ်သားထားပေးပါတယ်။ ဒါ့အပြင် မိမိတို့ဘာသာ သွားရောက်ဖြည့်စွက်ထားမယ်ဆိုလည်း ထားလို့ရပါတယ်။

ဒီလို Auto ဖြည့်စွက်ပေးတဲ့ Autocorrect feature ဟာ စကားလုံးအမှားအယွင်းအသစ်တွေ မှတ်ထားတာများနေပြီဆိုရင်တော့ စာရိုက်တဲ့နေရာမှာ သင့်အတွက် အကူအညီမရပဲ အနှောက်အယှက်ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဒီ Setting ကို deafult အတိုင်းဖြစ်အောင် reset လုပ်ဖို့လိုလာပါပြီ။ ဒီအခြေအနေမျိုးမှာ Reset Keyboard Dictionary ကို အသုံးပြုရပါမယ်။

(5) Reset Home Screen Layout
———————————
ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။
Apps icon လေးတွေဟာ သူ့မူလတုံးကလို အစီအရီလေး ကျကျနနမရှိပဲ ဟိုရောက်ဒီရောက် ရောက်နေတဲ့အခါမျိုးတွေမှာ သုံးနိုင်ပါတယ်။ အသုံးနည်းမယ်တေ့ာထင်ပါတယ်။

(6) Reset Location & Privacy
———————————
သူကတော့ Location နဲ့ Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ရာမှာသုံးပါတယ်။ Default ကတော့ OFF ဖြစ်သွားမှာပါ။

ဘယ်လိုအခြေအနေမျိုးတွေမှာ သုံးလဲဆိုရင်တော့ Apps တွေအတော်များများကို location service အသုံးပြုခွင့်ပေးထားမိတဲ့အချိန် တစ်ခုခြင်းလိုက်ပိတ်နေဖို့ အချိန်မပေးချင်ဘူးဆိုရင်သုံးပါ။ ပြီးမှ အသုံးလိုတဲ့ Apps အတွက်ပဲ သီးသန့်ပြန်ဖွင့်နိုင်ပါတယ်။ Location ကို ဘယ်လိုပြန်ဖွင့်ရမလဲဆိုရင်တော့ Settings -> Privacy ထဲမှ အသုံးပြုမယ့် App တစ်ခုခြင်းစီအတွက် သည်းသန့်ပြန်ဖွင့်ပေးနိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ .. 🙏

2 comments:

  1. i colud မရှိရင် တစ်ခါတည်းတန်းပြီး reset ချလို့ရလားဗျ

    ReplyDelete
  2. i colud မရှိရင် တစ်ခါတည်းတန်းပြီး reset ချလို့ရလားဗျ

    ReplyDelete

မင်္ဂလာပါ..