ဆိုင်တွေကပြုလုပ်ပေးတဲ့ Apple ID ကို အသုံးပြုတဲ့အခါ အရေးကြီး ဘာတွေသိထားသင့်သလဲ။ 🤔
Apple ID ကို ကိုယ်တိုင်ပြုလုပ်ပြီး အသုံးပြုခြင်းဟာ အကောင်းဆုံးနဲ့ အလုံခြုံဆုံးပါ။ သို့သော် အကြောင်းအမျိုးမျိူးကြောင့် တစ်ခြားတစ်ယောက် သို့မဟုတ် ဆိုင်က လုပ်ပေးတဲ့ Apple ID ကို အသုံးပြုရတော့မယ်ဆိုရင် အောက်ပါ အချက်တွေကို လုပ်ဆောင်ပေးသင့်ပါတယ်။👇👇👇
Apple ID နဲ့ ဆိုင်တဲ့ အချက်အလက်တွေအားလုံးအပြည့်အစုံ ယူထားပါ။ အဲဒါတွေက...
- Apple ID, ဥပမာ moeaung@icloud
- Apple ID password
- Date of Birth
- Apple ID ရဲ့ Security Questions နဲ့ Answers (၃)ခု။
အဆင်ပြေတာနဲ့ Apple ID password နဲ့ Security Questions and answers တွေကို ပြောင်းပေးသင့်ပါတယ်။ အခက်အခဲ ရှိပါက သိကျွမ်းသူ သို့မဟုတ် AASP သို့ ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်။
နောက်ထပ်အရေးကြီးအချက်အနေနဲ့ Apple ID information များအားလုံးကို ဖုန်းထဲတွင်သာမကပဲ မိမိ၏ personal note စာအုပ်တွင်ပါ ရေးမှတ်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် မိမိဖုန်းပျက်စီး၊ ပျောက်ဆုံးသွားတဲ့အခါ Apple ID information များ ဆုံးရှုံးသွားတတ်သောကြောင့်ဖြစ်ပါတယ်။
Password နဲ့ Security Questions answers ကို ပြောင်းဖို့ အရေးကြီးတဲ့အကြောင်းရင်းက မိမိ password နဲ့ Security Questions answers သိသူ ဘယ်သူမဆို မိမိiPhone, iPad, Mac တွေကို Lock ချလိုက်တာ၊ erase လုပ်တာ၊ password နဲ့ Security Questions answers တွေ ပြောင်းလိုက်တာတွေ ပြုလုပ်လို့ရ တဲ့ အတွက်ကြောင့်ပါ။ 😮
ထို့ပြင် iCloud ကနေတစ်ဆင့် မိမိ account ထဲ က Photo တွေ၊ note တွေ၊ email, Contact, Calendar တွေပါ ဝင်ကြည့်လို့ရပါတယ်။ မိမိ Apple ID မှာ ငွေတွေဖြည့်ထားပါက တစ်ခြားလူ အသုံးပြုလို့လဲ ရနေပါတယ်။ 😲
ကျနော်ဝယ်တဲ့ ဆိုင်က စိတ်ချရတယ်။ ဒါမျိုးတွေလုပ်မှာ မဟုတ်ပါဘူးလို့ ပြော ကောင်းပြောပါလိမ့်မယ်။ သို့သော် ဆိုင်တွေမှာ အပြောင်းအလဲ တွေဖြစ်ပေါ်နိုင်ပါတယ်။ ဆိုင်ပိတ်သွားတာတွေ၊ ဆိုင်ပိုင်ရှင်ပြောင်းသွားတာတွေ၊ လူပြောင်းသွားတာတွေ၊ customer Apple ID နဲ့ password တွေ record လုပ်ထားတဲ့ စက်ပျက်သွားတာတွေ၊ record ကောင်းကောင်းမသိမ်းခဲ့တာတွေ မျိုးစုံဖြစ်နိုင်ပါတယ်။
ဒါတွေကိုဘာကြောင့်ပြောရလဲဆိုရင် နေ့စဉ်နှင့်အမျှ Apple users တွေဆီကနေ account lock ကျသွားတာတွေ၊ iOS ပြန်တင်လိုက်တာ အခု Activate လုပ်လို့မရတော့ဘူး Apple ID password လဲ မသိဘူး၊ အခုမှ လိုအပ်လို့ account မှာ ငွေဖြည့်လိုက်တာ သုံးမယ်လုပ်တော့ Security Question တောင်းနေလို့ စသည်စသည် ဖြင့် ကြားနေရလို့ဖြစ်ပါတယ်။
တစ်ကယ်တော့ Apple ID ဆိုတာ personal ပါ။ Apple ID နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မိမိ တစ်ဦးတည်းသာ သိထားသင့်ပါတယ်။ အဲဒါမှလုံခြုံမှုရှိမှာပါ။ အဲဒါမှ မိမိရဲ့တန်ဖိုးကြီး Apple ပစ္စည်းနဲ့ အရေးကြီး ဒေတာ တွေကို အပြည့်အ၀ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 😊
Apple ID information တွေ ကို အောက်ပါ link ထဲ ဝင်ပြီး edit ပြုလုပ်ပေးနိုင်ပါတယ်။👇
https://appleid.apple.com/#!&page=signin
အကယ်၍ Apple ID password, Security Questions answers တွေ မေ့သွားခဲ့ရင် အောက်ပါ link မှ reset ပြုလုပ်နိုင်ပါတယ်။ 👇
https://iforgot.apple.com/password/verify/appleid
No comments:
Post a Comment
မင်္ဂလာပါ..