menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
လိုင်စင် Windows နဲ့ Crack Windows ဘာကွာခြားလဲ?
အခုတစ်ခါတော့ လိုင်စင် Windows နဲ့လိုင်စင်မဟုတ်တဲ့ Crack လုပ်၊
Copy Windows, Genuine မဖြစ်တဲ့ Windows ရဲ့ကွာခြားချက်ကို
ဖော်ပြပေးလိုက်ပါတယ်။ ဘာကွာခြားလဲ? တရားဝင်သုံးတာနဲ့တရား
မဝင်အသုံးပြုတာပဲ ကွာခြားပါတယ်။ တရားဝင်လိုင်စင် Windows မို့
ဘယ်နေရာမှာ ဘယ်အရာလေးက ပိုလာတယ်။ ဘယ်နေရာမှာတော့
လိုင်စင်မဟုတ်တဲ့ Windows တွေမှာ မပါတဲ့ Features အသစ်တွေ
ပါလာတယ်လို့မရှိပါဘူး။လိုင်စင်မဟုတ်တဲ့ Windows ဖြစ်တာကြောင့်
ဘယ်နေရာမှာ ဘယ်တစ်ခုက မပါလာဘူး ဆိုတာလည်း မရှိပါဘူး။
Windows တင်လိုက်တာနဲ့လိုင်စင် Windows ရော၊ လိုင်စင်မဟုတ်တဲ့
Crack Windows ရော အသုံးပြုမှုများ၊ Windows ရဲ့လုပ်ဆောင်ပုံများ၊
Windows OS မှာ ပါဝင်တဲ့ Features တွေတော့ အားလုံး အတူတူပါပဲ။
လိုင်စင် Windows နဲ့လိုင်စင်မဟုတ်တဲ့ Windows အကုန်လုံး အတူတူ
ဖြစ်နေရင် ဘာလို့လိုင်စင် Windows ကို ပိုက်ဆံအကုန်ခံပြီး ဝယ်သုံး
နေတော့မလဲလို့ပြောစရာရှိပါတယ်။ လိုင်စင် Windows ဝယ်သုံးတယ်
ဆိုရင် Crack Windows ထက် ပိုကောင်းတာတွေ ရှိပါတယ်။ တရားဝင်
ဝယ်သုံးတာဖြစ်တဲ့အတွက် လုံခြုံမှုရှိမယ်။ အသစ်သစ်သော ထွက်သမျှ
Update တွေကို ဒေါင်းလုဒ်ဆွဲတင်နိုင်မယ်။ တရားဝင် ဝယ်သုံးနေတာမို့
Windows အတွက် Microsoft က ပေးသမျှ ဝန်ဆောင်မှုတွေ ရပါမယ်။
လိုင်စင်မဟုတ်တဲ့ Copy, Crack Windows ဆိုရင်တော့ Windows ကို
သုံးတာ သုံးနေရတာ ဘယ်အချိန်ပျက်မလဲ၊ပြုတ်မလဲ မသိနိုင်ဘူး။လုံခြုံ
ရေးအတွက်လဲ အာမခံချက်မရှိဘူး။ အသုံးပြုနေရင်း Error ပေါင်းစုံ ကြုံ
တွေ့နိုင်တယ်။ ခိုးသုံးနေပြီး ကိုယ့် Windows က ဘာပျက်နေတယ်၊ဘာ
Error ဖြစ်နေတယ်လို့Microsoft ကို သွားပြောနေလို့မရဘူး။ Crack
Windows အတွက် Microsoft ရဲ့တရားဝင် အကူညီရမှာမဟုတ်ဘူး။
Windows ကို Microsoft က အချိန်မရွေးဖြုတ်နိုင်တယ်။ Error တွေ
တက်အောင်လုပ်နိုင်တယ်။ Crack Windows တွေကို သူတို့စာရင်း
ထဲကနေ အချိန်မရွေး Block လုပ်သွားနိုင်တယ်။ မြန်မာတွေအတွက်
တစ်ခုကောင်းတာက လိုင်စင်မဟုတ်တဲ့ Windows ကွန်ပျူတာတွေကို
မ Block ပါဘူး။ လုံးဝကို မ Block တာတော့မဟုတ်ပါဘူး။ တစ်ချို့
စက်တွေဆိုရင် Update လုပ်လိုက်မိရင်ဖြစ်ဖြစ်၊ Microsoft Forum
တွေထဲဝင်ပြီး မေးခွန်းတွေမေး၊သူတို့Run ခိုင်းတဲ့ Command Code
တွေကို Run လိုက်မိရင် Windows တောင် လုံးဝ တင်လို့မရအောင်
ဖြစ်သွားတတ်ပါတယ်။ နောက်ပြီးတော့ ဆော့ဝဲလ်တစ်ခုနဲ့ Activate
လုပ်ထားတဲ့ Windows တွေကလည်း အချိန်မရွေးပြန်ပြုတ်နိုင်ပြီး
Activate လုပ်ပါ။ လိုင်စင်သက်တမ်းကုန်တော့မယ်။ Windows က
Genuine မဖြစ်ဘူး အစရှိတဲ့ သတိပေးအချက်ပြစာသားတွေလည်း
ခဏခဏ ပေါ်လာနေတတ်ပါတယ်။
လိုင်စင် Windows ကို ဘယ်လိုတင်မလဲ? လိုင်စင် Windows တင်တာနဲ့
Crack Windows တင်တာလည်း အတူတူပါပဲ။ ကျနော်တို့ရုံးမှာလည်း
လိုင်စင် Windows တွေ တင်ရပါတယ်။ Microsoft က ဝယ်လာတဲ့
(Lifetime လိုင်စင်က Windows 10 Pro ကို $200 လောက်ရှိပါတယ်။)
Windows 10 ခွေ သို့မဟုတ် Windows OS ISO ဖိုင်ပါတဲ့ Stick ကို
ကွန်ပျူတာထဲထည့်ပြီး Boot တက်အောင်လုပ်ပြီး Product Key ထည့်တဲ့
နေရာရောက်ရင် ဝယ်ထားတဲ့ Product Key, Microsoft က Email နဲ့
ပို့ထားတဲ့ လိုင်စင်ကီးကိုထည့်ပေးပြီး ပုံမှန်တင်သလိုပဲ တင်နိုင်ပါတယ်။
လိုင်စင်ကီးကို Windows တင်ပြီးတဲ့အခါမှ ထည့်ချင်ရင်လည်းရတယ်။
Crack Windows ဆိုရင်တော့ စက်ထဲ Windows 10 ခွေထည့်ပြီး
ခွေနဲ့Boot တက်၊ Windows တင်ပြီး KMSpico ဆိုတဲ့ ဆော့ဖ်ဝဲလ်နဲ့
Activate လုပ်နိုင်ပါတယ်။
zawgyi
Windows ကွန်ပျူတာလိုင်စင်အကြောင်းကိုတော့ ရေးတင်ခဲ့ပြီးပါပြီ။