menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

MAC OS ကို PC မှာ တင်နည်း




APPLE ရဲ့ MAC OS ကို PC မှာ တင်နည်း


By အိုင်တီလူဆိုးလေး April 30, 2016 No comments


ကဲ လာပါပြီဗျာ တော်တော်များများသိချင်နေပါတယ်ဆိုတဲ့ Mac OS ကို PC မှာ တင်နည်းပါ နည်းတွေ တော်တော်များများ လိုက်ရှာလိုက်တာ ဟိဟိ ဘယ်ရမလဲ ဟက်တဲ့ကောင်တွေကလဲ သူတစ်လူ ငါတစ်မင်းဆိုသလိုပါပဲ ဘယ်နည်း အကောင်းဆုံးဖြစ်မလဲ ဆိုပြီး လိုက်ကလိ တာ နှစ်ရက် အတွင်း ဝင်းဒိုး ၈ ခါတင်ရတယ် တင်လိုက် ဖြုတ်လိုက်နဲ့ အခု လွယ်လဲလွယ် တယ် ရှာရတာလဲ မခက်တဲ့ နည်း တစ်ခု နဲ့ စတင်မိတ်ဆက်ပေးပါမယ် " က" တစ်လုံးရေးပြီး သူ့နာမည်က မောင်ကကြီးလို့ခေါ်တယ် မင်းတို့ သူငယ်ချင်းပေါ့ မှတ်ထားနော်ဆိုတဲ့ ကျွန်တော် ကလေးတွေကို စာသင်သလို မိတ်ဆက်မှာတော့ မဟုတ်ဘူးပေါ့ဗျာ ဒါဆို ဘယ်လို မိတ်ဆက်မလဲ ဆိုတာ ကြည့်ရအောင်ဗျား ရွာစားရေ...............ဒိုးသံလေးကြားရအောင်ဗျား..................


ပထမဆုံး ဘာမှ စမလုပ်ခင် ဘာတွေလိုအပ်လဲ ဆိုတာကို သိထားဖို့ လိုမယ်မဟုတ်လားဗျာ ဒီတော့ သိထားဖို့ လိုတာတွေကို ဘယ်လို ပြောရမလဲ ဆိုတော့ ဒါပါပဲပေါ့ ဒါက ဟိုးအရင်က လူတွေ ပြောလေ့ရှိတဲ့စကား ကျွန်တော် ပြောမှာက ဒီလိုဗျ



free space အနည်းဆုံး 20 GB လိုတယ် ဗျာ


DVD အလွတ် တစ်ချပ် လိုပါမယ်


Mac OS X Lion image ကို Burn ရပါမယ်


TransMac ဆိုတဲ့ ဆော့ဝဲလ်လေးလိုပါတယ်


EasyBCD လိုတယ်


Optional: Windows 7/Vista DVD


နောက် ဘာမှ မလုပ်ခင်မှာ အခုအောက်ကပြထားတာတွေ ကြည့်ဦးပေါ့


- Compatible motherboard

- Intel Core CPU

- Compatible VGA card

- Minimum 1GB RAM


ကြည့်လို့ပြီးပြီဆိုရင် စလိုက်ရအောင် နော်


1. mac-os-x-lion-10-7-1-t5863900 ကို ဒေါင်းလိုက် မဒေါင်းချင်လဲ ဆိုင်မှာ ဝယ်လိုက်ပေါ့ ဟိဟိ ကျွန်တော် မတင်ရသေးလို့ ခုက နည်းပညာသိချင်တာပဲဆိုတော့ နည်းပညာပဲပြောတာ ဟိ


2. TransMac ကို ဒီမှာဒေါင်း ပြီး Install လုပ်ပါ


3. ပြီးရင် .iso ဖိုင်ကို ဖြည်ပြီး .dmg image ကို ဖွင့်ပါ (4GB) ဝန်းကျင်လောက် ရှိမယ် အဲဒါက


4.Burn the .iso image ဒီ အဆင်တွေကတော့နဲနဲ ဖြတ်ပြောလိုက်တယ်နော် ခွေဘမ်းတာလောက်ကတော့ ဒါလေ့လာနေပြီဆိုမှ တတ်ပြီယူဆလို့ပါ အဲနဲနဲပြောစရာရှိတယ် window 7/Vista အတွက် Windows Disc Image Burner နဲ့ ရတယ် XP ကတော့ Nero သုံးလို့ရတယ်နော် ဒါကတော့ စမ်းလိုက်ပေါ့ ဟိ ဟိ နောက်တာပါ အဆင်ပြေပါတယ်


5.EasyBCD ကိုတော့ ဒီနေရာကို သွားလိုက် အီးမေးလ်နဲ့ နာမည်ထည့်ပေးပြီး ကိုယ်တိုင် ယူမှရမယ် ဟိဟိ


အာကာဖြို းတစ်ညလုံးမအိပ်ရသေးတော့ ပျင်းနေပါသည် D


6.EasyBCD ကိုဖွင့် BCD Backup/Repair ကိုသွား ဘက်ကပ်လုပ်ထားလိုက် ဒါကလက်ရှိ Boot ကို မထိခိုက်အောင် ကာကွယ်လိုက်တာ ဘာမှတော့ ဟုတ်ဘူး မလုပ်ချင်နေပေါ့ သဘော မလုပ်နဲ့တော့ မပြောဘူး ကိုယ့်စက်နဲ့ ကိုယ်ပဲနော် ဟိ


7. နောက် Free space 20GB အနည်းဆုံးထားပြီး partition တစ်ခု ဖန်တီးလိုက်ပါ ဘယ်လိုလုပ်ရမလဲ မသိရင် သိတဲ့သူရှိတယ် မိတ်ဆက်ပေးလိုက်မယ် သူ့နာမည်က ဦးဦး Google ကိုလို့ခေါ်တယ် သူ့ကို မေး သူက ဦး အကုန်သိ


8.ဒီအဆင့်ကတော့ စက်ထဲ ခွေထည့်ပုံမှန် တင်နေကျ အတိုင်း Boot တက်ပေးဖို့ ပဲ မသိရင် Oo အကုန်သိ မေးနော် ကျွန်တော့်လာမမေးနဲ့


9.နဲနဲကျော်တယ်နော် ဒီမှာ လဲ ပုံမှန် အဆင့်တွေပဲ ကီးတစ်ခုခု နှိပ် ဆိုတာလေးလေ ကျော်တယ်ပြောတယ် ပြောလိုက်တာပါဘဲ ဘာမှ ထူးဘူး နောက် wait.............wait...............wait ................. ဒီလို ဝိတ်ရင်း အဲ စောင့်နေရင်း ဆယ်မီနစ် ဝန်းကျင်လောက်မှာ


အလုပ်လုပ်တာ ပြီးပါမယ် ပြောမလို့ ဝိတ်တာ နဲနဲ များသါားသလားလို့


10. OS X install လုပ်ဖို့ partition ရွေးတဲ့နေရာရောက်ပြီ ရွေးလိုက်ပေါ့


11. မိတ်ဆွေများ ဒီနေရာမှာ စာဖတ်ရင်မရှင်းသလို ဖြစ်နေပါမယ် ကျွန်တော် တစ်ဆင့်စီပဲပြောသွားတာပါ မကျော်ပါဘူး အခု “Utilities”ဆိုတာ သွားလိုက်ပါ ဘယ်က သွားရမလဲဆို ကလေးတွေ စာမေးပွဲဖြေဖို့ စာကျက်သလိုတော့ လုပ်မလာနဲ့ လက်တွေ့ လုပ်သွားရင် ဘယ်အဆင့်မှ မကျော်ပဲ စခရင်မှာ ပေါ်လာတဲ့ အဆင့်တိုင်းကို ပြောနေတာမို့ အဆင်ပြေပြေ လုပ်သွားနိုင်လိုက်မယ် စာဖတ်တာ သက်သက်ဆိုရင်တော့ ဘာမှန်းမသိဘူးဖြစ်နေမှာ ကဲ ပြန်ဆက်မယ်နော် သွားလိုက်ပြီးရင် “Disk Utility” ကိုရွေးပါ


12. အဲဒီမှာ သင်လုပ်ထားတဲ့ partition ကိုရှာပါ တွေရင် စလက် “Erase” ကိုနှိပ်ပေးလိုက် နောက် MS-DOS to Mac OS Extended ပြောင်းပေးလိုက် နောက် format ချဖို့ “Erase” ကိုပြန်နှိပ်ပေးလိုက်


13.ဒီနေရာမှာ wait...........wait...............wait ပေါ့ ပြီးရင်တော့ အဲဒါပြီးပြီ Disk Utility ကို ပိတ်လိုက် နောက် OS X Install လုပ်ချင်တဲ့ partition ကို ကလစ်ပေးလိုက် အဲ အဲ ဒါက ခုဏက ဖော့မက်ချတဲ့ partition ကိုနော် တော်ကြာ လျှောက်တင်နေဦးမယ်


14.နောက် Customize ကို နှိပ် ဒီနေရာမှာတော့ ပေါက်လောက်ပြီလို့ ယူဆပါတယ် Driver တွေ ရွေးမလား ဘာလားညာလား ဘယ်တောာ့ မှာ အင်စတော မလုပ်ဘူးလားဆိုတာတွေ ဒါတွေပေါ့ ဗျာ လုပ်ချင်သလို သာလုပ်ရတယ် မရရင်သူက အင်စတော ပေးမလုပ်ဘူးလေ မှန်မှ ဆိုတော့ မှန်အောင်လုပ်ပေါ့ ဘာခက်တာလိုက်လို့နော် မှန်ပြီထားလိုက်တော့ သူ့ဟာသူ လုပ်လိုက်မယ်


15. “Done” ကိုနှိပ် ပြီးရင် Install Lion


16.အင်စတောလုပ်တာ ပြီးရင် ဖစ်နစ်ပေါ့ဗျာ ဟဲဟဲ ရီဘုကျသွားမယ် အကျရင် ကိုယ်လုပ်ပေးနော် ပြန်တဲ့လာ ပြီးတဲ့ တိုင်အောင် အခွေကို မထုတ်လိုက်နဲ့ ဦး အယ်ရာတွေ တန်းစီပြီး ရနေတတ်တယ် ခံရပြီးပြီ ဟိဟိ ပြန်တက်လာတဲ့ အခါ ဘာမှ စောင့်မနေနဲ့ နီးတဲ့ ခလုတ်တစ်ခုကို နှိပ်ပေးလိုက် နောက် F8 ကိုနှိပ်ပြီး Mac OS X အင်စတောလုပ်ခဲ့တဲ့ အပိုင်းကို ရွေးပေးလိုက် အမြန်မလိုနဲ့နော် သေချာကြည့်လိုက်


17. ဒီလိုနဲ့ ရီဘု ပြန်ကျမယ် ပြန်တက်လာတဲ့ အခါ ကိုယ့်မှာ အရင်တင်ထားတဲ့ ဝင်းဒိုးတစ်ခု ရှိနေတယ်ဆို Mac ကိုရွေးဝင်ပေါ့နော် မရှိဘူးဆိုရင်တော့ သူ့ဟာသူလာမှာပေါ့ win 7 loader ကို သုံးနိုင်တယ် your Windows not genuine again. Ignore this right now ဆိုလာတတ်တယ် မလာ ရင်လဲ မလာဘူး ပုံသေတော့ မရှိဘူး တစ်ခု နဲ့ တစ်ခုမတူဘူး ဒါက ပြသနာမရှိလောက်ဘူးထင်တယ် နော် လောလောဆယ် တင်တာပဲပြောနေသေးတာ


18.EasyBCD ကို ပြန်ဖွင့်လိုက်ပြီး “Edit Boot Menu” ကို သွားပါ အဲမှာ ရှိတာ အကုန်ဖျက်လိုက်ပါ


19. “Add New Entry” ကို သွားပါ ဒီနေရာမှာ တော့ window version ကို Add ပေးရမှာ ပါ နောက် “Mac” ကို ကလစ်ပါ ပေးချင်တဲ့ နာမည်ပေးလိုက်ပါ နောက် “Add Entry” ကို တစ်ဖန်ပြန်နှိပ်ပေးပါ


20.ပြီးရင် နောက်နဲနဲဆုတ်ပြီး “Edit Boot Menu” ကို သွားပါ လူလိုက်မဆုတ်နဲ့ရတဲ့ Pointer လေးဆုတ်ရင်ရပြီ


Default as Windows ကိုရွေး ပြီး “Boot default OS after 30 secs”.ကို ရွေးပေးလိုက်ပါ ပြီးရင် Save လုပ်လိုက်နော်


21.နောက် “BCD Deployment” ကို သွားပါ သင်တင်တဲ့ Windows version ကို ရွေးပါ “Write MBR” ကို ကလစ်ပါ သူအလုပ်လုပ်နေပါမယ် ဒါပြီးသွားရင် ရီစတ ကျပါမယ် ကျပြီးပြနတက်လာရင် ရပါပြီ အခွေ မပါလဲ ဖြစ်ပါပြီဗျာ


ကဲ နောက် ပြသနာက ကိုယ်ဆီပဲ ပြန်လာမှာဆိုတော့ မထူးပါဘူး ပြောလိုက်ပါမယ် Windows Genuine problem ဒါက ဘာနဲ့ လုပ်ရသလဲဆိုရင် Windows 7 Extreme Loader. နဲ့ အဆင်ပြေပါတယ် တော်ကြာ မြို့ပတ်နေကြမှာ ပြောလိုက်တာ နားအေးတယ်နော်


နောက်တစ်ခု မှတ်ထားပါ အရေးကြီးပါတယ် ဘာလဲ ဆို ဟာ့ဒစ်ကနေ ဘုတက်လာလို့ ပြသနာ ရှိနေသေးတယ်ဆိုရင် r Windows Vista/7 DVD ခွေထည့်ပြီး တက်လာရင် Repair your Computer ကနေ Repair ပြန်လုပ်ပါ နောက် Use repair tool fix စတဲ့ စာတွေပါတဲ့ ရေဒီရိုဘော်တွန်မှာ ရွေးပေး၇မယ် ဒါက သဘောတရားလောက်ပါ နော် လုပ်တတ်ကြမှာပါ နောက်တစ်ဆင့် startup Repair ကိုရွေးရမယ်


ကဲ ရပြီနော် အဆင်ပြေပါစေဗျာ တစ်ခါမရရင် နှစ်ခါ သုံးခါပေါ့ အက်ဒီဆင်ကို တော့ မမှီလောက်ပါဘူး လုပ်သာလုပ်ပါ လုပ်မှတတ်တာ နောက်နောက်မှ ပဲ USB ကတင်တာတွေ ဗားရှင်းအမြင့်တင်တာတွေ စသဖြင့် လုပ်ပေးပါ့မယ် ဒီမှာပြောပေးတာက အဆင့်များတယ်ထင်ရပေမယ့် လုပ်ဆောင်ရတာ အရိုးရှုင်းဆုံး အကောင်းဆုံးနည်းပါ အဆင့်နဲနဲနဲ့ မတရားလိုက်ဒေါင်းလော့ချ မမြင်ဖူးမစမ်းဖူးတဲ့ဆော့ဝဲလ်တွေ နဲ့ ကလိရတာထက်စာရင်တော့ တော်တော် ကောင်းတာပေါ့ ဗျာ အမလေးနော် ဝင်းဒိုး အင်စတော စာတစ်ပုဒ်ရေးရတာ ခေါင်းလဲကိုက် လက်လဲညောင်း ဘာဖြစ်ဖြစ်ပါလေ သူများပြေလည်ရင်ပြီးတာပဲ တစ်ခါတင် မန်းလေးမှာ တစ်သိန်း ရန်ကုန်မှာ ငါးသောင်းရန်ကတော့ လွတ်တာပေါါ ဟီး သူများစီးပွားရေး တုတ်နဲ့ထိုးတယ်ဆို တာ ဒါမျိုးပြောတာဖြစ်မယ် ဟိဟိ


Credit to ( အာကာဖြိုး နည်းပညာ )






















EasyBCD လိုတယ်







- Intel Core CPU

- Compatible VGA card

- Minimum 1GB RAM




























11. မိတ်ဆွေများ ဒီနေ၇ာမှာ စာဖတ်ရင်မရှင်းသလို ဖြစ်နေပါမယ် ကျွန်တော် တစ်ဆင့်စီပဲပြောသွားတာပါ မကျော်ပါဘူး အခု “Utilities”ဆိုတာ သွားလိုက်ပါ ဘယ်က သွားရမလဲဆို ကလေးတွေ စာမေးပွဲဖြေဖို့ စာကျက်သလိုတော့ လုပ်မလာနဲ့ လက်တွေ့ လုပ်သွားရင် ဘယ်အဆင့်မှ မကျော်ပဲ စခရင်မှာ ပေါ်လာတဲ့ အဆင့်တိုင်းကို ပြောနေတာမို့ အဆင်ပြေပြေ လုပ်သွားနိုင်လိုက်မယ် စာဖတ်တာ သက်သက်ဆိုရင်တော့ ဘာမှန်းမသိဘူးဖြစ်နေမှာ ကဲ ပြန်ဆက်မယ်နော် သွားလိုက်ပြီးရင် “Disk Utility” ကိုရွေးပါ




























ကဲ ရပြီနော် အဆင်ပြေပါစေဗျာ တစ်ခါမရရင် နှစ်ခါ သုံးခါပေါ့ အက်ဒီဆင်ကို တော့ မမှီလောက်ပါဘူး လုပ်သာလုပ်ပါ လုပ်မှတတ်တာ နောက်နောက်မှ ပဲ USB ကတင်တာတွေ ဗားရှင်းအမြင့်တင်တာတွေ စသဖြင့် လုပ်ပေးပါ့မယ် ဒီမှာပြောပေးတာက အဆင့်များတယ်ထင်ရပေမယ့် လုပ်ဆောင်ရတာ အရိုးရှုင်းဆုံး အကောင်းဆုံးနည်းပါ အဆင့်နဲနဲနဲ့ မတရားလိုက်ဒေါင်းလော့ချ မမြင်ဖူးမစမ်းဖူးတဲ့ဆော့ဝဲလ်တွေ နဲ့ ကလိရတာထက်စာရင်တော့ တော်တော် ကောင်းတာပေါ့ ဗျာ အမလေးနော် ၀င်းဒိုး အင်စတော စာတစ်ပုဒ်ရေးရတာ ခေါင်းလဲကိုက် လက်လဲညောင်း ဘာဖြစ်ဖြစ်ပါလေ သူများပြေလည်ရင်ပြီးတာပဲ တစ်ခါတင် မန်းလေးမှာ တစ်သိန်း ရန်ကုန်မှာ ငါးသောင်း၇န်ကတော့ လွတ်တာပေါါ ဟီး သူများစီးပွားရေး တုတ်နဲ့ထိုးတယ်ဆို တာ ဒါမျိုးပြောတာဖြစ်မယ် ဟိဟိ



No comments:

Post a Comment

မင်္ဂလာပါ..