menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Mac Computer ပေါ်သို့ Windows Os တင်နည်း




Mac Computer သို့ Boot Camp ဖြင့် Windows တင်ခြင်း
==================
Mac Computer ကို Windows အသုံးပြုနိုင်စေရန် ဆောင်ရွက်နိုင်သည့် နည်းလမ်းတွေကတော့ တော်တော်များများရှိပါတယ်။ ဒီအထဲကမှ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်သည့် Boot Camp ဖြင့် Windows တင်ခြင်းကို ပြောပြပေးသွားပါမည်။ သင့်ရဲ့ Mac Computer ကို Windows OS အသုံးပြုနိုင်စေဖို့ Boot Camp ကအကူအညီပေးပါလိမ့်မယ်။ Install လုပ်ပြီးသွားရင်တော့ reboot ပြုလုပ်ပြီး MacOS နဲ့ Windows ကြား သင် သုံးလိုရာကို အလွယ်တကူ ကူးပြောင်းအသုံးပြုနိုင်ပါတယ်။
မစတင်မှီ
• Boot Camp disk partition ဖန်တီးရန်အတွက် လုံလောက်သော disk space ရှိပါစေ။ အနည်းဆုံး 64GB ရှိရပါမည်။ 128GB ဆို အကောင်းဆုံးပါ။



• Mac desktop computer ဆိုလျှင် External keyboard နဲ့ mouse (or) trackpad အရံသင့်ရှိပါစေ။

• Windows image ဖန်တီထားသည့် USB flash drive အသင့် ရှိပါစေ။ သို့သော် OS X El Capitan 10.11 or later တင်ထားသည့် အောက်ပါ Mac computer များအတွက်တော့ USB မလိုအပ်ပါဘူး။ ၎င်း model များကတော့ temporarily storage အဖြစ် internal drive ကို အသုံးပြုနိုင်လို့ပါ။ သင့်တော်သည့် တနေရာရာမှာ Windows iso file လေးကိုကူးထားပြီး Boot Camp တင်တဲ့အခါ ညွှန်ပေးရုံပါပဲ။ ထို Mac computer များကတော့ -



- MacBook Pro (2015 and later)*

- MacBook Air (2015 and later)*

- MacBook (2015 and later)

- iMac (2015 and later)

- iMac Pro

- Mac Pro (Late 2013)

• အထက်ပါ Mac Computer များဖြစ်ပါက ဒီနေရာမှတဆင့် (https://goo.gl/TwzRFm) Windows 10 Disc Image (ISO File) ကို download ဆွဲ၍ သင့်စက်အတွင်း ထည့်သွင်းထားပါ။ Windows installer ခွေများမှာလည်း ISO file ပါပါတယ်။ ၎င်း file လေးကို သင့်စက်အတွင်း ထည့်ပေးထားပါ။

• Internet Connection အသင့်ရှိနေဖို့လိုပါသည်။

• သာမာန် computer များတွင် Windows တင်ခြင်း Knowledge ရှိပြီးဖြစ်ရမည်။

Windows 10 support ပြုသော Mac computer များ

=============

အောက်ပါ Mac computer များဟာ 64-bit version Windows 10 Home (or) Pro edition များ Boot Camp ဖြင့် installed ပြုလုပ်နိုင်ပါတယ်။

- MacBook Pro (2012 and later)

- MacBook Air (2012 and later)

- MacBook (2015 and later)

- iMac Pro (2017)

- iMac (2012 and later)*

- Mac mini (2012 and later)

- Mac mini Server (Late 2012)

- Mac Pro (Late 2013)

Boot Camp ဖြင့် Windows တင်ခြင်း

=============

• Boot Camp Assistant ကိုဖွင့်ပါ။

• Introduction ပေါ်လာမည်။ Continue ကိုနှိပ်ပါ။

• Install Windows ပေါ်ပါမည်။ ISO image နေရာမှာ Windows ISO File ကို ညွန်ပေးပါ။ (အသင့်ရှိနေပါက သူဘာသူလည်းသိနိုင်ပါသည်) Partition ပိုင်းသည့်နေရာမှာ Windows အတွက် အနည်းဆုံး 64GB ပေးပါ။ 128GB လောက်ပေးနိုင်ရင် ပိုကောင်း၏။ ထို့နောက် Continue ကိုနှိပ်ပါ။

• Windows support software ကို download ဆွဲပါလိမ့်မယ်။ ခဏစောင့််ပါ။ လိုအပ်သည့် windows file များကို internet မှတဆင့် download ဆွဲ၍ သင့် mac အတွင်း copy ကူးယူပါလိမ့်မယ်။ လိုအပသည့် admin password တောင်းတာတွေ ရှိပါလိမ့်မယ်။ တောင်းလာချိန်မှာ ထည့်ပေးပါ။ ပြီးသွားရင်တော့ macOS ကို reboot လုပ်ပါလိမ့်မယ်။

• Reboot လုပ်၍ ပြန်တက်လာပြီဆိုလျင် သာမာန် Windows တင်သည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားပေးပါ။

Windows တင်ပြီးသွားပြီဆိုရင်တော့ သင့် Mac computer ကို MacOS ရော Windows OS ရော နှစ်မျိုး သုံးလို့ရပါပြီ။ ကွန်ပြူတာကို စဖွင့်သည့်အခါမှာတော့ Keyboard မှ Option key လေးအား ဖိနှိပ်ထားပေးပါ။ ထို့နောက် မိမိအသုံးပြုလိုသည့် OS ကို ရွေးချယ်၍ အလွယ်တကူအသုံးပြုနိုင်ပါပြီ။

(မှတ်ချက်။ ။ MacOS Mojave များမှာတော့ Error အနည်းငယ်ရှိပါတယ်။ တင်မယ်ဆိုလျင်တော့ သတိထားပေးပါ။ သိပ်တော့ အားမပေးလိုပါဗျာ။)


Mac Computer သို႔ Boot Camp ျဖင့္ Windows တင္ျခင္း
==================
Mac Computer ကို Windows အသံုးျပဳႏိုင္ေစရန္ ေဆာင္ရြက္ႏိုင္သည့္ နည္းလမ္းေတြကေတာ့ ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ ဒီအထဲကမွ အေကာင္းဆံုး နည္းလမ္းတစ္ခုျဖစ္သည့္ Boot Camp ျဖင့္ Windows တင္ျခင္းကို ေျပာျပေပးသြားပါမည္။ သင့္ရဲ႕ Mac Computer ကို Windows OS အသံုးျပဳႏိုင္ေစဖို႔ Boot Camp ကအကူအညီေပးပါလိမ့္မယ္။ Install လုပ္ၿပီးသြားရင္ေတာ့ reboot ျပဳလုပ္ၿပီး MacOS နဲ႔ Windows ၾကား သင္ သံုးလိုရာကို အလြယ္တကူ ကူးေျပာင္းအသံုးျပဳႏုိင္ပါတယ္။
မစတင္မွီ
======
• Boot Camp disk partition ဖန္တီးရန္အတြက္ လံုေလာက္ေသာ disk space ရွိပါေစ။ အနည္းဆံုး 64GB ရွိရပါမည္။ 128GB ဆို အေကာင္းဆံုးပါ။
• Mac desktop computer ဆိုလွ်င္ External keyboard နဲ႔ mouse (or) trackpad အရံသင့္ရွိပါေစ။
• Windows image ဖန္တီထားသည့္ USB flash drive အသင့္ ရွိပါေစ။ သို႔ေသာ္ OS X El Capitan 10.11 or later တင္ထားသည့္ ေအာက္ပါ Mac computer မ်ားအတြက္ေတာ့ USB မလိုအပ္ပါဘူး။ ၎ model မ်ားကေတာ့ temporarily storage အျဖစ္ internal drive ကို အသံုးျပဳႏိုင္လို႔ပါ။ သင့္ေတာ္သည့္ တေနရာရာမွာ Windows iso file ေလးကိုကူးထားၿပီး Boot Camp တင္တဲ့အခါ ညႊန္ေပးရံုပါပဲ။ ထို Mac computer မ်ားကေတာ့ -

- MacBook Pro (2015 and later)*
- MacBook Air (2015 and later)*
- MacBook (2015 and later)
- iMac (2015 and later)
- iMac Pro
- Mac Pro (Late 2013)
• အထက္ပါ Mac Computer မ်ားျဖစ္ပါက ဒီေနရာမွတဆင့္ (https://goo.gl/TwzRFm) Windows 10 Disc Image (ISO File) ကို download ဆြဲ၍ သင့္စက္အတြင္း ထည့္သြင္းထားပါ။ Windows installer ေခြမ်ားမွာလည္း ISO file ပါပါတယ္။ ၎ file ေလးကို သင့္စက္အတြင္း ထည့္ေပးထားပါ။
• Internet Connection အသင့္ရွိေနဖို႔လိုပါသည္။
• သာမာန္ computer မ်ားတြင္ Windows တင္ျခင္း Knowledge ရွိၿပီးျဖစ္ရမည္။
Windows 10 support ျပဳေသာ Mac computer မ်ား
=============
ေအာက္ပါ Mac computer မ်ားဟာ 64-bit version Windows 10 Home (or) Pro edition မ်ား Boot Camp ျဖင့္ installed ျပဳလုပ္ႏိုင္ပါတယ္။
- MacBook Pro (2012 and later)
- MacBook Air (2012 and later)
- MacBook (2015 and later)
- iMac Pro (2017)
- iMac (2012 and later)*
- Mac mini (2012 and later)
- Mac mini Server (Late 2012)
- Mac Pro (Late 2013)
Boot Camp ျဖင့္ Windows တင္ျခင္း
=============
• Boot Camp Assistant ကိုဖြင့္ပါ။
• Introduction ေပၚလာမည္။ Continue ကိုႏွိပ္ပါ။
• Install Windows ေပၚပါမည္။ ISO image ေနရာမွာ Windows ISO File ကို ညြန္ေပးပါ။ (အသင့္ရွိေနပါက သူဘာသူလည္းသိႏိုင္ပါသည္) Partition ပိုင္းသည့္ေနရာမွာ Windows အတြက္ အနည္းဆံုး 64GB ေပးပါ။ 128GB ေလာက္ေပးႏိုင္ရင္ ပိုေကာင္း၏။ ထို႔ေနာက္ Continue ကိုႏွိပ္ပါ။
• Windows support software ကို download ဆြဲပါလိမ့္မယ္။ ခဏေစာင့္္ပါ။ လိုအပ္သည့္ windows file မ်ားကို internet မွတဆင့္ download ဆြဲ၍ သင့္ mac အတြင္း copy ကူးယူပါလိမ့္မယ္။ လိုအပသည့္ admin password ေတာင္းတာေတြ ရွိပါလိမ့္မယ္။ ေတာင္းလာခ်ိန္မွာ ထည့္ေပးပါ။ ၿပီးသြားရင္ေတာ့ macOS ကို reboot လုပ္ပါလိမ့္မယ္။
• Reboot လုပ္၍ ျပန္တက္လာၿပီဆိုလ်င္ သာမာန္ Windows တင္သည့္ လုပ္ငန္းစဥ္မ်ားအတိုင္း ဆက္လက္ေဆာင္ရြက္သြားေပးပါ။
Windows တင္ၿပီးသြားၿပီဆိုရင္ေတာ့ သင့္ Mac computer ကို MacOS ေရာ Windows OS ေရာ ႏွစ္မ်ိဳး သံုးလို႔ရပါၿပီ။ ကြန္ျပဴတာကို စဖြင့္သည့္အခါမွာေတာ့ Keyboard မွ Option key ေလးအား ဖိႏွိပ္ထားေပးပါ။ ထို႔ေနာက္ မိမိအသံုးျပဳလုိသည့္ OS ကို ေရြးခ်ယ္၍ အလြယ္တကူအသံုးျပဳႏိုင္ပါၿပီ။
(မွတ္ခ်က္။ ။ MacOS Mojave မ်ားမွာေတာ့ Error အနည္းငယ္ရွိပါတယ္။ တင္မယ္ဆိုလ်င္ေတာ့ သတိထားေပးပါ။ သိပ္ေတာ့ အားမေပးလိုပါဗ်ာ။)

No comments:

Post a Comment

မင်္ဂလာပါ..