တစ်ခါတစ်လေ ကချော်ကချွတ်နိုင်ပြီးတော့ ဘေးမှာထားတဲ့ ကော်ဖီခွက်တွေ
အအေးဘူးတွေကိုတိုက်မိပြီး လက်တော့ပေါ်ဖိတ်ကျသွားတာမျိုးတွေရှိပါတယ် ။
လက်တော့ပေါ်ရေဖိတ်သွားခဲ့ရင် ဆားကစ်တွေ ထိသွားပြီး
လက်တော့ပျက်ဆီးသွားနိုင်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့
စိုးရိမ်ဖို့မလိုပါဘူး ။အခုလိုအခြေအနေမျိုးမှာ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို
ပြောပြပါမယ် ။
လက်တော့ပေါ် ရေဖိတ်သွားခဲ့ရင် လုပ်ဆောင်ရမယ့်အဆင့်လေးဆင့်ရှိပါတယ် ။
၁ ။ ပထမဆုံးလုပ်ဆောင်သင့်တာကတော့ လက်တော့ကို ပိတ်လိုက်ဖို့ပါပဲ
။တကယ်လို့ လက်တော့ကိုဖွင့်ထားမယ်ဆိုရင် ရှော့ဖြစ်ပြီးတော့
လက်တော့ပျက်ဆီးသွားနိုင်ပါတယ် ။လက်တော့ကိုအမြန်ဆုံးပိတ်တဲ့နည်းလမ်းကတော့
ပါဝါခလုတ်ကို စက္ကန့်ပိုင်းလောက်ဖိထားလိုက်ရုံပါပဲ ။
၂ ။ လက်တော့မှာပပ်ထားတဲ့ ကြိုးအားလုံးကိုဖြုတ်ပါ ။ ကီးဘုတ် ၊ မောက်စ် ၊ ပါဝါကြိုးအားလုံးကို ဆွဲဖြုတ်ပါ ။
၃ ။ ပြီးရင်တော့ အဝတ်ခြောက်တစ်ခုနဲ့လက်တော့ကို ရေစင်အောင်သုတ်ပါ
။အပြင်ပိုင်း ရေသုတ်ပြီးတဲ့အခါ လက်တော့ကို ၃၀ ဒီဂရီစောင်းထားပြီး
ထောင်ထားပေးပါ ။ အခြောက်ခံထားတဲ့အချိန်မှာလုံးဝမသုံးပါနဲ့ ။
၄။ လေးငါးရက်လောက်ကြာတဲ့အခါမှာတော့
ရေတွေအားလုံးခြောက်သွေ့သွားပြီဖြစ်တဲ့အတွက် ကြိုးအားလုံးပြန်တပ်ပြီးတော့
လက်တော့ကိုဖွင့်လို့ရပါပြီ ။ တစ်ရက်လောက် အခြောက်ခံထားရင်လည်း
ရေတွေခြောက်သွားနိုင်လောက်ပေမယ့် ဆားကစ်ဘုတ်တွေ စိုထိုင်းနေသေးတာကြောင့်
ရှော့ဖြစ်နိုင်ချေရှိပါသေးတယ် ။
Writer – Min Thu (XYZ News)
No comments:
Post a Comment
မင်္ဂလာပါ..