menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

IQ နဲ့ EQ ထက် ပိုအရေးကြီးတဲ့ AQ


IQ နဲ့ EQ ထက် ပိုအရေးကြီးတဲ့ AQ
======================

အကြမ်းအားဖြင့် ဉာဏ်ရည်ကောင်းသူများကို IQ ကောင်းသူများဟု သတ်မှတ်ပြီး ဆက်ဆံရေး အရည်အသွေး မြင့်မားသူများကို EQ ကောင်းတယ်လို့ ပြောစမတ်ပြုကြပါတယ်။

ဒီနေ့ဆွေးနွေးချင်တာ အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်တဲ့ အရည်အသွေး လို့ခေါ်တဲ့ Adversity Quotient ( AQ ) ဖြစ်ပါတယ်။ AQ အကြောင်းမရှင်းခင်မှာ ဉာဏ်ရည်ဉာဏ်သွေး IQ ရဲ့ အဓိပ္ဗါယ်ဖွင့်ဆိုချက်ကို အရင် လေ့လာကြည့်ရအောင်..

I Q ( Intellective Quotient ) ဆိုသည်မှာ လူတစ်ဦးတစ်ယောက် ၏ ဉာဏ်ရည်ဉာဏ်သွေး အဆင့်ကို တိုင်းတာရရှိသော အတိုင်းအတာဖြစ်ပြီး အရွယ်တူ သူများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် နိူင်းယှဉ်ရရှိသော အတိုင်းအတာလည်း ဖြစ်သည်။
အထက်ပါ စာပိုဒ်ကို ဖတ်ကြည့်ရင် IQ ဆိုတာ မျိုးရိုး၊ မွေးရာပါနဲ့ အများကြီးသက်ဆိုင်နေတာကို တွေ့ကြမှာပါ။ ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ လူတွေဟာ ကိုယ့်ကိုယ်ကို နိုင်နင်းမူ့၊ စိတ်စွမ်းရည်ပြည့်ဝမူနဲ့သက်ဆိုင်တဲ့ EQ ( Emotional Quotient) ကို အလေးထားလာကြပါတယ်။
ခေတ်ကအလျင်အမြန် တိုးတက်နေပါတယ်။ သုတေသနမှ ထွက်ရှိတဲ့ အဖြေအရ IQ နဲ့ EQ မြင့်မားခြင်းဟာ လူဘဝတိုးတက်ဖို့အတွက် အလွန်အရေးပါပါတယ်။

ဒါပေမဲ့ အောင်မြင်တဲ့လူတော်တော်များများကို လေ့လာကြည့်တဲ့အခါမှာ အခက်အခဲ ကို ဖြေရှင်းကျော်လွှားနိုင်တဲ့ စိတ်စွမ်းရည် Adversity Quotient ( AQ ) ဟာ အရေးပါ အရာရောက်ဆုံး ဖြစ်နေတာကို တွေ့ရှိထားပါတယ်။ AQ ကို စတင်ဖေါ်ထုတ်သူ အမေရိကန်ပညာရှင် Paul Si Tuoci ရဲ့ အဆိုအရ AQ ကောင်းမွန်သူများဟာ အောက်ပါ အချက် ( ၄ )ချက်နဲ့ ကိုက်ညီမူ ရှိတာကို တွေ့ရှိရပါတယ်။

က။ AQ မြင့်မားသူများဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်မားကြတယ်။


အခြေအနေ ဘယ်လောက်ပဲ ဆိုးဝါးဆိုးဝါး၊ AQ မြင့်မားသူများဟာ အဆိုးထဲကနေ ကောင်းတဲ့အကွက်ကို အမြဲ ရှာဖွေတွေ့ရှိတတ်ပါတယ်။ သူတို့ဟာ ကိုယ့်စိတ်ကို နိုင်နင်းကြပြီး အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ရှိသူများ ဖြစ်ကြပါတယ်။

ခ။ AQ မြင့်မားသူများဟာ ပြသနာရဲ့ အကြောင်းရင်းကို မိမိထံမှ အရင်စရှာဖွေတတ်ပါတယ်။

လူတော်တော်များများဟာ အဆင်ပြေအောင်မြင်နေတဲ့အချိန်မှာ မိမိအရည်အချင်းမြင့်မားတယ်ဟု ယူဆကြပြီး တစ်ခုခုဆုံးရူံးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပြသနာအခက်အခဲ တွေ့ရှိတဲ့အခါမှာပဲ ဖြစ်ဖြစ် ဟိုသူ့ကြောင့်၊ ဒီသူ့ကြောင့် စသည်ဖြင့် ပြင်ပကနေ အကြောင်းအရင်း အမျိုးမျိုး ရှာဖွေတတ်ကြပါတယ်။ AQ မြင့်မားသူများဟာ ပြင်ပမှာ အကြောင်းရင်းရှာဖွေခြင်းထက် မိမိကိုယ်တွင်းကနေ အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို စတင်ရှာဖွေတတ်ကြပါတယ်။

ဂ။ AQ မြင့်မားသူများဟာ အခက်အခဲနဲ့ ပြသနာကို ပုံကြီးမချဲ့ တတ်ပါ။

လူဆိုတာ အသက်တစ်ရာမနေရပေမဲ့ အမူတစ်ရာ တွေ့ရတတ်ပါတယ်။ အခက်အခဲကို ပုံကြီးချဲ့ တတ်သူများဟာ နည်းနည်းကြီးတဲ့ အခက်အခဲ ကြုံတွေ့ ရုံနဲ့ နှလန်မထူနိုင်တော့ပါ။ AQ မြင့်မားသူများဟာ အခက်အခဲကို အကျိုးသင့် အကြောင်းသင့် စဉ်းစားဆင်ခြင်တတ်ပြီး ပြသနာကို ဘယ်တော့အခါမှ ပုံကြီးမချဲ့ တတ်ပါ။

ဃ။ AQ မြင့်သူများဟာ သီးခံနိုင်စွမ်း မြင့်မားသူများ ဖြစ်ကြပါတယ်။

သမိုင်းဖတ်ရင် သိသာပါတယ်။ အောင်မြင်တဲ့ သူများအားလုံးလိုလို အကြီးအကျယ် ဆုံးရုံးများကို ကြုံတွေ့ခဲ့ရသူများချည်းချည်း ဖြစ်ပါတယ်။ သူတို့ဟာ ဆုံးရူံးမူရဲ့ ဒဏ်ကိုဖြစ်ဖြစ်၊ ကျရောက်လာတဲ့ ဖိစီးမူပေါင်းစုံကိုပဲဖြစ်ဖြစ် အထူးသီးခံ နိုင်စွမ်းရှိသူများ ဖြစ်ကြပါတယ်။ သီးခံနိုင်စွမ်းရှိတဲ့သူများဟာ သာမာန်သူများထက် ပိုမိုငြိမ်သက်ကြပါတယ်။ ပြသနာတစ်ခု ဘယ်လောက်ပဲကြီးကြီး သူတို့ရှေ့ ရောက်လာပြီဆိုရင် သူတို့ဟာ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။

AQ မြင့်မားအောင် ဘယ်လိုလေ့ကျင့်မလဲ
-----------------------------------------
အိုင်တီခေတ်နောက်ပိုင်းမှာ ခေတ်က အလျင်အမြန်တိုးတက်လာတော့ လူတွေဟာ AQ ရဲ့ တန်ဖိုးကို ပိုမိုသိမြင်လာကြပါတယ်။ AQ မြင့်မားလာအောင် ဘယ်လိုလေ့ကျင့်သင့်ပါသလဲ

၁။ ဆုံးရူံးမူကို သတ္တိရှိရှိ ရင်ဆိုင်မယ်။
ဆုံးရူံးမူကို ရှောင်ရှားခြင်းထက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရပါမယ်။ ဆုံးရူံးမူဒဏ် ရင်ထဲမှာ လွမ်းမိုးလာပြီဆိုရင် ရင်တွင်းမှာ ခဏသိမ်းဆည်းထားလိုက်ပါ။ ပြီးရင် ရင်ထဲက ပြန်လည် ထွက်ပေါ်လာတဲ့ မကျေမနပ်သံများကို သေသေချာချာ နားထောင်ပေးပါ။ စဉ်းစားဉာဏ်သုံးပြီး ချေပစရာမလိုပါ။ ရင်ထဲက မကျေနပ်ချက်များ အားလုံး အန်ထွက်ပြီးဆုံးသွားရင် စိတ်လက်ပေါ့ပါးစပြုလာပါမယ် ။ ဆုံးရူံးမူဒဏ် လွမ်းမိုးခြင်းဟာ ရေလွမ်းခြင်းနဲ့တူတတ်ပါတယ်။ တားဆီးပိတ်ပင်လို့ မလွယ်ကူပါ။ ရေများကို လမ်းလွှဲရှာပေးရပါမယ်။

၂။ စိတ်ဒုက္ခများကို ချက်ချင်းရေးချလိုက်ပါ။
လူတော်တော်များများက စိတ်ဒုက္ခများ၊ စိတ်သောကများကို မှတ်တမ်းတင်ဖို့ အားမပေးကြပါ။ ဒါပေမဲ့ တကယ်စိတ်ဒုက္ခခံစားရပြီဆိုရင် ရေးချလိုက်ပါက စိတ်သက်သာရာ ရသွားနိုင်ပါတယ်။ ရေးရင်းရေးရင်းနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကိုပါ တစ်ပါတည်း တွေ့ရှိသွားနိုင်ပါတယ်။
စိတ်လုပ်ရှားတယ်၊ ဒေါသထွက်တယ်၊ သောကခံစားနေရတယ်၊ စိတ်ညစ်တယ်၊ စသည်တို့ဟာ ယာယီခံစားမူများဖြစ်နေတတ်ပြီး ရေးချထားလိုက်ပါ။ နောက်တစ်နေ့ ပြန်ဖတ်ကြည့်ပါ။ အသေးအဖွဲ ဖြစ်သွားပါလိမ့်မယ်။

၃။ အခက်အခဲပြသနာကို ဘောင်ခတ်ပါ။
အလုပ်လုပ်တဲ့ လူတိုင်းနီးပါး မတူတဲ့နေရာမှာ မတူညီတဲ့ ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေရပါတယ်။ ဆိုပါစို့၊ အလုပ်ခွင်မှာ ဒေါသထွက်စေလောက်တဲ့ ပြသနာ တစ်ခုခု ရင်ဆိုင်ခဲ့မိရင် အဆိုပါပြသနာကို အလုပ်ခွင်မှာပဲ ဘောင်ခတ်ထားလိုက်ပါ။ ရုံးဆင်းလို့ အိမ်ပြန်ရောက်ရင် ချစ်စရာကောင်းတဲ့ ခင်ပွန်း၊ လေးစားထိုက်တဲ့ ဖခင်နေရာ ပြန်ရောက်သွားပါစေ။ အလုပ်နဲ့ နေအိမ် အပြန်အလှန် စိတ်အနှောက်အယှက် မပေးမိအောင် သူ့နေရာနဲ့ သူ၊ သူ့ပြသနာနဲ့ သူ ဘောင်ခတ်တတ်ဖို့ လိုပါတယ်။

၄။ ပြီးမြောက်အောင်မြင်ရန် လွယ်ကူစေတဲ့ ရည်မှန်းချက်အငယ်ကလေးများကို များများချမှတ်ထားပါ။
ရည်ရွယ်ချက်ကြီးမားလေ အောင်မြင်မူ ကြီးမားလေ ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ကြီးမားလေ စိန်ခေါ်မူ ကြီးမားလေ ဖြစ်ပါတယ်။ ဘယ်လောက် ဇွဲလုံးလ ဝီရိယ နဲ့ ပြည့်စုံတဲ့လူ ဖြစ်နေပါစေ၊ ဆုံးရူံးမူရဲ့ ဒဏ်ကို ဆက်တိုက် ခံစားနိုင်စွမ်း မရှိပါဘူး။
ဒါကြောင့်မို့လို့၊ လက်တွေ့ကျတဲ့၊ စွမ်းဆောင်မူ သိပ်မခက်ခဲတဲ့ ရည်မှန်းချက် အငယ်စား များများ အောင်မြင်ခြင်းဖြင့် တစ်ဖြည်းဖြည်း ရည်ရွယ်ချက်ကြီးကြီး အကောင်အထည် ဖေါ် ဆောင်နိုင်ဖို့ တက်လှမ်းစေတတ်ပါတယ်။

၅။ ဝါသနာတစ်ခုခု ပျိုးထောင်ထားပါ။
လူတိုင်းလူတိုင်းမှာ ဝါတနာတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ အခက်အခဲကို ရင်ဆိုင်ရတဲ့အခါမျိုးမှာ ဝါသနာပါရာကို လုပ်ကိုင်ခြင်းအားဖြင့် အာရုံလွှဲပြောင်းစေနိုင်ပါတယ်။ ဝါသနာပါတဲ့အလုပ်ကို လုပ်နေတဲ့အချိန်မှာပဲ ကိုယ့်ပြသနာကို ရှင်းဖို့ နည်းလမ်းတွေ့ရှိသွားစေနိုင်ပါတယ်။

၆။ အပြုသဘောဆောင်တတ်တဲ့၊ အကောင်းမြင်တတ်တဲ့ မိတ်ဆွေ သူငယ်ချင်းများကိုပေါင်းပါ။
တံငါးနားနီး တံငါး၊ မုဆိုးနားနီးမုဆိုး၊ လူဆိုတာ ဓါတ်တူချင်းဆွဲဆောင်တဲ့ သဘောရှိတတ်ပါတယ်။ အနူတ်လက္ခဏာဆောင်တဲ့၊ အဆိုးမြင် အဆိုးပြောတတ်တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ပြောစကားတွေဟာ အ မှိုက်များနဲ့ တူတတ်ပါတယ်။ ကိုယ်က သူတို့နဲ့ ပေါင်းသင်းရင် အ မှိုက်ပုံးဖြစ်သွားတတ်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့၊ အပြုသဘောဆောင်တဲ့ မိတ်ဆွေများနဲ့ နေရင် အရာရာကို အကောင်းဘက်ကနေ စဉ်းစားတတ်ပြီး အောင်မြင်မူနဲ့ ပိုမိုနီးစပ်သွားစေတတ်ပါတယ်။

လူတိုင်းလူတိုင်း မိမိရဲ့ AQ ကို ပျိုးထောင်နိုင်ကြပါစေ

Source - စာပေလွင်ပြင်

Credit: Amon Kani

zawgyi
IQ နဲ႔ EQ ထက္ ပိုအ​ေ​ရးႀကီးတဲ့ AQ
======================

အၾကမ္းအားျဖင့္ ဥာဏ္ရည္ေကာင္းသူမ်ားကိုု IQ ေကာင္းသူမ်ားဟုု သတ္မွတ္ၿပီး ဆက္ဆံေရး အရည္အေသြး ျမင့္မားသူမ်ားကိုု EQ ေကာင္းတယ္လိုု႔ ေျပာစမတ္ျပဳၾကပါတယ္။

ဒီေန႔ေဆြးေႏြးခ်င္တာ အခက္အခဲကိုု ေျဖရွင္းေက်ာ္လႊားႏိုုင္တဲ့ အရည္အေသြး လိုု႔ေခၚတဲ့ Adversity Quotient ( AQ ) ျဖစ္ပါတယ္။ AQ အေၾကာင္းမရွင္းခင္မွာ ဥာဏ္ရည္ဥာဏ္ေသြး IQ ရဲ႕ အဓိပၺါယ္ဖြင့္ဆိုုခ်က္ကိုု အရင္ ေလ့လာၾကည့္ရေအာင္..

I Q ( Intellective Quotient ) ဆိုုသည္မွာ လူတစ္ဦးတစ္ေယာက္ ၏ ဥာဏ္ရည္ဥာဏ္ေသြး အဆင့္ကိုု တိုုင္းတာရရိွေသာ အတိုုင္းအတာျဖစ္ၿပီး အရြယ္တူ သူမ်ား၏ ဥာဏ္ရည္ဥာဏ္ေသြးႏွင့္ ႏိူင္းယွဥ္ရရိွေသာ အတိုုင္းအတာလည္း ျဖစ္သည္။
အထက္ပါ စာပိုုဒ္ကိုု ဖတ္ၾကည့္ရင္ IQ ဆိုုတာ မ်ဳိးရိုုး၊ ေမြးရာပါနဲ႔ အမ်ားႀကီးသက္ဆိုုင္ေနတာကိုု ေတြ႔ၾကမွာပါ။ ဒါေၾကာင့္မိုု႔လိုု႔ ေနာက္ပိုုင္းမွာ လူေတြဟာ ကိုုယ့္ကိုုယ္ကိုု ႏိုုင္နင္းမူ႔၊ စိတ္စြမ္းရည္ျပည့္၀မူနဲ႔သက္ဆိုုင္တဲ့ EQ ( Emotional Quotient) ကိုု အေလးထားလာၾကပါတယ္။
ေခတ္ကအလ်င္အျမန္ တိုုးတက္ေနပါတယ္။ သုုေတသနမွ ထြက္ရိွတဲ့ အေျဖအရ IQ နဲ႔ EQ ျမင့္မားျခင္းဟာ လူဘ၀တိုုးတက္ဖိုု႔အတြက္ အလြန္အေရးပါပါတယ္။

ဒါေပမဲ့ ေအာင္ျမင္တဲ့လူေတာ္ေတာ္မ်ားမ်ားကိုု ေလ့လာၾကည့္တဲ့အခါမွာ အခက္အခဲ ကိုု ေျဖရွင္းေက်ာ္လႊားႏိုုင္တဲ့ စိတ္စြမ္းရည္ Adversity Quotient ( AQ ) ဟာ အေရးပါ အရာေရာက္ဆံုုး ျဖစ္ေနတာကိုု ေတြ႔ရိွထားပါတယ္။ AQ ကိုု စတင္ေဖၚထုုတ္သူ အေမရိကန္ပညာရွင္ Paul Si Tuoci ရဲ႕ အဆိုုအရ AQ ေကာင္းမြန္သူမ်ားဟာ ေအာက္ပါ အခ်က္ ( ၄ )ခ်က္နဲ႔ ကိုုက္ညီမူ ရိွတာကိုု ေတြ႔ရိွရပါတယ္။

က။ AQ ျမင့္မားသူမ်ားဟာ ကိုုယ့္ကိုုယ္ကိုု ထိန္းခ်ဳပ္ႏိုုင္စြမ္း ျမင့္မားၾကတယ္။

အေျခအေန ဘယ္ေလာက္ပဲ ဆိုုး၀ါးဆိုုး၀ါး၊ AQ ျမင့္မားသူမ်ားဟာ အဆိုုးထဲကေန ေကာင္းတဲ့အကြက္ကိုု အၿမဲ ရွာေဖြေတြ႔ရိွတတ္ပါတယ္။ သူတိုု႔ဟာ ကိုုယ့္စိတ္ကိုု ႏိုုင္နင္းၾကၿပီး အေျခအေနကိုု ထိန္းခ်ဳပ္ႏိုုင္စြမ္း ရိွသူမ်ား ျဖစ္ၾကပါတယ္။

ခ။ AQ ျမင့္မားသူမ်ားဟာ ျပသနာရဲ႕ အေၾကာင္းရင္းကိုု မိမိထံမွ အရင္စရွာေဖြတတ္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားဟာ အဆင္ေျပေအာင္ျမင္ေနတဲ့အခ်ိန္မွာ မိမိအရည္အခ်င္းျမင့္မားတယ္ဟုု ယူဆၾကၿပီး တစ္ခုုခုုဆံုုးရံူးသြားတဲ့အခါမွာပဲျဖစ္ျဖစ္၊ ျပသနာအခက္အခဲ ေတြ႔ရိွတဲ့အခါမွာပဲ ျဖစ္ျဖစ္ ဟိုုသူ႔ေၾကာင့္၊ ဒီသူ႔ေၾကာင့္ စသည္ျဖင့္ ျပင္ပကေန အေၾကာင္းအရင္း အမ်ဳိးမ်ဳိး ရွာေဖြတတ္ၾကပါတယ္။ AQ ျမင့္မားသူမ်ားဟာ ျပင္ပမွာ အေၾကာင္းရင္းရွာေဖြျခင္းထက္ မိမိကိုုယ္တြင္းကေန အေၾကာင္းရင္းနဲ႔ ေျဖရွင္းႏိုုင္တဲ့နည္းလမ္းကိုု စတင္ရွာေဖြတတ္ၾကပါတယ္။

ဂ။ AQ ျမင့္မားသူမ်ားဟာ အခက္အခဲနဲ႔ ျပသနာကိုု ပံုုႀကီးမခ်ဲ႕ တတ္ပါ။

လူဆိုုတာ အသက္တစ္ရာမေနရေပမဲ့ အမူတစ္ရာ ေတြ႔ရတတ္ပါတယ္။ အခက္အခဲကိုု ပံုုႀကီးခ်ဲ႕ တတ္သူမ်ားဟာ နည္းနည္းႀကီးတဲ့ အခက္အခဲ ႀကံဳေတြ႔ ရံုုနဲ႔ ႏွလန္မထူႏိုုင္ေတာ့ပါ။ AQ ျမင့္မားသူမ်ားဟာ အခက္အခဲကိုု အက်ဳိးသင့္ အေၾကာင္းသင့္ စဥ္းစားဆင္ျခင္တတ္ၿပီး ျပသနာကိုု ဘယ္ေတာ့အခါမွ ပံုုႀကီးမခ်ဲ႕ တတ္ပါ။

ဃ။ AQ ျမင့္သူမ်ားဟာ သီးခံႏိုုင္စြမ္း ျမင့္မားသူမ်ား ျဖစ္ၾကပါတယ္။

သမိုုင္းဖတ္ရင္ သိသာပါတယ္။ ေအာင္ျမင္တဲ့ သူမ်ားအားလံုုးလိုုလိုု အႀကီးအက်ယ္ ဆံုုးရံုုးမ်ားကိုု ႀကံဳေတြ႔ခဲ့ရသူမ်ားခ်ည္းခ်ည္း ျဖစ္ပါတယ္။ သူတိုု႔ဟာ ဆံုုးရံူးမူရဲ႕ ဒဏ္ကိုုျဖစ္ျဖစ္၊ က်ေရာက္လာတဲ့ ဖိစီးမူေပါင္းစံုုကိုုပဲျဖစ္ျဖစ္ အထူးသီးခံ ႏိုုင္စြမ္းရိွသူမ်ား ျဖစ္ၾကပါတယ္။ သီးခံႏိုုင္စြမ္းရိွတဲ့သူမ်ားဟာ သာမာန္သူမ်ားထက္ ပိုုမိုုၿငိမ္သက္ၾကပါတယ္။ ျပသနာတစ္ခုု ဘယ္ေလာက္ပဲႀကီးႀကီး သူတိုု႔ေရွ႕ ေရာက္လာၿပီဆိုုရင္ သူတိုု႔ဟာ စိတ္ေအးေအးနဲ႔ ေျဖရွင္းႏိုုင္စြမ္းရိွၾကပါတယ္။

AQ ျမင့္မားေအာင္ ဘယ္လိုေလ႔က်င့္မလဲ
-----------------------------------------
အိုုင္တီေခတ္ေနာက္ပိုုင္းမွာ ေခတ္က အလ်င္အျမန္တိုုးတက္လာေတာ့ လူေတြဟာ AQ ရဲ႕ တန္ဖိုုးကိုု ပိုုမိုုသိျမင္လာၾကပါတယ္။ AQ ျမင့္မားလာေအာင္ ဘယ္လိုုေလ့က်င့္သင့္ပါသလဲ

၁။ ဆံုုးရံူးမူကိုု သတၱိရိွရိွ ရင္ဆိုုင္မယ္။
ဆံုုးရံူးမူကိုု ေရွာင္ရွားျခင္းထက္ ရဲရဲ၀ံ႔၀ံ႔ ရင္ဆိုုင္ရပါမယ္။ ဆံုုးရံူးမူဒဏ္ ရင္ထဲမွာ လြမ္းမိုုးလာၿပီဆိုုရင္ ရင္တြင္းမွာ ခဏသိမ္းဆည္းထားလိုုက္ပါ။ ၿပီးရင္ ရင္ထဲက ျပန္လည္ ထြက္ေပၚလာတဲ့ မေက်မနပ္သံမ်ားကိုု ေသေသခ်ာခ်ာ နားေထာင္ေပးပါ။ စဥ္းစားဥာဏ္သံုုးၿပီး ေခ်ပစရာမလိုုပါ။ ရင္ထဲက မေက်နပ္ခ်က္မ်ား အားလံုုး အန္ထြက္ၿပီးဆံုုးသြားရင္ စိတ္လက္ေပါ႔ပါးစျပဳလာပါမယ္ ။ ဆံုုးရံူးမူဒဏ္ လြမ္းမိုုးျခင္းဟာ ေရလြမ္းျခင္းနဲ႔တူတတ္ပါတယ္။ တားဆီးပိတ္ပင္လိုု႔ မလြယ္ကူပါ။ ေရမ်ားကိုု လမ္းလႊဲရွာေပးရပါမယ္။

၂။ စိတ္ဒုုကၡမ်ားကိုု ခ်က္ခ်င္းေရးခ်လိုုက္ပါ။
လူေတာ္ေတာ္မ်ားမ်ားက စိတ္ဒုုကၡမ်ား၊ စိတ္ေသာကမ်ားကိုု မွတ္တမ္းတင္ဖိုု႔ အားမေပးၾကပါ။ ဒါေပမဲ့ တကယ္စိတ္ဒုုကၡခံစားရၿပီဆိုုရင္ ေရးခ်လိုုက္ပါက စိတ္သက္သာရာ ရသြားႏိုုင္ပါတယ္။ ေရးရင္းေရးရင္းနဲ႔ ေျဖရွင္းတဲ့ နည္းလမ္းကိုုပါ တစ္ပါတည္း ေတြ႔ရိွသြားႏိုုင္ပါတယ္။
စိတ္လုုပ္ရွားတယ္၊ ေဒါသထြက္တယ္၊ ေသာကခံစားေနရတယ္၊ စိတ္ညစ္တယ္၊ စသည္တိုု႔ဟာ ယာယီခံစားမူမ်ားျဖစ္ေနတတ္ၿပီး ေရးခ်ထားလိုုက္ပါ။ ေနာက္တစ္ေန႔ ျပန္ဖတ္ၾကည့္ပါ။ အေသးအဖြဲ ျဖစ္သြားပါလိမ့္မယ္။

၃။ အခက္အခဲျပသနာကို ေဘာင္ခတ္ပါ။
အလုုပ္လုုပ္တဲ့ လူတိုုင္းနီးပါး မတူတဲ့ေနရာမွာ မတူညီတဲ့ ပုုဂၢိဳလ္အျဖစ္ ရပ္တည္ေနရပါတယ္။ ဆုုိပါစိုု႔၊ အလုုပ္ခြင္မွာ ေဒါသထြက္ေစေလာက္တဲ့ ျပသနာ တစ္ခုုခုု ရင္ဆိုုင္ခဲ့မိရင္ အဆိုုပါျပသနာကိုု အလုုပ္ခြင္မွာပဲ ေဘာင္ခတ္ထားလိုုက္ပါ။ ရံုုးဆင္းလိုု႔ အိမ္ျပန္ေရာက္ရင္ ခ်စ္စရာေကာင္းတဲ့ ခင္ပြန္း၊ ေလးစားထိုုက္တဲ့ ဖခင္ေနရာ ျပန္ေရာက္သြားပါေစ။ အလုုပ္နဲ႔ ေနအိမ္ အျပန္အလွန္ စိတ္အေႏွာက္အယွက္ မေပးမိေအာင္ သူ႔ေနရာနဲ႔ သူ၊ သူ႔ျပသနာနဲ႔ သူ ေဘာင္ခတ္တတ္ဖိုု႔ လိုုပါတယ္။

၄။ ၿပီးေျမာက္ေအာင္ျမင္ရန္ လြယ္ကူေစတဲ့ ရည္မွန္းခ်က္အငယ္ကေလးမ်ားကိုု မ်ားမ်ားခ်မွတ္ထားပါ။
ရည္ရြယ္ခ်က္ႀကီးမားေလ ေအာင္ျမင္မူ ႀကီးမားေလ ဆိုုတာမွန္ပါတယ္။ ဒါေပမဲ့ ရည္ရြယ္ခ်က္ႀကီးမားေလ စိန္ေခၚမူ ႀကီးမားေလ ျဖစ္ပါတယ္။ ဘယ္ေလာက္ ဇြဲလံုုးလ ၀ီရိယ နဲ႔ ျပည့္စံုုတဲ့လူ ျဖစ္ေနပါေစ၊ ဆံုုးရံူးမူရဲ႕ ဒဏ္ကိုု ဆက္တိုုက္ ခံစားႏိုုင္စြမ္း မရိွပါဘူး။
ဒါေၾကာင့္မိုု႔လိုု႔၊ လက္ေတြ႔က်တဲ့၊ စြမ္းေဆာင္မူ သိပ္မခက္ခဲတဲ့ ရည္မွန္းခ်က္ အငယ္စား မ်ားမ်ား ေအာင္ျမင္ျခင္းျဖင့္ တစ္ျဖည္းျဖည္း ရည္ရြယ္ခ်က္ႀကီးႀကီး အေကာင္အထည္ ေဖၚ ေဆာင္ႏိုုင္ဖိုု႔ တက္လွမ္းေစတတ္ပါတယ္။

၅။ ၀ါသနာတစ္ခုုခုု ပ်ဳိးေထာင္ထားပါ။
လူတိုုင္းလူတုုိင္းမွာ ၀ါတနာတစ္ခုုစီေတာ့ ရိွတတ္ၾကပါတယ္။ အခက္အခဲကိုု ရင္ဆိုုင္ရတဲ့အခါမ်ဳိးမွာ ၀ါသနာပါရာကိုု လုုပ္ကိုုင္ျခင္းအားျဖင့္ အာရံုုလႊဲေျပာင္းေစႏိုုင္ပါတယ္။ ၀ါသနာပါတဲ့အလုုပ္ကိုု လုုပ္ေနတဲ့အခ်ိန္မွာပဲ ကိုုယ့္ျပသနာကိုု ရွင္းဖိုု႔ နည္းလမ္းေတြ႔ရိွသြားေစႏိုုင္ပါတယ္။

၆။ အျပဳသေဘာေဆာင္တတ္တဲ့၊ အေကာင္းျမင္တတ္တဲ့ မိတ္ေဆြ သူငယ္ခ်င္းမ်ားကိုုေပါင္းပါ။
တံငါးနားနီး တံငါး၊ မုုဆိုုးနားနီးမုုဆိုုး၊ လူဆိုုတာ ဓါတ္တူခ်င္းဆြဲေဆာင္တဲ့ သေဘာရိွတတ္ပါတယ္။ အႏူတ္လကၡဏာေဆာင္တဲ့၊ အဆိုုးျမင္ အဆိုုးေျပာတတ္တဲ့ သူငယ္ခ်င္း အေပါင္းအသင္းေတြရဲ႕ ေျပာစကားေတြဟာ အ မိႈက္မ်ားနဲ႔ တူတတ္ပါတယ္။ ကိုုယ္က သူတိုု႔နဲ႔ ေပါင္းသင္းရင္ အ မိႈက္ပံုုးျဖစ္သြားတတ္ပါတယ္။ အေပါင္းလကၡဏာေဆာင္တဲ့၊ အျပဳသေဘာေဆာင္တဲ့ မိတ္ေဆြမ်ားနဲ႔ ေနရင္ အရာရာကိုု အေကာင္းဘက္ကေန စဥ္းစားတတ္ၿပီး ေအာင္ျမင္မူနဲ႔ ပိုုမိုုနီးစပ္သြားေစတတ္ပါတယ္။

လူတိုုင္းလူတိုုင္း မိမိရဲ႕ AQ ကိုု ပ်ဳိးေထာင္ႏိုုင္ၾကပါေစ

Source - စာေပလြင္ျပင္​

Credit: Amon Kani

No comments:

Post a Comment

မင်္ဂလာပါ..