menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone , iPad တွေရဲ့ Storage ကို Free Space တိုးလာအောင် လုပ်နည်း




iPhone , iPad တွေရဲ့ Storage ပမာဏ နည်းပါးတဲ့ သူတွေအတွက် Free Space တိုးလာစေဖို့ ဆိုတာကတော့ Photos တွေ , Videos တွေ , Musics တွေနဲ့ Applications တွေကို Delete လုပ်ပစ်မှပဲ ဖြစ်နိုင်ပါလိမ့်မယ် ။



နှမြောစရာကြီးးး …



ဒီတော့ဗျာ ဟိုးရှေးရှေးတုန်းက အသုံးပြုခဲ့ကြတဲ့ Old Tricks လေးတွေအကြောင်း ပြန်ပြီး ဖောက်သည် ချပေးမယ်ဗျာ ။



ဥုံဖွ ! ဆိုပြီး ကိုယ့် iDevices ပေါ်မှာ နေရာလွတ်ကြီး အကြီးကြီး မဟားတရားတွေ ပေါ်လာမှာတော့ မဟုတ်ဘူးနော် ။



iOS မှာ Games တွေ , Apps တွေရဲ့ Caches တွေ ၊ အခြား Temporary ( or ) Junk Files တွေကို Cleaning လုပ်တဲ့နည်း မပါသလို ရှိလည်း မရှိသေးပါဘူး ။ ( Jailbreak မှာတော့ အာ့လို Cleaner Tweaks တွေ ရှိပါတယ် ။ )



ဒါပေမယ့် … ဘာမှ လုပ်မကြည့်ပဲ သုံးနေတာထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းလေးတွေ ကျနော်တို့မှာ ရှိပါတယ် ။ ( Old Tricks လေးတွေပေါ့ ???? )



( ပထမနည်း )


iPhone , iPad မှာ Storage Space နည်းလာပြီဆိုပါက File Sizes ကြီးမားတဲ့ Apps ( or ) Games ( 1 GB ပမာဏထက်များတဲ့ဟာတွေကို ) ကို Download ဆွဲလိုက်ပါ ။ ( ဥပမာ- Asphalt 8 or Heartstone: Heros of Warcraft )



iPhone , iPad တွေရဲ့ Junk Files များကို အလိုအလျှောက် Cleaning လုပ်ပေးသွားပါလိမ့်မယ် ။


( ပုံမှာ မြင်တဲ့အတိုင်းပါပဲ ။ )



ကိုယ်ဒေါင်းထားတဲ့ Apps ( or ) Games ကို Cancel ပြန်လုပ်လိုက်ပါ ။ ဒါဆို Data လည်း မကုန်ပဲ ကိုယ့် iDevices ရဲ့ Free Space တွေလည်း တိုးသင့်သလောက် တိုးလာပါပြီ ။



( ဒုတိယနည်း )


ဒီ Tricks ဟာလည်း ပထမနည်းနဲ့ အတူတူပါပဲ ။



iTunes Store ထဲကို ဝင်ပြီး 1 GB ပမာဏထက် များတဲ့ Movies တွေကို ဒေါင်းလုတ်ဆွဲတဲ့ နည်းလမ်းပါပဲ ။



iTunes Store ပေါ်က Movies တွေက Free တော့ မရဘူးပေါ့ ။ မရလဲ ဒေါင်းသာဒေါင်း ။



Password တောင်းရင် ဖြည့်ပေးလိုက် ။ ကိုယ့် Apple ID မှာ $ မရှိရင် ID ရဲ့ Payment နေရာကို ရောက်သွားလိမ့်မယ် ။ Cancel နှိပ်ပြီး ပြန်ထွက်လိုက် ။



ဒါဆို iPhone , iPad ရဲ့ Storage Space က အနည်းငယ် Free ဖြစ်သွားပါလိမ့်မယ် ။ ( Apple ID မှာ Payments တွေနဲ့ ချိတ်ဆက်ထားတဲ့ သူတွေကတော့ ဒီနည်းလမ်းကို အသုံးမပြုပါနဲ့ ။ )



( တတိယနည်း )


Laptop ( or ) Desktop ကွန်ပျူတာ ရှိတဲ့သူများအတွက် အဆင်ပြေမယ့် နည်းလမ်းလေး ဖြစ်ပါတယ် ။



iPhone , iPad များကို ကွန်ပျူတာနဲ့ ချိတ်ပြီး iTunes Software ထဲကို ဝင်လိုက်ပါ ။ iDevice Syncing လုပ်နေတာကို ခဏစောင့်ပေး ရပါမယ် ။ မကြာပါဘူး ။



ပြီးသွားပြီဆိုရင် iTunes Software ထဲက iDevice သင်္ကေတလေးကို နှိပ်ပြီး ဝင်ပေးလိုက်ပါ ။ iDevice ရဲ့ Summary ထဲကို ရောက်ပြီဆိုလျှင် Backup ကို နှိပ်ရပါမယ် ။



Backup ပြီးသွားပြီ ဆိုရင်လည်း နောက်ထပ်တစ်ကြိမ် Backup ထပ်လုပ်ပေးပါ ။



ဒီတစ်ခါတော့ Storage ထဲကို ဝင်ပြီး စစ်ဆေးကြည့်ပါ ။ Backup မလုပ်ခင်က Free Spaces ထက် ပိုပြီး တိုးလာတာကို တွေ့ရပါလိမ့်မယ် ။


( စတုတ္ထနည်း )


ဒီနည်းလမ်းကတော့ iPhone , iPad ထဲကနေပဲ လုပ်ရမယ့် နည်းလမ်း ဖြစ်ပါတယ် ။



ဒါပေမယ့် ဒီနည်းကိုတော့ မလိုအပ်ပဲနဲ့ မသုံးတာက အကုန်အကျ သက်သာပါလိမ့်မယ် ။ ဇဝေဇဝါ ဖြစ်သွားပြီလားဗျ ။



နည်းလမ်းကတော့ Offload Unused Apps ကို Unable လုပ်တဲ့ နည်းလမ်းပါပဲ ။ ဒီ Option ကိုတော့ Apple ကနေပြီး iOS ရဲ့ Built-in Feature တစ်ခုအဖြစ် ထည့်သွင်းပေးထားပါတယ် ။



iPhone , iPad အတွင်း install လုပ်ထားပြီး အသုံးပြုမှု သိပ်မရှိတဲ့ ၊ Update သိပ်မဖြစ်တဲ့ Applications အချို့ရဲ့ Cache Files တွေကိုပဲ Backup အဖြစ် ( save ) ထားပေးပြီး အဆိုပါ Applications ရဲ့ Application files ကိုတော့ iDevice ပေါ်မှ ဖယ်ရှားပေးသွားပါတယ် ။ Delete ( Uninstall ) လုပ်လိုက်တယ်ပေါ့ ။



ဒီတော့ iDevice ရဲ့ Storage Usage Spaces ဟာ လျော့သွားပြီး Free Spaces တွေက ချက်ချင်းကြီးကို တိုးလာတာပေါ့ ။



အဆိုပါ Delete လုပ်လိုက်တဲ့ Applications ရဲ့ icons များကတော့ iDevice ပေါ်မှာ ကျန်ရှိနေဦးမှာဖြစ်ပြီး သူ့ရဲ့ Application Data ကတော့ မရှိတော့ပါဘူး ။ အဆိုပါ Applications များကို အသုံးပြုချင်တော့မှ icons ကို နှိပ်ပြီး ဒေါင်းလုတ် ပြန်ဆွဲပေးရမှာပဲ ဖြစ်ပါတယ် ။



ဒါဆို အကုန်အကျ ခံပြီး ဒေါင်းလုတ်ဆွဲထားတဲ့ Applications တွေ , Games တွေကို အစကနေ ပြန်ပြီး ဒေါင်းလုတ်ဆွဲရမှာမို့ … ????



ဥပမာ – Garageband လို App မျိုး Offload Unused ထဲ ပါသွားရင်တော့ နှမြောစရာ ။ ဒီလိုမျိုး မဖြစ်ရအောင်လို့ …



iPhone , iPad ရဲ့ Setting ကနေ General , iPhone Storage ( iPad Storage ) ကို ဝင်ပါ ။



အပေါ်ဆုံးက Offload Unused Apps ကို Enable မလုပ်ပဲ အောက်ကို ဆက်ပြီး ဆင်းပါ ။



ပေါ်လာတဲ့ Applications များထဲကို တစ်ခုချင်း ဝင်ပြီး အသုံးမပြုချင်တဲ့ , အသုံးမပြုဖြစ်သေးတဲ့ Applications တစ်ခုချင်းစီရဲ့ Offload App ကို နှိပ်ပေးပါ ။



ဒါဆို အကုန်အကျ နည်းသွားတာပေါ့ဗျာ ။



ကဲ iPhone , iPad တွေရဲ့ Storage ကို Free Space တိုးလာအောင် လုပ်တဲ့ နည်းလမ်းတွေကတော့ ဤတွင်ပဲ ပြီးပါပြီ ။



Wish all peace.

No comments:

Post a Comment

မင်္ဂလာပါ..