Guitar တီးနည်း
ဂစ်တာတီးသင်နည်း
ဂီတာ တီးတတ်ချင်သူ တစ်ယောက်ဟာ .....
( ၁ ) ဝါသနာပါရမယ် လေ့လာရမယ်
( ၂ ) လေ့ကျင့်တတ်မြောက်ဖို့အချိန်တစ်ခုသီးသန့်ပေးရမယ်
( ၃ ) စိတ်အားထက်သန်ပြီး ဇွဲရှိဖို့လိုတယ်
( ၄ ) မိမိကိုယ်ကို ဆန်းစစ်နိုင်ပြီး မာန်မာန ကင်းရမယ်
( ၅ ) ပါရမီ ရှိဖို့လည်း လိုအပ်တယ် ။
( ၁ ) ဝါသနာပါရမယ် လေ့လာရမယ် ။
မိမိကိုယ်ကို ဆန်းစစ်ပါ သူများတွေ ဂီတာတီးတိုင်း ငါလည်း တီးတတ်ချင်လိုက်တာ ဆိုပြီးပြောနေရုံနဲ့ မပြီးပါ မိမိ ကိုယ်တိုင်ကရော ဂီတ ဘက်ကိုတစ်ကယ်ဝါသနာပါသူလား ။ အားကစား ဘက်ကို ဝါသနာပါသူလား ။ စာပေကို ဝါသနာပါသူလား ။ မိမိကိုယ်မိမိ အသိဆုံးဖြစ်ပါလိမ့်မယ် ။
အားလုံးကို ဝါသနာပါသူ ဆိုလျှင်တောင် မိမိ အားသာတဲ့ဘက်တော့ ရှိနေမှာပါ ။ မိမိအားသာတဲ့ ဘက်ကိုဂရုစိုက်လေ့လာပါက ပို၍တတ်လွယ် ထိရောက်ပါလိမ့်မည် ။
ထို့ကြောင့် မိမိ ဝါသနာသည် မည်သည့်ဘက်ကို ပိုမိုအလေးသာမည်ကို မိမိကိုယ်မိမိ မလုပ်ခင်
အရင်ဆန်းစစ်ဖို့လိုပါလိမ့်မည် ။ ဂီတ ဘက်ကို ဝါသနာပါသူဆိုလျှင်တော့ ဂီတနှင့်ပကတ်သက်တာကို အထူးလေ့လာရပေမည် ။
ဥပမာ - ဂီတာ တီးတတ်ချင်တယ် ဂီတာ တီးတတ်ချင်ရင် ဂီတာ တီးကျင့်ဖို့ ဂီတာတစ်လုံးတော့မဖြစ်မနေ ပိုင်ဆိုင်မှဖြစ်မည် ။ ထို့ကြောင့် ဂီတာတစ်လုံး ဝယ်ကိုဝယ်ရမည် ။ သို့မှသာ ဂီတာတီးတတ်ရန်လေ့ကျင့်နိုင်မည်ဖြစ်သည် ။
ဂီတာရှိပြီး သင်ပြပေးမည့် သူမရှိလို့ မတတ်ဘူး ။ အဲ့ဒီ စကားဟာ အကြောင်းပြတာဖြစ်တယ်
သင်ပေးမယ့်သူ မရှိရင် မိမိကိုယ်တိုင်လေ့လာရမယ်။ သင်တန်း မတက်နိုင်ရင်လည်း ပညာဒါနပေးတဲ့ နေရာတွေရှိတယ်။
အဲ့ဒါ အချိန်မရလို့ မတက်နိုင်ဘူး ဆိုရင်လည်း စာအုပ်တွေ ရှိတယ် ။ လက်ကွက် စာအုပ်တွေဖတ်ပြီး လက်ကွက်တွေ လိုက်ကိုင်ကြည့့်မယ် ။သိတဲ့သူမေးမြန်းမယ် ။ online ပေါ်က video တွေကြည့်မယ် လေ့လာမယ် ဆိုရင်တောင် ဂီတာ လက်ကွက်တွေကို ကိုင်တတ် သူ တစ်ယောက်တော့ဖြစ်မှာသေချာပါတယ် ။
လက်ကွက်တွေကိုပဲ ကိုင်တတ်မယ် သိနေမယ် ဆိုရင်တောင် မိမိ အတွက် လွန်စွာအထောက်ကူပြုနေပြီ ဖြစ်သည် ။ ဂီတာလက်ကွက်တွေကို ကိုင်တတ်မယ် သိနေမယ် ဆိုရင်တောင် ဂီတာ သင်တန်း တက်ဖြစ်တယ် ဆိုရင် ကိုယ်ဟာ သူများထက် နှာတစ်ဖျား သာနေသူ ဖြစ်မယ် ။
သင်တန်းမှာ မိမိရဲ့လေ့လာထားမှုဟာ အထောက်ကူပြု နေမယ်ဆိုတာ ပြောစရာပင် မလိုတော့ ပါ ။ ဒါဟာ မိမိဝါသနာ အတွက် မိမိရဲ့ကြိုးစား အားထုတ်မှုဖြစ်သည်။ ဒါကြောင့် မိမိဝါသနာ
အတွက် လေ့လာထားရပါမယ် ။
( ၂ ) လေ့ကျင့့် တတ်မြောက်ဖို့ အချိန်တစ်ခု သီးသန့်ပေးရမယ် ။
ပညာရပ်တစ်ခုကို တတ်မြောက်ဖို့ စတင်လေ့ကျင့်ရပါတယ် ။ မလေ့ကျင့်ပဲ မတတ်ပါဘူး ။ ဂီတာ တီးတတ်ချင်သူလည်း ဒီလိုပါပဲ အခြေခံကနေ စပြီး စနစ်တစ်ကျလေ့ကျင့့် မှသာလျှင် အဆင်ပြေမှာပါ ။
အဲ့ဒီလိုလေ့ကျင့်ဖို့ အတွက် သီးသန့် အချိန်တစ်ခု ပေးရမှာပါ ။ တစ်ရက်ကို တစ်နာရီ ၊ နှစ်နာရီ ခန့်တော့နေ့စဉ် အချိန်ပေးလေ့လာ ၊လေ့ကျင့်ပေးမယ် ဆိုရင် တစ်နေ့မှာ သင်လိုချင်တဲ့ ပန်းတိုင်
ကိုရောက်ရှိပါလိမ့်မယ် ။
( ၃ ) စိတ်အားထက်သန်ပြီး ဇွဲရှိဖို့ လိုတယ် ။
မိမိ လုပ်လိုသည့့်အရာကို တစ်စိုက်မတ်မတ် နဲ့ လေ့လာလေ့ကျင့် နေသော်လည်း ခရီးမရောက်ဘူးထင်ပြီး လက်မလျှော့သင့်ပါဘူး ။ စိတ်ဆန္ဒပြင်းပျစွာဖြင့် ကြိုးစားရပါမယ် ။ ပညာ ဆိုတာကတော့ ဘယ်တော့မှ ဆုံးခန်းတိုင်တယ်ဆိုတာ မရှိပါဘူး ။
ဥပမာ - ဂီတာလက်ကွက်တွေလေ့ကျင့်တာ ကြိုးတွေ ဖိရလို့လက် တွေနာလိုက်တာ ဖွဖွလေးပဲ ဖိတီးကျင့်မယ် ။ အဲ့လိုဖြစ်တတ်ပါလိမ့်မယ် ။ ဒီလိုဖြစ်လာပြီဆိုရင် ဒါဟာ မိမိစိတ် မိမိဝါသနာ ကိုစတင်ဖျက် ဆီးခြင်းရဲ့ အစဖြစ်ပါတယ် ။
ဂီတာကြိုးနဲ့ လက်ကွက်ကို ဖွဖွကိုင်ပြီး တီးမယ်ဆိုရင် ဂီတာသံဟာကြည်လင်ပြတ်သားစွာ ထွက်မလာပါဘူး ။ သတိထားလေ့ကျင့်ရမယ့် အချက်ဖြစ်ပါတယ် ။ ဖိနိုင်သမျှ ဖိပြီးတီး ကျင့်ရန် မှာ ကြား လိုပါတယ် ။ ကြိုးတွေ ဖိတီးရလို့ လက်နာရင် ခနနားပြီးရင် ထပ်ကျင့် ၊ ထပ်ခါ ထပ်ခါ ကျင့် ပါများလာရင် လက်ကွက်ဖိတဲ့ လက်ထိပ်တွေဟာ အသားမာ တက်လာပြီး ကြာလာရင် မနာတော့ပါဘူး။ လက်ထိပ်အသားမာတွေ တက်လာခြင်းဟာ သင့်ရဲ့ ဇွဲရှိတဲ့ စိတ်ဓာတ် တွေကြောင့် ရလာတဲ့ ဆုလာဘ်တွေပါပဲ ။
( ၄ ) မိမိကိုယ်ကို ဆန်းစစ်နိုင်ပြီး မာန်မာန ကင်းရမယ် ။
မိမိလုပ်ဆောင်နေသော အရာကို ဆန်းစစ်ရပါမယ် ။ သို့မှသာမိမိရဲ့ လေ့လာလေ့ကျင့်မှုအခြေ အနေကို သိမှာပါ ။ မနေ့က ဒီလက်ကွက်ကို လေ့ကျင့်ထားတယ် ။ ဒီနေ့မှတ်မိသေးလား ပြန်တီးကြည့်ရမယ် ။မရသေးရင် ပြန်ကျင့်မယ် ။ အဲ့ဒီလို အမြဲဆန်းစစ်ကြည့်နေရမယ်။
ဒီလက်ကွက်ကြီးက ကိုင်ရတာခက်လို့ မကိုင်တတ်လို့ မကျင့်တော့ဘူး ။ အဲ့ ဒီလိုမျိုးမလုပ်ရပါဘူး တစ်ခါ မရရင်နောက်တစ်ခါ မရရင် ထပ်ကြိုးစား မှသာ အောင်မြင်မှာပါ ။ နောက်တစ်ခုက မိမိ မာန်မာနကို ခဝါချထားရမယ် ။ လူတိုင်းတော့ မာန်မာန မကင်းကြပါဘူး ။ မိမိက ပညာရပ်တစ်
ခုကို ဆည်းပူးနေချိန်မှာ မာနတွေ မာန်တွေ ထားနေရင်တော့ သွားမယ့်လမ်းမှာ ခလုတ် ကန်သင်း တစ်ခုဖြစ်နေမှာပါ ။
သိတဲ့သူက ဒါဟာမှားတယ်ဆိုရင် လက်ခံလိုက် ။ ကိုယ့် စိတ်က ဝေဝါးနေတယ် ထင်ရင်
နောက် အခြားတစ်ယောက်ကို ထပ်မေး မယ်ဆိုရင် မိမိလိုချင်တဲ့ အဖြေ ကိုရလာမှာပါ ။
အဲ့ဒီလိုမှမဟုတ်ပဲ မိမိအမြင်အသိ နှင့် တစ်ခြားသူ အမြင်အသိ မတူနိုင်၍ ငြင်းခုန်ပြောဆိုနေ မယ် ဆိုရင်မိတ်ပျက်သွားပါလိမ့်မယ် ။
မိမိ မသိတာ ရှိသလို အခြားသူ မသိနိုင်တာလည်း ရှိနေမှာပါပဲ ။ ထို့ကြောင့့်အငြင်းပွားခြင်း သည် အကျိုးမရှိနိုင်ပါ ။" ပညာရှာ သူဖုန်းစားပမာ " ဆိုတဲ့ စကားကိုသတိရပါ။
( ၅ ) ပါရမီရှိဖို့လည်း လိုအပ်တယ် ။
ပါရမီ ဆိုတာကတော့ လုပ်ယူလို့ မရတဲ့ အရာပါ ။ ဒါကတော့ ဘုရားပေးတဲ့ လက်ဆောင်လို့ပဲပြောပြော ၊ ရှေးကုသိုလ် လို့ပဲပြောပြော ပြောလို့ရတယ်။ ခင်ဗျားက အသံမကောင်းဘူး ဆိုပါတော့ ခင်ဗျား သူငယ်ချင်းက အသံကောင်းတယ် ။ ဒါဟာ လုပ်ယူလို့ရတဲ့အရာ မဟုတ်ပါဘူး ။
သူ့ ပါရမီ သူ့ ပင်ကိုယ်သံ ကိုကကောင်းနေတာပါ ။ ဒါအားငယ်စရာ မဟုတ် ပါဘူး ။ ဂီတာ တီး တယ် ဆိုပါတော့ ခင်ဗျား သူငယ်ချင်းနဲ့ ခင်ဗျား နဲ့ အတူတူ သင်တန်းတက်ကြတယ် ။ ဆရာက သင်ပေးတာ နှစ်ယောက်လုံးကို အတူတူပဲ ။ ခင်ဗျားက ဂီတာ လက်ခတ် တစ်ခုကို တစ်ပတ် ကျင့်နေရတယ် ။ သူငယ်ချင်းက လေးရက်လောက်ပဲ ကျင့်ရသေးတယ် သူကတတ်နေပြီ .... ။
အဲ့ဒီလိုလည်းဖြစ်တတ်ကြတယ် ။ ဒါဟာ သူ့ရဲ့ လိမ္မာပါးနပ်မှု လေ့ကျင့်မှု ပါရမီ ဓာတ်ခံ ကောင်းနေလို့ ။ အဲ့ဒီလိုမျိုးဖြစ်ရင်လည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး ။ သူလည်း သူ့ခရီးလမ်း သူ
လျှောက်နေတာ ကိုယ်လည်း ကိုယ့်ခရီးလမ်း ကိုယ်လျှောက်နေတာဖြစ်လို့ ကိုယ့်လမ်းသာ ကိုယ်မှန်အောင်လျှောက်ပါ တစ်နေ့တော့သင် ပန်းတိုင်ရောက်မှာပါ......
ကြိုစားအောင်မြင်ကြပါစေ......
Videos များဖြင့် လေ့လာချင်ရင်တော့ ဒီလင့်သို့သွားပါ..
Software ပြတဲ့ပုံပါ မှားနေပါတယ် ။
တစ်ကွက်ရဲ့ နှစ်ကြိုးအစက်နေရာက
နှစ်အကွက်ရဲ့ နှစ်ကြိုး အစက်နေရာကို
ထားရမှာပါ...။
တစ်ကွက်ရဲ့ နှစ်ကြိုးအစက်နေရာက
နှစ်အကွက်ရဲ့ နှစ်ကြိုး အစက်နေရာကို
ထားရမှာပါ...။
No comments:
Post a Comment
မင်္ဂလာပါ..