ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုအတွက် သင့် Facebook ပေါ်မှ ဖျက်ပစ််သင့်သော အချက်အလက် ( ၁၂ ) မျိုး
သင့်Facebookက လုံခြံုမှုရှိရဲ့လား? ယနေ့ခေတ်မှာ Facebookဟာ အင်အား အကြီးမားဆုံး social media တွေထဲမှ တစ်ခုဖြစ်လာပါတယ်။လူတွေဟာ နေ့စဉ်အဖြစ်အပျက် လှုပ်ရှားမှုတိုင်းကိုfacebookပေါ်မှာ မျှဝေကြပါတယ်။ဒါပေမယ့် သင့်လုံခြံုမှုအတွက် facebookပေါ်မှာ မဖော်ပြသင့်တာတွေလဲရှိပါတယ်။အင်္ဂလန်နိုင်ငံ Cambridge Analytica Sandal ကိုအင်တာဗျူးပြုလုပ်တဲ့အခါမှာ ကျွနု်ပ်တို့ ကိုယ်ရေးကိုယ်တာ လုံခြံုမှုအတွက်facebookပေါ်မတင်သင့်သော အချက်အလက်၁၂မျိုးကိုသုံးသပ်ပြခဲ့ပါတယ်။
(1)မွေးနေ့
သင်ဟာမွေးနေ့ကိုဖော်ပြထားခြင်းဖြင့် သင့်သူငယ်ချင်းတွေက နှစ်စဉ် မွေးနေ့ဆုတောင်းတွေတောင်းပေးကြမှာဖြစ်ပေမယ့်သင့်နာမည် လိပ်စာနဲ့အတူ သင့်မွေးနေ့ကိုသိရှိသွားပါက သင့်ဘဏ်အကောင့်နဲ့အခြားအရေးကြီးကိစ္စများမှာလုံခြံုရေးအားနည်းသွားမှာ ဖြစ်လို့ မွေးနေ့ကို ပဟေဠိအနေဖြင့်သိုဝှက်ထားသင့်ပါတယ်။
(2)ဖုံးနံပါတ်
သင်မလိုလားသူများ သို့မဟုတ် သူစိမ်းများဆီက ဖုန်းတွေဝင်လာနိုင်လို့ ဖုံးနံပါတ်ကိုမဖော်ပြသင့်ပါဘူး။
(3) credit card အသေးစိတ်
သင့်ခရက်ဒစ်ကတ်ပေါ်က နာမည်,နံပါတ်,လျှိ့ဝှက်ကုတ်စသည်ဖြင့် တစွန်းတစတောင်မဖော်ပြသင့်ပါဘူး။ဘဏ်ကတ်,ခရက်ဒစ်ကတ်,သင့်ငွေကြေးစာရင်း များနှင့်ပတ်သက်ပြီး facebookမှာ လျိူ့ဝှက်ထားသင့်ပါတယ်
(4)သင့်Relationship Status
သင့်ရဲ့ချစ်သူသစ်အကြောင်း သူငယ်ချင်းတွေကို ကြွားချင်တာမှန်ပေမယ့် မကြာခဏ ပြတ်လိုက်ဆက်လိုက်အသစ်တွဲလိုက်လုပ်နေမယ်ဆို RS Status တင်တာမကောင်းပါဘူးတဲ့
(5)အပြင်မှာမသိသောသူငယိချင်းများ
စိတ်ရောဂါ ပါမောက္ခ Rosie Dunbarက facebook user 3000ကျော်ကိုလေ့လာရာမှာမိတ်ဆွေစာရင်းရဲ့တဝက်ကျော်က အပြင်မှာတကယ်ရင်းနှီးခြင်းမရှိသူများဖြစ်တယ်လို့ဆိုပါတယ်။အပြင်မှာရင်းနှီးခြင်းမရှိတဲ့facebook friendsများကိုဖယ်ထုတ်လိုက်တာလဲ ကိုယ့်အတွက်လုံခြံုစေပါတယ်
(6)သင့်ကလေးငယ်ရဲ့ဓာတ်ပုံများ
ယနေ့ခေတ်မှာfacebookပေါ် မှာ ကိစ္စတိုင်းကိုဖော်ပြကြပါတယ်။ဒါပေမယ့် သင့်ကလေးကြီးပြင်းလာတဲ့အခါမှာ သူလမ်းလျှောက်ကာစအရွယ်ကပုံလေးတွေ တင်ထားခြင်းကိုနှစ်သက်ပါ့မလားဆိုတာ စဉ်းစားသင့်ပါတယ်
(7)သင့်ကလေးရဲ့ ကျောင်းလိပ်စာ
ပိုသတိထားသင့်တဲ့အချက်ပါ။သင် ကလေးငယ်ရဲ့မူကြိုလိပ်စာ,စာသင်ကျောင့်းလိပ်စာကိုဖော်ပြခြင်းဟာ သင့်ကို ဒုက္ခပေးဖိို့ုစောင့်ကြည့်နေတဲ့သူစိမ်းတွေကိုအခွင့်အရေးပေးသလိုဖြစ်နိူင်ပါတယ်။
(8)သင့်သူဌေးအကြောင်း
သင်နဲ့သင့်သူဌေးအဆင်ပြေနေစဉ်ကာလမှာ သူ့ပုံတင်ခြင်းဟာကိစ္စမရှိပေမယ့် နောင်တချိန်သင်သူ့အပေါ်စိတ်ပျက်လာတဲအခါသို့ အလုပ်နဲ့ပတ်သက်ပြီး်ညည်းညူတာတွေ တင်တဲ့အခါ အရှေ့မှာသူ့အကြောင်းဖော်ပြထားတာဟာ သူ့privacy ကိုမလေးစားသလိုဖြစ်ပါတယ်
(9)check in များ
ယခုခေတ်မှာ အိုင်ဖုန်းများနှင့်androidဖုန်းများကိုသုံးပြီး ကိုယ်ရောက်တဲ့နေရာတွေကို check inတင်လေ့ရှိပါတယ်။လူပေါင်း၅၀၀မီလီယန်ကျော်ကထိုသို့ပြုလုပ်လျက်ရှိနေပါတယ်။သင်ရှိတဲ့နေရာအတိအကျကို လူတကာသိအောင်လုပိခြင်းဟာ တကယ်တော့ သင့်လုံခြံုရေးအတွက်စိတ်မချရပါဘူး။
(10)သင့်အိမ်လိပ်စာ အလုပ်လိပ်စာကို Tagတွဲခြင်း
သင့်အိမ်လိပ်စာအတိအကျကို လူအများသိအောင်ဖွင့်လှစ်ပြခြင်းဖြစ်လို့အလွန်အန္တရာယ်များပါတယ်။
(11)သင့်အားလပ်ရက်ခရီးများအကြောင်း
သင်ခရီးထွက်ဖို့ဘယ်နှရက်သာလိုကြောင်း ရေတွက်ပြနေခြင်းဟာ သင့်အလစ်ကိုချောင်းနေသူအတွက် သင်အိမ်မှာမရှိမယ့်ရက်ကို ကြိုတွက်ဆနိူင်ပါတယ်။
(12)သင့်Passportစာအုပ်များ
သင့်passportနံပါတ်, Boarding Passက ဘားကုတ်များအကြောင်းမတင်သင့်ပါဘူး။မလိုလားအပ်တဲ့ပြဿနာများကိုဖိတ်ခေါ်သလိုဖြစ်စေလိူ့ပါ။
Credit – Writer Dr Jue ( XYZ NEWS )
No comments:
Post a Comment
မင်္ဂလာပါ..