မိုဘိုင်းဖုန်း ဆိုတာ ဒီနေ့ခေတ်မှာမရှိမဖြစ်အရာတွေဖြစ်လာပါပြီ
။တောထဲတောင်ထဲ ခရီးထွက် တဲ့အခါမျိုးမှာ GPS စနစ်အသုံးပြုဖို့အတွက်
မိုဘိုင်းဖုန် းဟာအလွန်အရေးပါတဲ့အရာတစ်ခုပါ ။
Power Bank တွေရှိတယ်ဆိုပေမယ့် မီးလုံးဝမရတဲ့နေရာမျိုးမှာ ဖုန်းရော
ပါဝါဘန့်ရော အားကုန် သွားတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ။AA ဓါတ်ခဲလေးတွေဟာ
ကျောပိုးအိတ်ထဲအလွယ်တကူထည့်ယူသွားလို့ရတဲ့ဓါတ်ခဲလေးတွေပါ။
ဒီ AA ဓါတ်ခဲလေးတွေကိုသုံးပြီး အရေးပေါ် Power Bank လေးဘယ်လိုပြုလုပ်သွားရမလဲဆိုတာကိုပြောပြပါမယ်။USB ကြိုးတစ်ချောင်းကို ဖြတ်လိုက်မယ်ဆိုရင် အစိမ်း ၊ အဖြူ ၊ အနီ နဲ့ အနက် ကြိုးလေးချောင်းတွေ့ပါမယ် ။
ထို့နောက် AA ဓါတ်ခဲလေးလုံးကို ဆက်ပါ ။ အပေါင်းဘက်ကို ကြိုးအနီ နဲ့ အနုတ်ဘက်ကိုကြိုးအမဲနဲ့ဆက်သွယ်ပါ။ပြီးရင်တော့ ဓါတ်ခဲတွေက ကြိုးနဲ့ USB က ကြိုးတွေကို အရောင်တူချင်းဆက်ပေးပါ ။ အစိမ်းရောင်နဲ့ အဖြူရောင်ကြိုးကတော့ သုံးဖို့မလိုအပ်ပါဘူး။
အားလုံးချိတ်ဆက်ပြီးတဲ့အခါ ဖုန်းမှာ အားသွင်းကြိုးထိုးလိုက်ပါ ။ မီးအားဝင်နေတာကိုတွေ့ရပါလိမ့်မယ်။သာမန်အားသွင်းကြိုးနဲ့သွင်းတာထက် ၄ ဆလောက်ကြာနိုင်ပေမယ့် အရေးပေါ်အခြေအနေမျိုးအတွက်အကောင်းဆုံး နည်းလမ်းလေးတစ်ခုပါပဲ။
Credit : – Min Thu (XYZ News)

No comments:
Post a Comment
မင်္ဂလာပါ..