menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

သီချင်းရေးနည်း




သီချင်းတစ်ပုဒ် ရေးတဲ့အခါ (သို့မဟုတ်) အနုပညာ ပစ္စည်းတစ်ခုကို ဖန်တီးတဲ့နေရာမှာ "how to" ဆိုတာတွေနဲ့ တရားသေ ထုတ်လုပ်လို့ မရသော်ငြား ... အနုပညာရှင်တိုင်းမှာ "how to" ကိုယ်ပိုင်Technique ကိုယ်စီ ရှိကြတာချည်းပဲ ... စိတ်ခံစားမှုကို အသိစိတ် နဲ့ ချဉ်းကပ် သီကုံးဖို့ အတွက် နည်းစနစ်တွေကလည်း အများအပြားပါ ။

  စု ၊ တု ၊ ပြု

ဘယ်အလုပ်မဆို ကျွမ်းကျင်ဖို့ ဒီ အဆင့် ၃ ခု မလွဲမသွေ လိုအပ်ပါတယ် ..

  ၁ ။ စုဆောင်းခြင်း ။ အတတ်ပညာ နည်းလမ်းတွေကို နားလည် တတ်ကျွမ်းသူတွေဆီမှာ ဆည်းပူးလေ့လာရမယ် ... ဝမ်းစာပြည့်အောင် ဖြည့်တင်းရမယ် ... သီချင်းရေးဖို့ တူရိယာ တစ်ခုကို အဆင့်တစ်ခု အထိ တတ်ကျွမ်းသင့်တယ် ... ဂီတသီအိုရီ ၊ ရေးစပ်နည်း သီအိုရီတွေကို သင်ယူလေ့လာသင့်ပါတယ် ... စကား လုံးတွေ ဆွဲဆောင်အားကောင်းဖို့အတွက် စာများများ ဖတ်ဖို့လည်း လိုပါလိမ့်မယ် ..

  ၂ ။ တုပခြင်း ။ "Bad artists copy . Great artists steal." ဆိုတဲ့ စကားရှိတယ် ... တုပခြင်း ဆိုတာ "အတုပြုလုပ်ခြင်း"ကိုပြောတာ မဟုတ်ပါဘူး .. "အတုယူတာ"ကို ရည်ညွှန်းတာပါ ... ခေတ် အဆက်ဆက်က အနုပညာရှင်တွေ ဘယ် လိုရေးစပ်တယ် .. ကိုယ့်ရှေ့ကနောင်တော်တွေ ဘယ်လို သီကုံးတယ်ဆိုတာတွေလည်း လေ့လာဖို့ပါ ... သူများသီချင်းတွေနားထောင် ..


 ဖြစ်နိုင်ရင် ကော့ဒ် ၊ မယ်လိုဒီတွေကိုချရေး ၊ ဂရုတစ်စိုက် တီးကြည့် ၊ ဆိုကြည့် ... ဘယ်နေရာမှာ ဘယ်လို ကွန့်လိုက်တာကို သတိထားကြည့် ... ။ ရလာမယ့် အကျိုးအမြတ်ကတော့ ရေးချလို့မကုန်ဘူး ... သူများ သီချင်းတွေ တီးကြည့် ဆိုကြည့်ရင်း ... ဒီနေရာလေးမှာ ငါသာ ဆိုရင် ဘယ်လို လုပ်လိုက်မှာ ... ဆိုတဲ့ စိတ်ကူးတွေကပဲ ခင်ဗျား အတွက် သီချင်းသစ်တွေ တိုးပွားစေမှာပါ ...

  ၃ ။ ပြုလုပ်ခြင်း (တီထွင်ခြင်း) ။ စုဆောင်းခြင်း ၊ တုပခြင်းတွေကို လုံလောက်စွာလေ့လာ ခဲ့ပြီးရင် ကိုယ်တိုင်ပြု လုပ်တီထွင်နိုင်ပြီ ... အတွေးရဲရဲ ၊ အရေး ရဲရဲတွေကို မညှာတမ်းတာ ဖွင့်ချပေတော့ ။ ရေးသက် ရလာတာနဲ့ ခင်ဗျားရဲ့ how to ဆိုတဲ့ ကိုယ်ပိုင် Technique တစ်ခု ဖြစ်တည် လာပါလိမ့်မယ် ။ တစ်ချို့က အတတ်ပညာ ရှိပြီး အတွေးအား မကောင်းဘူး ။

တစ်ချို့ကျတော့ အတတ်ပညာ မရှိပေမယ့် အတွေးအားကောင်းတယ် ... အတွေးကောင်းပေ မယ့်လည်း သီချင်း တစ်ပုဒ်ကို ဘယ်လို စတည်ရမှန်း မသိရင် (လမ်းကြောင်း မသိရင်) အဲဒီ အတွေးထဲမှာပဲ လည်နေတတ်ပါတယ် ... ဒီဆောင်းပါးက အဲဒီလိုလူတွေ အတွက် ရည်ရွယ်ပြီးရေးတာပါ ...

သီအိုရီတွေ ကောင်တာ ပွိုင့်တွေ ဂရုတွေ လဟုတွေ မလိုပါဘူး ... (ဘာပဲပြောပြော ဖျက်ဆီးတယ် လို့တော့ မထင်စေချင်ပါ ... "လူပြိန်း သီချင်းရေးနည်း" ရယ်လို့လည်း ရက်ရက်စက်စက် အမည်မပေးလိုပါ ... ဒါကြောင့် "အလွယ်ဆုံး သီချင်းရေးနည်း" လို့ပဲ ခေါ်ကြပါစို့ ။ တစ်ချို့တွေ လည်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင် ပါလိမ့်မယ် ... တစ်စုံတစ်ယောက် အတွက် တစ်စုံတစ်ရာ အကျိုးရှိရင် ကျွန်တော်ကျေနပ်ပြီ ...)

  လူသားတိုင်း ရှင်သန်နေထိုင်ရာ ဘဝကိုယ်စီ ... ခံစားတတ်တဲ့နှလုံးသားကိုယ်စီ ရှိတယ် ... လူနှင့်ပတ်သက်တဲ့ လောကဓံ ၊ ခေတ် ၊ ဝန်းကျင် ၊ အတွေးအခေါ် ကိုယ်စီရှိတယ် ။ အဲဒါတွေရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ကြုံတွေ့ခံစားကြရမှာလည်း မလွဲပဲ ... အထူ အပါး ကွာကောင်းကွာပေမယ့် လူတိုင်းခံစားဖူးကြ ... ခံစားတတ်ကြတယ် ။ ဒါတွေဟာ အနုပညာ ပစ္စည်းတစ်ခု အဖြစ် ပြောင်းလဲဖို့ အထောက်အပံ့တွေပါပဲ ။

သာမာန် လူတွေက သူတို့ရဲ့ခံစားချက်ကို ပုံဖော် သီကုံးဖို့ စိတ်မကူးဘူး အားထုတ်လေ့ မရှိဘူး ... အနုပညာ ဓာတ်ခံရှိသူတွေ ကျတော့ သူတို့ခံစားချက်ကို ပုံဖော် သီကုံးပြီး တစ်စုံတစ်ရာ အနုပညာ ပစ္စည်းအဖြစ် ပြောင်းလဲဖန်တီးဖို့ အားထုတ်တယ် ... ခင်ဗျားလည်း ... အဲဒီလို ခံစားချက် ၊ အဖြစ်အပျက်လေးတွေကို ကိုယ်ပိုင် သီချင်းတစ်ပုဒ် အဖြစ် ပြောင်းလဲချင်တဲ့သူ ဆိုပါတော့ ...

  သီချင်းတစ်ပုဒ်ကို ဘယ်လိုဖန်တီးမလဲ ... ???
  ********************************
အကောင်းဆုံး ကတော့ သိသင့် တတ်သင့်တဲ့ ပညာတွေကိုတော့ လေ့လာဆည်းပူးဖို့ လိုတာပေါ့ ... ဒါပေမယ့် တစ်ချို့က ဆည်းပူးလေ့လာဖို့ အကြောင်း အမျိုးမျိုးနှင့် အခြေအနေ မပေးတာရှိမယ် .. တစ်ချို့ ကျတော့ ဘာမှ ကြီးကြီး ကျယ်ကျုယ် မမျှော်မှန်းပါဘူး ကိုယ့် ခံစားချက်လေးတွေကို ကိုယ်ပိုင် သီချင်းအဖြစ်ပြောင်းလဲပြီး ပီတိဖြစ်မယ် ... တစ်ချို့လည်း ဖြစ်ချင် ပါလျက် ဖန်တီးရတဲ့အခါ အခက်အခဲတွေရှိမယ် ...

ဥပမာ - မယ်လိုဒီနှင့် စာသားနှစ်ကြောင်းလောက်ကို ခေါင်းတစ်ခုလုံး အုံခဲပြီး မှ ထွက်လာတာ မျိုးလည်းရှိမယ် ... Verse တစ်ပိုဒ်ရေးပြီး ဘယ်လိုမှ ရှေ့ဆက် မရတာမျိုးလည်း ရှိမယ် ... အမျိုးမျိုးပေါ့ ။ အဲဒီ အခက်အခဲတွေကို ကျွန်တော်နားလည်တယ် ... ကျွန်တော် ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတယ် ...

အဲဒီ အခက်အခဲတွေကို ရုန်းထွက်ကျော်လွှားဖို့ အချိန်အတော်ကြာလည်း ပေး ဆပ်ခဲ့ရတယ် ။ ဒါကြောင့် ခင်ဗျားတို့ ကျွန်တော့်လို မခက်ခဲ ရအောင် ခေါင်း မစားရအောင် ကျွန်တော်လုပ်လေ့ လုပ်ထ ရှိတဲ့ သီချင်းရေးပုံရေးနည်းတစ်ချို့ကို မျှဝေပေးခြင်းပါ ... ကျွန်တော့် အတွက်တော့ အသုံးဝင်တဲ့ လမ်းကြောင်းတိုလေးတွေပေါ့ ...

  သွားနေကျ လမ်းကြောင်းများ ...
  ---------------------------------

  ၁ ။ သံစဉ် အရင်ရှာ - စာသားနောက်မှ ထည့်
  ၂ ။ စာသား အရင်ရေး - သံစဉ်နောက်မှ ရှာ
  ၃ ။ သံစဉ် စာသား တစ်ပြိုင်တည်းရေး ....




သီချင်း တစ်ပုဒ်ကို ဖန်တီးတဲ့အခါ ဒီနည်း ၃ မျိုးကိုပဲ အခါ အားလျော်စွာ သုံးစွဲပါတယ် ... အဲဒီ အတွက် ကျွန်တော့်မှာ သီချင်းရေးတဲ့ (အမျိုးအစား မတူတဲ့) စာအုပ် ၃အုပ် ရှိတယ် ...



စာအုပ် ၁ ။ သံစဉ် အတိုအစတွေရေးဖို့ ...

စာသားရေးတာ ကတော့ အကြောင်း မဟုတ်ပေမယ့် သံစဉ်ရေးဖို့ ကျတော့ နုတ် မတတ်ရင် အခက်အခဲ ရှိတယ် ... ဒါပေမယ့် နည်းပညာခေတ်ကြီးက ခင်ဗျားတို့ကို အရာရာ အဆင်သင့်ဖြစ်စေပါတယ် ။

နုတ်မရေးတတ်လည်း သံစဉ်တွေ စိတ်ကူးထဲပေါ်လာတဲ့ အခါ ရီကော်ဒါ ၊ ဖုန်း ၊ လပ်တော့နှင့်ဖြစ်ဖြစ် အသံဖမ်းထားလို့ရတယ် ။ စိတ်ကူးတွေ သံစဉ်တွေ ထွက်လာရင် မလွတ်တမ်း အသံဖမ်းထားလိုက်ပါ ... တစ်ခါ တစ်လေ အမှတ်တစ်မဲ့ ထွက်လာတဲ့ စိတ်ကူးတွေက ထိုင် စဉ်းစားတာထက် ပိုကောင်း တတ်တယ် မဟုတ်လား ... အဲဒီ သံစဉ်လေးတွေပြန်နားထောင်ရင်း ဘယ် လိုစာသား ၊ အကြောင်း အရာမျိုးနှင့် လိုက်ဖက်မယ် ရေးနိုင်မယ်ဆိုတာ ပြန်စဉ်းစားနိုင်တယ် ....

စာအုပ် ၂ ။ စာသား ၊ အကြောင်း အရာတွေရေးဖို့ ...

ဒီ စာအုပ်ထဲမှာတော့ ကိုယ်ရေးချင်တဲ့ အကြောင်းအရာ ၊ ခံစားချက် ၊ စကားလုံးတွေကို ရေးတယ် ... အကြမ်းအားဖြင့် ခေါင်းစဉ် တစ်ခု ၊ အကြောင်းအရာ တစ်ခုကို တစ်မျက်နှာလောက်ရေးချလိုက်တယ် ... တစ်ခါ တစ်လေ ခေါင်း စဉ် တပ်မရတဲ့ .. ဘာမှန်းမသိတဲ့ ခံစားချက်တွေလည်း ရှိတယ် ...

အစီအစဉ် ကျချင် မှ ကျလိမ့်မယ် ... ပြေပြစ်ချင်မှ ပြေပြစ်မယ် ... ရေးပစ် လိုက် ပါ .. ကဗျာရေးနေတာ ၊ ဝတ္ထုရေးနေတာ မဟုတ်ပါဘူး ... သီချင်းတစ်ပုဒ်အတွက် အကြောင်းအရာ ၊ စိတ်ကူး စကားလုံးတွေ စုနေတာပါ ... အဲဒီစာအုပ်မှာမှ ညာဘက်ခြမ်းမှာ ခေါင်းစဉ်တပ် ၊ အကြောင်းအရာ ဇာတ်လမ်းတွေရေးပြီး ... ဘယ်ဘက်ခြမ်းမှာ ဆက်စပ်တဲ့ စကားလုံး နိမိတ်ပုံတွေကို ရေးပါတယ် ... (နောက်ပိုင်းမှာ အသေးစိတ်ရှင်းပေးပါမယ်)




စာအုပ် ၃ ။ သံစဉ် စာသား တစ်ပြိုင်တည်းရေးဖို့ ...

စိတ်ကူး အရမ်းကောင်းလွန်းတဲ့ အခါမျိုးမှာ သံစဉ် စာသား တစ်ခါတည်း ထွက် လာတဲ့အခါ ဒီစာအုပ်မှာရေးပါတယ် ... သာမာန် အားဖြင့်တော့ သံစဉ်တွေရေးထားတဲ့ စာအုပ်-၁ နှင့် စာသားတွေရေးထားတဲ့ စာအုပ်-၂ ကို ဖွင့်ပြီး စိတ်ကူးကြည့်တယ် .. တွဲစပ်ကြည့်တယ် ... ဒီနည်းဖြင့်လည်း သီချင်းကောင်းတွေ ရနိုင်ပါတယ် ...
ကြိုတင်ပြင်ဆင်ခြင်း ....
--------------------------
အမှတ်တစ်မဲ့ ထွက်လာတဲ့ စိတ်ကူး သံစဉ်စာသားတွေဟာ ထိုင်တွေးနေတာ ထက် ပိုကောင်းသလို ... ကြိုတင်ပြင်ဆင်ပြီးလည်း သီချင်းကောင်း တစ် ပုဒ် ဖြစ်နိုင်တယ် ...

'စကားလုံး 'တိုင်း မှာ 'အသံ' ရှိတယ် ... စကားလုံးတွေကို ရေရွတ်ရင်း ပဲ ပေါ် လာတဲ့ သံစဉ်တွေနှင့် သီချင်းကောင်း တစ်ပုဒ် ဖြစ်သွားနိုင်ပါတယ် ... ဒီနည်းဟာ အလွန်ပဲ အသုံးဝင်ပါတယ် ...

ကျွန်တော် လုပ်လေ့ ရှိတာက စာအုပ်ညာ ဘက်ခြမ်းမှာ ခေါင်းစဉ် တပ်ပြီး အကြောင်းအရာတွေကို ရေးချတယ် .. ဘယ်ဘက်ခြမ်းမှာတော့ နိမိတ်ပုံ စကား လုံးတွေကို ရေးချတယ် ... ညာဘက်ခြမ်းမှာ အကြောင်း အရာ ၊ ဇာတ် လမ်းကိုရေးချတဲ့ အခါ သိပ်ပြီးတော့ စဉ်းစားစရာ မလိုပါဘူး .. စကားလုံးတွေလည်း သိပ်ပြီး လှပအောင် ဂရုစိုက် မနေဘူး ... တစ်မျက်နှာပြည့်အောင် ရေးချလိုက်တယ် ... ပြီးမှ နိမိတ်ပုံဘက်ခြမ်းမှာ အစားထိုး ရနိုင်မယ် စကားလုံးတွေ ချရေးလိုက်တယ် ... နောက်ဆုံး အဲဒီ ၂ မျက်နှာကိုကြည့်ပြီး သံစဉ်တွေ စဉ်းစားမယ် ... ဒါပါပဲ ...




ဖိုနက်တစ် ပြဿနာ ...
-------------------------
ကျွန်တော့် အတွက်ကတော့ စာသားရေးတဲ့ စာအုပ် ၂ က အတော် အရေးကြီး တယ်ဗျ ... ညာဘက်-အကြောင်းအရာ ၊ ဘယ်ဘက်-နိမိတ်ပုံ .. စာမျ က်နှာ၂ ခု လုံးပေါ့ ... ကျွန်တော်တို့မြန်မာ စကား မှာ ဖော့သံ ဖိသံတွေများတယ် ... ဘာသာ စကားတိုင်းမှာ ဖော့သံ ဖိသံတွေ ရှိပေမယ့် မြန်မာစကားမှာ ကျတော့ အဲဒီအသံ က အဓိပ္ပာယ်ပြောင်းသွားနိုင်တယ် ... အောက်ကမြစ် ပါတာနှင့် မပါတာ ၊ ဝစ်စပေါက် ပါတာနှင့် မပါတာ အဓိပ္ပာယ် အများကြီး ကွာခြားတယ် ...

လက်တွေ့ စမ်းကြည့်ရအောင် ။ အင်္ဂလိပ်စကား "I love you" နှင့် မြန်မာစကား "အိပ်မက်လေး"ကို ယှဉ်ပြီး သံစဉ်ထည့်ကြည့်မယ် ...

"I love you" ကို သံစဉ်ထည့်မယ် ...
သံစဉ်-၁ ။ ဒိုရေမီ(123) = အိုင်လဗ်ဗျူးးး
သံစဉ်-၂ ။ ရေမီးဒို(231) = အိုင်လဗ်ဗျူ
သံစဉ်-၃ ။ မီးရေးဒို(321) = အိုင်းးးလဗ်ဗျူ ....

သိပ်ပြီး ကွာခြားမှု မရှိပါဘူး ... (စကားကတ်ပြီးပြောရင်တော့ ရတာပေါ့) ... ဒါပေမယ့် အဓိပ္ပာယ်ပြောင်းသွားလောက်အောင် ထိခိုက်မှု မရှိဘူး ... (အဲဒါကြောင့် ... တစ်ခါ တစ်လေ အဖြူကောင်တွေကို မနာလိုဘူး .. ) :/

"အိပ်မက်လေး" ကို သံစဉ် ထည့်မယ် ...
သံစဉ်-၁ ။ ဒိုရေမီ(123) = အိမ်မက်လေး ( အိပ် မဟုတ် အိမ်)
သံစဉ်-၂ ။ ရေမီးဒို(231) = အိပ်မက်လေ ( အိပ် မဟုတ် အိမ်) ဝစ်စပေါက်သံပျောက်သွားပါပြီ ... "လေး" ဆိုတဲ့ ဝစ်စပေါက်သံ ကို မရတော့ပါဘူး ...

အဲဒါကြောင့် "လေ" (သို့မဟုတ်) "တွေ" "နေ" "ရှည်" စတဲ့ စကားလုံး တစ်ခုခုကို ပြောင်းရပါတော့မယ် ...
ဥပမာ - ရေးချင်တာက "လရောင်ဖြာတဲ့ အိမ်မက်လေး"
ရေးနိုင်တာက -
"အစိုပြန်နေတဲ့ အိပ်မက်လေ"
"အရောင်ပြယ်ခဲ့ အိပ်မက်တွေ"
"နာကျင်စွာနှင့် အိပ်မက်နေ"
"အဆုံးအစမဲ့ အိပ်မက်ရှည်" ... စသည်ဖြင့်ပေါ့ .... အခန့် မသင့်ရင် ရှေ့ကရေး ခဲ့တာတွေပါ အဓိပ္ပာယ်ပြောင်းရပါတော့မယ် ...

သံစဉ်-၃ ။ မီးရေးဒို(321) = အိပ်မက်လေ (အိမ် မဟုတ် အိပ်) ၊ တွေ ၊ နေ ၊ ရှည် .... (ကျန်တာတွေတော့ အပေါ်က အတိုင်းပါပဲ)

အကြောင်းအရာ ၊ ဇာတ်လမ်းရေးပြီးတဲ့ အခါ နိမိတ်ပုံ ၊ ဆက်စပ် ၊ ဆင်တူယိုးမှား စကားလုံးတွေကိုလည်း ရေးသား စုဆောင်းသင့်ပါတယ် ...

ဥပမာ - ညာဘက်ခြမ်းမှာ "ရမ္မက် သားကောင်" ဆိုတဲ့ခေါင်းစဉ် တစ်ခု တပ်လိုက် တယ် .. စိတ်ကူး စာသားတွေကို အစီအစဉ် မရှိရေးပစ်လိုက်တယ် ...

"မင်းနှုတ်ခမ်းပါးမှာ ယစ်မူးတဲ့ည ... ဘာကိုမှ သတိမရ .. စကြစဠာထဲ လွတ် ကျ ... ချွေးစက်တွေ စိုရွှဲသွား ... ခဏလေး နားပါရစေလား .. တဝုန်း ဝုန်း လှိုင်းဒဏ်ကြားမှာ ... ငါတို့ပေါင်းစည်းသွား .... "

ပေါက်ကရတွေရေးလိုက်တာ တစ်မျက်နှာပြည့်သွားပြီ ဆိုပါတော့ .. ဘယ်ဘက်မှာ အတွန့်တပ်ပြီး ထပ်ကွန့်ပါမယ် ...

" ယစ်မူး = ရမ္မက် = ချိုမြိန်မီးတောက် ၊ တဖြောက်ဖြောက် မိုးခါးရေ ၊ ထွက်ပေါက်မဲ့ ပင်လယ် ၊ ပြိုကျ သွားတံတိုင်းများ (ထိန်းချုပ်မှု) ...

စကြဝဠာ = ပကတိတရား ၊ အသိခက်သော အရှိတရား ၊ အနှိုင်းမဲ့-ကျယ် ဝန်းခြင်း ၊ အနားသတ်မဲ့-တစ်စုံ တစ်ရာ ၊ လျို့ဝှက်သော ဆွဲအားများ ၊ စနစ် တစ် ကျ အားပြိုင်ခြင်း ၊ ရှင်သန်ခြင်းရဲ့မိခင် .... "

အဲလို တွေးမိသမျှ ဆက်စပ်နေတဲ့ စကားလုံးတွေ ရေးချလိုက်ပါတယ် ... တစ် ခါတစ်လေ ပြောင်းပြန်တွေရေးချင်လည်း ရေးတာပေါ့ ... စိတ်ကူးပေါ်မှာပဲ မူတည်တယ် ... ပြီးတော့မှ ဘယ်ဘက်နှင့် ညာဘက်ကို တစ်လှည့် စီပြန် ကြည့်ရင်း စကားလုံးကောင်း ဝါကျကောင်းတွေ စိတ်ကူးနိုင်သလောက် ထပ်ပြီးတော့ ထွက်လာနိုင်ပါသေးတယ် ...

ဘယ်ညာ စာသားတွေပြည့်စုံလို့ သံစဉ် တစ်ခုနှင့် တွဲစပ်တဲ့အခါ သံစဉ် စာသား တစ်ပြိုင်တည်းရေးတာထက် ပိုပြီးလွယ်ကူတယ် ... သီချင်းကောင်းတစ်ပုဒ်ဖြစ်ဖို့ အခွင့်အရေး ပိုများတယ် ... ဒါကြောင့် စာအုပ်-၂ ဟာ ကျွန်တော့် အတွက် ပို အရေးကြီးတယ်လို့ ပြောခြင်းပါ ...

အကြောင်းအရာ ပုံစံ၂မျိုး ...
-------------------------------
ကျွန်တော်တွေးလေ့ ရေးလေ့ ရှိတဲ့ပုံစံ ၂ မျိုး ရှိတယ် ... story (ဇာတ်လမ်းတစ်ခုကို ခြုံငုံပြီးရေးတယ်) ၊ moment ( အခိုက်အတန့် ကို ဖွဲ့နွဲ့ရေးတယ်) .. အဲဒီ၂ မျိုးပါပဲ ...

သူနဲ့ ကိုယ် နဲ့ တွေ့ကြ ချစ်ကြ ခွာပြဲကြတဲ့ story ရေးမလား ... ကိုယ့်ရည်းစားက တစ်ခြားတစ်ယောက်ရဲ့ ကားထဲ ပါသွားတဲ့ moment ရေးမလား ... ပုံသေတော့ မရှိဘူး ... moment ရေးနေရင်း story ဖြစ်သွားတတ်သလို . story တည်နေရင်း moment တစ်ခုမှာ focus ဝင်သွားတာလည်း ရှိတယ် ... ဘယ်လိုပဲဖြစ်ဖြစ် လမ်းကြောင်းမှာ မျောသွားရင် စိတ်ကူးတွေ စကားလုံးထွက်လာတာပေါ့ဗျာ ... စတည်ဖြစ်ဖို့ပဲ အရေးကြီးပါတယ် ...

ခပ်ရဲရဲတွေးပြီး ခပ်ရဲရဲရေးချပစ်လိုက်ပါ ...
-------------------------------------------
အချုပ်အနှောင် ကင်းစွာ တွေးသင့်တယ် ... လွတ်လပ် ပွင့်လင်းတဲ့ စိတ်လို့ပြော မလား ... ပေါ့ပေါ့ ပါးပါးပဲပြောမလား ... ခင်ဗျား ရင်ထဲမှာ အမှန် တစ် ကယ်ပေါ်ပေါက် ခံစားရတာကို လွတ်လွတ် လပ်လပ် ပေါ့ပေါ့ ပါးပါး ရဲရဲ ဝံ့ဝံ့ရေးချလိုက်ပါ ...

သူများတွေကြိုက်ပါ့မလား .. နားလည်ပါ့မလား ... စာသားတွေက နှပ်ချီးတွဲလောင်းနဲ့ .. သံစဉ်ကြီးက တောကျလိုက်တာ ... အဲဒါတွေ သိပ်မစဉ်းစားပါနဲ့ ... လတ်တလောခေါင်းထဲက ထွက်လာတာတွေကို စုဆောင်း ဖို့သာအဓိကပါ ...

နောက်ဆုံး အချောသတ် ဆိုတဲ့ အဆင့်ရောက်တော့မှ အားလုံးပြန်ညှိနိုင်တယ် ... တစ်ခါ တစ်လေလည်း လွယ်ကူ ရိုးရှင်းတဲ့ သံစဉ် စာသားတွေဟာ မှော်ဆန်စွာ လှပနေတာ တွေ့ရတတ်တယ် ...

အဲဒီတော့ ကျွန်တော်တို့ ရိုးရိုးလေးပဲ စဉ်းစားကြတာပေါ့ဗျာ ... ဘယ်ဂီတ တက္ကသိုလ် ၊ ဘယ် ဆရာသမားကမှ သီချင်း တစ်ပုဒ်ကို ခက်ခက် ခဲခဲ ဖန်တီး ဖို့ မပြောပါဘူး ... အရင်ဆုံး အရိုးရှင်းဆုံး ကိုပဲ ဖန်တီးခိုင်းတာပါ ... နောက်တော့မှ အတွေ့အကြုံ ၊ အတတ်ပညာ အရ ထပ်ပြီးကွန့်ကြတာပါ ... ။

သီချင်း ပုံစံ အမျိုးမျိုး ...
---------------------
သီချင်း တစ်ပုဒ်မှာ အဆိုနှင့် ပတ်သတ်တဲ့ -

Verse = သာမာန် အဆိုပိုဒ်
Chorus = သံပြိုင်ပိုဒ် (အားကောင်း ၊ တစ်ပုဒ်လုံး ရဲ့အနှစ်ချုပ်)
Pre:Chorus = သံပြိုင်ပိုဒ် အကြို
Bridge = မူကွဲ၊ သံစဉ် ကွဲပိုဒ်
Music ပိုင်းနှင့် ပတ်သတ်လို့ကတော့
Intro = မိတ်ဆက်တေးသွား
Outro = နှုတ်ဆက်တေးသွား
Solo / music = တေးသွားပိုဒ် စတာတွေရှိပါတယ် ...

မူကွဲတွေကတော့ တစ်ချို့က Pre:Chorus ကို Bridge လို့ခေါ်တယ် ... Bridge ကို Chorus 2 လို့ခေါ်တယ် ... ခေါ်ချင် သလိုခေါ် သိပ် အရေး မ ကြီး ဘူး ... အရေးကြီးတာက ခင်ဗျားရေးတဲ့သီချင်းက နားထောင်သူရဲ့စိတ်ကို စွဲဆောင်နိုင်ဖို့ပဲ ...

Pre:Chorus ဆိုတာလည်း သီချင်းတိုင်းမှာ မလိုအပ်ဘူး ... Verse နှင့် Chorus ကြားမှာ ဟာနေတဲ့ အခါမျိုး ၊ တိုတောင်းတဲ့ Verse မျိုး ၊ အသံနိမ့်လွန်းတဲ့ Verse မှ အသံမြင့်လွန်းတဲ့ Chorus ကို တက်သွားတဲ့ အခါမျိုး .... စတဲ့ အခြေအနေတွေမှာ လိုအပ်ရင် ထည့်သွင်းနိုင်တယ် ...

Bridge လည်း ထို့အတူပါပဲ ... Verse-chorus-Verse-Chorus ရိုးအီလွန်းတဲ့အခါ Chorus-Bridge-Solo (သို့မဟုတ်) Solo-Bridge-Chorus စသည်ဖြင့် သုံးစွဲနိုင်တယ် ... Bridge ကိုတော့ ထူးထူးခြားခြား ဖန်တီးစေချင် တယ် ... ရိုးစင်းတဲ့ Verse-Chorus တွေကို ထူးခြားတဲ့ Bridge တစ်ခု ထည့်ပေး လိုက်ရင် သီချင်းရဲ့အရသာကြွတက်လာနိုင် ... မယုံနိုင်အောင် ပြောင်း လဲသွားနိုင်ပါတယ် ...

ဂီတပိုင်းနှင့် ပတ်သတ်လို့ ကတော့ လှပတဲ့ Intro , Outro , Solo တွေ မဖန် တီးနိုင်ရင် (သို့မဟုတ်) သီချင်းမှာ မလိုအပ်ရင်တော့ မထည့်တာ ပိုကောင်း ပါလိမ့်မယ် ... သမာရိုးကျတွေပဲ တာဝန်ကျေ အချိန်ဆွဲပြီး တီးထားတဲ့ Solo တစ်ပုဒ်ဟာ နားထောင်သူကို နားအုံဖြတ်ရိုက်လိုက် တာနဲ့ အတူတူပဲ ...

တစ်ချို့သီချင်းတွေ တွေ့ဖူးမှာပါ ... Verse , Chorus မှာနားထောင်ကောင်းသလောက် Solo , Music တွေကျရင် ရုပ်ပျက်ဆင်းပျက်နိုင်လွန်းတယ် ... ဆီတစ်ဝင်းဝင်း သဲ တစ်ရှပ်ရှပ်လေးပေါ့ ...

ဒါကြောင့် Music ပိုင်းကို ဖန်တီးတဲ့ အခါ လက်လွတ်စပယ် မလုပ်သင့်ပါ ... အားလုံး စုပေါင်းတိုင်ပင်ကြပြီး သီချင်းရဲ့ taste နဲ့ လိုက်ဖက်တဲ့ သံစဉ်မျိုး ကို ဖန်တီးသင့်ပါတယ် ...

အတွေ့ များတဲ့ သီချင်းပုံစံ တစ်ချို့ကတော့ ...

Verse-Chorus-Verse-Chorus-Solo-Verse-Chorus
Verse-Chorus-Verse-Chorus-Solo-Chorus-Chorus
Verse-Pre:-Chorus-Verse-Pre:-Chorus-Solo-Pre:-Chorus
Verse-Verse-Chorus-Verse-Solo-Chorus-Bridge-Chorus
Chorus-Verse-Verse-Chorus-Bridge-Solo-Verse-Chorus ... မရေမတွက်နိုင်အောင် အများကြီးရှိပါတယ် ...

ခင်ဗျားရဲ့သီချင်းဟာ Verse အားကောင်းလား ။ Chorus အားကောင်းလား ။ Bridge/Intro/solo/Outro ထည့်သင့်လား ဘယ်နေရာမှာ ထည့်မလဲ စတာတွေတော့ သီချင်းရဲ့ အရသာကိုကြည့်ပြီး ဆုံးဖြတ်ရပါမယ် ....

ဘောင်အတွင်း လွတ်လပ်စွာ ဆန့်တန်းခြင်း ... (အလွယ် သီချင်းရေးခြင်း)
#######################################
အပေါ်က ရေးခဲ့တဲ့ အကြောင်းအရာတွေ အားလုံးဟာ အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ် ... အဲဒီ နည်းတွေလည်း လေ့ကျင့်သွားမယ် ...

ဒါပေမယ့် သီချင်း တစ်ပုဒ်ကို အခု ချက်ချင်းရေးချင်တယ် ဆိုရင် ဒီနည်းအ တိုင်း ရေးနိုင်ပါတယ် .. (အခု မှ စတာ ... )

အဆင့်-၁ - အကြောင်းအရာ ၊ ဇာတ်လမ်း စာသားများကိုရေးခြင်း (၁၀မိနစ်)
အဆင့်-၂ - နိမိတ်ပုံ ၊ ဆက်စပ် စကားလုံးများကိုရေးခြင်း (၁၀မိနစ်)
အဆင့်-၃ - chords ရှာဖွေခြင်း ၊ စာသားများကို လိုက်ဖက် သံစဉ်ရှာဖွေခြင်း (၁၀မိနစ်)
အဆင့်-၄ - Chorus / hook များ သတ်မှတ် ရှာဖွေခြင်း (၁၀မိနစ်-၂၀မိနစ်)
အဆင့်-၅ - အချောသတ်ခြင်း ၊ ဖြည့်စွတ်ခြင်း (၁၀မိနစ်-၂၀မိနစ်)

ဒီနည်းအတိုင်းရေးလိုက်ရင် တစ်နာရီ အတွင်းမှာ သီချင်း တစ်ပုဒ်ဖြစ်သွားပါလိမ့်မယ် ... ကောင်းခြင်း ၊ ညံ့ခြင်း ကတော့ စိတ်ကူး ၊ အတွေ့ အကြုံပေါ်မှာ မူတည်မှာပေါ့ ... အသေးစိတ် ထပ်ရှင်းပြပါမယ် ...

အဆင့် ၁ နှင့် ၂ ကတော့ စာအုပ်၂ အကြောင်းအနေနှင့် အပေါ်မှာရေးပေးခဲ့ပြီးဖြစ်ပါတယ် ... ထပ်မရှင်းတော့ပါဘူး ...

အဆင့်-၃ နှင့် ၄ ကို အဆင့်တွေ ခွဲထားပေမယ့် တစ်ခါတစ်လေ တစ်ပြိုင် တည်းရေးဖြစ်တာတွေလည်းရှိပါတယ် ...

အဆင့်-၃ - စာအုပ်၂ ကို ရေးထားတဲ့ စာသားတွေကိုကြည့်ပြီး ဒီသီချင်းဟာ နူးညံ့ မလား ပေါက်ကွဲ မလား နှေးမလား မြန်မလား country လား pop လား rock လား punk လားဆိုတာ စဉ်းစားရပါမယ် ...

သာမာန်အားဖြင့် ပေါက်ကွဲ သီချင်းဆိုရင် မြန်ပြီး အလွမ်း သီချင်းဆိုရင် နှေးတက်ပေမယ့် ဒီနေ့လို အာရုံ ခံစားမှုများပြားလွန်းတဲ့ မော်ဒန်ခေတ်ကြီးထဲမှာ ပုံသေတွက်လို့ မရတော့ဘူး ... တစ်ခါ တစ်လေ ကျားလိုက် သလိုလွမ်းပြီး ပျင်းတွဲတွဲ အတွင်းကြေ ပေါက်ကွဲတာတွေလည်း ရှိတာပဲ ...

မယ်လိုဒီ ထွက်လာမှပဲ ဆုံးဖြတ်ရတာပါ ... အခုတော့ အကြမ်းဆုံးဖြတ်ကြည့် မယ်ဗျာ ... စာသားတွေက အလွမ်းဆန်ဆန် ဆိုပါတော့ ... tempo အလယ် အလတ်နှင့် အနှေး စတိုင်ရေးစပ်မယ်ဗျာ ...

၁ - ခင်ဗျားကြိုက်တဲ့ (ရေးစပ်ချင်တဲ့ ပုံစံ) သီချင်း တစ်ချို့ ရဲ့ ကော့ဒ်တွဲတွေကို ရေးချလိုက်ပါ ... (မယ်လိုဒီ ခိုးတာ မဟုတ်ပါဘူး ... ကော့ဒ်တွဲ အိုင်ဒီယာ ယူတာပါ ... စု၊တု၊ပြု ရဲ့ တုပခြင်းမှာရေးပေးခဲ့ပြီးပါပြီ)

၂ - အရင်ဆုံး တိုတောင်းပြီး ရိုးရှင်းတဲ့ကော့ဒ်တွဲတွေကိုပဲ ရွေးပါ ... (နောက်ထပ်ဖြည့်လို့ရပါတယ်)

၃ - ရွေးထားတဲ့ကော့ဒ်တွဲတွေကို အကြိမ်ကြိမ် တီးခတ်ပြီး စိတ်ကြိုက်မယ်လိုဒီ ရတဲ့အထိ ညည်းဆိုကြည့်ပါ ..

၄ - ရလာတဲ့ သံစဉ်ကို စာအုပ်ထဲက စာသားတွေနှင့် တွဲစပ်ကြည့်ပါ ... တစ်ခါ တစ်ရံ စကားလုံးရဲ့တောင်းဆိုမှုကြောင့် မယ်လိုဒီနုတ်ပြောင်းသွားတဲ့အခါ ကော့ဒ်တွဲမှာ အံဝင်ခွင်ကျ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ် ...

စကားလုံးပြောင်းချင်ပြောင်း မပြောင်းရင် ကော့ဒ်ပြောင်းပစ်လိုက်ပါ .. အိုင်ဒီယာ သစ်ပေါ့.. တစ်ခါ တစ်ရံ လည်း စာသားတွေ ကနေ မယ်လိုဒီ ထွက်နေ တတ်ပါတယ် ... အဲဒီအခါ ပေါ်လာတဲ့မယ်လိုဒီ ကို ကော့ဒ်စမ်းပြီး ထည့် လိုက်ပေါ့ ... ဒါလည်း ကိုယ်ပိုင် စစ်စစ်ပေါ့ ...

ကော့ဒ်တွဲကို တီးခတ် ညည်း ဆိုတဲ့အခါ ခင်ဗျား ကိုယ်တိုင်ကော့တွဲ မှာ လွတ် လပ်စွာမျောပါနေလိုက်ပါ ... အနှောင်အဖွဲ့ အမျှော်စိတ် ကင်းကင်းနှင့် တီးဆိုလိုက်ပါ ...

အဆင့် -၄ - တီးဆိုလို့ ရတဲ့ သံစဉ် စာသားတွေမှာ ဘယ်အပိုဒ် က Verse ၊ ဘယ်အပိုဒ်က Chorus လုပ်မယ် ဆိုတာ စဉ်းစားရတော့မယ် ... ပုံမှန် အားဖြင့် Chorus ဆိုတာ သီချင်းခေါင်းစဉ်ကို ကိုယ်စားပြုတဲ့ သီချင်း တစ် ပုဒ် လုံးရဲ့ အနှစ်ချုပ်လိုဖြစ်နေရမှာပေါ့ ...

တိုတောင်းပြီး အဓိပ္ပာယ်ပြည့်ဝမယ် ထပ်တလဲလဲ ဆိုလို့ကောင်းမယ်ဆိုရင် hit ဖြစ်တဲ့ chorus တစ်ခု ရပြီလို့သာ မှတ်လိုက်တော့ ... (ကိုယ်ရေးတာ ကိုယ်ကြိုက်ရင်ပြီးရောပေါ့ ... နော့ ) :D

အဆင့် - ၅ - သီချင်းတစ်ပုဒ်လုံး နီးပါး ပုံပေါ်လာတဲ့အခါ အချောသတ်ပါတော့ မယ် ... တစ်ပုဒ်လုံးကိုခြုံပြီး ပြန်လည် သုံ့သပ်ပါတော့မယ် ... အဲဒီမှာဖြစ် တတ်လေ့ရှိတဲ့ပြဿနာ တစ်ချို့ကို ဖြေရှင်းရတော့မယ် ...

ဖြစ်တတ်လေ့ ရှိတဲ့ပြဿနာ တစ်ချို့
-------------------------------------
၁ - သံစဉ်တွေ စွဲဆောင်မှု မရှိဘူး ....

များသော အားဖြင့် မယ်လိုဒီ ရိန့်ချ်(range) ကျဉ်းရင် ဖြစ်တတ်ပါတယ် ... အဲဒီ အခါ သံစဉ်တွေကို နိမ့်သင့်တဲ့ နေရာနှိမ့်မယ် မြင့်သင့်တဲ့နေရာမြှင့်မယ် .
verse ကနေ chorus သွားတာ မပြေပြစ်ဘူး အဆင်မပြေဘူး ဆိုရင် Pre:chorus ကို ထည့်သင့်ရင်ထည့် . စကားလုံးကာရန် မိမိ အချိတ် အ ဆ က် မိမိပြောင်းမယ် . ကော့ဒ်ကြောင်လေးတွေ အစားထိုးဖို့ ကြိုးစားမယ် (မေ ဂျာကော့ဒ်ကို မေဂျာ ဆဲဗင်းပြောင်းသလို ၊ မိုင်နာကော့ဒ်ကို ဒိုမိနန့် ဆဲဗင်းပြောင်းသလို) စသည်ဖြင့် သံစဉ်/စာသားပြောင်းသင့်တဲ့နေရာတွေကို ပြောင်းခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ် ...

၂ - Chorus က ငေါင်ကြောင်ကြောင်ဖြစ်နေတယ်

စာသား အားနည်းတဲ့အခါ ၊ verse နှင့် chorus သံစဉ် နိမ့်မြင့် သိပ် မကွာခြား တဲ့ အခါ ဖြစ်တတ်ပါတယ် ... အဲဒီအခါ Verse ကို အသံနှိမ့် (ဒါမှ မဟုတ်) Chorus ကို အသံမြှင့် ၊ Pre:Chorus ထည့်သင့်ရင် ထည့် ရပါမယ် ...

အပေါ်မှာပြောခဲ့သလို Chorus ဆိုတာ တိုတောင်းပြီး အဓိပ္ပာယ်ပြည့်ဝရ မယ် .. ခေါင်းစဉ် ရဲ့အနှစ်ချုပ်ဖြစ်ရပါမယ် ... အဓိက စာသားတွေ verse ထဲရောက်နေရင် ပြန်ယူ သုံးလိုက်ပါ .. verse အတွက် စာသား သစ်ပြန်ရှာလိုက်ပါ ... ဒီလို လည်းဖြေရှင်းနိုင်ပါတယ် ...

၃ - စာသားတွေ ကလေးဆန်မယ် (သို့မဟုတ်) စိတ္တဇ ဆန်မယ် အချိတ် အဆက် မမိဘူး

စာသားတွေ ကလေးဆန်နေရင် စာအုပ် ဘယ်ဘက်ခြမ်းက နိမိတ်ပုံတွေကို ပြောင်းပြီး သုံးကြည့်ပါ .. ကာရန်ကို ဦးစားပေးပြီး စကားလုံး ရှာကြည့် အစား ထိုးကြည့်ပါ ... ။

စိတ္တဇ ဆန်မယ် အချိတ်အဆက် မမိဘူးဆိုတာတော့ နိမိတ်ပုံတွေသုံးလွန်း တင်စားလွန်း ရင်ဖြစ်တတ်ပါတယ် . လျော့ သင့်တဲ့နေရာလေး ကိုလျော့လိုက်ပါ . စာအုပ်-၂ ညာဘက်ခြမ်းက ရိုးရိုး story line စာသားတွေကို ပြောင်းသုံးကြည့်ပါ ... ။

၄ - သံစဉ် ၊ စာသား အားလုံးကျေနပ်တယ် ... ဒါပေမယ့် ဘာလိုနေမှန်းမသိဘူး

ဒါဆိုရင်တော့ အတီးပြဿနာဖြစ်ဖို့များတယ် ... ကျွမ်းကျင်နားလည်တဲ့ အတီး သမားတွေနှင့် တိုင်ပင်ကြည့်ပါ ... ခင်ဗျား ရဲ့ကော့ဒ်တွဲ မှာ ထောက်နေဟာနေတဲ့နေရာမှာ ကော့ဒ်ဖြည့်သင့်ရင်ဖြည့် တီးလုံးဖြည့်သင့်ရင်ဖြည့် ... ။

Rock style တွေမှာ ဆိုရင် chord / vamp အစား riff တစ်ခု ဖန်တီးပြီးအစားထိုး ... စသည်ဖြင့် ဟာနေတဲ့ သီချင်းတစ်ပုဒ် ကို ကြွတက်အောင်ပြုလုပ်နိုင်တယ် ...

ဥပမာ - ကျွန်တော့်ရဲ့ mid tempo rock သီချင်း တစ်ပုဒ်ရဲ့ Riff စဉ်းစားပုံက ဒီလိုပါ ...

B major key
step-1- ll B _ _ _ l E _ _ _ ll
step-2- ll B _ _ .A l _ .E _ _ ll
step-3- ll B 11 15# .A l .7b .E .4 45# ll or ll 1 11 15# .7b l .7b .4 .4 45# ll

ကော့ဒ် ၂ ခုသာ ပါတဲ့ ကော့ဒ်တွဲလေးကို Riff တစ်ခု အဖြစ်ပြောင်းပစ်လိုက်တာပါ ... မယ်လိုဒီပြောင်းစရာမလိုဘဲ သီချင်းကြွတက် သွားပါတယ် .

တစ်ချို့က အတွန့်တက်ကောင်းတက်မယ် ... အနုပညာ ဖန်တီးတဲ့နေရာမှာ ဒီလိုဘောင်တွေ ၊ ပုံစံတွေနှင့် လုပ်ရသလား ... စစ်မှန်ပါ့မလား လွတ် လပ်ပါ့ မလားပေါ့ ..

ဒီဘောင်တွေဟာ ပန်းတိုင်သွားမယ့် လမ်းကြောင်းတွေပါ ... သတ်မှတ်ထားတဲ့ဘောင် အချိန်အတွင်းမှာ အလျင်အမြန်တွေးခေါ်နိုင်ဖို့ ၊ အတွေးအခေါ် စွမ်း ရည်မြင့်တက်ဖို့ ၊ လွတ်လပ်စွာတွေးခေါ်တတ်ဖို့ အတွက် နည်းစနစ်တွေလည်း ဖြစ်တယ် ...

ဒီနည်းအတိုင်း သီချင်း ၅ ပုဒ်လောက်ရေးပြီးရင် ... အချိန်အကန့်အသတ် မရှိ ငူငူကြီးငေါင်ပြီးတွေးတာထက် .. သတ်မှတ်ချိန်အတွင်း အလျင် အမြန်တွေးပြီးရေးချတာ ... ဘယ်ဟာ ပိုလွတ်လပ်ကြောင်း ခင်ဗျားကိုယ်တိုင် သိလာလိမ့်မယ် ...

ဒါကြောင့်လည်း ဘောင်အတွင်း လွတ်လပ်စွာ ဆန့်တန်းခြင်း လို့အမည်ပေးခဲ့တာပါ ... လမ်းကြောင်းတွေပေးထားပေမယ့် ခင်ဗျားတို့အဆင်ပြေသလို ကိုယ်တိုင် တီထွင်လည်းရပါတယ် ... ကိုယ် အဆင်ပြေဖို့ အရေးကြီးတာပဲ ဟုတ်ဖူးလား ...

ဒီလောက်ဆိုသီချင်းတစ်ပုဒ်ကို အလွယ်ဖန်တီးနိုင်ကြလိမ့်မယ်ထင်ပါတယ် ...
ခင်ဗျားတို့ အတွေးက လွတ်လပ်စွာ သီးပွင့်မယ့် မှော်ဆန်တဲ့သံစဉ် စာသားလေးတွေကို မျှော်လင့်ပါတယ် ...

နောက်ဆုံး အကြံပေးချင်တာတော့ ... တစ်ကယ်ကို ဂီတ အနုပညာလောက ဝင်မယ့် ညီအစ်ကိုတွေ ဆိုရင်တော့ ဒီလောက်နည်းစနစ်လောက်နှင့် မကျေနပ်ဘဲ သိသင့်လေ့လာသင်ယူသင့် တဲ့ ပညာရပ်တွေကို မဖြစ်မနေ သင် ယူဖို့ အကြံဉာဏ်ပေးရင်း ... စကား လက်ဆောင် တစ်ခု ပါး လိုက် ပါရစေ ... ။

သီချင်း တစ်ပုဒ် ဖန်တီးရတာ လွယ်ပါတယ် ....
ဒါပေမယ့် ....
သီချင်းကောင်း တစ်ပုဒ်ဖြစ်ဖို့တော့ ခက်လိမ့်မယ် ...

Win Ko
သီခ်င္းတစ္ပုဒ္ ေရးတဲ့အခါ (သို႔မဟုတ္) အႏုပညာ ပစၥည္းတစ္ခုကို ဖန္တီးတဲ့ေနရာမွာ "how to" ဆိုတာေတြနဲ႔ တရားေသ ထုတ္လုပ္လို႔ မရေသာ္ျငား ... အႏုပညာရွင္တိုင္းမွာ "how to" ကိုယ္ပိုင္Technique ကိုယ္စီ ရွိၾကတာခ်ည္းပဲ ... စိတ္ခံစားမႈကို အသိစိတ္ နဲ႔ ခ်ဥ္းကပ္ သီကုံးဖို႔ အတြက္ နည္းစနစ္ေတြကလည္း အမ်ားအျပားပါ ။

   စု ၊ တု ၊ ျပဳ 

ဘယ္အလုပ္မဆို ကၽြမ္းက်င္ဖို႔ ဒီ အဆင့္ ၃ ခု မလြဲမေသြ လိုအပ္ပါတယ္ ..

   ၁ ။ စုေဆာင္းျခင္း ။ အတတ္ပညာ နည္းလမ္းေတြကို နားလည္ တတ္ကၽြမ္းသူေတြဆီမွာ ဆည္းပူးေလ့လာရမယ္ ... ဝမ္းစာျပည့္ေအာင္ ျဖည့္တင္းရမယ္ ... သီခ်င္းေရးဖို႔ တူရိယာ တစ္ခုကို အဆင့္တစ္ခု အထိ တတ္ကၽြမ္းသင့္တယ္ ... ဂီတသီအိုရီ ၊ ေရးစပ္နည္း သီအိုရီေတြကို သင္ယူေလ့လာသင့္ပါတယ္ ... စကား လုံးေတြ ဆြဲေဆာင္အားေကာင္းဖို႔အတြက္ စာမ်ားမ်ား ဖတ္ဖို႔လည္း လိုပါလိမ့္မယ္ ..

   ၂ ။ တုပျခင္း ။ "Bad artists copy . Great artists steal." ဆိုတဲ့ စကားရွိတယ္ ... တုပျခင္း ဆိုတာ "အတုျပဳလုပ္ျခင္း"ကိုေျပာတာ မဟုတ္ပါဘူး .. "အတုယူတာ"ကို ရည္ညႊန္းတာပါ ... ေခတ္ အဆက္ဆက္က အႏုပညာရွင္ေတြ ဘယ္ လိုေရးစပ္တယ္ .. ကိုယ့္ေရွ့ကေနာင္ေတာ္ေတြ ဘယ္လို သီကုံးတယ္ဆိုတာေတြလည္း ေလ့လာဖို႔ပါ ... သူမ်ားသီခ်င္းေတြနားေထာင္ ..

 ျဖစ္ႏို္င္ရင္ ေကာ့ဒ္ ၊ မယ္လိုဒီေတြကိုခ်ေရး ၊ ဂရုတစ္စိုက္ တီးၾကည့္ ၊ ဆိုၾကည့္ ... ဘယ္ေနရာမွာ ဘယ္လုိ ကြန္႔လိုက္တာကို သတိထားၾကည့္ ... ။ ရလာမယ့္ အက်ိဳးအျမတ္ကေတာ့ ေရးခ်လို ႔မကုန္ဘူး ... သူမ်ား သီခ်င္းေတြ တီးၾကည့္ ဆိုၾကည့္ရင္း ... ဒီေနရာေလးမွာ ငါသာ ဆိုရင္ ဘယ္လို လုပ္လိုက္မွာ ... ဆိုတဲ့ စိတ္ကူးေတြကပဲ ခင္ဗ်ား အတြက္ သီခ်င္းသစ္ေတြ တိုးပြားေစမွာပါ ...

   ၃ ။ ျပဳလုပ္ျခင္း (တီထြင္ျခင္း) ။ စုေဆာင္းျခင္း ၊ တုပျခင္းေတြကို လုံေလာက္စြာေလ့လာ ခဲ့ျပီးရင္ ကိုယ္တိုင္ျပဳ လုပ္တီထြင္ႏိုင္ျပီ ... အေတြးရဲရဲ ၊ အေရး ရဲရဲေတြကို မညွာတမ္းတာ ဖြင့္ခ်ေပေတာ့ ။ ေရးသက္ ရလာတာနဲ႔ ခင္ဗ်ားရဲ႕ how to ဆိုတဲ့ ကိုယ္ပိုင္ Technique တစ္ခု ျဖစ္တည္ လာပါလိမ့္မယ္ ။ တစ္ခ်ိဳ႕က အတတ္ပညာ ရွိျပီး အေတြးအား မေကာင္းဘူး ။ 

တစ္ခ်ိဳ႔က်ေတာ့ အတတ္ပညာ မရွိေပမယ့္ အေတြးအားေကာင္းတယ္ ... အေတြးေကာင္းေပ မယ့္လည္း သီခ်င္း တစ္ပုဒ္ကို ဘယ္လို စတည္ရမွန္း မသိရင္ (လမ္းေၾကာင္း မသိရင္) အဲဒီ အေတြးထဲမွာပဲ လည္ေနတတ္ပါတယ္ ... ဒီေဆာင္းပါးက အဲဒီလိုလူေတြ အတြက္ ရည္ရြယ္ျပီးေရးတာပါ ... 

သီအိုရီေတြ ေကာင္တာ ပြိဳင့္ေတြ ဂရုေတြ လဟုေတြ မလုိပါဘူး ... (ဘာပဲေျပာေျပာ ဖ်က္ဆီးတယ္ လို႔ေတာ့ မထင္ေစခ်င္ပါ ... "လူျပိန္း သီခ်င္းေရးနည္း" ရယ္လို႔လည္း ရက္ရက္စက္စက္ အမည္မေပးလိုပါ ... ဒါေၾကာင့္ "အလြယ္ဆုံး သီခ်င္းေရးနည္း" လို႔ပဲ ေခၚၾကပါစို႔ ။ တစ္ခ်ိဳ႔ေတြ လည္း တိုက္ဆိုင္ခ်င္မွ တိုက္ဆိုင္ ပါလိမ့္မယ္ ... တစ္စုံတစ္ေယာက္ အတြက္ တစ္စုံတစ္ရာ အက်ိဳးရွိရင္ ကၽြန္ေတာ္ေက်နပ္ျပီ ...)

   လူသားတိုင္း ရွင္သန္ေနထိုင္ရာ ဘ၀ကိုယ္စီ ... ခံစားတတ္တဲ့ႏွလုံးသားကိုယ္စီ ရွိတယ္ ... လူႏွင့္ပတ္သက္တဲ့ ေလာကဓံ ၊ ေခတ္ ၊ ဝန္းက်င္ ၊ အေတြးအေခၚ ကိုယ္စီရွိတယ္ ။ အဲဒါေတြရဲ႕ ေကာင္းျခင္းဆိုးျခင္းေတြကို ၾကဳံေတြ႔ခံစားၾကရမွာလည္း မလဲြပဲ ... အထူ အပါး ကြာေကာင္းကြာေပမယ့္ လူတိုင္းခံစားဖူးၾက ... ခံစားတတ္ၾကတယ္ ။ ဒါေတြဟာ အႏုပညာ ပစၥည္းတစ္ခု အျဖစ္ ေျပာင္းလဲဖို႔ အေထာက္အပံ့ေတြပါပဲ ။ 

သာမာန္ လူေတြက သူတို႔ရဲ႕ခံစားခ်က္ကို ပုံေဖာ္ သီကုံးဖို႔ စိတ္မကူးဘူး အားထုတ္ေလ့ မရွိဘူး ... အႏုပညာ ဓာတ္ခံရွိသူေတြ က်ေတာ့ သူတို႔ခံစားခ်က္ကို ပုံေဖာ္ သီကုံးျပီး တစ္စုံတစ္ရာ အႏုပညာ ပစၥည္းအျဖစ္ ေျပာင္းလဲဖန္တီးဖို႔ အားထုတ္တယ္ ... ခင္ဗ်ားလည္း ... အဲဒီလို ခံစားခ်က္ ၊ အျဖစ္အပ်က္ေလးေတြကို ကိုယ္ပိုင္ သီခ်င္းတစ္ပုဒ္ အျဖစ္ ေျပာင္းလဲခ်င္တဲ့သူ ဆုိပါေတာ့ ...

   သီခ်င္းတစ္ပုဒ္ကို ဘယ္လိုဖန္တီးမလဲ ... ???
   ********************************
အေကာင္းဆုံး ကေတာ့ သိသင့္ တတ္သင့္တဲ့ ပညာေတြကိုေတာ့ ေလ့လာဆည္းပူးဖို႔ လိုတာေပါ့ ... ဒါေပမယ့္ တစ္ခ်ိဳ႔က ဆည္းပူးေလ့လာဖို႔ အေၾကာင္း အမ်ိဳးမ်ိဳးႏွင့္ အေျခအေန မေပးတာရွိမယ္ .. တစ္ခ်ိဳ႔ က်ေတာ့ ဘာမွ ၾကီးၾကီး က်ယ္က်ုယ္ မေမွ်ာ္မွန္းပါဘူး ကိုယ့္ ခံစားခ်က္ေလးေတြကို ကိုယ္ပိုင္ သီခ်င္းအျဖစ္ေျပာင္းလဲျပီး ပီတိျဖစ္မယ္ ... တစ္ခ်ိဳ႔လည္း ျဖစ္ခ်င္ ပါလ်က္ ဖန္တီးရတဲ့အခါ အခက္အခဲေတြရွိမယ္ ... 

ဥပမာ - မယ္လိုဒီႏွင့္ စာသားႏွစ္ေၾကာင္းေလာက္ကို ေခါင္းတစ္ခုလုံး အုံခဲျပီး မွ ထြက္လာတာ မ်ိဳးလည္းရွိမယ္ ... Verse တစ္ပိုဒ္ေရးျပီး ဘယ္လိုမွ ေရွ႕ဆက္ မရတာမ်ိဳးလည္း ရွိမယ္ ... အမ်ိဳးမ်ိဳးေပါ့ ။ အဲဒီ အခက္အခဲေတြကို ကၽြန္ေတာ္နားလည္တယ္ ... ကၽြန္ေတာ္ ကိုယ္တိုင္လည္း ၾကဳံေတြ႔ခဲ့ရတယ္ ... 

အဲဒီ အခက္အခဲေတြကို ရုန္းထြက္ေက်ာ္လႊားဖို႔ အခ်ိန္အေတာ္ၾကာလည္း ေပး ဆပ္ခဲ့ရတယ္ ။ ဒါေၾကာင့္ ခင္ဗ်ားတို႔ ကၽြန္ေတာ့္လို မခက္ခဲ ရေအာင္ ေခါင္း မစားရေအာင္ ကၽြန္ေတာ္လုပ္ေလ့ လုပ္ထ ရွိတဲ့ သီခ်င္းေရးပုံေရးနည္းတစ္ခ်ိဳ႕ကို မွ်ေ၀ေပးျခင္းပါ ... ကၽြန္ေတာ့္ အတြက္ေတာ့ အသုံး၀င္တဲ့ လမ္းေၾကာင္းတိုေလးေတြေပါ့ ...

   သြားေနက် လမ္းေၾကာင္းမ်ား ...
   ---------------------------------

   ၁ ။ သံစဥ္ အရင္ရွာ - စာသားေနာက္မွ ထည့္
  ၂ ။ စာသား အရင္ေရး - သံစဥ္ေနာက္မွ ရွာ
   ၃ ။ သံစဥ္ စာသား တစ္ျပိဳင္တည္းေရး ....




သီခ်င္း တစ္ပုဒ္ကို ဖန္တီးတဲ့အခါ ဒီနည္း ၃ မ်ိဳးကိုပဲ အခါ အားေလ်ာ္စြာ သုံးစြဲပါတယ္ ... အဲဒီ အတြက္ ကၽြန္ေတာ့္မွာ သီခ်င္းေရးတဲ့ (အမ်ိဳးအစား မတူတဲ့) စာအုပ္ ၃အုပ္ ရွိတယ္ ...



စာအုပ္ ၁ ။ သံစဥ္ အတိုအစေတြေရးဖို႔ ...

စာသားေရးတာ ကေတာ့ အေၾကာင္း မဟုတ္ေပမယ့္ သံစဥ္ေရးဖို႔ က်ေတာ့ ႏုတ္ မတတ္ရင္ အခက္အခဲ ရွိတယ္ ... ဒါေပမယ့္ နည္းပညာေခတ္ၾကီးက ခင္ဗ်ားတို႔ကို အရာရာ အဆင္သင့္ျဖစ္ေစပါတယ္ ။

ႏုတ္မေရးတတ္လည္း သံစဥ္ေတြ စိတ္ကူးထဲေပၚလာတဲ့ အခါ ရီေကာ္ဒါ ၊ ဖုန္း ၊ လပ္ေတာ့ႏွင့္ျဖစ္ျဖစ္ အသံဖမ္းထားလို ႔ရတယ္ ။ စိတ္ကူးေတြ သံစဥ္ေတြ ထြက္လာရင္ မလြတ္တမ္း အသံဖမ္းထားလိုက္ပါ ... တစ္ခါ တစ္ေလ အမွတ္တစ္မဲ့ ထြက္လာတဲ့ စိတ္ကူးေတြက ထိုင္ စဥ္းစားတာထက္ ပိုေကာင္း တတ္တယ္ မဟုတ္လား ... အဲဒီ သံစဥ္ေလးေတြျပန္နားေထာင္ရင္း ဘယ္ လိုစာသား ၊ အေၾကာင္း အရာမ်ိဳးႏွင့္ လိုက္ဖက္မယ္ ေရးႏိုင္မယ္ဆိုတာ ျပန္စဥ္းစားႏိုင္တယ္ ....

စာအုပ္ ၂ ။ စာသား ၊ အေၾကာင္း အရာေတြေရးဖို႔ ...

ဒီ စာအုပ္ထဲမွာေတာ့ ကိုယ္ေရးခ်င္တဲ့ အေၾကာင္းအရာ ၊ ခံစားခ်က္ ၊ စကားလုံးေတြကို ေရးတယ္ ... အၾကမ္းအားျဖင့္ ေခါင္းစဥ္ တစ္ခု ၊ အေၾကာင္းအရာ တစ္ခုကို တစ္မ်က္ႏွာေလာက္ေရးခ်လိုက္တယ္ ... တစ္ခါ တစ္ေလ ေခါင္း စဥ္ တပ္မရတဲ့ .. ဘာမွန္းမသိတဲ့ ခံစားခ်က္ေတြလည္း ရွိတယ္ ...

အစီအစဥ္ က်ခ်င္ မွ က်လိမ့္မယ္ ... ေျပျပစ္ခ်င္မွ ေျပျပစ္မယ္ ... ေရးပစ္ လိုက္ ပါ .. ကဗ်ာေရးေနတာ ၊ ဝတၴဳေရးေနတာ မဟုတ္ပါဘူး ... သီခ်င္းတစ္ပုဒ္အတြက္ အေၾကာင္းအရာ ၊ စိတ္ကူး စကားလုံးေတြ စုေနတာပါ ... အဲဒီစာအုပ္မွာမွ ညာဘက္ျခမ္းမွာ ေခါင္းစဥ္တပ္ ၊ အေၾကာင္းအရာ ဇာတ္လမ္းေတြေရးျပီး ... ဘယ္ဘက္ျခမ္းမွာ ဆက္စပ္တဲ့ စကားလုံး နိမိတ္ပုံေတြကို ေရးပါတယ္ ... (ေနာက္ပိုင္းမွာ အေသးစိတ္ရွင္းေပးပါမယ္)




စာအုပ္ ၃ ။ သံစဥ္ စာသား တစ္ျပိဳင္တည္းေရးဖို႔ ...

စိတ္ကူး အရမ္းေကာင္းလြန္းတဲ့ အခါမ်ိဳးမွာ သံစဥ္ စာသား တစ္ခါတည္း ထြက္ လာတဲ့အခါ ဒီစာအုပ္မွာေရးပါတယ္ ... သာမာန္ အားျဖင့္ေတာ့ သံစဥ္ေတြေရးထားတဲ့ စာအုပ္-၁ ႏွင့္ စာသားေတြေရးထားတဲ့ စာအုပ္-၂ ကို ဖြင့္ျပီး စိတ္ကူးၾကည့္တယ္ .. တြဲစပ္ၾကည့္တယ္ ... ဒီနည္းျဖင့္လည္း သီခ်င္းေကာင္းေတြ ရႏိုင္ပါတယ္ ...
ၾကိဳတင္ျပင္ဆင္ျခင္း ....
--------------------------
အမွတ္တစ္မဲ့ ထြက္လာတဲ့ စိတ္ကူး သံစဥ္စာသားေတြဟာ ထုိင္ေတြးေနတာ ထက္ ပိုေကာင္းသလို ... ၾကိဳတင္ျပင္ဆင္ျပီးလည္း သီခ်င္းေကာင္း တစ္ ပုဒ္ ျဖစ္ႏိုင္တယ္ ...

'စကားလုံး 'တိုင္း မွာ 'အသံ' ရွိတယ္ ... စကားလုံးေတြကို ေရရြတ္ရင္း ပဲ ေပၚ လာတဲ့ သံစဥ္ေတြႏွင့္ သီခ်င္းေကာင္း တစ္ပုဒ္ ျဖစ္သြားႏိုင္ပါတယ္ ... ဒီနည္းဟာ အလြန္ပဲ အသုံးဝင္ပါတယ္ ...

ကၽြန္ေတာ္ လုပ္ေလ့ ရွိတာက စာအုပ္ညာ ဘက္ျခမ္းမွာ ေခါင္းစဥ္ တပ္ျပီး အေၾကာင္းအရာေတြကို ေရးခ်တယ္ .. ဘယ္ဘက္ျခမ္းမွာေတာ့ နိမိတ္ပုံ စကား လုံးေတြကို ေရးခ်တယ္ ... ညာဘက္ျခမ္းမွာ အေၾကာင္း အရာ ၊ ဇာတ္ လမ္းကိုေရးခ်တဲ့ အခါ သိပ္ျပီးေတာ့ စဥ္းစားစရာ မလုိပါဘူး .. စကားလုံးေတြလည္း သိပ္ျပီး လွပေအာင္ ဂရုစိုက္ မေနဘူး ... တစ္မ်က္ႏွာျပည့္ေအာင္ ေရးခ်လုိက္တယ္ ... ျပီးမွ နိမိတ္ပုံဘက္ျခမ္းမွာ အစားထိုး ရႏိုင္မယ္ စကားလုံးေတြ ခ်ေရးလိုက္တယ္ ... ေနာက္ဆုံး အဲဒီ ၂ မ်က္ႏွာကိုၾကည့္ျပီး သံစဥ္ေတြ စဥ္းစားမယ္ ... ဒါပါပဲ ...




ဖိုနက္တစ္ ၿပႆနာ ...
-------------------------
ကၽြန္ေတာ့္ အတြက္ကေတာ့ စာသားေရးတဲ့ စာအုပ္ ၂ က အေတာ္ အေရးၾကီး တယ္ဗ် ... ညာဘက္-အေၾကာင္းအရာ ၊ ဘယ္ဘက္-နိမိတ္ပုံ .. စာမ် က္ႏွာ၂ ခု လုံးေပါ့ ... ကၽြန္ေတာ္တို႔ျမန္မာ စကား မွာ ေဖာ့သံ ဖိသံေတြမ်ားတယ္ ... ဘာသာ စကားတုိင္းမွာ ေဖာ့သံ ဖိသံေတြ ရွိေပမယ့္ ျမန္မာစကားမွာ က်ေတာ့ အဲဒီအသံ က အဓိပၸာယ္ေျပာင္းသြားႏိုင္တယ္ ... ေအာက္ကျမစ္ ပါတာႏွင့္ မပါတာ ၊ ဝစ္စေပါက္ ပါတာႏွင့္ မပါတာ အဓိပၸာယ္ အမ်ားၾကီး ကြာျခားတယ္ ...

လက္ေတြ႔ စမ္းၾကည့္ရေအာင္ ။ အဂၤလိပ္စကား "I love you" ႏွင့္ ျမန္မာစကား "အိပ္မက္ေလး"ကို ယွဥ္ျပီး သံစဥ္ထည့္ၾကည့္မယ္ ...

"I love you" ကို သံစဥ္ထည့္မယ္ ...
သံစဥ္-၁ ။ ဒိုေရမီ(123) = အိုင္လဗ္ဗ်ဴးးး
သံစဥ္-၂ ။ ေရမီးဒို(231) = အိုင္လဗ္ဗ်ဴ
သံစဥ္-၃ ။ မီးေရးဒို(321) = အိုင္းးးလဗ္ဗ်ဴ ....

သိပ္ျပီး ကြာျခားမႈ မရွိပါဘူး ... (စကားကတ္ျပီးေျပာရင္ေတာ့ ရတာေပါ့) ... ဒါေပမယ့္ အဓိပၸာယ္ေျပာင္းသြားေလာက္ေအာင္ ထိခုိက္မႈ မရွိဘူး ... (အဲဒါေၾကာင့္ ... တစ္ခါ တစ္ေလ အျဖဴေကာင္ေတြကို မနာလိုဘူး .. ) :/

"အိပ္မက္ေလး" ကို သံစဥ္ ထည့္မယ္ ...
သံစဥ္-၁ ။ ဒိုေရမီ(123) = အိမ္မက္ေလး ( အိပ္ မဟုတ္ အိမ္)
သံစဥ္-၂ ။ ေရမီးဒို(231) = အိပ္မက္ေလ ( အိပ္ မဟုတ္ အိမ္) ဝစ္စေပါက္သံေပ်ာက္သြားပါျပီ ... "ေလး" ဆိုတဲ့ ဝစ္စေပါက္သံ ကို မရေတာ့ပါဘူး ...

အဲဒါေၾကာင့္ "ေလ" (သို႔မဟုတ္) "ေတြ" "ေန" "ရွည္" စတဲ့ စကားလုံး တစ္ခုခုကို ေျပာင္းရပါေတာ့မယ္ ...
ဥပမာ - ေရးခ်င္တာက "လေရာင္ျဖာတဲ့ အိမ္မက္ေလး"
ေရးႏိုင္တာက -
"အစိုျပန္ေနတဲ့ အိပ္မက္ေလ"
"အေရာင္ျပယ္ခဲ့ အိပ္မက္ေတြ"
"နာက်င္စြာႏွင့္ အိပ္မက္ေန"
"အဆုံးအစမဲ့ အိပ္မက္ရွည္" ... စသည္ျဖင့္ေပါ့ .... အခန္႔ မသင့္ရင္ ေရွ့ကေရး ခဲ့တာေတြပါ အဓိပၸာယ္ေျပာင္းရပါေတာ့မယ္ ...

သံစဥ္-၃ ။ မီးေရးဒို(321) = အိပ္မက္ေလ (အိမ္ မဟုတ္ အိပ္) ၊ ေတြ ၊ ေန ၊ ရွည္ .... (က်န္တာေတြေတာ့ အေပၚက အတိုင္းပါပဲ)

အေၾကာင္းအရာ ၊ ဇာတ္လမ္းေရးျပီးတဲ့ အခါ နိမိတ္ပုံ ၊ ဆက္စပ္ ၊ ဆင္တူယိုးမွား စကားလုံးေတြကိုလည္း ေရးသား စုေဆာင္းသင့္ပါတယ္ ...

ဥပမာ - ညာဘက္ျခမ္းမွာ "ရမၼက္ သားေကာင္" ဆိုတဲ့ေခါင္းစဥ္ တစ္ခု တပ္လိုက္ တယ္ .. စိတ္ကူး စာသားေတြကို အစီအစဥ္ မရွိေရးပစ္လိုက္တယ္ ...

"မင္းႏႈတ္ခမ္းပါးမွာ ယစ္မူးတဲ့ည ... ဘာကိုမွ သတိမရ .. စၾကစဠာထဲ လြတ္ က် ... ေခၽြးစက္ေတြ စိုရႊဲသြား ... ခဏေလး နားပါရေစလား .. တဝုန္း ဝုန္း လႈိင္းဒဏ္ၾကားမွာ ... ငါတို႔ေပါင္းစည္းသြား .... "

ေပါက္ကရေတြေရးလိုက္တာ တစ္မ်က္ႏွာျပည့္သြားျပီ ဆုိပါေတာ့ .. ဘယ္ဘက္မွာ အတြန္ ႔တပ္ျပီး ထပ္ကြန္႔ပါမယ္ ...

" ယစ္မူး = ရမၼက္ = ခ်ိဳျမိန္မီးေတာက္ ၊ တေျဖာက္ေျဖာက္ မိုးခါးေရ ၊ ထြက္ေပါက္မဲ့ ပင္လယ္ ၊ ျပိဳက် သြားတံတိုင္းမ်ား (ထိန္းခ်ဳပ္မႈ) ...

စၾကဝဠာ = ပကတိတရား ၊ အသိခက္ေသာ အရွိတရား ၊ အႏိႈင္းမဲ့-က်ယ္ ဝန္းျခင္း ၊ အနားသတ္မဲ့-တစ္စုံ တစ္ရာ ၊ လ်ိဳ႔ဝွက္ေသာ ဆြဲအားမ်ား ၊ စနစ္ တစ္ က် အားျပိဳင္ျခင္း ၊ ရွင္သန္ျခင္းရဲ ႔မိခင္ .... "

အဲလို ေတြးမိသမွ် ဆက္စပ္ေနတဲ့ စကားလုံးေတြ ေရးခ်လိုက္ပါတယ္ ... တစ္ ခါတစ္ေလ ေျပာင္းျပန္ေတြေရးခ်င္လည္း ေရးတာေပါ့ ... စိ္တ္ကူးေပၚမွာပဲ မူတည္တယ္ ... ျပီးေတာ့မွ ဘယ္ဘက္ႏွင့္ ညာဘက္ကို တစ္လွည့္ စီျပန္ ၾကည့္ရင္း စကားလုံးေကာင္း ဝါက်ေကာင္းေတြ စိတ္ကူးႏိုင္သေလာက္ ထပ္ျပီးေတာ့ ထြက္လာႏိုင္ပါေသးတယ္ ...

ဘယ္ညာ စာသားေတြျပည့္စုံလို႔ သံစဥ္ တစ္ခုႏွင့္ တြဲစပ္တဲ့အခါ သံစဥ္ စာသား တစ္ၿပိဳင္တည္းေရးတာထက္ ပိုျပီးလြယ္ကူတယ္ ... သီခ်င္းေကာင္းတစ္ပုဒ္ျဖစ္ဖို႔ အခြင့္အေရး ပိုမ်ားတယ္ ... ဒါေၾကာင့္ စာအုပ္-၂ ဟာ ကၽြန္ေတာ့္ အတြက္ ပို အေရးၾကီးတယ္လို႔ ေျပာျခင္းပါ ...

အေၾကာင္းအရာ ပုံစံ၂မ်ိဳး ...
-------------------------------
ကၽြန္ေတာ္ေတြးေလ့ ေရးေလ့ ရွိတဲ့ပုံစံ ၂ မ်ိဳး ရွိတယ္ ... story (ဇာတ္လမ္းတစ္ခုကို ျခံဳငံုျပီးေရးတယ္) ၊ moment ( အခိုက္အတန္႔ ကို ဖြဲ႔ႏြဲ႔ေရးတယ္) .. အဲဒီ၂ မ်ိဳးပါပဲ ...

သူနဲ႔ ကိုယ္ နဲ႔ ေတြ႔ၾက ခ်စ္ၾက ခြာျပဲၾကတဲ့ story ေရးမလား ... ကိုယ့္ရည္းစားက တစ္ၿခားတစ္ေယာက္ရဲ႕ ကားထဲ ပါသြားတဲ့ moment ေရးမလား ... ပုံေသေတာ့ မရွိဘူး ... moment ေရးေနရင္း story ျဖစ္သြားတတ္သလို . story တည္ေနရင္း moment တစ္ခုမွာ focus ဝင္သြားတာလည္း ရွိတယ္ ... ဘယ္လိုပဲျဖစ္ျဖစ္ လမ္းေၾကာင္းမွာ ေမ်ာသြားရင္ စိတ္ကူးေတြ စကားလုံးထြက္လာတာေပါ့ဗ်ာ ... စတည္ျဖစ္ဖို႔ပဲ အေရးၾကီးပါတယ္ ...

ခပ္ရဲရဲေတြးျပီး ခပ္ရဲရဲေရးခ်ပစ္လိုက္ပါ ...
-------------------------------------------
အခ်ဳပ္အေႏွာင္ ကင္းစြာ ေတြးသင့္တယ္ ... လြတ္လပ္ ပြင့္လင္းတဲ့ စိတ္လို႔ေျပာ မလား ... ေပါ့ေပါ့ ပါးပါးပဲေျပာမလား ... ခင္ဗ်ား ရင္ထဲမွာ အမွန္ တစ္ ကယ္ေပၚေပါက္ ခံစားရတာကို လြတ္လြတ္ လပ္လပ္ ေပါ့ေပါ့ ပါးပါး ရဲရဲ ဝ့ံဝ့ံေရးခ်လိုက္ပါ ...

သူမ်ားေတြၾကိဳက္ပါ့မလား .. နားလည္ပါ့မလား ... စာသားေတြက ႏွပ္ခ်ီးတြဲေလာင္းနဲ႔ .. သံစဥ္ၾကီးက ေတာက်လိုက္တာ ... အဲဒါေတြ သိပ္မစဥ္းစားပါနဲ႔ ... လတ္တေလာေခါင္းထဲက ထြက္လာတာေတြကို စုေဆာင္း ဖို႔သာအဓိကပါ ...

နာက္ဆုံး အေခ်ာသတ္ ဆိုတဲ့ အဆင့္ေရာက္ေတာ့မွ အားလုံးျပန္ညွိႏိုင္တယ္ ... တစ္ခါ တစ္ေလလည္း လြယ္ကူ ရိုးရွင္းတဲ့ သံစဥ္ စာသားေတြဟာ ေမွာ္ဆန္စြာ လွပေနတာ ေတြ႔ရတတ္တယ္ ...

အဲဒီေတာ့ ကၽြန္ေတာ္တို႔ ရိုးရိုးေလးပဲ စဥ္းစားၾကတာေပါ့ဗ်ာ ... ဘယ္ဂီတ တကၠသိုလ္ ၊ ဘယ္ ဆရာသမားကမွ သီခ်င္း တစ္ပုဒ္ကို ခက္ခက္ ခဲခဲ ဖန္တီး ဖို႔ မေျပာပါဘူး ... အရင္ဆုံး အရိုးရွင္းဆုံး ကိုပဲ ဖန္တီးခိုင္းတာပါ ... ေနာက္ေတာ့မွ အေတြ႔အၾကံဳ ၊ အတတ္ပညာ အရ ထပ္ျပီးကြန္႔ၾကတာပါ ... ။

သီခ်င္း ပုံစံ အမ်ိဳးမ်ိဳး ...
---------------------
သီခ်င္း တစ္ပုဒ္မွာ အဆိုႏွင့္ ပတ္သတ္တဲ့ -

Verse = သာမာန္ အဆိုပိုဒ္
Chorus = သံျပိဳင္ပိုဒ္ (အားေကာင္း ၊ တစ္ပုဒ္လုံး ရဲ႕အႏွစ္ခ်ဳပ္)
Pre:Chorus = သံျပိဳင္ပိုဒ္ အၾကိဳ
Bridge = မူကြဲ၊ သံစဥ္ ကြဲပိုဒ္
Music ပိုင္းႏွင့္ ပတ္သတ္လို႔ကေတာ့
Intro = မိတ္ဆက္ေတးသြား
Outro = ႏႈတ္ဆက္ေတးသြား
Solo / music = ေတးသြားပိုဒ္ စတာေတြရွိပါတယ္ ...

မူကြဲေတြကေတာ့ တစ္ခ်ိဳ႔က Pre:Chorus ကို Bridge လို႔ေခၚတယ္ ... Bridge ကို Chorus 2 လို႔ေခၚတယ္ ... ေခၚခ်င္ သလိုေခၚ သိပ္ အေရး မ ၾကီး ဘူး ... အေရးၾကီးတာက ခင္ဗ်ားေရးတဲ့သီခ်င္းက နားေထာင္သူရဲ႕စိတ္ကို စြဲေဆာင္ႏုိင္ဖို႔ပဲ ...

Pre:Chorus ဆိုတာလည္း သီခ်င္းတိုင္းမွာ မလိုအပ္ဘူး ... Verse ႏွင့္ Chorus ၾကားမွာ ဟာေနတဲ့ အခါမ်ိဳး ၊ တိုေတာင္းတဲ့ Verse မ်ိဳး ၊ အသံနိမ့္လြန္းတဲ့ Verse မွ အသံျမင့္လြန္းတဲ့ Chorus ကို တက္သြားတဲ့ အခါမ်ိဳး .... စတဲ့ အေျခအေနေတြမွာ လိုအပ္ရင္ ထည့္သြင္းႏိုင္တယ္ ...

Bridge လည္း ထို႔အတူပါပဲ ... Verse-chorus-Verse-Chorus ရိုးအီလြန္းတဲ့အခါ Chorus-Bridge-Solo (သို႔မဟုတ္) Solo-Bridge-Chorus စသည္ျဖင့္ သုံးစြဲႏိုင္တယ္ ... Bridge ကိုေတာ့ ထူးထူးျခားျခား ဖန္တီးေစခ်င္ တယ္ ... ရိုးစင္းတဲ့ Verse-Chorus ေတြကို ထူးျခားတဲ့ Bridge တစ္ခု ထည့္ေပး လိုက္ရင္ သီခ်င္းရဲ႕အရသာၾကြတက္လာႏိုင္ ... မယုံႏိုင္ေအာင္ ေျပာင္း လဲသြားႏိုင္ပါတယ္ ...

ဂီတပိုင္းႏွင့္ ပတ္သတ္လို႔ ကေတာ့ လွပတဲ့ Intro , Outro , Solo ေတြ မဖန္ တီးႏိုင္ရင္ (သို႔မဟုတ္) သီခ်င္းမွာ မလိုအပ္ရင္ေတာ့ မထည့္တာ ပိုေကာင္း ပါလိမ့္မယ္ ... သမာရိုးက်ေတြပဲ တာ၀န္ေက် အခ်ိန္ဆြဲျပီး တီးထားတဲ့ Solo တစ္ပုဒ္ဟာ နားေထာင္သူကို နားအုံျဖတ္ရိုက္လိုက္ တာနဲ႔ အတူတူပဲ ...

တစ္ခ်ိဳ႔သီခ်င္းေတြ ေတြ႔ဖူးမွာပါ ... Verse , Chorus မွာနားေထာင္ေကာင္းသေလာက္ Solo , Music ေတြက်ရင္ ရုပ္ပ်က္ဆင္းပ်က္ႏိုင္လြန္းတယ္ ... ဆီတစ္ဝင္းဝင္း သဲ တစ္ရွပ္ရွပ္ေလးေပါ့ ...

ဒါေၾကာင့္ Music ပိုင္းကို ဖန္တီးတဲ့ အခါ လက္လြတ္စပယ္ မလုပ္သင့္ပါ ... အားလုံး စုေပါင္းတိုင္ပင္ၾကျပီး သီခ်င္းရဲ႕ taste နဲ႔ လိုက္ဖက္တဲ့ သံစဥ္မ်ိဳး ကို ဖန္တီးသင့္ပါတယ္ ...

အေတြ႔ မ်ားတဲ့ သီခ်င္းပုံစံ တစ္ခ်ိဳ႕ကေတာ့ ...

Verse-Chorus-Verse-Chorus-Solo-Verse-Chorus
Verse-Chorus-Verse-Chorus-Solo-Chorus-Chorus
Verse-Pre:-Chorus-Verse-Pre:-Chorus-Solo-Pre:-Chorus
Verse-Verse-Chorus-Verse-Solo-Chorus-Bridge-Chorus
Chorus-Verse-Verse-Chorus-Bridge-Solo-Verse-Chorus ... မေရမတြက္ႏိုင္ေအာင္ အမ်ားၾကီးရွိပါတယ္ ...

ခင္ဗ်ားရဲ႕သီခ်င္းဟာ Verse အားေကာင္းလား ။ Chorus အားေကာင္းလား ။ Bridge/Intro/solo/Outro ထည့္သင့္လား ဘယ္ေနရာမွာ ထည့္မလဲ စတာေတြေတာ့ သီခ်င္းရဲ႕ အရသာကိုၾကည့္ျပီး ဆုံးျဖတ္ရပါမယ္ ....

ေဘာင္အတြင္း လြတ္လပ္စြာ ဆန္႔တန္းျခင္း ... (အလြယ္ သီခ်င္းေရးျခင္း)
#######################################
အေပၚက ေရးခဲ့တဲ့ အေၾကာင္းအရာေတြ အားလုံးဟာ အခ်ိန္အတိုင္းအတာတစ္ခု လိုအပ္ပါတယ္ ... အဲဒီ နည္းေတြလည္း ေလ့က်င့္သြားမယ္ ...

ဒါေပမယ့္ သီခ်င္း တစ္ပုဒ္ကို အခု ခ်က္ခ်င္းေရးခ်င္တယ္ ဆိုရင္ ဒီနည္းအ တိုင္း ေရးႏိုင္ပါတယ္ .. (အခု မွ စတာ ... )

အဆင့္-၁ - အေၾကာင္းအရာ ၊ ဇာတ္လမ္း စာသားမ်ားကိုေရးျခင္း (၁၀မိနစ္)
အဆင့္-၂ - နိမိတ္ပုံ ၊ ဆက္စပ္ စကားလုံးမ်ားကိုေရးျခင္း (၁၀မိနစ္)
အဆင့္-၃ - chords ရွာေဖြျခင္း ၊ စာသားမ်ားကို လိုက္ဖက္ သံစဥ္ရွာေဖြျခင္း (၁၀မိနစ္)
အဆင့္-၄ - Chorus / hook မ်ား သတ္မွတ္ ရွာေဖြျခင္း (၁၀မိနစ္-၂၀မိနစ္)
အဆင့္-၅ - အေခ်ာသတ္ျခင္း ၊ ျဖည့္စြတ္ျခင္း (၁၀မိနစ္-၂၀မိနစ္)

ဒီနည္းအတိုင္းေရးလိုက္ရင္ တစ္နာရီ အတြင္းမွာ သီခ်င္း တစ္ပုဒ္ျဖစ္သြားပါလိမ့္မယ္ ... ေကာင္းျခင္း ၊ ညံ့ျခင္း ကေတာ့ စိတ္ကူး ၊ အေတြ႔ အၾကံဳေပၚမွာ မူတည္မွာေပါ့ ... အေသးစိတ္ ထပ္ရွင္းျပပါမယ္ ...

အဆင့္ ၁ ႏွင့္ ၂ ကေတာ့ စာအုပ္၂ အေၾကာင္းအေနႏွင့္ အေပၚမွာေရးေပးခဲ့ျပီးျဖစ္ပါတယ္ ... ထပ္မရွင္းေတာ့ပါဘူး ...

အဆင့္-၃ ႏွင့္ ၄ ကို အဆင့္ေတြ ခြဲထားေပမယ့္ တစ္ခါတစ္ေလ တစ္ၿပိဳင္ တည္းေရးျဖစ္တာေတြလည္းရွိပါတယ္ ...

အဆင့္-၃ - စာအုပ္၂ ကို ေရးထားတဲ့ စာသားေတြကိုၾကည့္ျပီး ဒီသီခ်င္းဟာ ႏူးညံ့ မလား ေပါက္ကြဲ မလား ေႏွးမလား ျမန္မလား country လား pop လား rock လား punk လားဆိုတာ စဥ္းစားရပါမယ္ ...

သာမာန္အားျဖင့္ ေပါက္ကြဲ သီခ်င္းဆိုရင္ ျမန္ျပီး အလြမ္း သီခ်င္းဆိုရင္ ေႏွးတက္ေပမယ့္ ဒီေန႔လို အာရုံ ခံစားမႈမ်ားျပားလြန္းတဲ့ ေမာ္ဒန္ေခတ္ၾကီးထဲမွာ ပုံေသတြက္လို႔ မရေတာ့ဘူး ... တစ္ခါ တစ္ေလ က်ားလိုက္ သလိုလြမ္းျပီး ပ်င္းတြဲတြဲ အတြင္းေၾက ေပါက္ကြဲတာေတြလည္း ရွိတာပဲ ...

မယ္လိုဒီ ထြက္လာမွပဲ ဆုံးျဖတ္ရတာပါ ... အခုေတာ့ အၾကမ္းဆုံးျဖတ္ၾကည့္ မယ္ဗ်ာ ... စာသားေတြက အလြမ္းဆန္ဆန္ ဆိုပါေတာ့ ... tempo အလယ္ အလတ္ႏွင့္ အေႏွး စတိုင္ေရးစပ္မယ္ဗ်ာ ...

၁ - ခင္ဗ်ားၾကိဳက္တဲ့ (ေရးစပ္ခ်င္တဲ့ ပုံစံ) သီခ်င္း တစ္ခ်ိဳ႔ ရဲ႕ ေကာ့ဒ္တြဲေတြကို ေရးခ်လိုက္ပါ ... (မယ္လိုဒီ ခိုးတာ မဟုတ္ပါဘူး ... ေကာ့ဒ္တြဲ အိုင္ဒီယာ ယူတာပါ ... စု၊တု၊ျပဳ ရဲ႕ တုပျခင္းမွာေရးေပးခဲ့ျပီးပါျပီ)

၂ - အရင္ဆုံး တိုေတာင္းျပီး ရိုးရွင္းတဲ့ေကာ့ဒ္တြဲေတြကိုပဲ ေရြးပါ ... (ေနာက္ထပ္ျဖည့္လို႔ရပါတယ္)

၃ - ေရြးထားတဲ့ေကာ့ဒ္တြဲေတြကို အၾကိမ္ၾကိမ္ တီးခတ္ျပီး စိတ္ၾကိဳက္မယ္လိုဒီ ရတဲ့အထိ ညည္းဆိုၾကည့္ပါ ..

၄ - ရလာတဲ့ သံစဥ္ကို စာအုပ္ထဲက စာသားေတြႏွင့္ တြဲစပ္ၾကည့္ပါ ... တစ္ခါ တစ္ရံ စကားလုံးရဲ႔ေတာင္းဆိုမႈေၾကာင့္ မယ္လိုဒီႏုတ္ေျပာင္းသြားတဲ့အခါ ေကာ့ဒ္တြဲမွာ အံဝင္ခြင္က် ျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္ ...

စကားလုံးေျပာင္းခ်င္ေျပာင္း မေျပာင္းရင္ ေကာ့ဒ္ေျပာင္းပစ္လိုက္ပါ .. အိုင္ဒီယာ သစ္ေပါ့.. တစ္ခါ တစ္ရံ လည္း စာသားေတြ ကေန မယ္လိုဒီ ထြက္ေန တတ္ပါတယ္ ... အဲဒီအခါ ေပၚလာတဲ့မယ္လိုဒီ ကို ေကာ့ဒ္စမ္းျပီး ထည့္ လိုက္ေပါ့ ... ဒါလည္း ကိုယ္ပိုင္ စစ္စစ္ေပါ့ ...

ကာ့ဒ္တြဲကို တီးခတ္ ညည္း ဆိုတဲ့အခါ ခင္ဗ်ား ကိုယ္တုိင္ေကာ့တြဲ မွာ လြတ္ လပ္စြာေမ်ာပါေနလိုက္ပါ ... အေႏွာင္အဖြဲ႔ အေမွ်ာ္စိတ္ ကင္းကင္းႏွင့္ တီးဆိုလိုက္ပါ ...

အဆင့္ -၄ - တီးဆိုလို႔ ရတဲ့ သံစဥ္ စာသားေတြမွာ ဘယ္အပိုဒ္ က Verse ၊ ဘယ္အပိုဒ္က Chorus လုပ္မယ္ ဆိုတာ စဥ္းစားရေတာ့မယ္ ... ပုံမွန္ အားျဖင့္ Chorus ဆိုတာ သီခ်င္းေခါင္းစဥ္ကို ကိုယ္စားျပဳတဲ့ သီခ်င္း တစ္ ပုဒ္ လုံးရဲ႕ အႏွစ္ခ်ဳပ္လိုျဖစ္ေနရမွာေပါ့ ...

တိုေတာင္းျပီး အဓိပၸာယ္ျပည့္ဝမယ္ ထပ္တလဲလဲ ဆိုလို႔ေကာင္းမယ္ဆိုရင္ hit ျဖစ္တဲ့ chorus တစ္ခု ရျပီလို႔သာ မွတ္လိုက္ေတာ့ ... (ကိုယ္ေရးတာ ကိုယ္ၾကိဳက္ရင္ျပီးေရာေပါ့ ... ေနာ့ ) :D

အဆင့္ - ၅ - သီခ်င္းတစ္ပုဒ္လုံး နီးပါး ပုံေပၚလာတဲ့အခါ အေခ်ာသတ္ပါေတာ့ မယ္ ... တစ္ပုဒ္လုံးကိုျခဳံျပီး ျပန္လည္ သုံ႔သပ္ပါေတာ့မယ္ ... အဲဒီမွာျဖစ္ တတ္ေလ့ရွိတဲ့ျပႆနာ တစ္ခ်ိဳ႕ကို ေျဖရွင္းရေတာ့မယ္ ...

ျဖစ္တတ္ေလ့ ရွိတဲ့ျပႆနာ တစ္ခ်ိဳ႕
-------------------------------------
၁ - သံစဥ္ေတြ စြဲေဆာင္မႈ မရွိဘူး ....

မ်ားေသာ အားျဖင့္ မယ္လိုဒီ ရိန္႔ခ်္(range) က်ဥ္းရင္ ျဖစ္တတ္ပါတယ္ ... အဲဒီ အခါ သံစဥ္ေတြကို နိမ့္သင့္တဲ့ ေနရာႏွိမ့္မယ္ ျမင့္သင့္တဲ့ေနရာျမွင့္မယ္ .
verse ကေန chorus သြားတာ မေျပျပစ္ဘူး အဆင္မေျပဘူး ဆိုရင္ Pre:chorus ကို ထည့္သင့္ရင္ထည့္ . စကားလုံးကာရန္ မိမိ အခ်ိတ္ အ ဆ က္ မိမိေျပာင္းမယ္ . ေကာ့ဒ္ေၾကာင္ေလးေတြ အစားထိုးဖို႔ ၾကိဳးစားမယ္ (ေမ ဂ်ာေကာ့ဒ္ကို ေမဂ်ာ ဆဲဗင္းေျပာင္းသလို ၊ မိုင္နာေကာ့ဒ္ကို ဒိုမိနန္႔ ဆဲဗင္းေျပာင္းသလို) စသည္ျဖင့္ သံစဥ္/စာသားေျပာင္းသင့္တဲ့ေနရာေတြကို ေျပာင္းျခင္းျဖင့္ ေျဖရွင္းႏိုင္ပါတယ္ ...

၂ - Chorus က ေငါင္ေၾကာင္ေၾကာင္ျဖစ္ေနတယ္

စာသား အားနည္းတဲ့အခါ ၊ verse ႏွင့္ chorus သံစဥ္ နိမ့္ျမင့္ သိပ္ မကြာျခား တဲ့ အခါ ျဖစ္တတ္ပါတယ္ ... အဲဒီအခါ Verse ကို အသံနွိမ့္ (ဒါမွ မဟုတ္) Chorus ကို အသံျမွင့္ ၊ Pre:Chorus ထည့္သင့္ရင္ ထည့္ ရပါမယ္ ...

အေပၚမွာေျပာခဲ့သလို Chorus ဆိုတာ တိုေတာင္းျပီး အဓိပၸာယ္ျပည့္ဝရ မယ္ .. ေခါင္းစဥ္ ရဲ႕အႏွစ္ခ်ဳပ္ျဖစ္ရပါမယ္ ... အဓိက စာသားေတြ verse ထဲေရာက္ေနရင္ ျပန္ယူ သုံးလိုက္ပါ .. verse အတြက္ စာသား သစ္ျပန္ရွာလိုက္ပါ ... ဒီလို လည္းေျဖရွင္းႏိုင္ပါတယ္ ...

၃ - စာသားေတြ ကေလးဆန္မယ္ (သို႔မဟုတ္) စိတၱဇ ဆန္မယ္ အခ်ိတ္ အဆက္ မမိဘူး

စာသားေတြ ကေလးဆန္ေနရင္ စာအုပ္ ဘယ္ဘက္ျခမ္းက နိမိတ္ပုံေတြကို ေျပာင္းျပီး သုံးၾကည့္ပါ .. ကာရန္ကို ဦးစားေပးျပီး စကားလုံး ရွာၾကည့္ အစား ထိုးၾကည့္ပါ ... ။

စိတၱဇ ဆန္မယ္ အခ်ိတ္အဆက္ မမိဘူးဆိုတာေတာ့ နိမိတ္ပုံေတြသုံးလြန္း တင္စားလြန္း ရင္ျဖစ္တတ္ပါတယ္ . ေလ်ာ့ သင့္တဲ့ေနရာေလး ကိုေလ်ာ့လိုက္ပါ . စာအုပ္-၂ ညာဘက္ျခမ္းက ရိုးရိုး story line စာသားေတြကို ေျပာင္းသုံးၾကည့္ပါ ... ။

၄ - သံစဥ္ ၊ စာသား အားလုံးေက်နပ္တယ္ ... ဒါေပမယ့္ ဘာလိုေနမွန္းမသိဘူး

ဒါဆိုရင္ေတာ့ အတီးျပႆနာျဖစ္ဖို႔မ်ားတယ္ ... ကၽြမ္းက်င္နားလည္တဲ့ အတီး သမားေတြႏွင့္ တိုင္ပင္ၾကည့္ပါ ... ခင္ဗ်ား ရဲ႕ေကာ့ဒ္တြဲ မွာ ေထာက္ေနဟာေနတဲ့ေနရာမွာ ေကာ့ဒ္ျဖည့္သင့္ရင္ျဖည့္ တီးလုံးျဖည့္သင့္ရင္ျဖည့္ ... ။

Rock style ေတြမွာ ဆိုရင္ chord / vamp အစား riff တစ္ခု ဖန္တီးျပီးအစားထိုး ... စသည္ျဖင့္ ဟာေနတဲ့ သီခ်င္းတစ္ပုဒ္ ကို ၾကြတက္ေအာင္ျပဳလုပ္ႏိုင္တယ္ ...

ဥပမာ - ကၽြန္ေတာ့္ရဲ႕ mid tempo rock သီခ်င္း တစ္ပုဒ္ရဲ႕ Riff စဥ္းစားပုံက ဒီလုိပါ ...

B major key
step-1- ll B _ _ _ l E _ _ _ ll
step-2- ll B _ _ .A l _ .E _ _ ll
step-3- ll B 11 15# .A l .7b .E .4 45# ll or ll 1 11 15# .7b l .7b .4 .4 45# ll

ေကာ့ဒ္ ၂ ခုသာ ပါတဲ့ ေကာ့ဒ္တြဲေလးကို Riff တစ္ခု အျဖစ္ေျပာင္းပစ္လိုက္တာပါ ... မယ္လိုဒီေျပာင္းစရာမလိုဘဲ သီခ်င္းၾကြတက္ သြားပါတယ္ .

တစ္ခ်ိဳ႕က အတြန္ ႔တက္ေကာင္းတက္မယ္ ... အႏုပညာ ဖန္တီးတဲ့ေနရာမွာ ဒီလိုေဘာင္ေတြ ၊ ပုံစံေတြႏွင့္ လုပ္ရသလား ... စစ္မွန္ပါ့မလား လြတ္ လပ္ပါ့ မလားေပါ့ ..

ဒီေဘာင္ေတြဟာ ပန္းတိုင္သြားမယ့္ လမ္းေၾကာင္းေတြပါ ... သတ္မွတ္ထားတဲ့ေဘာင္ အခ်ိန္အတြင္းမွာ အလ်င္အျမန္ေတြးေခၚႏိုင္ဖို႔ ၊ အေတြးအေခၚ စြမ္း ရည္ျမင့္တက္ဖို႔ ၊ လြတ္လပ္စြာေတြးေခၚတတ္ဖို႔ အတြက္ နည္းစနစ္ေတြလည္း ျဖစ္တယ္ ...

ဒီနည္းအတိုင္း သီခ်င္း ၅ ပုဒ္ေလာက္ေရးျပီးရင္ ... အခ်ိန္အကန္႔အသတ္ မရွိ ငူငူၾကီးေငါင္ျပီးေတြးတာထက္ .. သတ္မွတ္ခ်ိန္အတြင္း အလ်င္ အျမန္ေတြးျပီးေရးခ်တာ ... ဘယ္ဟာ ပိုလြတ္လပ္ေၾကာင္း ခင္ဗ်ားကိုယ္တိုင္ သိလာလိမ့္မယ္ ...

ဒါေၾကာင့္လည္း ေဘာင္အတြင္း လြတ္လပ္စြာ ဆန္႔တန္းျခင္း လို႔အမည္ေပးခဲ့တာပါ ... လမ္းေၾကာင္းေတြေပးထားေပမယ့္ ခင္ဗ်ားတို ႔အဆင္ေျပသလို ကိုယ္တိုင္ တီထြင္လည္းရပါတယ္ ... ကိုယ္ အဆင္ေျပဖို႔ အေရးၾကီးတာပဲ ဟုတ္ဖူးလား ...

ဒီေလာက္ဆိုသီခ်င္းတစ္ပုဒ္ကို အလြယ္ဖန္တီးႏိုင္ၾကလိမ့္မယ္ထင္ပါတယ္ ...
ခင္ဗ်ားတို႔ အေတြးက လြတ္လပ္စြာ သီးပြင့္မယ့္ ေမွာ္ဆန္တဲ့သံစဥ္ စာသားေလးေတြကို ေမွ်ာ္လင့္ပါတယ္ ...

ေနာက္ဆုံး အၾကံေပးခ်င္တာေတာ့ ... တစ္ကယ္ကို ဂီတ အႏုပညာေလာက ဝင္မယ့္ ညီအစ္ကိုေတြ ဆိုရင္ေတာ့ ဒီေလာက္နည္းစနစ္ေလာက္ႏွင့္ မေက်နပ္ဘဲ သိသင့္ေလ့လာသင္ယူသင့္ တဲ့ ပညာရပ္ေတြကို မျဖစ္မေန သင္ ယူဖို႔ အၾကံဥာဏ္ေပးရင္း ... စကား လက္ေဆာင္ တစ္ခု ပါး လိုက္ ပါရေစ ... ။

သီခ်င္း တစ္ပုဒ္ ဖန္တီးရတာ လြယ္ပါတယ္ ....
ဒါေပမယ့္ ....
သီခ်င္းေကာင္း တစ္ပုဒ္ျဖစ္ဖို႔ေတာ့ ခက္လိမ့့္မယ္ ...



Win Ko

No comments:

Post a Comment

မင်္ဂလာပါ..