menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Air con တတ်မည့်သူများ အတွက်

အဲကွန်းလုပ်ငန်းခွင်ဝင်စ ညီလေးတို့ အတွက် အဲကွန်းအသစ်တလုံးတပ်တဲ့အခါ ဆောင်ရန်ရှောင်ရန်များ

#အိမ်သုံးအဲကွန်းတွေဖြစ်တဲ့ Split type အဲကွန်းတွေဆင်တဲ့အခါ သိနေပေမယ့်သတိမမူမိတတ်တဲ့
အခြေခံဆောင်ရန်ရှောင်ရန်လေးတွေကို ရှာဖွေတင်ပြချင်ပါတယ်

ပထမဆုံး Split type လို့ ဘာလို့ခေါ်တာလဲဆိုတာ
ပြောပြချင်ပါတယ်။ Split ဆိုတာ ကွဲတာ၊ခွဲထားတာကိုပြောတာပါ။
အဲကွန်းတလုံးရဲ့ အဓိကပစ္စည်းအစိတ်အပိုင်းလေးခုဖြစ်တဲ့
#Compressor
#Condenser
#Expansion Device
#Evaporator..အတိုကောက်
(2C2E) ကို
စုစုစည်းစည်းစည်းနဲ့တလုံးတည်းစုစည်းထားတဲ့စက်ကို
Packaged type air con လို့ခေါ်ပါတယ်။
အဲဒီလေးခုကိုတစုတဝေးတည်းတနေရာတည်းမထားပဲ
နေရာခွဲထားပြီး ကြားထဲမှာပိုက်နဲ့ ခွဲထားရင်
Split type air con ကို့ ခေါ်ပါတယ်။
Split type တွေမှာ
2C2E ဟာ သာမာလက်ရှိသုံးနေတဲ့ အိမ်သုံး Split တွေမှာလို
Evaporator အအေးကွိုင်က အခန်းထဲထားပြီး
ကျန်တဲ့ 2C1E က အခန်းအပြင် Out door unit ထဲမှာထားနိုင်သလို
 အခန်းထဲက က အအေကွိုင်နဲ့ အတူ Expansion device ကို တွဲထားပြီး အခန်းအပြင် Out door unit ထဲမှာ
2C ပဲထားတာလည်းဖြစ်နိုင်ပါတယ်။
Aircon တတ်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ




တခါတရံ
အခန်းထဲမှာ 1C+2E ကိုထားပြီး.
အပြင်မှာ အပူကွိုင် Condenser ကိုထားထားတာလည်းဖြစ်နိုင်ပါတယ်။

အဲဒီလိုခွဲထားတဲ့အထဲက
အိမ်သုံး အဲကွန်းတွေထဲက
နံရံကပ်( Wall mounted) အမျိုးအစားတွေ
တွေကို တပ်ဆင်ရတာ အများဆုံးပါ။

အဲဒီ Wall mounted အဲကွန်းတွေကို တပ်ဆင်ရာမှာတော့
ပထမဆုံး အအေးကွိုင်(FCU ,Evaporator)
တပ်ဆင်ဖို့ လုပ်တဲ့အခါ


🛑(1)တပ်ဆင်မည်နေရာရွေးပြီဆိုရင်🏠🏠

# အခန်းတခုလုံးလေအေးပျံနှံ့ရာနေရာဖြစ်သင့်ပါတယ်
#ကြမ်းခင်ကနေ အမြင့်ပေ (၇) ပေမြင့်တဲ့နေရာမှာ
အနည်းဆုံးထားသင့်ပါတယ်။လူအများစုရဲ့ ပုံမှန်အမြင့်ဆုံးအရပ်အမြင့် (၆) ပေအထက် ၁ပေလောက်ပိုမြင့်ထားသင့်ပါတယ်။

#အအေးကွိုင်FCU တပ်မည့်နေရာဟာ
လျှပ်စစ်အသုံးအဆောင်တွေထားရှိသုံးစွဲနေရာနဲ့ အနည်းဆုံး ၁၀ပေ အကွာမှာရှိသင့်ပါတယ်။
#လူရဲ့ အပေါ်ခပ်စောင်းစောင်းမျက်နှာချင်းဆိုင်
ဦးခေါင်းနေရာကို
ရှေ့မျက်နှာဖက်ကထားပေးသင့်ပါတယ်။
#တီဗီ မီးဖို အစရှိတဲ့လျှပ်စစ်ပစ္စည်းများရဲ့
နီးကပ်တဲ့ နေရာမှာ မတပ်ဆင်သင့်ပါဘူး
#အဆိပ်အတောက်ဖြစ်စေတဲ့၊
မီးလောင်လွယ်တဲ့ဂက်စ်တွေ ယိုစိမ့်နိုင်တဲ့နေရာတွေ
မှာ အခန်းတွေမှာမတပ်ဆင်ရပါ။
#တပ်ဆင်တဲ့အခါ အအေးကွိုင်(FCU/Indoor Unit)
အပေါ်ထိပ်နဲ့မျက်နှာကြက်အကွာအဝေးက အနည်းဆုံး
၄_လက်မ ခွာပေးထားသင့်ပါတယ်။

🛑(2)အအေးကွိုင်/FCU/Indoor Unit တပ်ဆင်တဲ့အခါ

#စက်အသစ်တွေမှာ ယိုစိမ့်မှုရှိမရှိစမ်းသပ်ထားတဲ့
နိုက်ထရိုဂျင်ဂက်စ် Unit ထဲမှာရှိမရှိ FCU ရဲ့ ပလတ်စတစ် ပလတ်အဖုံးကို ဖွင့်ပြီး အရင်စစ်ဆေးရပါမယ်။
မရှိတော့ရင်တော့ FCU မှာ ဂက်စ်ယိုစိမ့်နေတာဖြစ်နိုင်လို့
ဆိုင်မှာပြန်ပြီးလဲလှယ်သင့်ပါတယ်။

#FCU/Indoor unit ရဲ့အထိုင် ဘရက်ကက်ကိုသေချာခိုင်မြဲစွာတပ်ဆင်ရပါမယ်။
စကူချောင်နေတာ ကြွတက်နေတာမျိုးမဖြစ်ရပါဘူး။

#FCU/Indoor unit ကို ဘရက်ကက်မှာ တပ်ဆင်တဲ့အခါ
သေချာသပ်ရပ်စွာတပ်ဆင်ရပါမယ်။

#ရေပြင်ညီတည်မတ်ဖြောင့်တန်းစွာတပ်ဆင်ရပါမယ်
#အိမ်ရှင်နှင့်ညှိနှိုင်းသတ်မှတ်ထားသော နေရာမှာတပ်ပေးရပါမယ်။သူနဲ့ညှိနှိုင်းတဲ့နေရာက
နည်းပညာအရတပ်ဆင်ဖို့အဆင်မပြေရင် သေချာပြောပြပြီး လိုအပ်သလိုညှိနှိုင်းတပ်ဆင်ရပါမယ်။
ရေကျပိုက် သွယ်တန်းဖို့ အဆင်ပြေတဲ့နေရာကိုဦးစားပေးရွေးချယ်သင့်ပါတယ်။
အဲဒါကအမြဲတမ်းပြသနာတက်တတ်လို့ပါ

🛑(3)နံရံအပေါက်ဖောက်တဲ့အခါ

#ဂက်စ်ပိုက်တွေနဲ့ရေကျပိုက်တပ်ဆင်ဖို့ နံရံဖောက်ဖို့ပြင်ဆင်ချိန်မှာ တာပေါ်လင်စ သို့မဟုတ်
ပလတ်စတစ်စပါးပါးကို ကြမ်းခင်းနဲ့ ဖောက်မည့်နံရံ
ဖက်မှာ အရင်အုပ်ထားသင့်ပါတယ်။
မအုပ်ထားမိရင် နံရံဖောက်လို့ထွက်လာတဲ့
ဖုန်တွေ ၊အမှုန်တွေက အခန်းရဲ့နံရံနဲ့ ကြမ်းခင်းကို
ညစ်ပတ်စေတတ်လို့ပါ။
#နံရံဖောက်တဲ့အခါ အပေါက်ကို တည့်မဖောက်ပဲ
အောက်ကို အနည်းငယ်(10mm) လောက်စောင်းပြီး သင့်တော်ရုံသာဖောက်သင့်ပါတယ်။
လိုအပ်တာထက် ပိုပြီးကျယ်တာ နံရံရဲ့မဆလာတွေ
အများကြီးကွာကျတာမျိုးမဖြစ်အောင်ဖောက်ရပါမယ်။

အဲဒါမှသာရေကျပိုက်က ရေကျဖို့ အဆင်ပြေစေသလို
နံရံအပြင်က မိုးရွာလို့ နံရံတလျှောက် ကျဆင်းလာတဲ့
ရေစီးကြောင်းကို အခန်းထဲပြန်ပြီး စိမ့်မဝင်လာစေဖို့ပါ။

အဲဒီရေတွေစိမ့်ဝင်လာရင်တော့ နံရံကဆေးတွေကြွတက်လာတာ ညစ်ပတ်ပြီးမှိုတက်တာတွေဖြစ်လာနိုင်လို့ပါ။

#ဖောက်ပြီး ရေကျပိုက်တွေဂက်စ်ပိုက်တွေတပ်ပြီဆိုရင်တော့
စက်အသစ်တွေဆိုရင်ပုံးတွေထဲမှာ ပါလာတဲ့
ရာဘာ အပိတ်တွေတပ်ဆင်ပေးသင့်ပါတယ်။
အပြင်ဖက်လည်း ဘိလပ်မြေပလာစတာ သိုွမဟုတ်
တချို့ စက်အသစ်တွေမှာအသင့်ပါလာတတ်တဲ့
ပလာစတာ နဲ့ ပြန်ပြီးပိတ်ပေးရပါမယ်။
အဲဒါမှသာ ပြင်ပက မိုးရေနဲ့ အကောင်တွေအလွယ်တကူမဝင်နိုင်မှာပါ။


🛑(4)ကြေးပိုက်တွေ ဂျွိ ုင်းတဲ့အခါ

#ကြေးပိုက်တွေကို Indoor Unit နဲ့ Out door Unit
တပ်ဆင်ဖို့ နံရံဖြတ်ပြီးသွယ်တန်းချိန်မှာ ပိုက်အပေါက်တွေကို ဝါယာတိပ် ဖြစ်စေ တခုခုနဲ့ဖြစ်စေသေချာ ဖုံးအုပ်ပြီးမှ သွယ်တန်းရပါမယ်။
သွယ်တန်းချိန်မှာဖုန်တွေ အညစ်အကြေးတွေ
ပိုက်ထဲ ဝင်တတ်လို့ပါ။

#ကြေးပိုက်တွေရဲ့အရှည်ကတော့
2HP အောက်စက်တွေဆိုရင်စက်ကသတ်မှတ်ထားတဲ့ အမြင့်ပေနဲ့ အရှည်(ပုံမှန်ကတော့ ပေ-၅၀) ထက် မကျော်သင့်ပါဘူး။

#ဖလဲခေါင်းတွေဖော်ပြီဆိုရင် ဆီလေးသုတ်ပြီးမှခေါ်တွေဖော်ရင် ပိုပြီးချောမွေ့လို့
လုပ်ရကိုင်ရတာလည်းအဆင်ပြေစေပါတယ်။
ဖလဲခေါင်းကော်လံတွေက ဖလဲနပ်ခေါင်းနဲ့
ဖလဲနပ်အထိုင်နဲ့သင့်တော်တဲ့အတိုင်းအတာပဲဖြစ်ရပါမယ်
ပိုပြီးအရွယ်အစားကြီးနေတာ၊သေးနေတာဖြစ်ရင်တော့
ဂက်စ်ယိုစိမ့်နိုင်ပါတယ်၊အဲဒါကြောင့်သတိပြုရပါမယ်။
သေချာဂရုမစိုက်မိရင် အချိန်ကုန် ငွေကုန် နာမည်ပျက်ဖြစ်တတ်ပါတယ်။

တချို့ဖလဲဖော်တဲ့ လက်သုံးပစ္စည်းတွေဟာ နဂိုတည်းက
မကောင်းတဲ့လက်သုံးပစ္စည်းတွေရှိတတ်ပါတယ်။
အဲဒီအခါ ဖလဲခေါင်းချိုင့်နေတာ ဖောင်းနေတာဖြစ်တတ်ပါတယ်၊အဲဒီအခါဂက်စ်ယိုစိမ့်တတ်ပါတယ်။

#ဖလဲခေါင်းတွေကို အထပ်မြင့်တိုက်ခန်းတွေမှာဆိုရင်တော့
Indoor Unit နဲ့ Outdoor unit ပိုက်ဂျွိုင်းကို
အခနိးတွင်းမှာထားသင့်ပါတယ်။အဲဒါမှသာ
စက်ချွတ်ယွင်းလို့ ပြင်ဆင်တဲ့အခါ၊
ဆားဗစ်လုပ်တဲ့အခါ လွယ်ကူစေမှာပါ။
တထပ်အဆောက်အဦးနိမ့်တွေမှာတော့ ဘယ်လိုထားထား
အဆင်ပြေပါတယ်။

#ဖလဲနပ်ခေါင်းတွေကြပ်တဲ့အခါ ဂွနှစ်ချောင်းနဲ့
သင့်တော်တဲ့တင်းအားနဲ့သာကြပ်ရပါမယ်။
အရမ်းကြပ်တာ ချောင်နေတာမျိုးမဖြစ်ရဘူး။
အဲဒီလိုဖြစ်နေရင်
ဖလဲကော်လံတွေ ဂက်စ်မလုံဖြစ်တပ်ပါတယ်။

#ကြေးပိုက်တွေကိုဖော့ပတ်တဲ့အခါ အပေါ်က ပတ်တိပ်ကို
အရမ်းတင်းကြပ်နေအောင် မပတ်ရပါဘူး သင့်တော်ရုံ
သာပတ်ရပါတယ် အရမ်းတင်းနေရင် ကြေးပိုက်အတွက်အပူကာစွမ်းအား နည်းသွားပါမယ်။
အဲဒီအခါစက်ရဲ့စွမ်းဆောင်ရည်ကျဆင်းတာ
၊ရေသီးတာတွေဖြစ်လာနိုင်ပါတယ်။
ဖော့ပတ်တဲ့အခါမှာလည်း တချောင်းစီခွဲပတ်သင့်ပါတယ်။
အဲဒါမှာသာ စက်ရဲ့စွမ်းဆောင်ရည်က ပိုက်နှစ်ခေါင်းကို ပူးပြီးဖော့ပိုက်စွပ်ထားတာထက် ပိုမြင့်လာစေမှာပါ။

🛑(5)အောက်ဒိုး(Outdoor unit/condensing unit/CU)တပ်ဆင်တဲ့အခါ

#အောက်ဒိုးဘရက်ကက်ကို သေချာခိုင်ခန့်အောင်မဖြစ်မနေ စစ်ဆေးတပ်ဆင်ရပါမယ်။
တပ်ဆင်ပြီးတဲ့အခါမှာလည်း ခိုင်ခန့်မှုရှိမရှိသေချာ
စစ်ဆေးရပါမယ်။ခိုင်ခန့်မှာသာ ဆားဗစ် ပြန်လုပ်တဲ့အခါ
အန္တရယ်ကင်းကင်းနဲ့ အားကိုးပြီး သုံးနိုင်မှာမလို့ပါ။
အရမ်းအရေးကြီးပါတယ်။
#အောက်ဒိုးယူနစ်ကို ဘယ်သူအတွက်မှ အနှောက်အယှက်မဖြစ်တဲ့နေရာမှာတပ်ဆင်ရပါမယ်။
#အောက်ဒိုးယူနစ်တပ်ဆင်တဲ့နေရာဟာ
ဖြစ်နိုင်ရင်နေတိုက်ရိုက်ထိုးတဲ့ အရပ်နဲ့
မျက်နှာချင်းဆိုင် မတပ်ဆင်သင့်ပါဘူး။
ကွန်ပရက်ဆာဝန်ပိုပြီး...စက်ရဲ့စွမ်းဆောင်ရည်နိမ့်စေတဲ့အပြင် သက်တမ်းလည်းတိုစေပါတယ်။

#အောက်ဒိုးယူနစ်ရဲ့ကွိုင်တွေကို အလွယ်တကူပိတ်ရေတတ်တဲ့ အမှုန်အမွားနဲ့ ပစ္စည်းတွေ ပျံ့လွင့်တတ်တဲ့နေရာမှာလည်းမတတ်ဆင်သင့်ပါဘူး

#အောက်ဒိုးယူနစ်တပ်တဲ့အခါ ကွိုင်နဲ့နံရံကြားမှာ အနည်းဆုံး
(၈လက်မ) နေရာလွတ်ရှိရပါမယ်။

#အောက်ဒိုးယူနစ်ရဲ့ရှေ့မျက်နှာစာဟာအနည်းဆုံး
(၂ပေ)ရှိသင့်ပါတယ်။
#အောက်ဒိုးယူနစ်ရဲ့ဘေးပတ်လည်မှာ နေရာလွတ်ရှိပြီးလေဝင်လေထွက် ကောင်းတဲ့နေရာမှာသာတပ်ဆင်ရပါမယ်။
မဟုတ်ရင်တော့ စက်ရဲ့သက်တမ်းတိုပါမယ်။

🛑(6)Out door unit ကြေးပိုက်တွေ ဂျွိုင်းတဲ့အခါ

# ကြေးပိုက်တဖက်ကနေ ဖြစ်နိုင်ရင်နိုက်ထရိုဂက်လွှတ် ဖိအားနဲ့ ပိုက်ထဲက အမှုန်အမွှားတွေ သန့်စင်ပြီးမှ
တပ်ဆင်သင့်ပါတယ်။

#ဖလဲခေါင်းတွေဖော်ပြီဆိုရင် ဆီလေးသုတ်ပြီးမှခေါ်တွေဖော်ရင် ပိုပြီးချောမွေ့လို့
လုပ်ရကိုင်ရတာလည်းအဆင်ပြေစေပါတယ်။
ဖလဲခေါင်းကော်လံတွေက ဖလဲနပ်ခေါင်းနဲ့
ဖလဲနပ်အထိုင်နဲ့သင့်တော်တဲ့အတိုင်းအတာပဲဖြစ်ရပါမယ်
ပိုပြီးအရွယ်အစားကြီးနေတာ၊သေးနေတာဖြစ်ရင်တော့
ဂက်စ်ယိုစိမ့်နိုင်ပါတယ်၊အဲဒါကြောင့်သတိပြုရပါမယ်။
သေချာဂရုမစိုက်မိရင် အချိန်ကုန် ငွေကုန် နာမည်ပျက်ဖြစ်တတ်ပါတယ်။

တချို့ဖလဲဖော်တဲ့ လက်သုံးပစ္စည်းတွေဟာ နဂိုတည်းက
မကောင်းတဲ့လက်သုံးပစ္စည်းတွေရှိတတ်ပါတယ်။
အဲဒီအခါ ဖလဲခေါင်းချိုင့်နေတာ ဖောင်းနေတာဖြစ်တတ်ပါတယ်၊အဲဒီအခါဂက်စ်ယိုစိမ့်တတ်ပါတယ်။
#ဖလဲနပ်ခေါင်းတွေကြပ်တဲ့အခါ ဂွနှစ်ချောင်းနဲ့
သင့်တော်တဲ့တင်းအားနဲ့သာကြပ်ရပါမယ်။
အရမ်းကြပ်တာ ချောင်နေတာမျိုးမဖြစ်ရဘူး။
အဲဒီလိုဖြစ်နေရင်
ဖလဲကော်လံတွေ ဂက်စ်မလုံဖြစ်တပ်ပါတယ်။

#ကြေးပိုက်တွေကိုဖော့ပတ်တဲ့အခါ အပေါ်က ပတ်တိပ်ကို
အရမ်းတင်းကြပ်နေအောင် မပတ်ရပါဘူး သင့်တော်ရုံ
သာပတ်ရပါတယ် အရမ်းတင်းနေရင် ကြေးပိုက်အတွက်အပူကာစွမ်းအား နည်းသွားပါမယ်။
အဲဒီအခါစက်ရဲ့စွမ်းဆောင်ရည်ကျဆင်းတာ
၊ရေသီးတာတွေဖြစ်လာနိုင်ပါတယ်။
ဖော့ပတ်တဲ့အခါမှာလည်း တချောင်းစီခွဲပတ်သင့်ပါတယ်။
အဲဒါမှာသာ စက်ရဲ့စွမ်းဆောင်ရည်က ပိုက်နှစ်ခေါင်းကို ပူးပြီးဖော့ပိုက်စွပ်ထားတာထက် ပိုမြင့်လာစေမှာပါ။

#PVC trunking တွေ တပ်ဆင်ထားတယ်ဆိုရင်တော့
အဖုံးတွေ ထောင့်ချိုးတွေမှာ သေချာလုံခြုံမှုရှိစေဖို့
ဂရုစိုက်တပ်ဆင်ဖုံးအုပ်ပေးဖို့လိုပါမယ်။

🛑(7)လျှပ်စစ်ဝါယာကြိုးတွေတပ်ဆင်တဲ့အခါ

#ဖြစ်နိုင်ရင် Earth ကြိုးကိုမဖြစ်မနေထည့်သွင်းတပ်ဆင်သင်ပါတယ်။

#ဝါယာ ကြိုးတွေပေါက်နေပြီးအဲကွန်းကြေးပိုက် ဒါမှမဟုတ် ဘော်ဒီနဲ့ထိနေတာ ရှိမရှိ မီတာနဲ့ စမ်းသပ်ပြီးမှ စက်မှာ တပ်ဆင်သင့်ပါတယ်။
မဟုတ်ရင် အသက်အန္တရယ်ရှိနိုင်ပါတယ်။

#ဝါယာအရွယ်အစားကိုလည်း စက်ရဲ့ သတ်မှတ်ထားတဲ့ အမ်ပီယာ ပမာဏထက် မသေးတဲ့ အရွယ်အစားကို မဖြစ်မနေတပ်ဆင်ပေးရပါမယ်။

#ဝါယာတွေတပ်ဆင်တဲ့အခါမှာလည်းအစတွေထွက်နေတာ ချောင်နေတာ ရှိမရှိ တပ်ဆင်ပြီးတဲ့အခါ ပြန်လည်စစ်ဆေးရပါမယ်။

🛑(8)စက် စတင်ပြီး မောင်းဖို့ပြင်ဆင်တဲ့အခါ

#ကြေးပိုက်တွေ ဝါယာတွေ အားလုံးတပ်ဆင်ပြီးစီးတဲ့ အခါ လေစုပ်ပန့် (Vacuum pump) နဲ့ ပိုက်လိုက်တွေထဲက လေနဲ့ရေငွေ့တွေ ပြောင်စင်အောင်
မစုပ်ခင် နိုက်ထရိုဂျင်ဂက်စ် 200PSI လောက်ထိုးထည့်ပြီး ပိုက်လိုင်တွေ ယိုစိမ့်မှုရှိမရှိ နာရီဝက်လောအရင်စမ်းသပ်သင့်ပါတယ်။မယိုစိမ့်တော့မှ နိုက်ထရိုဂျင်တွေကိုဖောက်ထုတ်ပြီး ကုန်သွားရင် လေစုပ်ပန့် (Vacuum pump) နဲ့ ပိုက်လိုင်းထဲက လေကုန်အောင်(-30inHg) ရောက်အောင် (၁၅) မိနစ်လောက်
စုပ်ထုတ်ပြီး
ကုန်တာသေချာမှ Outdoor Unit ရဲ့ ဗားတွေကိုဖွင့်ပြီးစက်မောင်ဖို့ပြင်ဆင်ရပါမယ်။

#စက်မမောင်းမီ လျှပ်စစ်ဗို့အား သတ်မှတ်ထားတဲ့အတိုင် း(၁၉၀မှ ၂၃၀ကြား) ရှိမရှိ စမ်းသပ်တိုင်းတာပြီးသတ်မှတ်ချက်အတိုင်းရှိမှ စက်ကို လျှပ်စစ် ပေးသင့်ပါတယ်။

#စက်မောင်းတဲ့အခါ သတ်မှတ်ထားတဲ့ ဂက်စ်ဖိအားနဲ့ သတ်မှတ်ထားတဲ့ လျှပ်စီးအမ်ပီယာ ရှိမရှိ သေချာ
စစ်ဆေး ရပါမယ် ။အရမ်းများနေရင် ဂက်စ်ပမာဏ
ပိုနေတာ ပိုက်လိုင်း ပိတ်နေတာရှိမရှိစစ်ဆေးပြီး ဂက်စ်များနေရင် ပိုနေတဲ့ပမာဏကို
ပြန်လည်သိမ်းဆည်းသင့်ပါတယ်။လျော့နေရင်တော့
သတ်မှတ်ထားတဲ့ ပမာဏရောက်သည်အထိထပ်မံဖြည့်တင်း ပေးရပါမယ်။

🛑(9)အားလုံးတပ်ဆင်ပြီးလို့ စမ်းသပ်မောင်းနှင်ပြီးသွားတဲ့အခါ..

#ရေကျပိုက်တွေ ရေကျတာမှန်မမှန် နာရီဝက်လောက်စောင့်ကြည့်စစ်ဆေးသင့်ပါတယ်
#အောက်ဒိုးယူနစ်ရဲ့ အပူစွန့်ထုတ်မှု့မှန်မမှန်စစ်ဆေးသင့်ပါတယ်
#ယူနစ်တေရဲ့ အသံဆူညံမှုရှိမရှိ စစ်ဆေးသင့်ပါတယ်
#ရီမုတ်တွေရဲ့ ဖန်ရှင် မှန်မမှန် စစ်ဆေးပြီးအိမ်ရှင်ကို
သေချာရှင်းပြအပ်နှံသင့်ပါတယ်
#ကိုယ့်ရဲ့ လက်သုံးပစ္စည်းတွေ သေချာသန့်ရှင်းရေလုပ်ပြီး ပြည့်စုံအောင်ပြန်လည်သိမ်းဆည်းသင့်ပါတယ်။
#အိမ်ရှင်ကိုလည်း သိသင့်တာတွေ ရှင်းပြပြီးလိုအပ်တဲ့ သန့်ရှင်းလုပ်ငန်းတွေပြီးစီးအောင်ဆောင်ရွက်ပေးခဲ့ဖို့လိုပါတယ်။

ဒါတွေကတော့ အိမ်သုံးအဲကွန်းတွေတပ်ဆင်ရာမှာ
တပ်ဆင်သူတွေအတွက် သတိမူသင့်တဲ့ အချက်ကလေးတွေကိုမျှဝေပေးတာပါ။

#ကိုနန္ဒမိုး





အဲကြန္းလုပ္ငန္းခြင္ဝင္စ ညီေလးတို႔ အတြက္ အဲကြန္းအသစ္တလံုးတပ္တဲ့အခါ ေဆာင္ရန္ေရွာင္ရန္မ်ား
#အိမ္သံုးအဲကြန္းေတြျဖစ္တဲ့ Split type အဲကြန္းေတြဆင္တဲ့အခါ သိေနေပမယ့္သတိမမူမိတတ္တဲ့
အေျခခံေဆာင္ရန္ေရွာင္ရန္ေလးေတြကို ရွာေဖြတင္ျပခ်င္ပါတယ္

ပထမဆံုး Split type လို႔ ဘာလို႔ေခၚတာလဲဆိုတာ
ေျပာျပခ်င္ပါတယ္။ Split ဆိုတာ ကြဲတာ၊ခြဲထားတာကိုေျပာတာပါ။
အဲကြန္းတလံုးရဲ႕ အဓိကပစၥည္းအစိတ္အပိုင္းေလးခုျဖစ္တဲ့
#Compressor
#Condenser
#Expansion Device
#Evaporator..အတိုေကာက္
(2C2E) ကို
စုစုစည္းစည္းစည္းနဲ႔တလံုးတည္းစုစည္းထားတဲ့စက္ကို
Packaged type air con လို႔ေခၚပါတယ္။
အဲဒီေလးခုကိုတစုတေဝးတည္းတေနရာတည္းမထားပဲ
ေနရာခြဲထားၿပီး ၾကားထဲမွာပိုက္နဲ႔ ခြဲထားရင္
Split type air con ကို႔ ေခၚပါတယ္။
Split type ေတြမွာ
2C2E ဟာ
သာမာလက္ရွိသံုးေနတဲ့ အိမ္သံုး Split ေတြမွာလို
Evaporator အေအးကြိုင္က အခန္းထဲထားၿပီး
က်န္တဲ့ 2C1E က အခန္းအျပင္ Out door unit ထဲမွာထားႏိုင္သလို
အခန္းထဲက က အေအကြိုင္နဲ႔ အတူ Expansion device ကို တြဲထားၿပီး အခန္းအျပင္ Out door unit ထဲမွာ
2C ပဲထားတာလည္းျဖစ္ႏိုင္ပါတယ္။
တခါတရံ
အခန္းထဲမွာ 1C+2E ကိုထားၿပီး.
အျပင္မွာ အပူကြိုင္ Condenser ကိုထားထားတာလည္းျဖစ္ႏိုင္ပါတယ္။
အဲဒီလိုခြဲထားတဲ့အထဲက
အိမ္သံုး အဲကြန္းေတြထဲက
နံရံကပ္( Wall mounted) အမ်ိဳးအစားေတြ
ေတြကို တပ္ဆင္ရတာ အမ်ားဆံုးပါ။
အဲဒီ Wall mounted အဲကြန္းေတြကို တပ္ဆင္ရာမွာေတာ့
ပထမဆံုး အေအးကြိုင္(FCU ,Evaporator)
တပ္ဆင္ဖို႔ လုပ္တဲ့အခါ
🛑(1)တပ္ဆင္မည္ေနရာေရြးၿပီဆိုရင္🏠🏠
# အခန္းတခုလံုးေလေအးပ်ံႏွံ႔ရာေနရာျဖစ္သင့္ပါတယ္
#ၾကမ္းခင္ကေန အျမင့္ေပ (၇) ေပျမင့္တဲ့ေနရာမွာ
အနည္းဆံုးထားသင့္ပါတယ္။လူအမ်ားစုရဲ႕ ပံုမွန္အျမင့္ဆံုးအရပ္အျမင့္ (၆) ေပအထက္ ၁ေပေလာက္ပိုျမင့္ထားသင့္ပါတယ္။
#အေအးကြိုင္FCU တပ္မည့္ေနရာဟာ
လၽွပ္စစ္အသံုးအေဆာင္ေတြထားရွိသံုးစြဲေနရာနဲ႔ အနည္းဆံုး ၁၀ေပ အကြာမွာရွိသင့္ပါတယ္။
#လူရဲ႕ အေပၚခပ္ေစာင္းေစာင္းမ်က္ႏွာခ်င္းဆိုင္
ဦးေခါင္းေနရာကို
ေရွ႕မ်က္ႏွာဖက္ကထားေပးသင့္ပါတယ္။
#တီဗီ မီးဖို အစရွိတဲ့လၽွပ္စစ္ပစၥည္းမ်ားရဲ႕
နီးကပ္တဲ့ ေနရာမွာ မတပ္ဆင္သင့္ပါဘူး
#အဆိပ္အေတာက္ျဖစ္ေစတဲ့
မီးေလာင္လြယ္တဲ့ဂက္စ္ေတြ ယိုစိမ့္ႏိုင္တဲ့ေနရာေတြ
မွာ အခန္းေတြမွာမတပ္ဆင္ရပါ။
#တပ္ဆင္တဲ့အခါ အေအးကြိုင္(FCU/Indoor Unit)
အေပၚထိပ္နဲ႔မ်က္ႏွာၾကက္အကြာအေဝးက အနည္းဆံုး
၄_လက္မ ခြာေပးထားသင့္ပါတယ္။
🛑(2)အေအးကြိုင္/FCU/Indoor Unit တပ္ဆင္တဲ့အခါ
#စက္အသစ္ေတြမွာ ယိုစိမ့္မႈရွိမရွိစမ္းသပ္ထားတဲ့
ႏိုက္ထရိုဂ်င္ဂက္စ္ Unit ထဲမွာရွိမရွိ FCU ရဲ႕ ပလတ္စတစ္ ပလတ္အဖံုးကို ဖြင့္ၿပီး အရင္စစ္ေဆးရပါမယ္။
မရွိေတာ့ရင္ေတာ့ FCU မွာ ဂက္စ္ယိုစိမ့္ေနတာျဖစ္ႏိုင္လို႔
ဆိုင္မွာျပန္ၿပီးလဲလွယ္သင့္ပါတယ္။
#FCU/Indoor unit ရဲ႕အထိုင္ ဘရက္ကက္ကိုေသခ်ာခိုင္ျမဲစြာတပ္ဆင္ရပါမယ္။
စကူေခ်ာင္ေနတာ ႂကြတက္ေနတာမ်ိဳးမျဖစ္ရပါဘူး။
#FCU/Indoor unit ကို ဘရက္ကက္မွာ တပ္ဆင္တဲ့အခါ
ေသခ်ာသပ္ရပ္စြာတပ္ဆင္ရပါမယ္။
#ေရျပင္ညီတည္မတ္ေျဖာင့္တန္းစြာတပ္ဆင္ရပါမယ္
#အိမ္ရွင္ႏွင့္ညႇိႏွိုင္းသတ္မွတ္ထားေသာ ေနရာမွာတပ္ေပးရပါမယ္။သူနဲ႔ညႇိႏွိုင္းတဲ့ေနရာက
နည္းပညာအရတပ္ဆင္ဖို႔အဆင္မေျပရင္ ေသခ်ာေျပာျပၿပီး လိုအပ္သလိုညႇိႏွိုင္းတပ္ဆင္ရပါမယ္။
ေရက်ပိုက္ သြယ္တန္းဖို႔ အဆင္ေျပတဲ့ေနရာကိုဦးစားေပးေရြးခ်ယ္သင့္ပါတယ္။
အဲဒါကအျမဲတမ္းျပသနာတက္တတ္လို႔ပါ
🛑(3)နံရံအေပါက္ေဖာက္တဲ့အခါ
#ဂက္စ္ပိုက္ေတြနဲ႔ေရက်ပိုက္တပ္ဆင္ဖို႔ နံရံေဖာက္ဖို႔ျပင္ဆင္ခ်ိန္မွာ တာေပၚလင္စ သို႔မဟုတ္
ပလတ္စတစ္စပါးပါးကို ၾကမ္းခင္းနဲ႔ ေဖာက္မည့္နံရံ
ဖက္မွာ အရင္အုပ္ထားသင့္ပါတယ္။
မအုပ္ထားမိရင္ နံရံေဖာက္လို႔ထြက္လာတဲ့
ဖုန္ေတြ ၊အမႈန္ေတြက အခန္းရဲ႕နံရံနဲ႔ ၾကမ္းခင္းကို
ညစ္ပတ္ေစတတ္လို႔ပါ။
#နံရံေဖာက္တဲ့အခါ အေပါက္ကို တည့္မေဖာက္ပဲ
ေအာက္ကို အနည္းငယ္(10mm) ေလာက္ေစာင္းၿပီး သင့္ေတာ္ရံုသာေဖာက္သင့္ပါတယ္။
လိုအပ္တာထက္ ပိုၿပီးက်ယ္တာ နံရံရဲ႕မဆလာေတြ
အမ်ားႀကီးကြာက်တာမ်ိဳးမျဖစ္ေအာင္ေဖာက္ရပါမယ္။
အဲဒါမွသာေရက်ပိုက္က ေရက်ဖို႔ အဆင္ေျပေစသလို
နံရံအျပင္က မိုးရြာလို႔ နံရံတေလၽွာက္ က်ဆင္းလာတဲ့
ေရစီးေၾကာင္းကို အခန္းထဲျပန္ၿပီး စိမ့္မဝင္လာေစဖို႔ပါ။
အဲဒီေရေတြစိမ့္ဝင္လာရင္ေတာ့ နံရံကေဆးေတြႂကြတက္လာတာ ညစ္ပတ္ၿပီးမွိုတက္တာေတြျဖစ္လာႏိုင္လို႔ပါ။
#ေဖာက္ၿပီး ေရက်ပိုက္ေတြဂက္စ္ပိုက္ေတြတပ္ၿပီဆိုရင္ေတာ့
စက္အသစ္ေတြဆိုရင္ပံုးေတြထဲမွာ ပါလာတဲ့
ရာဘာ အပိတ္ေတြတပ္ဆင္ေပးသင့္ပါတယ္။
အျပင္ဖက္လည္း ဘိလပ္ေျမပလာစတာ သိုြမဟုတ္
တခ်ိဳ႕ စက္အသစ္ေတြမွာအသင့္ပါလာတတ္တဲ့
ပလာစတာ နဲ႔ ျပန္ၿပီးပိတ္ေပးရပါမယ္။
အဲဒါမွသာ ျပင္ပက မိုးေရနဲ႔ အေကာင္ေတြအလြယ္တကူမဝင္ႏိုင္မွာပါ။
🛑(4)ေၾကးပိုက္ေတြ ဂၽြိ ုင္းတဲ့အခါ
#ေၾကးပိုက္ေတြကို Indoor Unit နဲ႔ Out door Unit
တပ္ဆင္ဖို႔ နံရံျဖတ္ၿပီးသြယ္တန္းခ်ိန္မွာ ပိုက္အေပါက္ေတြကို ဝါယာတိပ္ ျဖစ္ေစ တခုခုနဲ႔ျဖစ္ေစေသခ်ာ ဖံုးအုပ္ၿပီးမွ သြယ္တန္းရပါမယ္။
သြယ္တန္းခ်ိန္မွာဖုန္ေတြ အညစ္အေၾကးေတြ
ပိုက္ထဲ ဝင္တတ္လို႔ပါ။
#ေၾကးပိုက္ေတြရဲ႕အရွည္ကေတာ့
2HP ေအာက္စက္ေတြဆိုရင္စက္ကသတ္မွတ္ထားတဲ့ အျမင့္ေပနဲ႔ အရွည္(ပံုမွန္ကေတာ့ ေပ-၅၀) ထက္ မေက်ာ္သင့္ပါဘူး။
#ဖလဲေခါင္းေတြေဖာ္ၿပီဆိုရင္ ဆီေလးသုတ္ၿပီးမွေခၚေတြေဖာ္ရင္ ပိုၿပီးေခ်ာေမြ႕လို႔
လုပ္ရကိုင္ရတာလည္းအဆင္ေျပေစပါတယ္။
ဖလဲေခါင္းေကာ္လံေတြက ဖလဲနပ္ေခါင္းနဲ႔
ဖလဲနပ္အထိုင္နဲ႔သင့္ေတာ္တဲ့အတိုင္းအတာပဲျဖစ္ရပါမယ္
ပိုၿပီးအရြယ္အစားႀကီးေနတာ၊ေသးေနတာျဖစ္ရင္ေတာ့
ဂက္စ္ယိုစိမ့္ႏိုင္ပါတယ္၊အဲဒါေၾကာင့္သတိျပဳရပါမယ္။
ေသခ်ာဂရုမစိုက္မိရင္ အခ်ိန္ကုန္ ေငြကုန္ နာမည္ပ်က္ျဖစ္တတ္ပါတယ္။
တခ်ိဳ႕ဖလဲေဖာ္တဲ့ လက္သံုးပစၥည္းေတြဟာ နဂိုတည္းက
မေကာင္းတဲ့လက္သံုးပစၥည္းေတြရွိတတ္ပါတယ္။
အဲဒီအခါ ဖလဲေခါင္းခ်ိဳင့္ေနတာ ေဖာင္းေနတာျဖစ္တတ္ပါတယ္၊အဲဒီအခါဂက္စ္ယိုစိမ့္တတ္ပါတယ္။
#ဖလဲေခါင္းေတြကို အထပ္ျမင့္တိုက္ခန္းေတြမွာဆိုရင္ေတာ့
Indoor Unit နဲ႔ Outdoor unit ပိုက္ဂၽြိုင္းကို
အခနိးတြင္းမွာထားသင့္ပါတယ္။အဲဒါမွသာ
စက္ခၽြတ္ယြင္းလို႔ ျပင္ဆင္တဲ့အခါ၊
ဆားဗစ္လုပ္တဲ့အခါ လြယ္ကူေစမွာပါ။
တထပ္အေဆာက္အဦးနိမ့္ေတြမွာေတာ့ ဘယ္လိုထားထား
အဆင္ေျပပါတယ္။
#ဖလဲနပ္ေခါင္းေတြၾကပ္တဲ့အခါ ဂြႏွစ္ေခ်ာင္းနဲ႔
သင့္ေတာ္တဲ့တင္းအားနဲ႔သာၾကပ္ရပါမယ္။
အရမ္းၾကပ္တာ ေခ်ာင္ေနတာမ်ိဳးမျဖစ္ရဘူး။
အဲဒီလိုျဖစ္ေနရင္
ဖလဲေကာ္လံေတြ ဂက္စ္မလံုျဖစ္တပ္ပါတယ္။
#ေၾကးပိုက္ေတြကိုေဖာ့ပတ္တဲ့အခါ အေပၚက ပတ္တိပ္ကို
အရမ္းတင္းၾကပ္ေနေအာင္ မပတ္ရပါဘူး သင့္ေတာ္ရံု
သာပတ္ရပါတယ္ အရမ္းတင္းေနရင္ ေၾကးပိုက္အတြက္အပူကာစြမ္းအား နည္းသြားပါမယ္။
အဲဒီအခါစက္ရဲ႕စြမ္းေဆာင္ရည္က်ဆင္းတာ
၊ေရသီးတာေတြျဖစ္လာႏိုင္ပါတယ္။
ေဖာ့ပတ္တဲ့အခါမွာလည္း တေခ်ာင္းစီခြဲပတ္သင့္ပါတယ္။
အဲဒါမွာသာ စက္ရဲ႕စြမ္းေဆာင္ရည္က ပိုက္ႏွစ္ေခါင္းကို ပူးၿပီးေဖာ့ပိုက္စြပ္ထားတာထက္ ပိုျမင့္လာေစမွာပါ။
🛑(5)ေအာက္ဒိုး(Outdoor unit/condensing unit/CU)တပ္ဆင္တဲ့အခါ
#ေအာက္ဒိုးဘရက္ကက္ကို ေသခ်ာခိုင္ခန္႔ေအာင္မျဖစ္မေန စစ္ေဆးတပ္ဆင္ရပါမယ္။
တပ္ဆင္ၿပီးတဲ့အခါမွာလည္း ခိုင္ခန္႔မႈရွိမရွိေသခ်ာ
စစ္ေဆးရပါမယ္။ခိုင္ခန္႔မွာသာ ဆားဗစ္ ျပန္လုပ္တဲ့အခါ
အနၱရယ္ကင္းကင္းနဲ႔ အားကိုးၿပီး သံုးႏိုင္မွာမလို႔ပါ။
အရမ္းအေရးႀကီးပါတယ္။
#ေအာက္ဒိုးယူနစ္ကို ဘယ္သူအတြက္မွ အေႏွာက္အယွက္မျဖစ္တဲ့ေနရာမွာတပ္ဆင္ရပါမယ္။
#ေအာက္ဒိုးယူနစ္တပ္ဆင္တဲ့ေနရာဟာ
ျဖစ္ႏိုင္ရင္ေနတိုက္ရိုက္ထိုးတဲ့ အရပ္နဲ႔
မ်က္ႏွာခ်င္းဆိုင္ မတပ္ဆင္သင့္ပါဘူး။
ကြန္ပရက္ဆာဝန္ပိုၿပီး...စက္ရဲ႕စြမ္းေဆာင္ရည္နိမ့္ေစတဲ့အျပင္ သက္တမ္းလည္းတိုေစပါတယ္။
#ေအာက္ဒိုးယူနစ္ရဲ႕ကြိုင္ေတြကို အလြယ္တကူပိတ္ေရတတ္တဲ့ အမႈန္အမြားနဲ႔ ပစၥည္းေတြ ပ်ံ႕လြင့္တတ္တဲ့ေနရာမွာလည္းမတတ္ဆင္သင့္ပါဘူး
#ေအာက္ဒိုးယူနစ္တပ္တဲ့အခါ ကြိုင္နဲ႔နံရံၾကားမွာ အနည္းဆံုး
(၈လက္မ) ေနရာလြတ္ရွိရပါမယ္။
#ေအာက္ဒိုးယူနစ္ရဲ႕ေရွ႕မ်က္ႏွာစာဟာအနည္းဆံုး
(၂ေပ)ရွိသင့္ပါတယ္။
#ေအာက္ဒိုးယူနစ္ရဲ႕ေဘးပတ္လည္မွာ ေနရာလြတ္ရွိၿပီးေလဝင္ေလထြက္ ေကာင္းတဲ့ေနရာမွာသာတပ္ဆင္ရပါမယ္။
မဟုတ္ရင္ေတာ့ စက္ရဲ႕သက္တမ္းတိုပါမယ္။
🛑(6)Out door unit ေၾကးပိုက္ေတြ ဂၽြိုင္းတဲ့အခါ
# ေၾကးပိုက္တဖက္ကေန ျဖစ္ႏိုင္ရင္ႏိုက္ထရိုဂက္လႊတ္ ဖိအားနဲ႔ ပိုက္ထဲက အမႈန္အမႊားေတြ သန္႔စင္ၿပီးမွ
တပ္ဆင္သင့္ပါတယ္။
#ဖလဲေခါင္းေတြေဖာ္ၿပီဆိုရင္ ဆီေလးသုတ္ၿပီးမွေခၚေတြေဖာ္ရင္ ပိုၿပီးေခ်ာေမြ႕လို႔
လုပ္ရကိုင္ရတာလည္းအဆင္ေျပေစပါတယ္။
ဖလဲေခါင္းေကာ္လံေတြက ဖလဲနပ္ေခါင္းနဲ႔
ဖလဲနပ္အထိုင္နဲ႔သင့္ေတာ္တဲ့အတိုင္းအတာပဲျဖစ္ရပါမယ္
ပိုၿပီးအရြယ္အစားႀကီးေနတာ၊ေသးေနတာျဖစ္ရင္ေတာ့
ဂက္စ္ယိုစိမ့္ႏိုင္ပါတယ္၊အဲဒါေၾကာင့္သတိျပဳရပါမယ္။
ေသခ်ာဂရုမစိုက္မိရင္ အခ်ိန္ကုန္ ေငြကုန္ နာမည္ပ်က္ျဖစ္တတ္ပါတယ္။
တခ်ိဳ႕ဖလဲေဖာ္တဲ့ လက္သံုးပစၥည္းေတြဟာ နဂိုတည္းက
မေကာင္းတဲ့လက္သံုးပစၥည္းေတြရွိတတ္ပါတယ္။
အဲဒီအခါ ဖလဲေခါင္းခ်ိဳင့္ေနတာ ေဖာင္းေနတာျဖစ္တတ္ပါတယ္၊အဲဒီအခါဂက္စ္ယိုစိမ့္တတ္ပါတယ္။
#ဖလဲနပ္ေခါင္းေတြၾကပ္တဲ့အခါ ဂြႏွစ္ေခ်ာင္းနဲ႔
သင့္ေတာ္တဲ့တင္းအားနဲ႔သာၾကပ္ရပါမယ္။
အရမ္းၾကပ္တာ ေခ်ာင္ေနတာမ်ိဳးမျဖစ္ရဘူး။
အဲဒီလိုျဖစ္ေနရင္
ဖလဲေကာ္လံေတြ ဂက္စ္မလံုျဖစ္တပ္ပါတယ္။
#ေၾကးပိုက္ေတြကိုေဖာ့ပတ္တဲ့အခါ အေပၚက ပတ္တိပ္ကို
အရမ္းတင္းၾကပ္ေနေအာင္ မပတ္ရပါဘူး သင့္ေတာ္ရံု
သာပတ္ရပါတယ္ အရမ္းတင္းေနရင္ ေၾကးပိုက္အတြက္အပူကာစြမ္းအား နည္းသြားပါမယ္။
အဲဒီအခါစက္ရဲ႕စြမ္းေဆာင္ရည္က်ဆင္းတာ
၊ေရသီးတာေတြျဖစ္လာႏိုင္ပါတယ္။
ေဖာ့ပတ္တဲ့အခါမွာလည္း တေခ်ာင္းစီခြဲပတ္သင့္ပါတယ္။
အဲဒါမွာသာ စက္ရဲ႕စြမ္းေဆာင္ရည္က ပိုက္ႏွစ္ေခါင္းကို ပူးၿပီးေဖာ့ပိုက္စြပ္ထားတာထက္ ပိုျမင့္လာေစမွာပါ။
#PVC trunking ေတြ တပ္ဆင္ထားတယ္ဆိုရင္ေတာ့
အဖံုးေတြ ေထာင့္ခ်ိဳးေတြမွာ ေသခ်ာလံုျခံဳမႈရွိေစဖို႔
ဂရုစိုက္တပ္ဆင္ဖံုးအုပ္ေပးဖို႔လိုပါမယ္။
🛑(7)လၽွပ္စစ္ဝါယာႀကိဳးေတြတပ္ဆင္တဲ့အခါ
#ျဖစ္ႏိုင္ရင္ Earth ႀကိဳးကိုမျဖစ္မေနထည့္သြင္းတပ္ဆင္သင္ပါတယ္။
#ဝါယာ ႀကိဳးေတြေပါက္ေနၿပီးအဲကြန္းေၾကးပိုက္ ဒါမွမဟုတ္ ေဘာ္ဒီနဲ႔ထိေနတာ ရွိမရွိ မီတာနဲ႔ စမ္းသပ္ၿပီးမွ စက္မွာ တပ္ဆင္သင့္ပါတယ္။
မဟုတ္ရင္ အသက္အနၱရယ္ရွိႏိုင္ပါတယ္။
#ဝါယာအရြယ္အစားကိုလည္း စက္ရဲ႕ သတ္မွတ္ထားတဲ့ အမ္ပီယာ ပမာဏထက္ မေသးတဲ့ အရြယ္အစားကို မျဖစ္မေနတပ္ဆင္ေပးရပါမယ္။
#ဝါယာေတြတပ္ဆင္တဲ့အခါမွာလည္းအစေတြထြက္ေနတာ ေခ်ာင္ေနတာ ရွိမရွိ တပ္ဆင္ၿပီးတဲ့အခါ ျပန္လည္စစ္ေဆးရပါမယ္။
🛑(8)စက္ စတင္ၿပီး ေမာင္းဖို႔ျပင္ဆင္တဲ့အခါ
#ေၾကးပိုက္ေတြ ဝါယာေတြ အားလံုးတပ္ဆင္ၿပီးစီးတဲ့ အခါ ေလစုပ္ပန္႔ (Vacuum pump) နဲ႔ ပိုက္လိုက္ေတြထဲက ေလနဲ႔ေရေငြ႕ေတြ ေျပာင္စင္ေအာင္
မစုပ္ခင္ ႏိုက္ထရိုဂ်င္ဂက္စ္ 200PSI ေလာက္ထိုးထည့္ၿပီး ပိုက္လိုင္ေတြ ယိုစိမ့္မႈရွိမရွိ နာရီဝက္ေလာအရင္စမ္းသပ္သင့္ပါတယ္။မယိုစိမ့္ေတာ့မွ ႏိုက္ထရိုဂ်င္ေတြကိုေဖာက္ထုတ္ၿပီး ကုန္သြားရင္ ေလစုပ္ပန္႔ (Vacuum pump) နဲ႔ ပိုက္လိုင္းထဲက ေလကုန္ေအာင္(-30inHg) ေရာက္ေအာင္ (၁၅) မိနစ္ေလာက္
စုပ္ထုတ္ၿပီး
ကုန္တာေသခ်ာမွ Outdoor Unit ရဲ႕ ဗားေတြကိုဖြင့္ၿပီးစက္ေမာင္ဖို႔ျပင္ဆင္ရပါမယ္။
#စက္မေမာင္းမီ လၽွပ္စစ္ဗို႔အား သတ္မွတ္ထားတဲ့အတိုင္ း(၁၉၀မွ ၂၃၀ၾကား) ရွိမရွိ စမ္းသပ္တိုင္းတာၿပီးသတ္မွတ္ခ်က္အတိုင္းရွိမွ စက္ကို လၽွပ္စစ္ ေပးသင့္ပါတယ္။
#စက္ေမာင္းတဲ့အခါ သတ္မွတ္ထားတဲ့ ဂက္စ္ဖိအားနဲ႔ သတ္မွတ္ထားတဲ့ လၽွပ္စီးအမ္ပီယာ ရွိမရွိ ေသခ်ာ
စစ္ေဆး ရပါမယ္ ။အရမ္းမ်ားေနရင္ ဂက္စ္ပမာဏ
ပိုေနတာ ပိုက္လိုင္း ပိတ္ေနတာရွိမရွိစစ္ေဆးၿပီး ဂက္စ္မ်ားေနရင္ ပိုေနတဲ့ပမာဏကို
ျပန္လည္သိမ္းဆည္းသင့္ပါတယ္။ေလ်ာ့ေနရင္ေတာ့
သတ္မွတ္ထားတဲ့ ပမာဏေရာက္သည္အထိထပ္မံျဖည့္တင္း ေပးရပါမယ္။
🛑(9)အားလံုးတပ္ဆင္ၿပီးလို႔ စမ္းသပ္ေမာင္းႏွင္ၿပီးသြားတဲ့အခါ..
#ေရက်ပိုက္ေတြ ေရက်တာမွန္မမွန္ နာရီဝက္ေလာက္ေစာင့္ၾကည့္စစ္ေဆးသင့္ပါတယ္
#ေအာက္ဒိုးယူနစ္ရဲ႕ အပူစြန္႔ထုတ္မႈ့မွန္မမွန္စစ္ေဆးသင့္ပါတယ္
#ယူနစ္ေတရဲ႕ အသံဆူညံမႈရွိမရွိ စစ္ေဆးသင့္ပါတယ္
#ရီမုတ္ေတြရဲ႕ ဖန္ရွင္ မွန္မမွန္ စစ္ေဆးၿပီးအိမ္ရွင္ကို
ေသခ်ာရွင္းျပအပ္ႏွံသင့္ပါတယ္
#ကိုယ့္ရဲ႕ လက္သံုးပစၥည္းေတြ ေသခ်ာသန္႔ရွင္းေရလုပ္ၿပီး ျပည့္စံုေအာင္ျပန္လည္သိမ္းဆည္းသင့္ပါတယ္။
#အိမ္ရွင္ကိုလည္း သိသင့္တာေတြ ရွင္းျပၿပီးလိုအပ္တဲ့ သန္႔ရွင္းလုပ္ငန္းေတြၿပီးစီးေအာင္ေဆာင္ရြက္ေပးခဲ့ဖို႔လိုပါတယ္။
ဒါေတြကေတာ့ အိမ္သံုးအဲကြန္းေတြတပ္ဆင္ရာမွာ
တပ္ဆင္သူေတြအတြက္ သတိမူသင့္တဲ့ အခ်က္ကေလးေတြကိုမၽွေဝေပးတာပါ။
#ကိုနႏၵမိုး

No comments:

Post a Comment

မင်္ဂလာပါ..