menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

All in one PC



All in one pc ဆိုတာ Desktop ကွန်ပျူတာ တစ်မျိူးပါပဲ။ ဒါပေမယ့် တစ်ခြား Desktop ကွန်ပျူတာတွေနဲ့တော့ မတူပါဘူး။ ဒီ All in one pc ကတော့ ရိုးရိုး Desktop တွေလိုမျိုုး System ပုံးကသတ်သတ်၊ Monitor ကသတ်သတ်စီ မဟုတ်ပါဘူး။ Monitor မှာပဲ အားလုံးကို ပေါင်းစပ်ထားတာ ဖြစ်တယ်။ All in one ဆိုတော့ အားလုံးကို ပစ္စည်းတစ်ခုတည်းပေါ်မှာပဲ ပေါင်းစပ်ထားတယ် ဆိုပြီးတော့ အဓိပ္ပာယ်ရပါတယ်။ ဥပမာပြောရရင် ကွန်ပျူတာထဲမှာ CPU ကို ပေါင်းစပ်ထားသလိုပဲ ဖြစ်တယ်။ ကြည့်လိုက်ရင် Monitor ရယ်၊ Keyboard ရယ်၊ Mouse ရယ်ပဲတွေ့ရတယ်။ System ဆိုပြီးတော့ သတ်သတ်စီရှိနေတာမျိုုး မဟုတ်ပါဘူး။
Monitor ထဲမှာပဲ အားလုံးတပ်ဆင်ထားတာ ဖြစ်တယ်။ ဒီအတွက် နေရာစားလည်း သက်သာသွားစေပါတယ်။ Mouse ကလည်း တစ်ခြား PC ကွန်ပျုူတာတွေမှာလို System ပုံးမှာ တပ်ထားတာ မဟုတ်ဘူး။ keyboard မှာ တပ်ထားတာ ဖြစ်တယ်။ နောက်ပြီး CD Rom တွေဟာလည်း Monitor ထဲမှာ တွဲပါတတ်တယ်။ တစ်ချို့ ကွန်ပျူတာတွေမှာတော့ CD Rom ဟာ Keyboard ထဲမှာ ရှိတတ်တယ်။ တစ်ချို့ All in one PC ကွန်ပျူတာတွေမှာတော့ Keyboard တို့၊ Mouse တို့ကို တပ်ဆင်ဖု့ိရန်အတွက် Wire ကြိုးတွေ လိုတယ်။ Model နိမ့်တဲ့ All in one PC ကွန်ပျူတာတွေမှာပဲ ဒီလို Keyboard, Mouse တပ်ဆင်ဖို့အတွက် Wire ကြိုးတစ်ကြိုး လိုတယ်။ အားလုံးပေါင်း Wire ကြိုး နှစ်ကြိုးပါတတ်တယ်။ ဒါပေမယ့် လုံး၀ High-end ဖြစ်တဲ့ Model မြင့်တဲ့ All in one PC ကွန်ပျူတာတွေမှာဆိုရင် Power ယူဖို့ wire ကြိုးတစ်ကြိုးပဲပါတာ ဖြစ်တယ်။ ဒါကြောင့်လည်း All in one PC လို့ခေါ်တာ ဖြစ်တယ်။
ဥပမာနေနဲ့ ပြောရရင် Wire ကြိုးတစ်ကြိုးသာပါသော All in one PC ကွန်ပျူတာ ထုတ်လုပ်ခဲ့သော ကုမ္ပဏီတစ်ခုရှိတယ်။ Dell ကွန်ပျူတာကုမ္ပဏီက Wire ကြိုးတစ်ကြိုးတည်းသာပါသော All in one PC ကွန်ပျူတာကို ထုတ်လုပ်ခဲ့ပါတယ်။ Studio One 19 ဆိုတဲ့ All in one PC ပဲ ဖြစ်တယ်။ အဲ့ဒီ ကွန်ပျူတာဟာဆိုရင် Keyboard, Mouse တပ်ဆင်ဖို့အတွက်တောင်မှ Wire ကြိုးမလိုပါဘူး။ ကွန်ပျူတာကို Power ပေးဖို့ရန်အတွက်ပဲ Power ကြိုးတစ်ကြိုးတည်းပါတာဖြစ်တယ်။ ကြိုးတွေများပြီးတော့ ရှုပ်တာမျိုး မဖြစ်တော့ဘူး။ Dell က ထုတ်လုပ်လိုက်သော Studio One 19 All in one PC ကို ၂၀၀၉ ခုနှစ်၊ မတ်လ၊ ၁၃ ရက်နေ့ မှာ ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။ Studio One 19 All in one PC ကွန်ပျူတာသည် ၁၈ လက်မခွဲလောက် ရှိတယ်။ သူက Multi-Touch Screen လည်း ဖြစ်တယ်။

All in one PC တွေဟာ အမှန်တကယ်ကိုပဲ တစ်ခြား Desktop ကွန်ပျူတာတွေထက် ပိုပြီးတော့ Portable ဖြစ်ပါတယ်။ သယ်ယူရ လွယ်ကူပါတယ်။ ရွေ့ပြောင်းရ လွယ်ကူတယ်။ Monitor တစ်ခုတည်း မှာပဲ များစွာသော Device တွေကို Integrated ပူးတွဲပြီးတော့ ပြုလုပ်ထားတာ ဖြစ်တယ်။ ၎င်း All in one PC ကွန်ပျူတာတွေကို အလွယ်တကူ ဖြုတ်ယူ သယ်ဆောင်သွားပြီးတော့ တစ်ခြားတစ်နေရာမှာ အလွယ်တကူအသုံးပြုလို့ရနိုင်တယ်။ Portable ဖြစ်ပါတယ်။
All In One PC ကွန်ပျူတာတွေမှာ အားသာချက်တွေ ရှိတယ်။ All in one ဖြစ်တဲ့အတွက် နေရာစားသက်သာတယ်။ Power Consumption လည်း သက်သာတယ်။ ပေါ့ပါးမှုလည်း ရှိတယ်။ ရွေ့ပြောင်းရတာလည်း လွယ်ကူတယ်။ သယ်ယူရလည်း လွယ်ကူမှုရှိတယ်။ ချပ်ချပ်ရပ်ရပ်နဲ့ သပ်သပ် ရပ်ရပ်ရှိတယ်။ Upgrade လုပ်ရတာလည်း လွယ်ကူမှုရှိပါတယ်။ Modernize လည်း ဖြစ်တယ်။
Apple ကုမ္ပဏီကဆိုရင် များစွာသော All in one PC ကွန်ပျူတာတွေကို ထုတ်လုပ်ခဲ့ပါတယ်။ Apple က ထုတ်လုပ်သော All in one PC တွေဟာ လူကြိုက်များတယ်။ ပေါ်ပြူလာလည်း ဖြစ်ပါတယ်။ Apple က ၁၉၈၀ ခုနှစ်အလယ်လောက်က ထုတ်လုပ်ခဲ့သော Macintosh ကွန်ပျူတာ၊ ၁၉၉၀ ခုနှစ်နှောင်းပိုင်း နှင့် ၂၀၀၀ ခုနှစ်တွေ မှာထုတ်လုပ်ခဲ့သော iMac ကွန်ပျူတာတို့မှာ All in one PC ကွန်ပျူတာတွေပဲ ဖြစ်တယ်။ ဟိုးအရင်က ထုတ်လုပ်ခဲ့ကြသော အချို့ 8 Bit ရှိသော ကွန်ပျူတာ တွေရှိတယ်။ Commodore PET 2001 သို့မဟုတ် Kaypro II တို့လို ကွန်ပျူတာတွေပါ။ ၎င်းတို့ဟာလည်း All in one PC ကွန်ပျူတာတွေပဲ ဖြစ်တယ်။
All in one PC Desktop ကွန်ပျူတာ တွေဟာ Laptop ကွန်ပျူတာတွေလိုပဲ ကျန်တဲ့ Hardware ပစ္စည်းတွေကို Monitor ရဲ့နောက်ဘက် အတွင်းပိုင်းမှာ ထားပြီးတော့ တပ်ဆင်ထားတာ ဖြစ်တယ်။ ၂၀၀၂ ခုနှစ်လောက်တုန်းကဆိုရင် Apple က ထုတ်လုပ်ခဲ့သော iMac line ကွန်ပျူတာတွေမှာ CPU နှင့် တစ်ခြား အတွင်းပိုင်းဆိုင်ရာ Internal Hardware ပစ္စည်းတွေကိုကြီးကြီးသေးသေးပစ္စည်းအားလုံးကို နေရာအခက် အခဲကြောင့် Motherboard ပေါ်မှာပဲ တပ်ဆင် ပြုလုပ်ထားကြတာကိုတွေ့ရပါတယ်။ ဒီလောက်ဆို All in one PC ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာကို နားလည်လောက် ပြီလို့ထင်ပါတယ်။ ဒီတော့ ဒီလောက်နဲ့ပဲ All in one PC အကြောင်းရေးတာကို အပြီးသတ်လိုက်ပါတယ်။


ZAWGYI 

All in one PC

All in one pc ဆိုတာ Desktop ကြန္ပ်ဴတာ တစ္မ်ိဴးပါပဲ။ ဒါေပမယ့္ တစ္ျခား Desktop ကြန္ပ်ဴတာေတြနဲ႔ေတာ့ မတူပါဘူး။ ဒီ All in one pc ကေတာ့ ရိုးရိုး Desktop ေတြလိုမ်ိုဳး System ပံုးကသတ္သတ္၊ Monitor ကသတ္သတ္စီ မဟုတ္ပါဘူး။ Monitor မွာပဲ အားလံုးကို ေပါင္းစပ္ထားတာ ျဖစ္တယ္။ All in one ဆိုေတာ့ အားလံုးကို ပစၥည္းတစ္ခုတည္းေပၚမွာပဲ ေပါင္းစပ္ထားတယ္ ဆိုၿပီးေတာ့ အဓိပၸာယ္ရပါတယ္။ ဥပမာေျပာရရင္ ကြန္ပ်ဴတာထဲမွာ CPU ကို ေပါင္းစပ္ထားသလုိပဲ ျဖစ္တယ္။ ၾကည့္လိုက္ရင္ Monitor ရယ္၊ Keyboard ရယ္၊ Mouse ရယ္ပဲေတြ႔ရတယ္။ System ဆိုၿပီးေတာ့ သတ္သတ္စီရွိေနတာမ်ိဳဳး မဟုတ္ပါဘူး။
Monitor ထဲမွာပဲ အားလုံုးတပ္ဆင္ထားတာ ျဖစ္တယ္။ ဒီအတြက္ ေနရာစားလည္း သက္သာသြားေစပါတယ္။ Mouse ကလည္း တစ္ျခား PC ကြန္ပ်ဳဴတာေတြမွာလုိ System ပံုးမွာ တပ္ထားတာ မဟုတ္ဘူး။ keyboard မွာ တပ္ထားတာ ျဖစ္တယ္။ ေနာက္ၿပီး CD Rom ေတြဟာလည္း Monitor ထဲမွာ တြဲပါတတ္တယ္။ တစ္ခ်ိဳ႔႕ ကြန္ပ်ဴတာေတြမွာေတာ့ CD Rom ဟာ Keyboard ထဲမွာ ရွိတတ္တယ္။ တစ္ခ်ိဳ႕ All in one PC ကြန္ပ်ဴတာေတြမွာေတာ့ Keyboard တို႔၊ Mouse တို႔ကို တပ္ဆင္ဖု႔ိရန္အတြက္ Wire ႀကိဳးေတြ လုိတယ္။ Model နိမ့္တဲ့ All in one PC ကြန္ပ်ဴတာေတြမွာပဲ ဒီလုိ Keyboard, Mouse တပ္ဆင္ဖုိ႔အတြက္ Wire ႀကိဳးတစ္ႀကိဳး လုိတယ္။ အားလံုးေပါင္း Wire ႀကိဳး ႏွစ္ႀကိဳးပါတတ္တယ္။ ဒါေပမယ့္ လံုး၀ High-end ျဖစ္တဲ့ Model ျမင့္တဲ့ All in one PC ကြန္ပ်ဴတာေတြမွာဆုိရင္ Power ယူဖုိ႔ wire ႀကိဳးတစ္ႀကိဳးပဲပါတာ ျဖစ္တယ္။ ဒါေၾကာင့္လည္း All in one PC လုိ႔ေခၚတာ ျဖစ္တယ္။
ဥပမာေနနဲ႔ ေျပာရရင္ Wire ႀကိဳးတစ္ႀကိဳးသာပါေသာ All in one PC ကြန္ပ်ဴတာ ထုတ္လုပ္ခဲ့ေသာ ကုမၸဏီတစ္ခုရွိတယ္။ Dell ကြန္ပ်ဴတာကုမၸဏီက Wire ႀကိဳးတစ္ႀကိဳးတည္းသာပါေသာ All in one PC ကြန္ပ်ဴတာကို ထုတ္လုပ္ခဲ့ပါတယ္။ Studio One 19 ဆိုတဲ့ All in one PC ပဲ ျဖစ္တယ္။ အဲ့ဒီ ကြန္ပ်ဴတာဟာဆိုရင္ Keyboard, Mouse တပ္ဆင္ဖုိ႔အတြက္ေတာင္မွ Wire ႀကိဳးမလုိပါဘူး။ ကြန္ပ်ဴတာကို Power ေပးဖုိ႔ရန္အတြက္ပဲ Power ႀကိဳးတစ္ႀကိဳးတည္းပါတာျဖစ္တယ္။ ႀကိဳးေတြမ်ားၿပီးေတာ့ ႐ႈပ္တာမ်ိဳး မျဖစ္ေတာ့ဘူး။ Dell က ထုတ္လုပ္လုိက္ေသာ Studio One 19 All in one PC ကို ၂၀၀၉ ခုႏွစ္၊ မတ္လ၊ ၁၃ ရက္ေန႔ မွာ ထုတ္လုပ္ခဲ့တာ ျဖစ္တယ္။ Studio One 19 All in one PC ကြန္ပ်ဴတာသည္ ၁၈ လက္မခြဲေလာက္ ရွိတယ္။ သူက Multi-Touch Screen လည္း ျဖစ္တယ္။
All in one PC ေတြဟာ အမွန္တကယ္ကိုပဲ တစ္ျခား Desktop ကြန္ပ်ဴတာေတြထက္ ပိုၿပီးေတာ့ Portable ျဖစ္ပါတယ္။ သယ္ယူရ လြယ္ကူပါတယ္။ ေရြ႕ေျပာင္းရ လြယ္ကူတယ္။ Monitor တစ္ခုတည္း မွာပဲ မ်ားစြာေသာ Device ေတြကို Integrated ပူးတြဲၿပီးေတာ့ ျပဳလုပ္ထားတာ ျဖစ္တယ္။ ၄င္း All in one PC ကြန္ပ်ဴတာေတြကို အလြယ္တကူ ျဖဳတ္ယူ သယ္ေဆာင္သြားၿပီးေတာ့ တစ္ျခားတစ္ေနရာမွာ အလြယ္တကူအသံုးျပဳလုိ႕ရႏုိင္တယ္။ Portable ျဖစ္ပါတယ္။
All In One PC ကြန္ပ်ဴတာေတြမွာ အားသာခ်က္ေတြ ရွိတယ္။ All in one ျဖစ္တဲ့အတြက္ ေနရာစားသက္သာတယ္။ Power Consumption လည္း သက္သာတယ္။ ေပါ့ပါးမႈလည္း ရွိတယ္။ ေရြ႕ေျပာင္းရတာလည္း လြယ္ကူတယ္။ သယ္ယူရလည္း လြယ္ကူမႈရွိတယ္။ ခ်ပ္ခ်ပ္ရပ္ရပ္နဲ႔ သပ္သပ္ ရပ္ရပ္ရွိတယ္။ Upgrade လုပ္ရတာလညး္ လြယ္ကူမႈရွိပါတယ္။ Modernize လည္း ျဖစ္တယ္။
Apple ကုမၸဏီကဆိုရင္ မ်ားစြာေသာ All in one PC ကြန္ပ်ဴတာေတြကို ထုတ္လုပ္ခဲ့ပါတယ္။ Apple က ထုတ္လုပ္ေသာ All in one PC ေတြဟာ လူႀကိဳက္မ်ားတယ္။ ေပၚျပဴလာလည္း ျဖစ္ပါတယ္။ Apple က ၁၉၈၀ ခုႏွစ္အလယ္ေလာက္က ထုတ္လုပ္ခဲ့ေသာ Macintosh ကြန္ပ်ဴတာ၊ ၁၉၉၀ ခုႏွစ္ေႏွာင္းပိုင္း ႏွင့္ ၂၀၀၀ ခုႏွစ္ေတြ မွာထုတ္လုပ္ခဲ့ေသာ iMac ကြန္ပ်ဴတာတုိ႔မွာ All in one PC ကြန္ပ်ဴတာေတြပဲ ျဖစ္တယ္။ ဟိုးအရင္က ထုတ္လုပ္ခဲ့ၾကေသာ အခ်ိဳ႕ 8 Bit ရွိေသာ ကြန္ပ်ဴတာ ေတြရွိတယ္။ Commodore PET 2001 သို႔မဟုတ္ Kaypro II တုိ႔လုိ ကြန္ပ်ဴတာေတြပါ။ ၄င္းတုိ႔ဟာလည္း All in one PC ကြန္ပ်ဴတာေတြပဲ ျဖစ္တယ္။
All in one PC Desktop ကြန္ပ်ဴတာ ေတြဟာ Laptop ကြန္ပ်ဴတာေတြလုိပဲ က်န္တဲ့ Hardware ပစၥည္းေတြကို Monitor ရဲ႕ေနာက္ဘက္ အတြင္းပိုင္းမွာ ထားၿပီးေတာ့ တပ္ဆင္ထားတာ ျဖစ္တယ္။ ၂၀၀၂ ခုႏွစ္ေလာက္တုန္းကဆိုရင္ Apple က ထုတ္လုပ္ခဲ့ေသာ iMac line ကြန္ပ်ဴတာေတြမွာ CPU ႏွင့္ တစ္ျခား အတြင္းပိုင္းဆိုင္ရာ Internal Hardware ပစၥည္းေတြကိုႀကီးႀကီးေသးေသးပစၥည္းအားလံုးကို ေနရာအခက္ အခဲေၾကာင့္ Motherboard ေပၚမွာပဲ တပ္ဆင္ ျပဳလုပ္ထားၾကတာကိုေတြ႔ရပါတယ္။ ဒီေလာက္ဆို All in one PC ဘယ္လုိဖြဲ႔စည္းထားတယ္ဆုိတာကို နားလည္ေလာက္ ၿပီလို႔ထင္ပါတယ္။ ဒီေတာ့ ဒီေလာက္နဲ႔ပဲ All in one PC အေၾကာင္းေရးတာကို အၿပီးသတ္လုိက္ပါတယ္။

No comments:

Post a Comment

မင်္ဂလာပါ..