menu
- Home
- Computer ဆိုင်ရာ
- MacBook ဆိုင်ရာ
- Printer ဆိုင်ရာ
- Camera ဆိုင်ရာ
- IOS ဆိုင်ရာ
- Android ဆိုင်ရာ
- Graphic Card ဆိုင်ရာ
- USB ဆိုင်ရာ
- PC-Software ဆိုင်ရာ
- Virus ဆိုင်ရာ
- FaceBook ဆိုင်ရာ
- Blogger ဆိုင်ရာ
- AirCon ဆိုင်ရာ
- အိမ်ခြံမြေ ဆိုင်ရာ
- နည်းပညာဆိုင်ရာစာအုပ်
- Knowledge ဆိုင်ရာ
- Technology ဆိုင်ရာ
- မော်တော်ကားဆိုင်ရာ
Windows Network Profiles (Network Locations) များရဲ့သတိပြုစရာများ
Windows Network Profiles (Network Locations) များရဲ့သတိပြုစရာများ
+-+-+-+-+-+-+-+-+-+-+-+-+-+-+-+-
Network အသစ်တစ်ခု ကို ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ Windows 7 ဟာ ဖော်ပြပါ ပုံအတိုင်း အသုံးပြုသူကို Network Profile Type (Network Location) ကိုမေးပါတယ်။
Home ရယ် Work ရယ် Public ရယ်ဆိုတဲ့ Network Profile Type သုံးမျိုးကို ရွေးချယ်ခိုင်းပါတယ်။
အသုံးပြုသူ အများစုဟာ ဘယ် Network ကို ဝင်ဝင် Home ဆိုတဲ့ အပေါ်ဆုံးမှာ ရှိတဲ့ Profile ကိုပဲ အလွယ်တကူ နှိပ်လိုက်မိကြတာ များပါတယ်။
မိမိ တကယ်ရောက်ရှိနေတဲ့ နေရာ မိမိ Network ရဲ့ လုံခြုံရေးအခြေအနေ ဒါတွေပေါ်မှာ အခြေခံပြီး မှန်ကန်တဲ့ Location ကိုရွေးခြယ်ပေးနိုင်ဖို့ လိုပါတယ်။
Home >>
Home Network Location ဟာ မိမိ စိတ်ချရတဲ့ Network လို့ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် Function အများဆုံးကို ဖွင့်ပေးထားပါတယ်။
မိမိ Computer ဟာ Network ထဲမှာ ရှိနေတာကို အခြားသူတွေ မြင်နေရမယ်။ Ping လို့ရနေမယ်။ Port တွေ Scan လုပ်ခွင့်ရှိမယ်။ မိမိရဲ့ Public Share ကို Access ရနေမယ်။
မိမိ Computer မှာ Passwrod မခံထားဘူးဆိုရင်တော့ Everyone Access နဲ့ မိမိ Share ထားတဲ့ဖိုင်တွေကိုပါ Access ရနေမယ်။
Write Permission ပေးထားမိတယ်ဆိုရင် မိမိ ကွန်ပြူတာထဲကို ဖိုင်တွေပါ အလွယ်တကူထည့်သွင်းသွား နိုင်ပါသေးတယ်။
Work >>
Wrok Network Location ဟာလည်း Home Network Location နဲ့ Permission အတူတူ လောက်ပါပဲ။ ဒါပေမယ့် သူကတော့ Home Group Create လုပ်လို့ Join လုပ်လို့မရပါဘူး။
Home Group ဆိုတာကတော့ ဓါတ်ပုံတွေ Movie တွေပါ Share လုပ်လို့ရတဲ့ Network Group တစ်ခုပဲ ဖြစ်ပါတယ်။
Public >>
Public Network Location ကတော့ သုံးခုထဲမှာ အလုံခြုံဆုံး Network Profile တစ်ခုပဲ ဖြစ်ပါတယ်။ မိမိ Computer ကို Network ထဲမှာ မမြင်ရဘူး မခြား ဘာကိုမှလည်း Access မရဘူး။
မိမိကလည်း ဘယ်သူ့ကိုမှ မမြင်ရတဲ့ အလုံခြုံဆုံး Profile တစ်ခုပါပဲ။
မိမိဟာ ရုံး Network ကို Join မယ် ဒါပေမယ့် Public Profile ကိုသုံးလိုက်မိတယ်ဆိုရင်တော့ File Sharing တွေနဲ့ Printer Sharing တွေလုပ်လို့မရတော့တဲ့ အခြေအနေနဲ့ကြုံရမှာ ဖြစ်ပါတယ်။
မိမိဟာ Public Network / Public Wifi ကိုအသုံးပြုနေတဲ့အချိန်မှာ Home ဒါမှမဟုတ် Work Profile တွေကို သုံးလိုက်မိတယ်ဆိုရင်တော့ မိမိအတွက် မလုံခြုံတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် မှန်ကန်တဲ့ Network Profile တွေကို မှန်ကန်တဲ့ နေရာတွေမှာ အသုံးပြုဖို့ လိုအပ်ပါတယ်။
မူရင်းရေးသားသူဆရာအား CRDပေးပါတယ်ဗျာ
Windows Network Profiles (Network Locations) မ်ားရဲ႕သတိျပဳစရာမ်ား
+-+-+-+-+-+-+-+-+-+-+-+-+-+-+-+-
Network အသစ္တစ္ခု ကို ခ်ိတ္ဆက္လိုက္ၿပီဆိုတာနဲ႔ Windows 7 ဟာ ေဖာ္ျပပါ ပုံအတိုင္း အသုံးျပဳသူကို Network Profile Type (Network Location) ကိုေမးပါတယ္။
Home ရယ္ Work ရယ္ Public ရယ္ဆိုတဲ့ Network Profile Type သုံးမ်ိဳးကို ေ႐ြးခ်ယ္ခိုင္းပါတယ္။
အသုံးျပဳသူ အမ်ားစုဟာ ဘယ္ Network ကို ဝင္ဝင္ Home ဆိုတဲ့ အေပၚဆုံးမွာ ရွိတဲ့ Profile ကိုပဲ အလြယ္တကူ ႏွိပ္လိုက္မိၾကတာ မ်ားပါတယ္။
မိမိ တကယ္ေရာက္ရွိေနတဲ့ ေနရာ မိမိ Network ရဲ႕ လုံၿခဳံေရးအေျခအေန ဒါေတြေပၚမွာ အေျခခံၿပီး မွန္ကန္တဲ့ Location ကိုေ႐ြးျခယ္ေပးႏိုင္ဖို႔ လိုပါတယ္။
Home >>
Home Network Location ဟာ မိမိ စိတ္ခ်ရတဲ့ Network လို႔ သတ္မွတ္ထားတာ ျဖစ္တဲ့အတြက္ Function အမ်ားဆုံးကို ဖြင့္ေပးထားပါတယ္။
မိမိ Computer ဟာ Network ထဲမွာ ရွိေနတာကို အျခားသူေတြ ျမင္ေနရမယ္။ Ping လို႔ရေနမယ္။ Port ေတြ Scan လုပ္ခြင့္ရွိမယ္။ မိမိရဲ႕ Public Share ကို Access ရေနမယ္။
မိမိ Computer မွာ Passwrod မခံထားဘူးဆိုရင္ေတာ့ Everyone Access နဲ႔ မိမိ Share ထားတဲ့ဖိုင္ေတြကိုပါ Access ရေနမယ္။
Write Permission ေပးထားမိတယ္ဆိုရင္ မိမိ ကြန္ျပဴတာထဲကို ဖိုင္ေတြပါ အလြယ္တကူထည့္သြင္းသြား ႏိုင္ပါေသးတယ္။
Work >>
Wrok Network Location ဟာလည္း Home Network Location နဲ႔ Permission အတူတူ ေလာက္ပါပဲ။ ဒါေပမယ့္ သူကေတာ့ Home Group Create လုပ္လို႔ Join လုပ္လို႔မရပါဘူး။
Home Group ဆိုတာကေတာ့ ဓါတ္ပုံေတြ Movie ေတြပါ Share လုပ္လို႔ရတဲ့ Network Group တစ္ခုပဲ ျဖစ္ပါတယ္။
Public >>
Public Network Location ကေတာ့ သုံးခုထဲမွာ အလုံၿခဳံဆုံး Network Profile တစ္ခုပဲ ျဖစ္ပါတယ္။ မိမိ Computer ကို Network ထဲမွာ မျမင္ရဘူး မျခား ဘာကိုမွလည္း Access မရဘူး။
မိမိကလည္း ဘယ္သူ႔ကိုမွ မျမင္ရတဲ့ အလုံၿခဳံဆုံး Profile တစ္ခုပါပဲ။
မိမိဟာ ႐ုံး Network ကို Join မယ္ ဒါေပမယ့္ Public Profile ကိုသုံးလိုက္မိတယ္ဆိုရင္ေတာ့ File Sharing ေတြနဲ႔ Printer Sharing ေတြလုပ္လို႔မရေတာ့တဲ့ အေျခအေနနဲ႔ႀကဳံရမွာ ျဖစ္ပါတယ္။
မိမိဟာ Public Network / Public Wifi ကိုအသုံးျပဳေနတဲ့အခ်ိန္မွာ Home ဒါမွမဟုတ္ Work Profile ေတြကို သုံးလိုက္မိတယ္ဆိုရင္ေတာ့ မိမိအတြက္ မလုံၿခဳံတဲ့ အေျခအေနေတြနဲ႔ ႀကဳံေတြ႕ရႏိုင္ပါတယ္။
ဒါေၾကာင့္ မွန္ကန္တဲ့ Network Profile ေတြကို မွန္ကန္တဲ့ ေနရာေတြမွာ အသုံးျပဳဖို႔ လိုအပ္ပါတယ္။
မူရင္းေရးသားသူဆရာအား CRDေပးပါတယ္ဗ်ာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မင်္ဂလာပါ..