ဖုန်းအသုံးပြုသူတိုင်း သိထားသင့်တဲ့ စမတ်ဖုန်းတစ်လုံးရဲ့ လျိှု ့ဝှက်လုပ်ဆောင်နိုင်စွမ်းများ
October 30, 2019 - by Editor
၁။ Setting ဆီအမြန်ဝင်မယ်
သင်က setting ထဲမှာ တစ်ခုခု ပြောင်းလဲချင်ရင် Home
Menu က Settings ဆီသွားစရာမလိုပါဘူး။သင့်ရဲ့
အပေါ် bar ကို ဆွဲချကာ အလွယ်တကူပြောင်းလဲနိုင်မှာ
ပါ။တချို ့ဖုန်းတွေကတော့ bar ဆွဲချရင် noti တွေသာ
တွေ့ရပြီး အဲ့လိုအချိန်မှာတော့ သင့်အနေနဲ့ ညာဘက်
ကို ထပ်မံဆွဲမှသာ settings ကို ရောက်နိုင်မှာဖြစ်ပါ
တယ်။ဒါက သင့်ရဲ့ Settings App ကို သွားရောက်အ
သုံးပြု ခြင်းထပ် မြန်ဆန်မှာပါ။
၂။ အင်တာနက်ကို ချင့်ချိန်သုံးစွဲမယ်
⏬⏬⏫⏫⛔🔤🚾
သင့်ဖုန်းမှာ တစ်ခါတစ်လေ အင်တာနက်ခတွေ အလွန်
ကုန်နေတာ သတိထားမိနိုင်ပါတယ်။ဒါဟာ သိပ်တော့
မကောင်းလှပါဘူး။ သင့်ဖုန်း Settings ထဲက Data
Usage ထဲကိုဝင်ကာ Restrict app background data
ကို နှိပ်ပေးလိုက်ခြင်းဖြင့် သင့် အင်တာနက်ခ ဟာ သုံး
သလောက်ထက် ပိုမကုန်တော့ပါဘူး။
၃။ Web Page တွေကို PDF အနေနဲ့ သိမ်းမယ်
Chrome ဆိုတဲ့ App ကို လူတိုင်းနီးပါးသိကြမှာပါ။ဒါ့
အပြင် PC မှာရော ဖုန်းတွေမှာပါ အသုံးများကြပါတယ်။
ဒါ့ကြောင့် Chrome ရဲ့ ထူးခြားချက်တစ်ခုကတော့
web page တွေကို PDF အနေနဲ့ ပြောင်းလဲ ကြည့်ရှုလို့
ရခြင်းပါ။Web page တစ်ခုကိုရွေးချယ်ကာ Share က
Print ဆိုတဲ့ နေရာကိုသွားပြီး ပြုလုပ်နိုင်ပါတယ်။အသုံး
ဝင်တဲ့ Chrome ရဲ့ အချက်တစ်ခုပေါ့။
၄။ ဝင်ဖတ်ထားတဲ့ Web Page တွေ ရှင်းမယ်
Chrome ကို ဝင်ဖတ်လိုက်ပြီး သင် ပြန်ထွက် သွားတဲ့
အခါ သင်ကြည့်ခဲ့တဲ့ Web Pages တွေက ဖွင့်လျက်
ကျန်ခဲ့ပါတယ်။ဒါက သင့် battery ကို ကုန်ဆုံးစေပါ
တယ်။ဒါ့ကြောင့် Chrome ထဲဝင်ကာ ညာဘက်အပေါ်
ထောင့်က အစက်လေး၃စက် ဆီနှိပ်ပြီး ပြန်လည်
ရှင်းခဲ့သင့်ပါတယ်။
၅။ Power ခလုတ်နှိပ်ပြီး ဖုန်းချမယ်
ဒါကအသုံးဝင်တဲ့ လုပ်ငန်းစဉ်တစ်ခုပါ။သင့်အနေနဲ့
Accessibility ထဲမှာ Power Button Call End ကို
On ထားခြင်းဖြင့် power ခလုတ်နှိပ်ကာ ဖုန်းချနိုင်ပါပြီ။
၆။ ဖုန်းအားမြန်မြန်သွင်းမယ်
ဒါကတော့ သင့်က ဖုန်းအား အပြည့်လည်းလိုချင်တယ်
အချိန်လည်း အရမ်းမပေးချင်ဘူးဆိုရင်တော့ အသုံးဝင်
ပါတယ်။ ဖုန်းကို Airplane Mode ဖွင့်ပေးထားခြင်းဖြင့်
သင့်ဖုန်းအား မြန်မြန်နဲ့ ပြည့်လာမှာဖြစ်ပါတယ်။
၇။ Vibrate တွေပြောင်းမယ်
သင့်ဖုန်းကို Vibrate Mode ထားတဲ့အခါမှာ ဖုန်းဆက်
လာသူက ဘယ်သူဖြစ်ကြောင်းတန်းမသိနိုင်ပါဘူး။
Contents ထဲမှာတော့ ဘယ်သူ့ကို ဘယ်လို vibration
မျိူ းထားမလည်း အမျိုးမျိုးပြုလုပ်နိုင်တယ်နော်။
၈။ သီချင်းကို အချိန်နဲ့ဖွင့်မယ်
ဒါကတော့ ညဘက် သီချင်းနားထောင်ရင်း အိပ်ပျော်
သွားတဲ့အခါအသုံးဝင်နိုင်မှာပါ။ အချိန်အမျိုးမျိုး ပြောင်းလဲ
ကာ သင် သီချင်း ပိတ်သွားအောင် ပြုလုပ်ပေးနို်င်ပါပြီ။
ဒီ function ကို လုပ်ဆောင်နိုင်ဖို့ ဖုန်းအမျိုးအစားအ
လိုက် ကွဲပြားကြပြီး တချို ့က Clock App ထဲမှာ လုပ်
ဆောင်နိုင်ပြီး တချို ့ကတော့ Music App ထဲမှာ လုပ်
ဆောင်နိုင်ပါတယ်။
၉။ သင်တို့ message ပို့တဲ့ အချိန်အတိအကျကိုကြည့်
မယ်
လူတစ်ယောက် reply ကို ချက်ချင်း ပြန်ခြင်း မပြန်ခြင်းကို သိချင်ကြတဲ့ လူတွေအတွက်ကောင်းမွန်တဲ့ လုပ်
ဆောင်ချက်ပါ။သင်တို့ messages တွေပေါ်မှာ ပါတဲ့
အချိန်တွေဝါ အတိအကျတွေဖြစ်တာမို့ ထွေထွေထူးထူး
တော့သွားကြည့်စရာမလိုပါဘူး။
၁၀။ Reset ချနည်းတစ်မျိုး
သင့်ဖုန်းကို တစ်ခုခုနဲ့ ထိခိုက်မိလို့ ဖွင့်မရတဲ့အခါ
Reset ချနည်းပါ။ အခုဖုန်းတွေက battery တွေ ဖြုတ်
လို့မရတော့တာမို့ ပိုဆိုးပါတယ်။ဒါ့ကြောင့် Power
Button နဲ့ Volume Down Button ကိုတစ်ချိန်တည်း
နှိပ်လိုက်ခြင်းဖြင့် သင့်ဖုန်းကို Reset ချလို့ရသွားမှာပါ။
Note_မိမိအသုံးပြုတဲ့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး တစ်ချို ့လုပ်ဆောင်ချက်တွေ အသုံးပြုလို ့မရတာမျိုးဖြစ်နိုင်ပါတယ် ။
Writer- Min Thu ( XYZ NEWS )
No comments:
Post a Comment
မင်္ဂလာပါ..